[Zawgyi/Unicode]
ျမန္မာႏုိင္ငံတဝန္းမွာ အၾကမ္းဖက္လုပ္ရပ္ေတြ ေပၚေပါက္လာၿပီး က်႐ံႈးတိုင္းျပည္အဆင့္ ေရာက္မသြားေအာင္ တားဆီးေရး ျမန္မာစစ္ဘက္ေခါင္းေဆာင္ေတြအေပၚ ႏုိင္ငံတကာအသိုင္းအဝုိင္းက ဖိအားပိုေပးဖို႔ The Elders လို႔ေခၚတဲ့ ကမာၻ႔ အထင္ကရ ဝါရင့္ေခါင္းေဆာင္ႀကီးမ်ားအဖြဲ႔က ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။
"ျမန္မာႏုိင္ငံဟာ လက္ရွိမွာ က်႐ံႈးတိုင္းျပည္အေျခအေနကို ဦးတည္တဲ့ အႏၲရာယ္ႀကီးတဲ့ လမ္းေၾကာင္းေပၚမွာ ေရာက္ေနပါတယ္။ စစ္အာဏာသိမ္းမႈကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ အခုိင္အမာ ဆန္႔က်င္ၾကရပါမယ္။ ဘာမွမလုပ္ဘဲေနတာ၊ လ်စ္လ်ဴ႐ႈထားတာကေန စစ္အာဏာသိမ္းမႈ ေအာင္ျမင္သြားေစမယ္ဆုိရင္ ကမာၻလံုးဆိုင္ရာတည္ၿငိမ္ေရး အေျချပဳထားတဲ့ စည္းမ်ဥ္းစည္းကမ္းအေျခခံ ႏုိင္ငံတကာအခင္းအက်င္းကို ေနာက္ထပ္ ၿခိမ္းေျခာက္မႈ ျဖစ္လာပါလိမ့္မယ္။ ဒီအက်ပ္အတည္းရဲ႕ တခုတည္းေသာ ထြက္ေပါက္ျဖစ္တဲ့ သက္ဆိုင္သူအားလံုးၾကား အျပဳသေဘာေဆာင္ ေဆြးေႏြးညွိႏိႈင္းဖို႔ အေရးတႀကီး လိုအပ္ေနၿပီဆိုတာ စစ္ဘက္ကို နားခ်ေျပာဆိုဖုိ႔ ေဒသတြင္းႏုိင္ငံေတြ၊ အထူးသျဖင့္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႔အစည္းေတြအေနနဲ႔ သူတို႔စြမ္းအားရွိသမ ွ် အသံုးခ်လုပ္ေဆာင္သင့္ပါတယ္။" လို႔ The Elders အဖြဲ႔ရဲ႕ဥကၠ႒၊ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီးေဟာင္း Mary Robinson က ဒီကေန႔ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။
စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႔စည္းခဲ့တဲ့ ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (SAC) ဟာ ျမန္မာႏုိင္ငံကို အုပ္ခ်ဳပ္ဖို႔ တရားဝင္မႈ ဒါမွမဟုတ္ အာဏာပိုင္မႈ မရွိဘူးလို႔ The Elders အဖြဲ႔က ေထာက္ျပထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ႏုိဝင္ဘာလေရြးေကာက္ပြဲမွာ မဲအမ်ားစုနဲ႔ ျပတ္ျပတ္သားသား အႏုိင္ရခဲ့တဲ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကုိ ဖ်က္သိမ္းမယ္ဆိုၿပီး စစ္တပ္က ခန္႔ထားတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ၿခိမ္းေျခာက္ေျပာဆိုတာဟာ စစ္ေကာင္စီရဲ႕ တရားဝင္မႈကို ထပ္ၿပီးယုတ္ေလ်ာ့သြားေစသလို ျမန္မာလူထုေပၚ ေၾကာက္ရြံ႕မႈကိုလည္း ဖြင့္ခ်လိုက္တာပဲျဖစ္တယ္လို႔ The Elders အဖြဲ႔ကေျပာပါတယ္။
ကုလသမဂၢလံုျခံဳေရးေကာင္စီတြင္းမွာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ကိုင္တြယ္လုပ္ေဆာင္ဖို႔ သေဘာထားကြဲျပားေနတာဟာ တညီတၫြတ္ထဲ အေရးယူလုပ္ေဆာင္ဖို႔ ဆက္ၿပီး ၾကန္႔ၾကာေစတယ္လို႔ The Elders အဖြဲ႔က ေျပာပါတယ္။ လံုျခံဳေရးေကာင္စီ အျမဲတမ္းအဖြဲ႔ဝင္ႏုိင္ငံေတြအေနနဲ႔ ကမာၻလံံုးဆိုင္ရာ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးကို ထိန္းသိမ္းရမယ့္ ကုလသမဂၢပဋိညာဥ္စာတမ္းပါ လံုျခံဳေရးေကာင္စီရဲ႕ တာဝန္ဝတၱရားကို ေက်ပြန္ေအာင္ ထမ္းေဆာင္ႏုိင္ေရး လုပ္ေဆာင္ၾကပါလို႔လည္း The Elders ေတြက တိုက္တြန္းထားပါတယ္။
[Unicode Version]
မြန်မာနိုင်ငံဟာ ကျရှုံးတိုင်းပြည်အခြေအနေဦးတည်နေဟု The Elders သတိပေး
မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာပြီး ကျရှုံးတိုင်းပြည်အဆင့် ရောက်မသွားအောင် တားဆီးရေး မြန်မာစစ်ဘက်ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပိုပေးဖို့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့ အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
"မြန်မာနိုင်ငံဟာ လက်ရှိမှာ ကျရှုံးတိုင်းပြည်အခြေအနေကို ဦးတည်တဲ့ အန္တရာယ်ကြီးတဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။ စစ်အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခိုင်အမာ ဆန့်ကျင်ကြရပါမယ်။ ဘာမှမလုပ်ဘဲနေတာ၊ လျစ်လျူရှုထားတာကနေ စစ်အာဏာသိမ်းမှု အောင်မြင်သွားစေမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေး အခြေပြုထားတဲ့ စည်းမျဉ်းစည်းကမ်းအခြေခံ နိုင်ငံတကာအခင်းအကျင်းကို နောက်ထပ် ခြိမ်းခြောက်မှု ဖြစ်လာပါလိမ့်မယ်။ ဒီအကျပ်အတည်းရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာ စစ်ဘက်ကို နားချပြောဆိုဖို့ ဒေသတွင်းနိုင်ငံတွေ၊ အထူးသဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သူတို့စွမ်းအားရှိသမ ျှ အသုံးချလုပ်ဆောင်သင့်ပါတယ်။" လို့ The Elders အဖွဲ့ရဲ့ဥက္ကဋ္ဌ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးဟောင်း Mary Robinson က ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဟာ မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှု ဒါမှမဟုတ် အာဏာပိုင်မှု မရှိဘူးလို့ The Elders အဖွဲ့က ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲအများစုနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းမယ်ဆိုပြီး စစ်တပ်က ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခြိမ်းခြောက်ပြောဆိုတာဟာ စစ်ကောင်စီရဲ့ တရားဝင်မှုကို ထပ်ပြီးယုတ်လျော့သွားစေသလို မြန်မာလူထုပေါ် ကြောက်ရွံ့မှုကိုလည်း ဖွင့်ချလိုက်တာပဲဖြစ်တယ်လို့ The Elders အဖွဲ့ကပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်လုပ်ဆောင်ဖို့ သဘောထားကွဲပြားနေတာဟာ တညီတညွတ်ထဲ အရေးယူလုပ်ဆောင်ဖို့ ဆက်ပြီး ကြန့်ကြာစေတယ်လို့ The Elders အဖွဲ့က ပြောပါတယ်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကမ္ဘာလံုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရမယ့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ လုံခြုံရေးကောင်စီရဲ့ တာဝန်ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရေး လုပ်ဆောင်ကြပါလို့လည်း The Elders တွေက တိုက်တွန်းထားပါတယ်။