[Zawgyi/Unicode]
ျမန္မာစစ္တပ္ ေခါင္းေဆာင္ေတြအေပၚ အေရးယူပိတ္ဆို႔မႈေတြ ထပ္ၿပီးခ်မွတ္သြားမွာ မဟုတ္ဘူးလို႔ ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne က ေျပာပါတယ္။
အာဏာသိမ္းစစ္ေကာင္စီအေပၚ အေနာက္ႏိုင္ငံအစိုးရေတြက ဒဏ္ခတ္ပိတ္ဆို႔ အေရးယူမႈေတြ တိုးျမႇင့္ခ်မွတ္လာေနၾကတဲ့အခ်ိန္မွာ ၾသစေၾတးလ်ႏိုင္ငံက အခုလိုေျပာလိုက္တာပါ။
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ ျမန္မာ စစ္တပ္နဲ႔ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြအေပၚ ၾသစေၾတးလ်ရဲ႕ မဟာမိတ္ႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စု၊ ယူေက၊ ကေနဒါနဲ႔ ဥေရာပသမဂၢတို႔ကေတာ့ ပိတ္ဆို႔ ဒဏ္ခတ္ အေရးယူမႈေတြ တိုးျမႇင့္ ခ်မွတ္ထားပါတယ္။
ၾသစေၾတးလ်ႏိုင္ငံအေနနဲ႔လည္း အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထား အေရးယူ ဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ ဖိအားေပး တိုက္တြန္းမႈေတြ ရွိေနခ်ိန္မွာ ႏိုင္ငံျခားေရးဝန္ႀကီး Payne က ခုလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္လိုက္မယ္ဆိုရင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) ကေနတဆင့္ ျမန္မာ့အေရး ေျဖရွင္းကိုင္တြယ္မႈေတြကို ထိခိုက္ႏိုင္သလို ၾသစေၾတးလ်အစိုးရအေနနဲ႔ ျမန္မာစစ္ေခါင္းေဆာင္ေတြကို နားခ် ေျပာဆိုရာမွာ အကန႔္အသတ္ေတြ ျဖစ္လာလိမ့္မယ္လို႔ ဝန္ႀကီး Payne က ေျပာပါတယ္။
[Unicode Version]
မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြစတြေးလျ အရေးယူမှာ မဟုတ်
မြန်မာစစ်တပ် ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီးချမှတ်သွားမှာ မဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီအပေါ် အနောက်နိုင်ငံအစိုးရတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ချမှတ်လာနေကြတဲ့အချိန်မှာ သြစတြေးလျနိုင်ငံက အခုလိုပြောလိုက်တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ မြန်မာ စစ်တပ်နဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် သြစတြေးလျရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့ကတော့ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ တိုးမြှင့် ချမှတ်ထားပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး Payne က ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်မယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကနေတဆင့် မြန်မာ့အရေး ဖြေရှင်းကိုင်တွယ်မှုတွေကို ထိခိုက်နိုင်သလို သြစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နားချ ပြောဆိုရာမှာ အကန့်အသတ်တွေ ဖြစ်လာလိမ့်မယ်လို့ ဝန်ကြီး Payne က ပြောပါတယ်။