သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ျပည္သူေတြကို ေသေစေလာက္တဲ႔အင္အားနဲ႔ ႏွိပ္ကြပ္မႈ ရွိေနဆဲ (ကုလေျပာခြင္႔ရ)


ေနျပည္ေတာ္က ဆန္႔က်င္ကန္႔ကြက္ပြဲကို ေသနတ္ကိုင္ေဆာင္အသင့္အေနအထားနဲ႔ ေစာင့္ဆုိင္းေနစဥ္။ (ေဖေဖၚဝါရီ ၂၆၊ ၂၀၂၁)

(Zawgyi/Unicode)
စစ္အာဏာသိမ္းၿပီးေနာက္ ၄ လျပည့္ခဲ႔တဲ႔ အခုအခ်ိန္ထိ အရပ္သားေတြ အေပၚ ေသေၾက ဒဏ္ရာရေစေလာက္တဲ႔ အင္အား သံုးေနဆဲ ျဖစ္သလို အႀကီးအက်ယ္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆက္ျဖစ္ေနေၾကာင္း ျမန္မာဆိုင္ရာ ကုလသမဂၢ အဖြဲ႔က ေျပာပါတယ္။ ျမန္မာလံုၿခံဳေရး တပ္ဖြဲ႔ေတြ အေနနဲ႔ အရပ္သားေတြကို အေသအခ်ာ အကာအကြယ္ေပးဖို႔လည္း ျမန္မာဆိုင္ရာ ကုလသမဂၢ အဖြဲ႔က ေတာင္းဆိုပါတယ္။

"တရားဥပေဒမဲ႔ သတ္ျဖတ္ခံရမႈေတြ၊ ဥပေဒမဲ႔ ဖမ္းဆီး ႏွိပ္စက္ခံရမႈေတြ အပါအ၀င္ လူ႔အခြင့္အေရး ဥပေဒေတြကို စနစ္တက် ဆက္လက္ ခ်ိဳးေဖာက္ခံေနရတဲ႔ ျမန္မာျပည္သူေတြကို အကာအကြယ္ေပးေရး လံုၿခံဳေရး တပ္ဖြဲ႔ေတြကို ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ အဖြဲ႔က ေတာင္းဆိုထားေၾကာင္း" ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ နယူးေယာက္ ကုလသမဂၢ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

"ျမန္မာႏုိင္ငံမွာ အာဏာသိမ္းတဲ႔ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ကေန ဇြန္လ ၁ ရက္ေန႔ အထိ အၾကမ္းဖက္မႈေတြ အတြင္း ေသဆံုးရသူ အရပ္သား အနည္းဆံုး ၈၄၀ ရွိၿပီး အမ်ိဳးသမီးနဲ႔ ကေလးေတြလည္း အမ်ားအျပား ပါ၀င္ေၾကာင္း " ကုလသမဂၢ လူ႔အခြင့္အေရးရံုး ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး ေျပာခြင့္ရ Stephane Dujarric က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကိုယ့္အယူအဆကို ထုတ္ေဖာ္ႏုိင္ေရး ႀကိဳးစားၾကတဲ႔ သာမန္ ျပည္သူေတြ၊ ေနာက္ ႏုိင္ငံေရး သမားေတြ၊ စာေပသမားေတြ၊ လူ႔အခြင့္အေရး ကာကြယ္ျမွင့္တင္သူေတြ၊ ေက်ာင္းဆရာ ဆရာမေတြ၊ က်န္းမာေရး ၀န္ထမ္းေတြ၊ ရဟန္းသံဃာေတြ၊ ထင္ရွားေက်ာ္ၾကားသူေတြ အပါအ၀င္ ဖမ္းဆီး ထိန္းသိမ္းခံထားရသူ ၄,၅၀၀ နီးပါး ရွိေနဆဲ ျဖစ္ေၾကာင္းလည္း အဂၤါေန႔မွာ ကုလသမဂၢက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာနိုင်ငံမှာ ပြည်သူတွေကို သေစေလောက်တဲ့အင်အားနဲ့ နှိပ်ကွပ်မှု ရှိနေဆဲ (ကုလပြောခွင့်ရ)

(Unicode)
စစ်အာဏာသိမ်းပြီးနောက် ၄ လပြည့်ခဲ့တဲ့ အခုအချိန်ထိ အရပ်သားတွေ အပေါ် သေကြေ ဒဏ်ရာရစေလောက်တဲ့ အင်အား သုံးနေဆဲ ဖြစ်သလို အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ အရပ်သားတွေကို အသေအချာ အကာအကွယ်ပေးဖို့လည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က တောင်းဆိုပါတယ်။

"တရားဥပဒေမဲ့ သတ်ဖြတ်ခံရမှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်ခံရမှုတွေ အပါအဝင် လူ့အခွင့်အရေး ဥပဒေတွေကို စနစ်တကျ ဆက်လက် ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်သူတွေကို အကာအကွယ်ပေးရေး လုံခြုံရေး တပ်ဖွဲ့တွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က တောင်းဆိုထားကြောင်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့ အထိ အကြမ်းဖက်မှုတွေ အတွင်း သေဆုံးရသူ အရပ်သား အနည်းဆုံး ၈၄၀ ရှိပြီး အမျိုးသမီးနဲ့ ကလေးတွေလည်း အများအပြား ပါဝင်ကြောင်း " ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောခွင့်ရ Stephane Dujarric က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကိုယ့်အယူအဆကို ထုတ်ဖော်နိုင်ရေး ကြိုးစားကြတဲ့ သာမန် ပြည်သူတွေ၊ နောက် နိုင်ငံရေး သမားတွေ၊ စာပေသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရဟန်းသံဃာတွေ၊ ထင်ရှားကျော်ကြားသူတွေ အပါအဝင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၄,၅၀၀ နီးပါး ရှိနေဆဲ ဖြစ်ကြောင်းလည်း အင်္ဂါနေ့မှာ ကုလသမဂ္ဂက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG