{{Zawgyi/Unicode}}
အာဏာသိမ္း စစ္ေကာင္စီက မတရားအသင္းအဖြဲ႕အေနနဲ႔ေၾကျငာခံထားရတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH နဲ႔ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ NUG တို႔နဲ႔ပတ္သတ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သေဘာထားကို ရဲက ေမးျမန္းခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနက ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို တနဂၤေႏြေန႔ညက ဘယ္ေနရာမွန္း မသိရတဲ့ ေနရာသစ္တခုကို ေျပာင္းေ႐ႊ႕ထားခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေ႐ွ႕ေနေတြနဲ႔ ဒီေန႔ ပထမဆံုး ေတ႔ြဆံု ေျပာဆိုႏိုင္ခဲ့စဥ္ သိရတဲ့ အေၾကာင္းေတြနဲ႔ပါတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို ဗြီအိုေအသတင္းေထာက္ မဆုျမတ္မြန္ ကေျပာျပေပးမွာပါ။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းၿပီးေနာက္ဖမ္းဆီးခံရတဲ့ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ေဒါက္တာမ်ိဳးေအာင္တို႔ကို ဒီကေန႔ ေမ ၂၄ ရက္ေန႔ မွာ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕ နယ္ထဲက ေနျပည္ေတာ္ေကာင္စီဝန္းထဲမွာ အထူးတရား႐ံုးနဲ႔ ႐ံုးထုတ္ပါတယ္။
လူကိုယ္တုိင္ လာေရာက္ၾကားနာဖုိ႔အတြက္ သီးသန္႔လုပ္ထားတဲ့ တရားခြင္မွာ ၾကားနာမႈ မလုပ္ခင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေ႐ွ႕ေနအဖဲြ႔ မိနစ္ ၃၀ ေလာက္ ေတ႔ြဆံု ေဆြးေႏြးခြင့္ရခဲ့ပါတယ္။
CRPH၊ NUG တုိ႔အေပၚထားတ့ဲ သေဘာထားကို ရဲက ေမးျမန္းခဲ့ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာျပတယ္လို႔ သူ႔ရဲ႕ ဥပေဒအဖြဲ႔ကို ဦးေဆာင္တဲ့ တရားလႊတ္ေတာ္ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ခုလိုေျပာျပပါတယ္။
"သူကိုယ္တိုင္အေျပာကေတာ့ သတင္းစာမဖတ္ရဘူး။ တီဗီမၾကည့္ရဘူး။ ေရဒီယိုနားမေထာင္ရဘူး။ တိုင္းျပည္မွာျဖစ္ေနတာကိုသူမသိပါဘူး။ တိုင္းျပည္မွာ ေသေၾကတာေတြ အစရွိသျဖင့္မသိဘူး။ ဒါမယ့္ CRPH နဲ႔ NUG သိတယ္ ဒါကလည္းရဲကေနေျပာတာ။ ဘာလို႔ေျပာလဲဆို သူ႔သေဘာထား ေပးပါေတာင္းတာ။ အဲတြက္ CRPH တို႔ NUG တို႔ကို ရဲကေျပာသေလာက္သိတယ္။ အဲေတာ့ NLD ရဲ႕ အလားအလာ အႏၲရာယ္သိမွာေပါ့။ ေမးျမန္းရင္းသူ အဲသတင္းစကားေတြသိ တယ္ေပါ့"
ေ႐ြးေကာက္ကြဲ အႏိုင္ရ NLD လႊတ္ေတာ္ကို္ယ္စားလွယ္ေတြနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကုိယ္စားျပဳေကာ္မတီ CRPH ကိုဖဲြ႔ထားတာျဖစ္ၿပီး NUG ကေတာ့ CRPH ကခန္႔အပ္ထားတဲ့ အမ်ဳိးသားညီညြတ္ေရးအစိုးရျဖစ္ပါတယ္။
NLD ပါတီဟာ ျပည္သူေတြအတြက္ တည္ေထာင္ထားတဲ့ပါတီျဖစ္တာမို႔ ျပည္သူေတြ႐ွိေနသေ႐ႊ႕ NLD ပါတီ႐ွိေနမွာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေ႐ွ႕ေနေတြကတဆင့္ သတင္းစကားပါးခဲ့ပါတယ္။ ျပည္သူေတြအတြက္ ဆုေတာင္းေပးေနတယ္လို႔လည္းေျပာၾကားခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတ႔ြဆံုခြင့္ရခဲ့တဲ့ ေ႐ွ႕ေနအဖဲြ႔က ျပန္ေျပာျပပါတယ္။
အာဏာသိမ္းတဲ့ေန႔က အဖမ္းခံခဲ့ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အစပိုင္းက သူ႔ရဲ႕ ေနအိမ္မွာ အက်ယ္ခ်ဳပ္ခ်ထားတယ္လို႔ ခန္႔မွန္းရေပမဲ့ အတိအက် မသိရပါဘူး။ တနဂၤေႏြေန႔ညကေတာ့ ဘယ္မွန္း မသိတဲ့ ေနရာတခုကို ေျပာင္းေ႐ႊ႕ခဲ့တယ္လို႔ ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာျပပါတယ္။
" ေနာက္သူေျပာတာက ခုဘယ္ေနရာလဲေမးတယ္။ က်ေနာ္တို႔က ေနျပည္ေတာ္ေကာင္စီဝင္းထဲလို႔ ေျပာပါတယ္။ေနရာတိက်ေတာ့မသိဘူးေပါ့.။ အဲေတာ့ က်မကိုခုထားတဲ့ေနရာလည္းက်မမသိဘူး။ဘာလို႔လဲဆို မေန႔ညကက်မကိုေျပာင္းတာလို႔ ေျပာတယ္"
ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္မွာ အမႈေပါင္း ၆ ခုနဲ႔ရင္ဆိုင္ေနရပါတယ္။ ရန္ကုန္မွာ စဲြထားတဲ့ အမႈ ၁ ခုကို ေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕သလားဆိုတာ သူ႔ရဲ႕ ေ႐ွ႕ေနေတြ ခုထိ မသိရေသးပါဘူး။ သီးသန္႔လုပ္ထားတဲ့ အထူးတရားခြင္မွာ ဒီေန႔ လူကိုယ္တုိင္ ႐ံုးထုတ္ရာမွာေ ဒၚေအာင္ဆန္းစုၾကည္အျပင္၊ အမႈတခုမွာ သူနဲ႔ အမႈ ၁ တဲြထဲျဖစ္တဲ့ သမၼတဦးဝင္းျမင့္နဲ႔ေနျပည္ေတာ္ေကာင္စီဥကၠဌ ေဒါက္တာ မ်ိဳးေအာင္ တို႔လည္း လူကိုယ္တိုင္ လာေရာက္ခဲ့ၾကပါတယ္။ ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔နဲ႔ ေတြ႕ဆုံရတဲ့ အေနအထားနဲ႔ေတြ႕ဆုံခြင့္ရတဲ့ အေျခအေနကို ဥပေဒအက်ဳိးေဆာင္အဖဲြ႔ထဲမွာပါတဲ့ ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာပါတယ္။
"အခန္းက ၁၀ေပပတ္လည္အခန္း မွာက်မတို႔ Face to Face ပါဘဲ။ေျပာရတယ္ေပါ့ေနာ္။ တံခါးကိုေတာ့ အျပင္ကေနပိတ္သြားေပးပါတယ္။ အျပင္မွာေတာ့လုံၿခဳံေရးေတြရွိမွာေပါ့ေနာ္။. ေထာင့္ေတြမွာေတာ့ CCTV ေတြတပ္ထားပါတယ္"
ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေရွ႕ေနနဲ႔ အမႈသည္ နာရီဝက္ပဲ ေတြ႕ဆုံ တိုင္ပင္ခြင့္ရတာ အခ်ိန္နည္းတယ္လို႔ ေျပာၾကားေၾကာင္း ေ႐ွ႕ေနေဒၚမင္းမင္းစိုးက ျပန္ေျပာျပပါတယ္။
ဒီေန႔႐ုံးခ်ိန္းမွာ အမႈစစ္ေဆးတာၾကားနာတာ မလုပ္ဘဲ အရင္႐ုံးခ်ိန္းက ေရွ႕ေနနဲ႔အမႈသည္ ေတြ႕ၿပီး instruction ယူဖို႔ လုပ္ေဆာင္တာရယ္ ေနာက္တစ္ခ်ိန္းကို ဘယ္ေန႔ဘယ္အမႈကို ဆက္ေဆာင္႐ြက္မယ္ ဆိုတာကို ေခၚယူေျပာဆိုတဲ့ အေနအထားျဖစ္တာမို႔အမႈစစ္ေဆးတာမ်ိဳးေတာ့မရွိဘူးလို႔ ေရွ႕ေန ေဒၚမင္းမင္းစိုးက ဗြီအိုေအကိုေျပာပါတယ္။
ဒီကေန႔မွာ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္အမႈကိုတာဝန္ယူေရွ႕ေနလိုက္ေပးမယ့္ ေရွ႕ေန ဦးသိန္းလႈိင္ထြန္း(ခ) ေဒါင္းမာန္ဟုန္ကို တပ္မေတာ္ၿပိဳကြဲေအာင္ လႈံေဆာ္မႈ လုပ္ေဆာင္မႈ နဲ႔ ပုဒ္မ ၅၀၅-က နဲ႔ ရန္ကုန္တိုင္းေဒသႀကီးဆိပ္ကမ္းၿမိဳ႕နယ္ကေနမွာတရားစြဲထားတဲ့ အတြက္ဆိုၿပီး အမႈလိုက္ပါၿပီး ျပန္ထြက္လာခ်ိန္မွာဘဲစစ္တပ္က ဖမ္းဆီးသြားတယ္လို႔ ေရွ႕ေန ေဒၚမင္းမင္းစိုးကေျပာပါတယ္။
"က်မနဲ႔ တူတူ ဦးမ်ိဳးေအာင္အမႈကိုလိုက္တဲ့ဦးသိန္းလႈိင္ထြန္းကို ရဲေတြကဖမ္းသြားတယ္ရွင့္။ ဖမ္းသြားတယ္ဆိုတာ လက္ထိပ္ခတ္ဖမ္း ေတာ့ ဘာလို႔ဖမ္းလဲဆိုတာေမးေတာ့ သူ႔ကို ရန္ကုန္ဆိပ္ကမ္းၿမိဳ႕နယ္မွာ ၅၀၅ -ကနဲ႔ ဆြဲထားလို႔လို႔ေျပာတယ္" ဖမ္းခံသြားရတဲ့ အခါမွာ ေဒါက္တာမ်ိဳးေအာင္ေရွ႕ေနအေနနဲ႔ က်မတေယာက္ထဲဘဲက်န္ခဲ့တဲ့သေဘာျဖစ္ေတာ့ ဒီအမႈေတြကလည္း ဆြဲေနတဲ့ အခါက်ေတာ့ေလက်မဘဲဆက္လုပ္ေပးရ မွာပါရွင့္ "
အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅ (ခ)၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္လႈံေဆာ္မႈဥပေဒ ပုဒ္မ ၁၂၄ (က) တို႔အျပင္ သဘာဝ ေဘးအႏၲရာယ္ ထိန္းသိမ္းကာကြယ္ေရး အက္ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊စုစုေပါင္း ေနျပည္ေတာ္မွာ အမႈ ၆ မႈနဲ႔ တရားရင္ဆိုင္ေနရပါတယ္။
ရန္ကုန္မွာေတာ့ အစိုးရလွ်ိဳ႕ဝွက္ခ်က္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ အမႈ ၁ခုစြဲထားပါတယ္။ ႏိုင္ငံေတာ္ အၾကည္အညိဳပ်က္ေအာင္လုပ္မႈ ဥပေဒ ပုဒ္မ ၁၂၄ (က) နဲ႔ အမႈမွာ ေဒၚေဆာင္ဆန္းစုၾကည္နဲ႔ အမႈတတြဲထဲျဖစ္တဲ့သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ေဒါက္တာမ်ိဳးေအာင္တို႔ကိုလည္း ဒီေန႔ ႐ုံးထုတ္ခဲ့တာျဖစ္ပါတယ္။
ေနျပည္ေတာ္မွာ အမႈ ၆ မႈကို ရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္အတြက္ ေနာက္တစ္ႀကိမ္႐ုံးခ်ိန္းကိုေတာ့လာမယ့္ ဇြန္လ ၇ ရက္ေန႔မွာ ခ်ိန္းဆို ထားပါတယ္။
.......................................
{{Unicode}}
{{Unicode}}
အာဏာသိမ်း စစ်ကောင်စီက မတရားအသင်းအဖွဲ့အနေနဲ့ကြေငြာခံထားရတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG တို့နဲ့ပတ်သတ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ရဲက မေးမြန်းခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့ညက ဘယ်နေရာမှန်း မသိရတဲ့ နေရာသစ်တခုကို ပြောင်းရွှေ့ထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေနဲ့ ဒီနေ့ ပထမဆုံး တေ့ွဆုံ ပြောဆိုနိုင်ခဲ့စဉ် သိရတဲ့ အကြောင်းတွေနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ဗွီအိုအေသတင်းထောက် မဆုမြတ်မွန် ကပြောပြပေးမှာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရတဲ့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ကို ဒီကနေ့ မေ ၂၄ ရက်နေ့ မှာ နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်ထဲက နေပြည်တော်ကောင်စီဝန်းထဲမှာ အထူးတရားရုံးနဲ့ ရုံးထုတ်ပါတယ်။
လူကိုယ်တိုင် လာရောက်ကြားနာဖို့အတွက် သီးသန့်လုပ်ထားတဲ့ တရားခွင်မှာ ကြားနာမှု မလုပ်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ မိနစ် ၃၀ လောက် တေ့ွဆုံ ဆွေးနွေးခွင့်ရခဲ့ပါတယ်။
CRPH၊ NUG တို့အပေါ်ထားတဲ့ သဘောထားကို ရဲက မေးမြန်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြတယ်လို့ သူ့ရဲ့ ဥပဒေအဖွဲ့ကို ဦးဆောင်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ခုလိုပြောပြပါတယ်။
"သူကိုယ်တိုင်အပြောကတော့ သတင်းစာမဖတ်ရဘူး။ တီဗီမကြည့်ရဘူး။ ရေဒီယိုနားမထောင်ရဘူး။ တိုင်းပြည်မှာဖြစ်နေတာကိုသူမသိပါဘူး။ တိုင်းပြည်မှာ သေကြေတာတွေ အစရှိသဖြင့်မသိဘူး။ ဒါမယ့် CRPH နဲ့ NUG သိတယ် ဒါကလည်းရဲကနေပြောတာ။ ဘာလို့ပြောလဲဆို သူ့သဘောထား ပေးပါတောင်းတာ။ အဲတွက် CRPH တို့ NUG တို့ကို ရဲကပြောသလောက်သိတယ်။ အဲတော့ NLD ရဲ့ အလားအလာ အန္တရာယ်သိမှာပေါ့။ မေးမြန်းရင်းသူ အဲသတင်းစကားတွေသိ တယ်ပေါ့"
ရွေးကောက်ကွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုဖွဲ့ထားတာဖြစ်ပြီး NUG ကတော့ CRPH ကခန့်အပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်ပါတယ်။
NLD ပါတီဟာ ပြည်သူတွေအတွက် တည်ထောင်ထားတဲ့ပါတီဖြစ်တာမို့ ပြည်သူတွေရှိနေသရွှေ့ NLD ပါတီရှိနေမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကတဆင့် သတင်းစကားပါးခဲ့ပါတယ်။ ပြည်သူတွေအတွက် ဆုတောင်းပေးနေတယ်လို့လည်းပြောကြားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံခွင့်ရခဲ့တဲ့ ရှေ့နေအဖွဲ့က ပြန်ပြောပြပါတယ်။
အာဏာသိမ်းတဲ့နေ့က အဖမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစပိုင်းက သူ့ရဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတယ်လို့ ခန့်မှန်းရပေမဲ့ အတိအကျ မသိရပါဘူး။ တနင်္ဂနွေနေ့ညကတော့ ဘယ်မှန်း မသိတဲ့ နေရာတခုကို ပြောင်းရွှေ့ခဲ့တယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပြပါတယ်။
" နောက်သူပြောတာက ခုဘယ်နေရာလဲမေးတယ်။ ကျနော်တို့က နေပြည်တော်ကောင်စီဝင်းထဲလို့ ပြောပါတယ်။နေရာတိကျတော့မသိဘူးပေါ့.။ အဲတော့ ကျမကိုခုထားတဲ့နေရာလည်းကျမမသိဘူး။ဘာလို့လဲဆို မနေ့ညကကျမကိုပြောင်းတာလို့ ပြောတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ အမှုပေါင်း ၆ ခုနဲ့ရင်ဆိုင်နေရပါတယ်။ ရန်ကုန်မှာ စွဲထားတဲ့ အမှု ၁ ခုကို နေပြည်တော်ကို ပြောင်းရွှေ့သလားဆိုတာ သူ့ရဲ့ ရှေ့နေတွေ ခုထိ မသိရသေးပါဘူး။ သီးသန့်လုပ်ထားတဲ့ အထူးတရားခွင်မှာ ဒီနေ့ လူကိုယ်တိုင် ရုံးထုတ်ရာမှာေ ဒါ်အောင်ဆန်းစုကြည်အပြင်၊ အမှုတခုမှာ သူနဲ့ အမှု ၁ တွဲထဲဖြစ်တဲ့ သမ္မတဦးဝင်းမြင့်နဲ့နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာ မျိုးအောင် တို့လည်း လူကိုယ်တိုင် လာရောက်ခဲ့ကြပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံရတဲ့ အနေအထားနဲ့တွေ့ဆုံခွင့်ရတဲ့ အခြေအနေကို ဥပဒေအကျိုးဆောင်အဖွဲ့ထဲမှာပါတဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
"အခန်းက ၁၀ပေပတ်လည်အခန်း မှာကျမတို့ Face to Face ပါဘဲ။ပြောရတယ်ပေါ့နော်။ တံခါးကိုတော့ အပြင်ကနေပိတ်သွားပေးပါတယ်။ အပြင်မှာတော့လုံခြုံရေးတွေရှိမှာပေါ့နော်။. ထောင့်တွေမှာတော့ CCTV တွေတပ်ထားပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှေ့နေနဲ့ အမှုသည် နာရီဝက်ပဲ တွေ့ဆုံ တိုင်ပင်ခွင့်ရတာ အချိန်နည်းတယ်လို့ ပြောကြားကြောင်း ရှေ့နေဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။
ဒီနေ့ရုံးချိန်းမှာ အမှုစစ်ဆေးတာကြားနာတာ မလုပ်ဘဲ အရင်ရုံးချိန်းက ရှေ့နေနဲ့အမှုသည် တွေ့ပြီး instruction ယူဖို့ လုပ်ဆောင်တာရယ် နောက်တစ်ချိန်းကို ဘယ်နေ့ဘယ်အမှုကို ဆက်ဆောင်ရွက်မယ် ဆိုတာကို ခေါ်ယူပြောဆိုတဲ့ အနေအထားဖြစ်တာမို့အမှုစစ်ဆေးတာမျိုးတော့မရှိဘူးလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဗွီအိုအေကိုပြောပါတယ်။
ဒီကနေ့မှာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အမှုကိုတာဝန်ယူရှေ့နေလိုက်ပေးမယ့် ရှေ့နေ ဦးသိန်းလှိုင်ထွန်း(ခ) ဒေါင်းမာန်ဟုန်ကို တပ်မတော်ပြိုကွဲအောင် လှုံဆော်မှု လုပ်ဆောင်မှု နဲ့ ပုဒ်မ ၅၀၅-က နဲ့ ရန်ကုန်တိုင်းဒေသကြီးဆိပ်ကမ်းမြို့နယ်ကနေမှာတရားစွဲထားတဲ့ အတွက်ဆိုပြီး အမှုလိုက်ပါပြီး ပြန်ထွက်လာချိန်မှာဘဲစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။
"ကျမနဲ့ တူတူ ဦးမျိုးအောင်အမှုကိုလိုက်တဲ့ဦးသိန်းလှိုင်ထွန်းကို ရဲတွေကဖမ်းသွားတယ်ရှင့်။ ဖမ်းသွားတယ်ဆိုတာ လက်ထိပ်ခတ်ဖမ်း တော့ ဘာလို့ဖမ်းလဲဆိုတာမေးတော့ သူ့ကို ရန်ကုန်ဆိပ်ကမ်းမြို့နယ်မှာ ၅၀၅ -ကနဲ့ ဆွဲထားလို့လို့ပြောတယ်" ဖမ်းခံသွားရတဲ့ အခါမှာ ဒေါက်တာမျိုးအောင်ရှေ့နေအနေနဲ့ ကျမတယောက်ထဲဘဲကျန်ခဲ့တဲ့သဘောဖြစ်တော့ ဒီအမှုတွေကလည်း ဆွဲနေတဲ့ အခါကျတော့လေကျမဘဲဆက်လုပ်ပေးရ မှာပါရှင့် "
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်အကြည်ညိုပျက်အောင်လှုံဆော်မှုဥပဒေ ပုဒ်မ ၁၂၄ (က) တို့အပြင် သဘာဝ ဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊စုစုပေါင်း နေပြည်တော်မှာ အမှု ၆ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။
ရန်ကုန်မှာတော့ အစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ အမှု ၁ခုစွဲထားပါတယ်။ နိုင်ငံတော် အကြည်အညိုပျက်အောင်လုပ်မှု ဥပဒေ ပုဒ်မ ၁၂၄ (က) နဲ့ အမှုမှာ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ အမှုတတွဲထဲဖြစ်တဲ့သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ကိုလည်း ဒီနေ့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
နေပြည်တော်မှာ အမှု ၆ မှုကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်တစ်ကြိမ်ရုံးချိန်းကိုတော့လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ချိန်းဆို ထားပါတယ်။