သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆို စစ္ေရွာင္စခန္းမွာ ဝမ္းနဲ႔ပတ္သက္တဲ႔ ေရာဂါေတြျဖစ္ပြား


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။

[Zawgyi/Unicode]

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕မွာ ျဖစ္ေနတဲ့ တိုက္ပဲြေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးေနၾကသူေတြ ခိုလႈံေနၾကရတဲ့ေနရာေတြမွာ ဝမ္းေရာဂါျဖစ္သူေတြ ရွိေနပါတယ္။ ဒုကၡသည္ ၄၀,၀၀၀ ေလာက္ ခိုလႈံေနၾကတဲ့ေနရာမွာ ေသာက္သုံးေရ ရွားပါးတာ၊ အိမ္သာအလုံအေလာက္မရွိတာေၾကာင့္ ဝမ္းေရာဂါေတြျဖစ္ေနၾကတာပါ။ ကယားျပည္နယ္ဘက္က စစ္ေဘးဒုကၡသည္ေတြရဲ႕ အခက္အခဲနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူကေျပာျပပါတယ္။

ကယားျပည္နယ္မွာ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား ေမလ ၂၁ ရက္ေန႔မွာ တိုက္ပြဲေတြ စတင္ခဲ့ၿပီးေနာက္ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္္၊ ဖရူဆိုၿမိဳ႕နယ္နဲ႔ ရွမ္း-ကယားျပည္နယ္အစပ္က မိုးျဗဲၿမိဳ႕နယ္တုိ႔က စစ္ေဘးလြတ္ရာ ထြက္ေျပးေနသူ ၇၀,၀၀၀ ေလာက္႐ွိေနပါတယ္။ အဲဒီထဲက ၄၀,၀၀၀ ေလာက္ဟာ ဒီေမာ့ဆိုၿမိဳ႕နားက ရွစ္မိုင္ေလာက္ရွည္လ်ားတဲ့ ေတာင္ေၾကာတေလွ်ာက္မွာ ယာယီတဲေတြ ထိုးၿပီး ခက္ခက္ခဲခဲ ေနေနၾကရပါတယ္။

အဲဒီလို ယာယီခိုလႈံေနၾကရတဲ့ေနရာေတြမွာ သန္႔႐ွင္းတဲ့ ေသာက္သံုးေရး မ႐ွိတာ၊ အိမ္သာမ႐ွိတာေတြေၾကာင့္ ဝမ္းနဲ ့ပက္သက္တဲ့ ေရာဂါေတြ ျဖစ္ေနၾကတယ္လို႔ ဒုကၡသည္ေတြအေရး ဦးေဆာင္ စီစဥ္ေပးေနတဲ့ ဦးပလန္က ေျပာပါတယ္။

“အိမ္သာ ေကာင္းေကာင္း ေဆာက္ေပးဖို႔ေပါ့ေနာ္... ဆိုေတာ့ သူတို႔ဟာက ႀကဳံတဲ့ေနရာ သြားၾကတယ္။ ဒါေၾကာင့္မို႔ ဒီဘက္ (ဝမ္းေရာဂါ) စျဖစ္တယ္လို႔ က်ေနာ္ယူဆတယ္။ ဒီဘက္ေနရာနဲ႔ ေရကန္နဲ႔က အဲဒီအနားတဝိုက္က လူလည္း ျဖစ္ေနတာေလ။”

ဒုကၡသည္ေတြ ယာယီခိုလႈံေနၾကတဲ့ ေနရာေတြဆီ ေနာက္ထပ္ေရာက္လာသူေတြလည္း အခုထိ ႐ွိေနပါတယ္။

“အခုအခ်ိန္အထိ စာရင္းလိုက္ျပဳစုတာ မၿပီးႏိုင္ေသးဘူး၊ လာျဖစ္လို႔လဲဆိုေတာ့ မေန႔ကမွ စၿပီးထြက္လာသူလည္း ရွိတယ္။ တဲထိုးေနတဲ့သူက ခန႔္မွန္းေျခ ၃၀,၀၀၀ ေလာက္ရွိမယ္။ ေနာက္႐ြာထဲမွာက ခန႔္မွန္းတာက ၄၀,၀၀၀ ေက်ာ္၊ ၅၀,၀၀၀ ေလာက္ရွိမယ္။ ဒီးေမာ့ဆိုလည္း ကုန္သေလာက္ရွိၿပီ။ လြိဳင္ေကာ္လည္း ဒီဘက္ အမ်ားႀကီးတက္လာၿပီ။ မေန႔ကနဲ႔ သန္ဘက္ခါ အမ်ားစုက လြိဳင္ေကာ္။”

မိုးကာလေရာက္လာၿပီမို႔ ျဖစ္တတ္တဲ့ ဝမ္းေရာဂါအပါအဝင္ တျခားကူးစက္ေရာဂါေတြကို ကာကြယ္ဖုိ႔ ယာယီခိုလႈံေရးစခန္းကို ႀကီးၾကပ္ေနသူ ခြန္ၾကယ္နီက ေျပာပါတယ္။

“ဒီတရက္၊ ႏွစ္ရက္ ထပ္တိုးလာတဲ့ဟာ အတိအက်စာရင္း ျပန္လုပ္မယ္ဆိုရင္ေတာ့ ၄၀,၀၀၀ ေက်ာ္မယ္။ အဓိကေတာ့ ေရျပႆနာေပါ့ေနာ္။ ပထမဆုံး ေရာက္လာေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာ၊ ဝမ္းေရာဂါ မျဖစ္ေအာင္ဆိုၿပီးမွ အိမ္သာခြက္ေတြ လာေပးၾကတာေပါ့ေနာ္။ ေရရွိမွပဲ ခုဏကေျပာတဲ့ အိမ္သာေတြ က်ေနာ္တို႔ စနစ္တက် ျပန္လုပ္လို႔ရမွာေပါ့ေနာ္။ အေပါ့သြား၊ အေလးသြား အဆင္မေျပတာရယ္၊ အခုေတာ့ ရာသီဥတု အေျပာင္းအလဲေလေနာ္ မိုးကာလလည္း က်ေနၿပီဆိုေတာ့ ကေလးေတြျဖစ္တဲ့ ေရာဂါေတြ၊ လူႀကီးတခ်ိဳ႕ ျဖစ္ၾကတဲ့ ေရာဂါေတြက ျဖစ္သြားတာေတာ့ ရွိတယ္။”

ေတာင္ေၾကာတေလ ွ်ာက္ ခိုလႈံေနၾကရသူေတြအတြက္ မိုးကာဖို႔ ပလပ္စတစ္ ဖ်င္စေတြ၊ ျခင္ေထာင္ေတြ လိုအပ္ေနတယ္လို႔ သူကေျပာပါတယ္။ ကယားျပည္နယ္မွာ တိုက္ပြဲေတြ စျဖစ္ထဲက ေမာ္ေတာ္ယာဥ္အဝင္အထြက္ကို စစ္တပ္က ထိန္းခ်ဳပ္ထားသလုိ လမ္းပန္းဆက္သြယ္ေရး အခက္အခဲ၊ လံုၿခံဳေရး အေျခအေနေတြေၾကာင့္ ဒုကၡသည္ေတြဆီ အကူအညီေရာက္႐ွိႏုိင္ဖုိ႔ ခက္ခဲေနပါတယ္။

ကယားျပည္နယ္ထဲမွာ ျဖစ္ပြားေနတဲ့ ပဋိပကၡေတြေၾကာင့္ အိုးအိမ္ပစ္ ေနရပ္စြန္႔ ထြက္ေျပးေနရတဲ့ ျပည္တြင္းဒုကၡသည္ ၃၇,၀၀၀ ေလာက္ အပါအဝင္ ျမန္မာႏိုင္ငံ အေ႐ွ႔ေတာင္ပိုင္းမွာ ေနရပ္စြန္႔ ထြက္ေျပးေနရသူ ၄၆,၀၀၀ ေလာက္႐ွိေနတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈ အေထာက္အကူေပးေရး ညႇိႏႈိင္းမႈအဖြဲ႕OCHA က ေမလ ၂၇ ရက္မွာထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေန အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြသူတွေ ခိုလှုံနေကြရတဲ့နေရာတွေမှာ ဝမ်းရောဂါဖြစ်သူတွေ ရှိနေပါတယ်။ ဒုက္ခသည် ၄၀,၀၀၀ လောက် ခိုလှုံနေကြတဲ့နေရာမှာ သောက်သုံးရေ ရှားပါးတာ၊ အိမ်သာအလုံအလောက်မရှိတာကြောင့် ဝမ်းရောဂါတွေဖြစ်နေကြတာပါ။ ကယားပြည်နယ်ဘက်က စစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူကပြောပြပါတယ်။

ကယားပြည်နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား မေလ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်း-ကယားပြည်နယ်အစပ်က မိုးဗြဲမြို့နယ်တို့က စစ်ဘေးလွတ်ရာ ထွက်ပြေးနေသူ ၇၀,၀၀၀ လောက်ရှိနေပါတယ်။ အဲဒီထဲက ၄၀,၀၀၀ လောက်ဟာ ဒီမော့ဆိုမြို့နားက ရှစ်မိုင်လောက်ရှည်လျားတဲ့ တောင်ကြောတလျှောက်မှာ ယာယီတဲတွေ ထိုးပြီး ခက်ခက်ခဲခဲ နေနေကြရပါတယ်။

အဲဒီလို ယာယီခိုလှုံနေကြရတဲ့နေရာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေး မရှိတာ၊ အိမ်သာမရှိတာတွေကြောင့် ဝမ်းနဲ့ပက်သက်တဲ့ ရောဂါတွေ ဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေအရေး ဦးဆောင် စီစဉ်ပေးနေတဲ့ ဦးပလန်က ပြောပါတယ်။

“အိမ်သာ ကောင်းကောင်း ဆောက်ပေးဖို့ပေါ့နော်... ဆိုတော့ သူတို့ဟာက ကြုံတဲ့နေရာ သွားကြတယ်။ ဒါကြောင့်မို့ ဒီဘက် (ဝမ်းရောဂါ) စဖြစ်တယ်လို့ ကျနော်ယူဆတယ်။ ဒီဘက်နေရာနဲ့ ရေကန်နဲ့က အဲဒီအနားတဝိုက်က လူလည်း ဖြစ်နေတာလေ။”

ဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ နေရာတွေဆီ နောက်ထပ်ရောက်လာသူတွေလည်း အခုထိ ရှိနေပါတယ်။

“အခုအချိန်အထိ စာရင်းလိုက်ပြုစုတာ မပြီးနိုင်သေးဘူး၊ လာဖြစ်လို့လဲဆိုတော့ မနေ့ကမှ စပြီးထွက်လာသူလည်း ရှိတယ်။ တဲထိုးနေတဲ့သူက ခန့်မှန်းခြေ ၃၀,၀၀၀ လောက်ရှိမယ်။ နောက်ရွာထဲမှာက ခန့်မှန်းတာက ၄၀,၀၀၀ ကျော်၊ ၅၀,၀၀၀ လောက်ရှိမယ်။ ဒီးမော့ဆိုလည်း ကုန်သလောက်ရှိပြီ။ လွိုင်ကော်လည်း ဒီဘက် အများကြီးတက်လာပြီ။ မနေ့ကနဲ့ သန်ဘက်ခါ အများစုက လွိုင်ကော်။”

မိုးကာလရောက်လာပြီမို့ ဖြစ်တတ်တဲ့ ဝမ်းရောဂါအပါအဝင် တခြားကူးစက်ရောဂါတွေကို ကာကွယ်ဖို့ ယာယီခိုလှုံရေးစခန်းကို ကြီးကြပ်နေသူ ခွန်ကြယ်နီက ပြောပါတယ်။

“ဒီတရက်၊ နှစ်ရက် ထပ်တိုးလာတဲ့ဟာ အတိအကျစာရင်း ပြန်လုပ်မယ်ဆိုရင်တော့ ၄၀,၀၀၀ ကျော်မယ်။ အဓိကတော့ ရေပြဿနာပေါ့နော်။ ပထမဆုံး ရောက်လာတော့ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းရောဂါ မဖြစ်အောင်ဆိုပြီးမှ အိမ်သာခွက်တွေ လာပေးကြတာပေါ့နော်။ ရေရှိမှပဲ ခုဏကပြောတဲ့ အိမ်သာတွေ ကျနော်တို့ စနစ်တကျ ပြန်လုပ်လို့ရမှာပေါ့နော်။ အပေါ့သွား၊ အလေးသွား အဆင်မပြေတာရယ်၊ အခုတော့ ရာသီဥတု အပြောင်းအလဲလေနော် မိုးကာလလည်း ကျနေပြီဆိုတော့ ကလေးတွေဖြစ်တဲ့ ရောဂါတွေ၊ လူကြီးတချို့ ဖြစ်ကြတဲ့ ရောဂါတွေက ဖြစ်သွားတာတော့ ရှိတယ်။”

တောင်ကြောတလေ ျှာက် ခိုလှုံနေကြရသူတွေအတွက် မိုးကာဖို့ ပလပ်စတစ် ဖျင်စတွေ၊ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ သူကပြောပါတယ်။ ကယားပြည်နယ်မှာ တိုက်ပွဲတွေ စဖြစ်ထဲက မော်တော်ယာဉ်အဝင်အထွက်ကို စစ်တပ်က ထိန်းချုပ်ထားသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ လုံခြုံရေး အခြေအနေတွေကြောင့် ဒုက္ခသည်တွေဆီ အကူအညီရောက်ရှိနိုင်ဖို့ ခက်ခဲနေပါတယ်။

ကယားပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်ပစ် နေရပ်စွန့် ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည် ၃၇,၀၀၀ လောက် အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ နေရပ်စွန့် ထွက်ပြေးနေရသူ ၄၆,၀၀၀ လောက်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူပေးရေး ညှိနှိုင်းမှုအဖွဲ့OCHA က မေလ ၂၇ ရက်မှာထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG