သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္၊ ၿမိဳ႕နယ္တခ်ဳိ႕မွာ ကုန္ေစ်းႏႈန္းတက္ၿပီး စားကုန္ရွားပါးေန


ကယားျပည္နယ္။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ကယားျပည္နယ္ထဲက ၿမိဳ႕တခ်ဳိ႕မွာ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြအၾကား တိုက္ပြဲေတြ ေန႔စဥ္လို ျဖစ္ပြားေနတာေၾကာင့္ သြားလာေရး ထိခိုက္ေနသလို ကုန္စည္စီးဆင္းမႈလည္း ျပတ္ေတာက္ေနပါတယ္။ ဒါေၾကာင့္ လိြဳင္ေကာ္ၿမိဳ႕မွာ ေလာင္စာဆီ တပီပါကို က်ပ္ ၃၀၀,၀၀၀ ဖားေဆာင္းၿမိဳ႕နယ္မွာ ဆန္တအိတ္ကို ၁၅၀,၀၀၀ အထိ ေစ်းတက္ေနပါတယ္။ ကယားျပည္မွာ စားေသာက္ကုန္ေတြ ႐ွားပါးေနတဲ့အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပထားပါတယ္။

ကယားျပည္နယ္မွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား ပစ္ခတ္ တိုက္ခိုက္မႈေတြ ေမလ ၂၁ ရက္ေန႔မွာ စခဲ့ၿပီးေနာက္ စစ္တပ္က ကယားျပည္နယ္ထဲ ေမာ္ေတာ္ယာဥ္ အသြားအလာေတြ ထိန္းခ်ဳပ္ခဲ့ပါတယ္။ ဒီၾကားထဲ သြားလာေရးအတြက္ အဓိကက်တဲ့ တံတားတခ်ဳိ႕လည္း မိုင္းခဲြ ဖ်က္ဆီးခံခဲ့ရတာေၾကာင့္ လမ္းပန္းဆက္သြယ္ေရး အေတာ္ေလး ျပတ္ေတာက္ေနတာပါ။

ပစ္ခတ္တိုက္ခိုက္မႈေတြ ေန႔စဥ္လို႐ွိေနတဲ့ ကယားျပည္နယ္ထဲက တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ဆန္၊ ဆီ၊ ဆားလို အေျခခံ စားေသာက္ကုန္ေတြ ဝယ္လို႔မရတဲ့ အေျခအေနအထိ ၾကံဳေနရပါတယ္။ အထူးသျဖင့္ ဖားေဆာင္းၿမိဳ႕နယ္၊ ေမာ္ခ်ီးေဒသမွာ ဆန္တအိတ္ကို က်ပ္ ၁၅၀,၀၀၀ အထိ ေစ်းေတြထိုးတက္သြားတာပါ။

“ဟုတ္တယ္ ေမာ္ခ်ီးဘက္၊ ၁ သိန္းေစ်းေတာင္မွ ဝယ္လို႔မရဘူး အဲဒီလို။ အဓိက ကုန္ေျခာက္ေရာ၊ ဆန္စပါးေရာ။ ဒီအေျခအေနနဲ႔ဆိုလို႔ရွိရင္ေတာ့ သိပ္မၾကာဘူး... ကုန္သြားမယ့္ အေနအထားေတာ့ ရွိတယ္၊ သူမ်ားေတြ အလုအယက္ လိုက္ဝယ္ေနၾကၿပီ။ ဆန္ေတြ၊ ဆားေတြ၊ ဆီေတြ။”

ဖားေဆာင္းၿမိဳ႕နယ္က ေဒသခံတဦးေျပာသြားတာပါ။ လိြဳင္ေကာ္ၿမိဳ႕မွာဆိုရင္ ဒီဇယ္နဲ႔ ဓာတ္ဆီလို ေလာင္စာဆီေစ်းက အရင္က တပီပါကို က်ပ္ ၁၆၀,၀၀၀ ပဲရွိေပမဲ့ ၿပီးခဲ့တဲ့ရက္ပိုင္းထဲမွာ က်ပ္ ၃၀၀,၀၀၀ အထိ ေစ်းထိုးတက္သြားပါတယ္။ ဝင္ေငြလည္း မရွိေတာ့တဲ့အတြက္ တခ်ိဳ႕ဆိုရင္ ပိုင္ဆိုင္မႈေတြ ေရာင္းခ်ၿပီး စားဝတ္ေနေရး ေျဖရွင္းရေၾကာင္း လြိဳင္ေကာ္ၿမိဳ႕က ဒန္နီရဲလ္က ေျပာပါတယ္။

“လမ္းေတြလည္း သြားလို႔မရဘူး၊ အဝင္လည္းမရ အထြက္လည္း မရတဲ့ ေနရာေတြက် ရွိတာေလးေတြ ထုခြဲေရာင္းခ်ေနရတာေပါ့။ အဲဒါမို႔ ဆန္ေစ်းဆိုရင္ ၇၀,၀၀၀၊ ၈၀,၀၀၀၊ ၁၀၀,၀၀၀ ေတြ တက္လာတာ။ အနိမ့္ဆုံးဆိုရင္ေတာင္မွ ရႈးရွဲ (အသင့္စားလက္ဖက္ထုပ္) ေတာင္ ဝယ္လို႔မရေတာ့ဘူး။ ပိုက္ဆံရွိရင္ေတာင္မွ က်ပ္တည္းသြားတယ္။”

ဒီလိုေရ႐ွည္ျဖစ္ေနမယ္ဆုိရင္ အေတာ္ေလး ခက္ခဲလိမ့္မယ္လို႔ ကယားေဒသခံတခ်ိဳ႕က ေျပာပါတယ္။ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး လက္နက္ကိုင္ေတြ ႏွစ္ဘက္ ပစ္ခတ္မႈေတြေၾကာင့္ မိုးၿဗဲ၊ လြိဳင္ေကာ္၊ ဒီးေမာ့ဆို ၿမိဳ႕နယ္ေတြက ထြက္ေျပးတိမ္းေရွာင္ေနရသူဟာ ၁၅၀,၀၀၀ ေလာက္ရွိႏိုင္ေၾကာင္း ကုလစာနာမႈအဖြဲ႕ OCHA ကထုတ္ျပန္ထားပါတယ္။

သူတို႔အတြက္ လုံေလာက္တဲ့ အစားအေသာက္၊ ေဆးဝါးနဲ႔ လုံၿခဳံတဲ့ အမိုးအကာေတြ အေရးေပၚ လိုအပ္ေနေၾကာင္းလည္း စစ္ေရွာင္ဒုကၡသည္ေတြ ယာယီခိုလံႈေနတဲ့ေနရာမွာ ဦးေဆာင္စီစဥ္ေပးေနသူေတြက ဗြီအိုေအကို ေျပာပါတယ္။

ပစ္ခတ္ တိုက္ခိုက္မႈေတြေၾကာင့္ ႏွစ္ဘက္စလုံးမွာ ေသဆုံးမႈေတြ ရွိပါတယ္။ အရပ္သားေသဆုံးမႈကေတာ့ အေယာက္ ၃၀ ေက်ာ္ရွိေၾကာင္း ဖယ္ခုံၿမိဳ႕ လူထုလႈပ္ရွားမႈ သပိတ္ေကာ္မတီက မွတ္တမ္းတင္ထားတာပါ။

ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းတခ်ိဳ႕ကေတာ့ ကယားျပည္နယ္တြင္းက အေျခအေနေတြနဲ႔ ပတ္သက္ၿပီး အထူးစိုးရိမ္ေၾကာင္း သူတို႔ရဲ႕ သေဘာထားကို ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကယားပြည်၊ မြို့နယ်တချို့မှာ ကုန်ဈေးနှုန်းတက်ပြီး စားကုန်ရှားပါးနေ

ကယားပြည်နယ်ထဲက မြို့တချို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတာကြောင့် သွားလာရေး ထိခိုက်နေသလို ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်နေပါတယ်။ ဒါကြောင့် လွိုင်ကော်မြို့မှာ လောင်စာဆီ တပီပါကို ကျပ် ၃၀၀,၀၀၀ ဖားဆောင်းမြို့နယ်မှာ ဆန်တအိတ်ကို ၁၅၀,၀၀၀ အထိ ဈေးတက်နေပါတယ်။ ကယားပြည်မှာ စားသောက်ကုန်တွေ ရှားပါးနေတဲ့အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ကယားပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား ပစ်ခတ် တိုက်ခိုက်မှုတွေ မေလ ၂၁ ရက်နေ့မှာ စခဲ့ပြီးနောက် စစ်တပ်က ကယားပြည်နယ်ထဲ မော်တော်ယာဉ် အသွားအလာတွေ ထိန်းချုပ်ခဲ့ပါတယ်။ ဒီကြားထဲ သွားလာရေးအတွက် အဓိကကျတဲ့ တံတားတချို့လည်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာကြောင့် လမ်းပန်းဆက်သွယ်ရေး အတော်လေး ပြတ်တောက်နေတာပါ။

ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်လိုရှိနေတဲ့ ကယားပြည်နယ်ထဲက တချို့မြို့နယ်တွေမှာ ဆန်၊ ဆီ၊ ဆားလို အခြေခံ စားသောက်ကုန်တွေ ဝယ်လို့မရတဲ့ အခြေအနေအထိ ကြုံနေရပါတယ်။ အထူးသဖြင့် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဆန်တအိတ်ကို ကျပ် ၁၅၀,၀၀၀ အထိ ဈေးတွေထိုးတက်သွားတာပါ။

“ဟုတ်တယ် မော်ချီးဘက်၊ ၁ သိန်းဈေးတောင်မှ ဝယ်လို့မရဘူး အဲဒီလို။ အဓိက ကုန်ခြောက်ရော၊ ဆန်စပါးရော။ ဒီအခြေအနေနဲ့ဆိုလို့ရှိရင်တော့ သိပ်မကြာဘူး... ကုန်သွားမယ့် အနေအထားတော့ ရှိတယ်၊ သူများတွေ အလုအယက် လိုက်ဝယ်နေကြပြီ။ ဆန်တွေ၊ ဆားတွေ၊ ဆီတွေ။”

ဖားဆောင်းမြို့နယ်က ဒေသခံတဦးပြောသွားတာပါ။ လွိုင်ကော်မြို့မှာဆိုရင် ဒီဇယ်နဲ့ ဓာတ်ဆီလို လောင်စာဆီဈေးက အရင်က တပီပါကို ကျပ် ၁၆၀,၀၀၀ ပဲရှိပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ကျပ် ၃၀၀,၀၀၀ အထိ ဈေးထိုးတက်သွားပါတယ်။ ဝင်ငွေလည်း မရှိတော့တဲ့အတွက် တချို့ဆိုရင် ပိုင်ဆိုင်မှုတွေ ရောင်းချပြီး စားဝတ်နေရေး ဖြေရှင်းရကြောင်း လွိုင်ကော်မြို့က ဒန်နီရဲလ်က ပြောပါတယ်။

“လမ်းတွေလည်း သွားလို့မရဘူး၊ အဝင်လည်းမရ အထွက်လည်း မရတဲ့ နေရာတွေကျ ရှိတာလေးတွေ ထုခွဲရောင်းချနေရတာပေါ့။ အဲဒါမို့ ဆန်ဈေးဆိုရင် ၇၀,၀၀၀၊ ၈၀,၀၀၀၊ ၁၀၀,၀၀၀ တွေ တက်လာတာ။ အနိမ့်ဆုံးဆိုရင်တောင်မှ ရှုးရှဲ (အသင့်စားလက်ဖက်ထုပ်) တောင် ဝယ်လို့မရတော့ဘူး။ ပိုက်ဆံရှိရင်တောင်မှ ကျပ်တည်းသွားတယ်။”

ဒီလိုရေရှည်ဖြစ်နေမယ်ဆိုရင် အတော်လေး ခက်ခဲလိမ့်မယ်လို့ ကယားဒေသခံတချို့က ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တွေ နှစ်ဘက် ပစ်ခတ်မှုတွေကြောင့် မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်တွေက ထွက်ပြေးတိမ်းရှောင်နေရသူဟာ ၁၅၀,၀၀၀ လောက်ရှိနိုင်ကြောင်း ကုလစာနာမှုအဖွဲ့ OCHA ကထုတ်ပြန်ထားပါတယ်။

သူတို့အတွက် လုံလောက်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ လုံခြုံတဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေကြောင်းလည်း စစ်ရှောင်ဒုက္ခသည်တွေ ယာယီခိုလှုံနေတဲ့နေရာမှာ ဦးဆောင်စီစဉ်ပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နှစ်ဘက်စလုံးမှာ သေဆုံးမှုတွေ ရှိပါတယ်။ အရပ်သားသေဆုံးမှုကတော့ အယောက် ၃၀ ကျော်ရှိကြောင်း ဖယ်ခုံမြို့ လူထုလှုပ်ရှားမှု သပိတ်ကော်မတီက မှတ်တမ်းတင်ထားတာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ကတော့ ကယားပြည်နယ်တွင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG