သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္မွာ ႏွစ္ဘက္လက္နက္မကိုင္ရနယ္ေျမ သတ္မွတ္ဖို႔ ဒုကၡသည္ေတြ လိုလား


မင္းတပ္ၿမိဳ႕မွ စစ္ေဘးေရွာင္မ်ား။ (ဓာတ္ပံု - Chin World)

[Zawgyi/Unicode]

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က ဧရြာ စစ္ေဘးေရွာင္စခန္းအနီးကို စစ္ေကာင္စီဘက္က ပစ္ခတ္တဲ့ လက္နက္ႀကီး က်ေရာက္လာၿပီးတဲ့ေနာက္ စစ္ေျပးဒုကၡသည္ေတြ ထပ္မံထြက္ေျပးေနရာတာေၾကာင့္ ႏွစ္ဘက္လက္နက္မကိုင္ရနယ္ေျမ Safe Zone မ်ိဳး သတ္မွတ္ေပးဖို႔ လိုလားေနၾကပါတယ္။ မင္းတပ္က စစ္ေျပးဒုကၡသည္ေတြအေျခအေန ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုသားၫြန္႔ဦး ေျပာျပပါမယ္။

ၿပီးခဲ့တဲ့ ေမ ၃၀ ရက္က စစ္ေကာင္စီဘက္က ပစ္ခတ္တဲ့ လက္နက္ႀကီးတခ်ိဳ႕ဟာ မင္းတပ္ၿမိဳ႕ ဧရြာ စစ္ေဘးေရွာင္စခန္းအနီးကို က်ေရာက္ခဲ့တဲ့အတြက္ စစ္ေဘးေရွာင္ေနသူေတြဟာ ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းေနရပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြအတြက္ Safe Zone သေဘာ ႏွစ္ဘက္လက္နက္မကိုင္ရ နယ္ေျမ သတ္မွတ္ေပးဖို႔ လိုလားတယ္လို႔ မင္းတပ္ၿမိဳ႕ စစ္ေဘးေရွာင္စခန္း မိန္းေကာ္မတီက တာ၀န္ရွိသူတဦး အခုလိုေျပာပါတယ္။

“အဓိက Safe Zone လိုခ်င္တယ္ဆိုတာက ၂ ဘက္လံုး ဘယ္သူမွ လက္နက္မကိုင္ရတဲ့နယ္ေျမ လံုၿခံဳစိတ္ခ်ရတဲ့နယ္ေျမ အဲ့ဒီလိုုေပါ့ လိုလားေတာင့္တတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ ရြာကို လာတိုက္ရင္ က်ေနာ္တို႔က ထြက္ေျပးရမွာ ဆိုေတာ့ ေျပးရင္းေျပးရင္းနဲ႔ ေနစရာရွိေတာ့မွာ မဟုတ္ဘူး။ ၿပီးေတာ့ အခုလက္ရွိ ရွိေနတဲ့ရြာမွာဆိုရင္ လမ္းပန္းဆက္သြယ္ေရးရွိေသးတယ္။ မိုးရာသီက ေရာက္လာၿပီ ေျမၿပိဳတာတို႔ လမ္းေခ်ာ္တာတို႔ ျဖစ္လာမယ္ဆိုေတာ့ က်ေနာ္တို႔ ဒီ့ထက္ ထပ္ၿပီးေျပးမယ္ဆိုရင္ ေျပးစရာ ေျမကမရွိေတာ့ဘူး။ ဒါေၾကာင့္ က်ေနာ္တို႔က Safe Zone လိုခ်င္တယ္။ က်ေနာ္တို႔ လိုခ်င္တဲ့ အတိုင္းအတာကေတာ့ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြကလည္း အေထာက္အပံ့ေပးတယ္။ ကူညီေပးတဲ့ အေနအထား။ စကစကလည္း သူ႔အေနနဲ႔ခြင့္ျပဳေပးမွလည္း Safe Zone ျဖစ္သြားမွာကို ဆိုေတာ့ စကစ ဘက္ကလည္း ခြင့္ျပဳေပးတယ္။ သတ္မွတ္ေပးတဲ့ေနရာ ဘာလက္နက္ကိုင္မွ မရွိတဲ့ေနရာ အဲ့ဒီလိုေနရာမ်ိဳးကို က်ေနာ္တို႔ လိုလား ေတာင့္တတာပါ။”

လက္ရွိမွာေတာ့ ဧရြာစခန္းက ဒုကၡသည္ေတြဟာ တျခား ေဘးလြတ္ရာ စစ္ေဘးေရွာင္စခန္းေတြကို ေျပာင္းေရႊ႕ဖို႔ ႀကိဳးစားေနတယ္လို႔ စစ္ေဘးေရွာင္မိန္းေကာ္မတီ တာ၀န္ရွိသူက ဆက္ေျပာပါတယ္။

“သူတို႔က ဒီဘက္ကို ေျပးလာေနၾကတယ္လို႔သိရတယ္။ က်န္ခဲ့တဲ့သူလည္း အနည္းအပါးရွိတာေပါ့။ စစ္ေရွာင္ေတြက ဒီဘက္ကို ဒီအစားအေသာက္လည္း အရမ္းခက္ခဲတယ္ေပါ့ေနာ္။ လမ္းပန္း ဆက္သြယ္ေရးလည္း အရမ္းခက္ေတာ့ စစ္ေရွာင္ေတြက မင္းတပ္ၿမိဳ႕ရဲ႕ ေျမာက္ဘက္ျခမ္းကို က်ေနာ္တို႔ရွိတဲ့ ရြာဘက္ေတြကို သူတို႔လာေနၾကတယ္။ ေျပာင္းတယ္ဆိုတာ က်ေနာ္တို႔ဘက္ကို ေရႊ႕ဖို႔ ႀကိဳးစားၾကတာေပါ့။ တခ်ိဳ႕ရြာေတြက ကားက မေရာက္ႏိုင္ဘူး။ ကား Access ျဖစ္မယ့္ ေနရာေလာက္ကို သူတို႔က မွန္းၿပီး ေရႊ႕ေနၾကတာေပါ့။”

စစ္ေကာင္စီဘက္က မင္းတပ္ၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္ စခန္း ၁၀ ခု ဖြင့္လွစ္ထားေပမယ့္လည္း တိုက္ပြဲေတြျဖစ္လို႔ ၿမိဳ႕ေပၚကေန ေရွာင္ေနၾကရတာမို႔ စစ္ေကာင္စီက ဖြင့္လွစ္ထားတဲ့ စခန္းေတြဟာ အက်ိဳးမရွိဘူးလို႔ ေဒသခံေတြက ေျပာၾကပါတယ္။ အဲဒီ စခန္း၁၀ ခုမွာ လာေရာက္ခိုလံႈသူ ၁၀၀ ေလာက္သာ ရွိပါတယ္။

ဆႏၵထုတ္ေဖာ္သူတခ်ိဳ႕ကို ဧၿပီလတုန္းက စစ္ေကာင္စီက ဖမ္းဆီးသြားၿပီး ၿမိဳ႕ခံေတြက ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုရာကေန ေျပလည္မႈမရဘဲ ဧၿပီ ၂၅ ရက္ညမွာ ၿမိဳ႕ခံဆႏၵျပသူေတြနဲ႔ စစ္ေကာင္စီတပ္ေတြ စတင္ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့တာပါ။ အျပန္အလွန္ပစ္ခတ္မႈေတြေၾကာင့္ စစ္ေကာင္စီက မင္းတပ္ၿမိဳ႕ကို စစ္အုပ္ခ်ဳပ္ေရး ေၾကျငာၿပီး တိုက္ပြဲေတြ ျပင္းထန္လာတဲ့ေနာက္ပိုင္းမွာ ၿမိဳ႕ခံေတြက ေဘးလြတ္ရာ အနီးနားက ေက်းရြာေတြမွာ ထြက္ေျပးခိုလံႈေနၾကရတာပါ။ လက္ရွိအခ်ိန္ထိ မင္းတပ္ၿမိဳ႕အနီးမွာ စစ္ေဘးေရွာင္ စခန္း ၅၀ နီးပါးရွိၿပီး ဒုကၡသည္ ၁၀,၀၀၀ ေက်ာ္ ထြက္ေျပးခိုလံႈေနရပါတယ္။

တဆက္တည္းမွာပဲ ၿပီးခဲ့တဲ့ ေမ ၂၈ ရက္က ေက်းရြာကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ အျပန္အလွန္ ပစ္ခတ္တာျဖစ္ခဲ့တဲ့ မေကြးတိုင္း ဂန္႔ေဂါခရိုင္ထဲက ရဲလွ ႏွမ္းခါး ေရရွင္မရြာေတြကို ဒီကေန႔ ဇြန္ ၁ ရက္ ေန႔လယ္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြ ေရာက္လာတဲ့အတြက္ ေဒသခံေက်းရြာသားေတြ ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ႏွမ္းခါးရြာသားတဦးက အခုလိုေျပာပါတယ္။

“အကုနု္လံုးရြာေတြက ၀င္ရွာမွာစိုးလို႔ အကုန္လံုးေရွာင္တိမ္းေနၾကတယ္။ က်န္တဲ့ရြာေတြကေတာ့ မ၀င္ခဲ့ဘူး။ အခုကေတာ့ ႏွမ္းခါးရြာေရာက္ေတာ့ ညမိုးခ်ဳပ္ေတာ့ ရြာထိပ္မွာ ကားေတြက မီးေတြမွိတ္ၿပီး ရပ္ထားတယ္။ ဒလန္ေတြ၊ ပ်ဴေစာထီးအဖြဲ႕၀င္ေတြက Hiject တစီးနဲ႔ အဲ့ဒါက စစ္ကား ၃ စီးနဲ႔အတူ ရြာထိပ္မွာ ရပ္ထားတယ္။ မီးေတြမွိတ္ၿပီး။ ရဲလွရြာလည္း အကုန္ေျပးေနတယ္။ ႏွမ္းခါးရြာက အိမ္ေျခ ၁,၀၀၀ နီးနီးရွိတယ္။ အခုက အထုတ္ အပိုးေတြနဲ႔ ရြာထဲက အကုန္ထြက္ၾကတာ။ အခုက မိုးခ်ဳပ္ၿပီဆိုေတာ့ ၀င္ဖို႔က ေသခ်ာသြားၿပီ။”

ေမ ၂၈ ရက္ ေန႔လယ္ပိုင္းက ရဲလွရြာအနီးမွာ CDM လုပ္တဲ့သူေတြကို လာရွာဖို႔ ကေလးကေနတက္လာတဲ့ စစ္ကားေတြကို ေက်းရြာ ကာကြယ္ေရးအဖြဲ႕ေတြက တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္ခတ္ခဲ့လို႔ ေဒသခံ ၃ ဦးေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းတပ်မှာ နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ သတ်မှတ်ဖို့ ဒုက္ခသည်တွေ လိုလား

ချင်းပြည်နယ် မင်းတပ်မြို့က ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်လာပြီးတဲ့နောက် စစ်ပြေးဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရာတာကြောင့် နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ Safe Zone မျိုး သတ်မှတ်ပေးဖို့ လိုလားနေကြပါတယ်။ မင်းတပ်က စစ်ပြေးဒုက္ခသည်တွေအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်က စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတချို့ဟာ မင်းတပ်မြို့ ဧရွာ စစ်ဘေးရှောင်စခန်းအနီးကို ကျရောက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်နေသူတွေဟာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် စစ်ပြေးဒုက္ခသည်တွေအတွက် Safe Zone သဘော နှစ်ဘက်လက်နက်မကိုင်ရနယ်မြေ သတ်မှတ်ပေးဖို့ လိုလားတယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင်စခန်း မိန်းကော်မတီက တာဝန်ရှိသူတဦး အခုလိုပြောပါတယ်။

“အဓိက Safe Zone လိုချင်တယ်ဆိုတာက ၂ ဘက်လုံး ဘယ်သူမှ လက်နက်မကိုင်ရတဲ့နယ်မြေ လုံခြုံစိတ်ချရတဲ့နယ်မြေ အဲ့ဒီလိုပေါ့ လိုလားတောင့်တတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ရွာကို လာတိုက်ရင် ကျနော်တို့က ထွက်ပြေးရမှာ ဆိုတော့ ပြေးရင်းပြေးရင်းနဲ့ နေစရာရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ အခုလက်ရှိ ရှိနေတဲ့ရွာမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးရှိသေးတယ်။ မိုးရာသီက ရောက်လာပြီ မြေပြိုတာတို့ လမ်းချော်တာတို့ ဖြစ်လာမယ်ဆိုတော့ ကျနော်တို့ ဒီ့ထက် ထပ်ပြီးပြေးမယ်ဆိုရင် ပြေးစရာ မြေကမရှိတော့ဘူး။ ဒါကြောင့် ကျနော်တို့က Safe Zone လိုချင်တယ်။ ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အထောက်အပံ့ပေးတယ်။ ကူညီပေးတဲ့ အနေအထား။ စကစကလည်း သူ့အနေနဲ့ခွင့်ပြုပေးမှလည်း Safe Zone ဖြစ်သွားမှာကို ဆိုတော့ စကစ ဘက်ကလည်း ခွင့်ပြုပေးတယ်။ သတ်မှတ်ပေးတဲ့နေရာ ဘာလက်နက်ကိုင်မှ မရှိတဲ့နေရာ အဲ့ဒီလိုနေရာမျိုးကို ကျနော်တို့ လိုလား တောင့်တတာပါ။”

လက်ရှိမှာတော့ ဧရွာစခန်းက ဒုက္ခသည်တွေဟာ တခြား ဘေးလွတ်ရာ စစ်ဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ စစ်ဘေးရှောင်မိန်းကော်မတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“သူတို့က ဒီဘက်ကို ပြေးလာနေကြတယ်လို့သိရတယ်။ ကျန်ခဲ့တဲ့သူလည်း အနည်းအပါးရှိတာပေါ့။ စစ်ရှောင်တွေက ဒီဘက်ကို ဒီအစားအသောက်လည်း အရမ်းခက်ခဲတယ်ပေါ့နော်။ လမ်းပန်း ဆက်သွယ်ရေးလည်း အရမ်းခက်တော့ စစ်ရှောင်တွေက မင်းတပ်မြို့ရဲ့ မြောက်ဘက်ခြမ်းကို ကျနော်တို့ရှိတဲ့ ရွာဘက်တွေကို သူတို့လာနေကြတယ်။ ပြောင်းတယ်ဆိုတာ ကျနော်တို့ဘက်ကို ရွှေ့ဖို့ ကြိုးစားကြတာပေါ့။ တချို့ရွာတွေက ကားက မရောက်နိုင်ဘူး။ ကား Access ဖြစ်မယ့် နေရာလောက်ကို သူတို့က မှန်းပြီး ရွှေ့နေကြတာပေါ့။”

စစ်ကောင်စီဘက်က မင်းတပ်မြို့ပေါ်မှာ စစ်ဘေးရှောင် စခန်း ၁၀ ခု ဖွင့်လှစ်ထားပေမယ့်လည်း တိုက်ပွဲတွေဖြစ်လို့ မြို့ပေါ်ကနေ ရှောင်နေကြရတာမို့ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စခန်းတွေဟာ အကျိုးမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီ စခန်း၁၀ ခုမှာ လာရောက်ခိုလှုံသူ ၁၀၀ လောက်သာ ရှိပါတယ်။

ဆန္ဒထုတ်ဖော်သူတချို့ကို ဧပြီလတုန်းက စစ်ကောင်စီက ဖမ်းဆီးသွားပြီး မြို့ခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ ပြေလည်မှုမရဘဲ ဧပြီ ၂၅ ရက်ညမှာ မြို့ခံဆန္ဒပြသူတွေနဲ့ စစ်ကောင်စီတပ်တွေ စတင်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေငြာပြီး တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက်ပိုင်းမှာ မြို့ခံတွေက ဘေးလွတ်ရာ အနီးနားက ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။ လက်ရှိအချိန်ထိ မင်းတပ်မြို့အနီးမှာ စစ်ဘေးရှောင် စခန်း ၅၀ နီးပါးရှိပြီး ဒုက္ခသည် ၁၀,၀၀၀ ကျော် ထွက်ပြေးခိုလှုံနေရပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ မေ ၂၈ ရက်က ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်တာဖြစ်ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲက ရဲလှ နှမ်းခါး ရေရှင်မရွာတွေကို ဒီကနေ့ ဇွန် ၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရောက်လာတဲ့အတွက် ဒေသခံကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ နှမ်းခါးရွာသားတဦးက အခုလိုပြောပါတယ်။

“အကုနု်လုံးရွာတွေက ဝင်ရှာမှာစိုးလို့ အကုန်လုံးရှောင်တိမ်းနေကြတယ်။ ကျန်တဲ့ရွာတွေကတော့ မဝင်ခဲ့ဘူး။ အခုကတော့ နှမ်းခါးရွာရောက်တော့ ညမိုးချုပ်တော့ ရွာထိပ်မှာ ကားတွေက မီးတွေမှိတ်ပြီး ရပ်ထားတယ်။ ဒလန်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေက Hiject တစီးနဲ့ အဲ့ဒါက စစ်ကား ၃ စီးနဲ့အတူ ရွာထိပ်မှာ ရပ်ထားတယ်။ မီးတွေမှိတ်ပြီး။ ရဲလှရွာလည်း အကုန်ပြေးနေတယ်။ နှမ်းခါးရွာက အိမ်ခြေ ၁,၀၀၀ နီးနီးရှိတယ်။ အခုက အထုတ် အပိုးတွေနဲ့ ရွာထဲက အကုန်ထွက်ကြတာ။ အခုက မိုးချုပ်ပြီဆိုတော့ ဝင်ဖို့က သေချာသွားပြီ။”

မေ ၂၈ ရက် နေ့လယ်ပိုင်းက ရဲလှရွာအနီးမှာ CDM လုပ်တဲ့သူတွေကို လာရှာဖို့ ကလေးကနေတက်လာတဲ့ စစ်ကားတွေကို ကျေးရွာ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့လို့ ဒေသခံ ၃ ဦးသေဆုံးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG