သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုမွာ တိုက္ခိုက္မႈေတြ ရွိေနဆဲ


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (ဓာတ္ပံု - CJ - ေမ ၃၁၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ေဒသခံကာကြယ္ေရး PDF အဖြဲ႔ေတြၾကား စစ္ေရးတင္းမာေနတဲ့ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္မွာ ဒီေန႔ ဇြန္လ ၃ ရက္ေန႔မွာလည္း ပစ္ခတ္တိုက္ခိုက္မႈေတြ႐ွိခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္အစပ္ မိုးျဗဲၿမိဳ႕မွာလည္း ၿမိဳ႕ခံေတြ ၿမိဳ႕ထဲကေန ထြက္သြားၾကဖို႔ စစ္တပ္ဘက္က သတိေပးတာေၾကာင့္ ေဒသခံေတြ ထပ္မံတိမ္းေရွာင္ေနရပါတယ္။ ကယားျပည္နယ္ဘက္က အေျခအေနေတြကို ဗီြအိုေအသတင္းေထာက္ ကိုနိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔တို႔အၾကား ဒီေန႔ ေန႔လယ္ပိုင္းက တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ ပစ္ခတ္မႈေတြအတြင္း ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ဝင္တေယာက္ ေသဆံုးတယ္လို႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးအဖြဲ႕ KNDF ျပန္ၾကားေရးတာ၀န္ခံက ဗီြအိုေအကို ေျပာပါတယ္။

"ဒီေန႕က ကရင္နီျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ၁၂ နာရီေက်ာ္ေလာက္က စံျပ ၆ မိုင္ႀကီးရြာမွာ ပစ္ခတ္မႈတခ်ိဳ႕ ရွိတယ္ေပါ့။ PDF အဖြဲ႕ဘက္က တဦးက်ဆုံးတယ္ေပါ့ေနာ္။ အၾကမ္းဖက္ေကာင္စီက ရြာဘက္ကို စံျပ ၆ မိုင္ဘက္ကို တက္လာခဲ့တဲ့အတြက္ ပစ္ခတ္မႈတခ်ိဳ႕ျဖစ္ပြါးတာေပါ့ေနာ္။"

ဒီကေန႔ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း ႏွစ္ဘက္ပစ္ခတ္တိုက္ခိုက္မႈ အေျခအေနကို မသိရေသးေပမဲ့ မေန႔က တိုက္ပြဲအေျခအေနကိုေတာ့ စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကအခုလိုေျပာပါတယ္။

"ဒီးေမာ့ဆိုမွာေတာ့ ဒီေန႔ေတာ့ မသိေသးဘူူး။ မေန႔ကေတာ့ ဒီးေမာ့ဆိုၿမိဳ႕မ ရဲစခန္း ပတ္၀န္းက်င္မွာ က်ေနာ္တို႔ လုံျခံဳေရးစစ္ေဆးတာ ရွိတယ္။ အဲဒီမွာ ရပ္ကြက္အတြင္း ၃ ေနရာကေနၿပီးေတာ့ အၾကမ္းဖက္ ၄၀ ေလာက္က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တဲ့ဟာေတြ ရွိတယ္။ ပစ္ခတ္ၿပီးေတာ့ ၿမိဳ႕ေတာင္ဘက္ကို ျပန္ၿပီး ဆုတ္သြားတယ္။ က်ေနာ္တို႔ဆီကေတာ့ စစ္သည္ တဦးဒဏ္ရာရတဲ့ျဖစ္စဥ္ေတြ ရွိပါတယ္။

မေန႔ညေနတုန္းကလည္း ဒီးေမာ့ဆိုၿမိဳ႕ထဲက ေဒါ့ငံခါးရပ္ကြက္ဘက္မွာ ပစ္ခတ္မႈေတြျဖစ္ပြါးခဲ့ပါတယ္။

ေမလ ၂၁ ရက္ေန႔ကေန ဒီကေန႔အထိ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔တို႔အၾကား ပစ္ခတ္မႈေတြျဖစ္ပြါးေနသလုိ ေသာင္းနဲ႔ခ်ီတဲ့ေဒသခံေတြလည္း စစ္ေရွာင္ေနရပါတယ္။

အလားတူ ပစ္ခတ္ တိုက္ခိုက္မႈေတြျဖစ္ေနတဲ့ ကယားျပည္နယ္အစပ္ ရွမ္းျပည္နယ္ မိုးျဗဲၿမိဳ႕အတြင္းမွာ ၿမိဳ႕ေနသူေတြ ေရွာင္ထြက္သြားဖို႔ ဒီမနက္မွာ စစ္တပ္က လိုက္ၿပီးေၾကညာေနတယ္လို႔ မိုးျဗဲၿမိဳ႕ခံတဦးကေျပာပါတယ္။

"မိုးျဗဲၿမိဳ႕အတြင္းမွာ ရွိေနတဲ့ျပည္သူအေပါင္းတို႔ ရြာအျပင္သို႔ ထြက္သြားေပးပါရန္ သူတို႔ကစစ္ေဘးကို အတတ္နိုင္ဆုံး ေရွာင္ရွားေပးပါရန္ ဆိုၿပီးမွ စစ္တပ္ေတြက ေအာ္လံနဲ႔ ေအာ္ၿပီးမွ ရြာထဲကို ထြက္သြားခိုင္းတဲ့ အေနအထားလည္း ရွိတယ္။ ဒီမနက္ ၁၀ နာရီခြဲတုန္းက။"

စစ္တပ္က အဲဒီလို လိုက္သတိေပးေနတဲ့အတြက္ တၿမိဳ႕လံုးနီးပါး ထြက္သြားေနၾကတယ္လို႔ သူကေျပာပါတယ္။

"ျပည္သူေတြက ထြက္ေနၾကတယ္။ အကုန္လုံး ကုန္သေလာက္ေတာ့ ရွိၿပီ။ တခ်ိဳ႕က ရပ္ကြက္မွာ အေစာင့္ေရွာက္ေတြ ထားဖို႕ေပါ့ေနာ္။ ထားထားတယ္။ ဆယ္ပုံတပုံေလာက္ပဲ က်န္တယ္။"

ဘာေၾကာင့္လဲလို႔ မေျပာဘဲ ျပည္သူေတြကို ၿမိဳ႕ရြာကေန ေရွာင္ထြက္သြားဖို႔ စစ္တပ္က ေအာ္လံနဲ႔ လိုက္ေအာ္ေနတဲ့အေပၚ ကရင္နီအမ်ိဳးသား ကာကြယ္ေရးအဖြဲ႕ KNDF ျပန္ၾကားေရးတာ၀န္ခံက အခုလိုျမင္ပါတယ္။

"ေဒသခံေတြေျပာတာလည္း အဲဒီလိုမ်ိဳးပဲ ၾကားတာေပါ့ေနာ္။ သူတို႔က ရည္ရြယ္ခ်က္ရွိရွိ လူထုကို ဒုကၡေပးဖို႔ ရည္ရြယ္တယ္လို႔ပဲျမင္တယ္။ အိမ္ေတြေဖာက္မယ္၊ ဆိုင္ေတြေဖာက္မယ္။ သူတို႔ ပုံမွန္လုပ္ေနၾကအတိုင္းပဲ သူတို႔... ထင္တာေပါ့။"

မိုးျဗဲၿမိဳ႕အတြင္း မေန႔ ဇြန္လ ၂ ရက္ေန႔က ႏွစ္ဘက္ပစ္ခတ္မႈမွာ အရပ္သားတဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ KNDF တာ၀န္ရွိသူက ေျပာပါတယ္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မိုးျဗဲၿမိဳ႕မွာ စစ္တပ္လုံျခံဳေရးအဖြဲ႕ကို လာေရာက္ပစ္ခတ္တာလို႔ ေျပာပါတယ္။

"ဒီးေမာ့ဆိုဘက္ကေန မိုးျဗဲဘက္အ၀င္အထြက္လမ္းမွာ က်ေနာ္တို႔ ကင္းေစာင့္ေနတဲ့ဟာရွိတယ္။ အဲဒါကို မိုးၿဗဲရဲ႕ ေတာင္ဘက္ေလာက္မွာ အၾကမ္းဖက္ ၃၀ ေလာက္က လာပစ္တာရွိတယ္။ ဒီဘက္က ျပန္ၿပီး ပစ္ခတ္တဲ့အခါမွာ အေနာက္ေတာင္ဘက္ ျပန္ဆုတ္သြားတာရွိတယ္။ အဲဒီမွာေတာ့ က်ေနာ္တို႔ ထိခိုက္ဒဏ္ရာရရွိမႈ မရွိပါဘူး။"

ေမလ ၂၃ ရက္ေန႔တုန္းက မိုးျဗဲၿမိဳ႕မွာ စစ္ေကာင္စီတပ္ဖြဲ႔နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ျဖစ္ပြါးခဲ့အၿပီးမွာ စစ္တပ္ဘက္ကေန အင္အားထပ္မံျဖည့္တင္းထားပါတယ္။

ဖယ္ခုံနဲ႔ မိုးျဗဲဘက္၊ အေရွ႕ပေဒါင္ေခၚ အေရွ႕ကယန္းေဒသဘက္မွာ စစ္ေရွာင္ ၇၀၀ ေလာက္ရွိၿပီး အေနာက္ကယန္းေဒသဘက္မွာ စစ္ေရွာင္ ၁၀,၀၀၀ ေက်ာ္ ရွိေနတယ္လို႔ စစ္ေရွာင္ရြာသားေတြက ေျပာပါတယ္။

ေမလ ၂၁ ရက္ေန႔ကေန ဒီကေန႔အထိ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕၊ ဒီးေမာ့ဆိုၿမိဳ႕၊ ဖရူဆိုၿမိဳ႕နဲ႔ ရွမ္းျပည္နယ္ ဇယ္ခုန္ၿမိဳ႕နယ္ မိုးျဗဲၿမိဳ႕ေတြက စုစုေပါင္း ျပည္သူ ၇၀,၀၀၀ ေက်ာ္ စစ္ေဘးဒုကၡသည္ ျဖစ္ေနၾကပါတယ္။

ဒီးေမာ့ဆိုမွာ တိုက္ခိုက္မႈေတြ ရွိေနဆဲ
please wait

No media source currently available

0:00 0:03:49 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒီးမော့ဆိုမှာ တိုက်ခိုက်မှုတွေ ရှိနေဆဲ

စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ဘက်မှာ ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာလည်း မြို့ခံတွေ မြို့ထဲကနေ ထွက်သွားကြဖို့ စစ်တပ်ဘက်က သတိပေးတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရပါတယ်။ ကယားပြည်နယ်ဘက်က အခြေအနေတွေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ပစ်ခတ်မှုတွေအတွင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက် သေဆုံးတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ၁၂ နာရီကျော်လောက်က စံပြ ၆ မိုင်ကြီးရွာမှာ ပစ်ခတ်မှုတချို့ ရှိတယ်ပေါ့။ PDF အဖွဲ့ဘက်က တဦးကျဆုံးတယ်ပေါ့နော်။ အကြမ်းဖက်ကောင်စီက ရွာဘက်ကို စံပြ ၆ မိုင်ဘက်ကို တက်လာခဲ့တဲ့အတွက် ပစ်ခတ်မှုတချို့ဖြစ်ပွါးတာပေါ့နော်။"

ဒီကနေ့ ဒီးမော့ဆိုမြို့နယ်အတွင်း နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို မသိရသေးပေမဲ့ မနေ့က တိုက်ပွဲအခြေအနေကိုတော့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြောပါတယ်။

"ဒီးမော့ဆိုမှာတော့ ဒီနေ့တော့ မသိသေးဘူူး။ မနေ့ကတော့ ဒီးမော့ဆိုမြို့မ ရဲစခန်း ပတ်ဝန်းကျင်မှာ ကျနော်တို့ လုံခြုံရေးစစ်ဆေးတာ ရှိတယ်။ အဲဒီမှာ ရပ်ကွက်အတွင်း ၃ နေရာကနေပြီးတော့ အကြမ်းဖက် ၄၀ လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ဟာတွေ ရှိတယ်။ ပစ်ခတ်ပြီးတော့ မြို့တောင်ဘက်ကို ပြန်ပြီး ဆုတ်သွားတယ်။ ကျနော်တို့ဆီကတော့ စစ်သည် တဦးဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။

မနေ့ညနေတုန်းကလည်း ဒီးမော့ဆိုမြို့ထဲက ဒေါ့ငံခါးရပ်ကွက်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့အကြား ပစ်ခတ်မှုတွေဖြစ်ပွါးနေသလို သောင်းနဲ့ချီတဲ့ဒေသခံတွေလည်း စစ်ရှောင်နေရပါတယ်။

အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ် မိုးဗြဲမြို့အတွင်းမှာ မြို့နေသူတွေ ရှောင်ထွက်သွားဖို့ ဒီမနက်မှာ စစ်တပ်က လိုက်ပြီးကြေညာနေတယ်လို့ မိုးဗြဲမြို့ခံတဦးကပြောပါတယ်။

"မိုးဗြဲမြို့အတွင်းမှာ ရှိနေတဲ့ပြည်သူအပေါင်းတို့ ရွာအပြင်သို့ ထွက်သွားပေးပါရန် သူတို့ကစစ်ဘေးကို အတတ်နိုင်ဆုံး ရှောင်ရှားပေးပါရန် ဆိုပြီးမှ စစ်တပ်တွေက အော်လံနဲ့ အော်ပြီးမှ ရွာထဲကို ထွက်သွားခိုင်းတဲ့ အနေအထားလည်း ရှိတယ်။ ဒီမနက် ၁၀ နာရီခွဲတုန်းက။"

စစ်တပ်က အဲဒီလို လိုက်သတိပေးနေတဲ့အတွက် တမြို့လုံးနီးပါး ထွက်သွားနေကြတယ်လို့ သူကပြောပါတယ်။

"ပြည်သူတွေက ထွက်နေကြတယ်။ အကုန်လုံး ကုန်သလောက်တော့ ရှိပြီ။ တချို့က ရပ်ကွက်မှာ အစောင့်ရှောက်တွေ ထားဖို့ပေါ့နော်။ ထားထားတယ်။ ဆယ်ပုံတပုံလောက်ပဲ ကျန်တယ်။"

ဘာကြောင့်လဲလို့ မပြောဘဲ ပြည်သူတွေကို မြို့ရွာကနေ ရှောင်ထွက်သွားဖို့ စစ်တပ်က အော်လံနဲ့ လိုက်အော်နေတဲ့အပေါ် ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက အခုလိုမြင်ပါတယ်။

"ဒေသခံတွေပြောတာလည်း အဲဒီလိုမျိုးပဲ ကြားတာပေါ့နော်။ သူတို့က ရည်ရွယ်ချက်ရှိရှိ လူထုကို ဒုက္ခပေးဖို့ ရည်ရွယ်တယ်လို့ပဲမြင်တယ်။ အိမ်တွေဖောက်မယ်၊ ဆိုင်တွေဖောက်မယ်။ သူတို့ ပုံမှန်လုပ်နေကြအတိုင်းပဲ သူတို့... ထင်တာပေါ့။"

မိုးဗြဲမြို့အတွင်း မနေ့ ဇွန်လ ၂ ရက်နေ့က နှစ်ဘက်ပစ်ခတ်မှုမှာ အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မိုးဗြဲမြို့မှာ စစ်တပ်လုံခြုံရေးအဖွဲ့ကို လာရောက်ပစ်ခတ်တာလို့ ပြောပါတယ်။

"ဒီးမော့ဆိုဘက်ကနေ မိုးဗြဲဘက်အဝင်အထွက်လမ်းမှာ ကျနော်တို့ ကင်းစောင့်နေတဲ့ဟာရှိတယ်။ အဲဒါကို မိုးဗြဲရဲ့ တောင်ဘက်လောက်မှာ အကြမ်းဖက် ၃၀ လောက်က လာပစ်တာရှိတယ်။ ဒီဘက်က ပြန်ပြီး ပစ်ခတ်တဲ့အခါမှာ အနောက်တောင်ဘက် ပြန်ဆုတ်သွားတာရှိတယ်။ အဲဒီမှာတော့ ကျနော်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။"

မေလ ၂၃ ရက်နေ့တုန်းက မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့အပြီးမှာ စစ်တပ်ဘက်ကနေ အင်အားထပ်မံဖြည့်တင်းထားပါတယ်။

ဖယ်ခုံနဲ့ မိုးဗြဲဘက်၊ အရှေ့ပဒေါင်ခေါ် အရှေ့ကယန်းဒေသဘက်မှာ စစ်ရှောင် ၇၀၀ လောက်ရှိပြီး အနောက်ကယန်းဒေသဘက်မှာ စစ်ရှောင် ၁၀,၀၀၀ ကျော် ရှိနေတယ်လို့ စစ်ရှောင်ရွာသားတွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးပဋိပက္ခတွေကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နဲ့ ရှမ်းပြည်နယ် ဇယ်ခုန်မြို့နယ် မိုးဗြဲမြို့တွေက စုစုပေါင်း ပြည်သူ ၇၀,၀၀၀ ကျော် စစ်ဘေးဒုက္ခသည် ဖြစ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG