သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုိင္း မင္းျပားၿမိဳ႕နယ္ ရြာသားတခ်ိဳ႕ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါေၾကာင္႔ေသဆံုး


မင္းျပားၿမိဳ႕

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္း မင္းျပားၿမိဳ႕နယ္အတြင္းက ေပါက္ေတာမြတ္ဆလင္ေက်းရြာမွာ ေသာက္သံုးေရ မသန္႔ ရွင္းတာေၾကာင့္ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါ ျဖစ္ၿပီး မေန႔ကအထိ တစ္နွစ္ေအာက္ ကေလးငယ္ ၈ ဦးေသဆံုးခဲ့ပါတယ္။ ေရ႐ွားမႈေၾကာင့္ျဖစ္တဲ့ ဝမ္းပ်က္ဝမ္းေလ်ွာေရာဂါ ကူးစက္သူ ၂၀၀ေက်ာ္႐ွိပါတယ္။ ေဆး႐ံုတင္ကုသေနသူေတြထဲမွာ စိုးရိမ္ရသူေတြ႐ွိေနပါတယ္။ ရခိုင္ျပည္နယ္က လာတဲ့သတင္းအျပည့္အစံုကို ကိုေအာင္ျမတ္သူက တင္ျပေပးပါမယ္။

ရခိုင္ေျမာက္ပိုင္း ၊ မင္းျပားၿမိဳ႕နယ္အတြင္းက နဂရာေက်းရြာအုပ္စု ေပါက္ေတာမြတ္ဆလင္ ေက်းရြာမွာ ေသာက္သံုးေရ မသန္႔ ရွင္းတာေၾကာင့္ ဝမ္းပ်က္ ဝမ္းေလွ်ာေရာဂါေတြ ျဖစ္ပြားေနပါတယ္။ ရာနဲ႔ခ်ီၿပီး ဝမ္းပ်က္ ဝမ္းေလွ်ာ္ျဖစ္ေနၾကတာမွာ ေမလ ၃၀ ရက္ေန႔အထိ တစ္နွစ္ေအာက္ကေလးငယ္ ၈ ဦး ေသဆံုးခဲ့တယ္လို႔ နဂရာအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သိန္းက ေျပာပါတယ္။

“ကေလးေတြကေတာ့ အန္တယ္။ ဝမ္းသြားတယ္။ ကေလးက အခုဆိုရင္ ၈ ေယာက္ေသၿပီ ၆ လ ၇ လ ၅ လ ကေလးေတြ ျဖစ္တာ။ အႀကီးဆံုးကေတာ့ တစ္ႏွစ္သားေတြေပါ့။ ၃၀ ရက္ေန႔က ၈ နာရီေလာက္မွာ တစ္ေယာက္ ေသတယ္။ လူဦးေရကေတာ့ ဆရာဝန္ေျပာျပခ်က္အရ ၂၀၀ ေက်ာ္ေလာက္ေတာ့ရွိတယ္။ လူႀကီးေတြကေတာ့ သိပ္မျဖစ္ဘူး လူႀကီးေတြက နည္းတယ္။”

အဲဒီ ေပါက္ေတာ မြတ္ဆလင္ေက်းရြာဟာ မင္းျပားၿမိဳ႕နဲ႔ ၁၅မိုင္ခန္႔ အကြာမွာရွိၿပီး လူဦးေရေလးေထာင္ေက်ာ္ေလာက္ ေနထိုင္တဲ့ ေက်းရြာတစ္ခုျဖစ္ပါတယ္။ အဲဒီေက်းရြာမွာ ၿပီးခဲ့တဲ့ မတ္လကတည္းက ေက်းရြာအတြင္းရွိ ေရကန္ေတြမွာ ေရခန္းေျခာက္သြားတာေၾကာင့္ ေခ်ာင္းေရကို ေသာက္သံုးေနရတာပါ။

ေဒသခံေက်းရြာသားေတြဟာ ေခ်ာင္းေရကို က်ိဳခ်က္ၿပီးမေသာက္သံုးၾကသလို အမွည့္လြန္ ရာသီေပၚ သစ္သီးေတြကို စားေနၾကတာေၾကာင့္အခုလို ဝမ္းေလွ်ာ ဝမ္းပ်က္ ေရာဂါျဖစ္ရတာျဖစ္တယ္လို႔ ဆရာဝန္ေျပာျပခ်က္အရ သိရတယ္လို႔ နဂရာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သိန္းကေျပာပါတယ္။

“ဒီလ ၂၆ ရက္ေန႔က ျဖစ္တာပါစလို႔ ဘယ္လို ျဖစ္တာလည္းဆိုေတာ့ သူတို႔က အစားအေသာက္ေတြ ေရေတြက သံုးလပိုင္းေလာက္ ကတည္းက ေခ်ာင္းေရကို တင္ထားရတာ။ ေနပူျပင္းတဲ့ အခ်ိန္မွာေတာ့ ေရေတြက ပြတာေပါ့။ အဲတာကို သူတို႔က သရက္သီးစားတယ္။ ပိႏၷဲသီးမွည့္ေတြ စားတယ္။ အဲဒီေရေတြကို က်ိဳခ်က္ၿပီး မေသာက္လို႔ ဒီလိုျဖစ္တာ။”

ေရာဂါျဖစ္ပြားသူအမ်ားစုဟာ ငါးႏွစ္ေအာက္ကေလးေတြျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေရာဂါျဖစ္ပြားေနတဲ့ လူနာ ၂၀၀ ေက်ာ္ထဲက စိုးရိမ္ရတဲ့ လူနာေတြကို မင္းျပားၿမိဳ႕နယ္အတြင္းက ပန္းေျမာင္းေဆးရံုနဲ႔ ေျမာင္းေဗြေဆးရံုေတြမွာ ကုသမႈခံယူေနၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း ေက်းရြာအနီးအနား မွာရွိတဲ့ ေက်းလက္ေဆးခန္းေတြမွာ ကုသေနၾကပါတယ္။

ကန္းရိုးတန္းေဒသျဖစ္တဲ့ ရခိုင္ျပည္နယ္က ေက်းလက္ေဒသ ေတာ္ေတာ္မ်ားမ်ားမွာ ေႏြရာသီ ေရာက္တိုင္း ႏွစ္စဥ္ေရရွား ပါးမႈနဲ႔ရင္ဆိုင္ၾကရပါတယ္။ အခုလိုမိုးဦးကာလေတြမွာ ရံဖန္ရံခါ မိုးရြာသြန္းတဲ့အခါ ႐ႊံ႔ေရေတြပါ ေရကန္ေတြထဲဝင္ကုန္တဲ့အတြက္ ေရေတြမသန္႔ေတာ့ဘဲ

ပိုၿပီး ေသာက္သံုးေရ ရွားပါးတာ၊ ဝမ္းပ်က္ ဝမ္ေလွ်ာေရာဂါျဖစ္တာေတြ ႏွစ္စဥ္ လိုလို ရင္ဆိုင္ေနၾကရတယ္ လို႔လည္း ရခိုင္ျပည္နယ္အတြင္း ပရဟိတလုပ္ငန္းေတြ လုပ္ကိုင္ ေနတဲ့ ကိုအမ္းသားႀကီးက ေျပာပါတယ္။

“မင္းျပားၿမိဳ႕နယ္ေတာင္ပိုင္းက ဆိုလို႔ရွိရင္ အကုန္လံုးနီးပါး ေရရွားတဲ့ ျပႆနာနဲ႔ ရင္ဆိုင္ရ တယ္။ မင္းျပားၿမိဳ႕နယ္ ဖက္မွာ ေခ်ာင္းေရေတြ သံုးလို႔မရဘူး။ ကန္ေရေတြကလည္း မုိးက ရြာလိုက္တဲ့ အခါက်ေတာ့ ေရကေနာက္ေနတယ္။ ကန္ေဘာင္းရိုးက အညစ္အေက်းေတြ ဆင္းေနတာရယ္။ ဖုန္မုန္႔ေတြ အရယ္ေပ်ာ္သြားတာနဲ႔ ဆိုေတာ့ အကုန္လံုး ေနာက္က်ိေန တယ္ဆိုေတာ့ မင္းျပားၿမို႕နယ္သမကာ ရခိုင္ျပည္နယ္ ေနရာအႏွံ႔မွာ ေရရွားပါးမႉေတြ ျဖစ္ေန တာကေတာ့ အမွန္ပဲဗ်ာ ေသာက္သံုးေရေလ။”

လက္ရွိမွာေတာ့ ဝမ္းေရာဂါ ျဖစ္ပြားေနတဲ့ ေပါက္ေတာ မြတ္ဆလင္ေက်းရြာကို သက္ဆိုင္ရာ က်န္းမာေရးဌာနေတြကလည္း လာေရာက္စစ္ေဆးတာေတြရွိသလို ေသာက္သံုး ေရ လာေရာက္လွဴဒါန္းသူေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ် ရွာသားတချို့ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်သေဆုံး

(Unicode)

ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်းက ပေါက်တောမွတ်ဆလင်ကျေးရွာမှာ သောက်သုံးရေ မသန့် ရှင်းတာကြောင့်ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပြီး မနေ့ကအထိ တစ်နှစ်အောက် ကလေးငယ် ၈ ဦးသေဆုံးခဲ့ပါတယ်။ ရေရှားမှုကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်သူ ၂၀၀ကျော်ရှိပါတယ်။ ဆေးရုံတင်ကုသနေသူတွေထဲမှာ စိုးရိမ်ရသူတွေရှိနေပါတယ်။ ရခိုင်ပြည်နယ်က လာတဲ့သတင်းအပြည့်အစုံကို ကိုအောင်မြတ်သူက တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်း ၊ မင်းပြားမြို့နယ်အတွင်းက နဂရာကျေးရွာအုပ်စု ပေါက်တောမွတ်ဆလင် ကျေးရွာမှာ သောက်သုံးရေ မသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေပါတယ်။ ရာနဲ့ချီပြီး ဝမ်းပျက် ဝမ်းလျှော်ဖြစ်နေကြတာမှာ မေလ ၃၀ ရက်နေ့အထိ တစ်နှစ်အောက်ကလေးငယ် ၈ ဦး သေဆုံးခဲ့တယ်လို့ နဂရာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

“ကလေးတွေကတော့ အန်တယ်။ ဝမ်းသွားတယ်။ ကလေးက အခုဆိုရင် ၈ ယောက်သေပြီ ၆ လ ၇ လ ၅ လ ကလေးတွေ ဖြစ်တာ။ အကြီးဆုံးကတော့ တစ်နှစ်သားတွေပေါ့။ ၃၀ ရက်နေ့က ၈ နာရီလောက်မှာ တစ်ယောက် သေတယ်။ လူဦးရေကတော့ ဆရာဝန်ပြောပြချက်အရ ၂၀၀ ကျော်လောက်တော့ရှိတယ်။ လူကြီးတွေကတော့ သိပ်မဖြစ်ဘူး လူကြီးတွေက နည်းတယ်။”

အဲဒီ ပေါက်တော မွတ်ဆလင်ကျေးရွာဟာ မင်းပြားမြို့နဲ့ ၁၅မိုင်ခန့် အကွာမှာရှိပြီး လူဦးရေလေးထောင်ကျော်လောက် နေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ အဲဒီကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လကတည်းက ကျေးရွာအတွင်းရှိ ရေကန်တွေမှာ ရေခန်းခြောက်သွားတာကြောင့် ချောင်းရေကို သောက်သုံးနေရတာပါ။

ဒေသခံကျေးရွာသားတွေဟာ ချောင်းရေကို ကျိုချက်ပြီးမသောက်သုံးကြသလို အမှည့်လွန် ရာသီပေါ် သစ်သီးတွေကို စားနေကြတာကြောင့်အခုလို ဝမ်းလျှော ဝမ်းပျက် ရောဂါဖြစ်ရတာဖြစ်တယ်လို့ ဆရာဝန်ပြောပြချက်အရ သိရတယ်လို့ နဂရာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကပြောပါတယ်။

“ဒီလ ၂၆ ရက်နေ့က ဖြစ်တာပါစလို့ ဘယ်လို ဖြစ်တာလည်းဆိုတော့ သူတို့က အစားအသောက်တွေ ရေတွေက သုံးလပိုင်းလောက် ကတည်းက ချောင်းရေကို တင်ထားရတာ။ နေပူပြင်းတဲ့ အချိန်မှာတော့ ရေတွေက ပွတာပေါ့။ အဲတာကို သူတို့က သရက်သီးစားတယ်။ ပိန္နဲသီးမှည့်တွေ စားတယ်။ အဲဒီရေတွေကို ကျိုချက်ပြီး မသောက်လို့ ဒီလိုဖြစ်တာ။”

ရောဂါဖြစ်ပွားသူအများစုဟာ ငါးနှစ်အောက်ကလေးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ လူနာ ၂၀၀ ကျော်ထဲက စိုးရိမ်ရတဲ့ လူနာတွေကို မင်းပြားမြို့နယ်အတွင်းက ပန်းမြောင်းဆေးရုံနဲ့ မြောင်းဗွေဆေးရုံတွေမှာ ကုသမှုခံယူနေကြပါတယ်။ တစ်ချို့ကလည်း ကျေးရွာအနီးအနား မှာရှိတဲ့ ကျေးလက်ဆေးခန်းတွေမှာ ကုသနေကြပါတယ်။

ကန်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်က ကျေးလက်ဒေသ တော်တော်များများမှာ နွေရာသီ ရောက်တိုင်း နှစ်စဉ်ရေရှား ပါးမှုနဲ့ရင်ဆိုင်ကြရပါတယ်။ အခုလိုမိုးဦးကာလတွေမှာ ရံဖန်ရံခါ မိုးရွာသွန်းတဲ့အခါ ရွှံ့ရေတွေပါ ရေကန်တွေထဲဝင်ကုန်တဲ့အတွက် ရေတွေမသန့်တော့ဘဲ

ပိုပြီး သောက်သုံးရေ ရှားပါးတာ၊ ဝမ်းပျက် ဝမ်လျှောရောဂါဖြစ်တာတွေ နှစ်စဉ် လိုလို ရင်ဆိုင်နေကြရတယ် လို့လည်း ရခိုင်ပြည်နယ်အတွင်း ပရဟိတလုပ်ငန်းတွေ လုပ်ကိုင် နေတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။

“မင်းပြားမြို့နယ်တောင်ပိုင်းက ဆိုလို့ရှိရင် အကုန်လုံးနီးပါး ရေရှားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရ တယ်။ မင်းပြားမြို့နယ် ဖက်မှာ ချောင်းရေတွေ သုံးလို့မရဘူး။ ကန်ရေတွေကလည်း မိုးက ရွာလိုက်တဲ့ အခါကျတော့ ရေကနောက်နေတယ်။ ကန်ဘောင်းရိုးက အညစ်အကျေးတွေ ဆင်းနေတာရယ်။ ဖုန်မုန့်တွေ အရယ်ပျော်သွားတာနဲ့ ဆိုတော့ အကုန်လုံး နောက်ကျိနေ တယ်ဆိုတော့ မင်းပြားမြို့နယ်သမကာ ရခိုင်ပြည်နယ် နေရာအနှံ့မှာ ရေရှားပါးမှူတွေ ဖြစ်နေ တာကတော့ အမှန်ပဲဗျာ သောက်သုံးရေလေ။”

လက်ရှိမှာတော့ ဝမ်းရောဂါ ဖြစ်ပွားနေတဲ့ ပေါက်တော မွတ်ဆလင်ကျေးရွာကို သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကလည်း လာရောက်စစ်ဆေးတာတွေရှိသလို သောက်သုံး ရေ လာရောက်လှူဒါန်းသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG