သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝမွာ သြားလာေရး ပိတ္ပင္ထားဆဲျဖစ္လုိ႔ ရိကၡာအခက္ေတြ႔


ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕မွာ ရခိုင္လက္နက္ကိုင္ AA အဖဲြ႔နဲ႔ စစ္တပ္ၾကား တုိက္ပြဲေတြျဖစ္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကတည္းကက ကုန္လမ္း၊ ေရလမ္း အဝင္အထြက္ အသြားအလာကို စစ္တပ္က ကန္႔သတ္ထားတာ ခုထိလည္း ျပန္မဖြင့္ေသးပါဘူး။ ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း ပလက္ဝၿမိဳ႕မွာ ဗံုးေပါက္ကြဲခဲ့တာေၾကာင့္ ပလက္ဝၿမိဳ႕နယ္တခုလံုး အသြားအလာေတြ ပိတ္ထားပါတယ္။ ဒါေၾကာင့္ ေဒသခံေတြ စားေရးေသာက္ေရး အခက္အခဲျဖစ္ေနၾကတဲ့အေၾကာင္း ရခိုင္ကလာတဲ့သတင္းကို ကိုေဇာ္ဝင္းလိႈင္က ေျပာျပထားပါတယ္။

ကုန္းလမ္း၊ ေရလမ္း အဝင္အထြက္နဲ႔ အသြားအလာ ကန္႔သတ္ခံထားရတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕မွာ ေမလ ၂၈ ရက္ေန႔က ဗံုးနွစ္လံုးေပါက္ကြဲခဲ့ၿပီးေနာက္ ပလက္ဝၿမိဳ႕နယ္တခုလံုးရဲ႕ လမ္းပန္းဆက္သြယ္ေရးေတြကို အာဏာပိုင္ေတြက ပိတ္လိုက္ပါတယ္။ ဒါေၾကာင့္ ေဒသခံေတြ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ပလက္ဝၿမိဳ႕ခံတစ္ဦးျဖစ္တဲ့ ဆလိုင္းလုေအာင္က ေျပာပါတယ္။

“ပလက္ဝၿမိဳ႕က ေထြအုပ္ရံုးေရွ႕မွာ ေနာက္တလံုးကေတာ့ ဘဏ္ေရွ႕မွာ ေပါက္ကြဲတယ္။ အဲဒီေပါက္ကြဲတဲ့ ေန႔ကစၿပီးေတာ့ လံုးဝမရွိပါဘူး။ မရပါဘူးခင္ဗ်ာ။ ဗံုးေပါက္ကြဲတဲ့ ကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့ အသြားအလာနည္းနည္း စစ္ေဆးတယ္။ ၿပီးေတာ့ ပိတ္ထားတယ္ အသြားအလာကို အဲဒီလိုမ်ိဳး ၿမိဳ႕နယ္အခ်င္းခ်င္းလည္း သြားလို႔မရပါဘူး။ ပလက္ဝကေန ေရေၾကာင္းဆိုေတာ့ အေပၚကိုလည္း တက္လို႔မရဘူး။ ေအာက္ဘက္မွာရွိတဲ့ ေက်ာက္ေတာ္ ကိုလည္း ဆင္းလို႔မရဘူးခင္ဗ်ာ။ ကုန္ေစ်းႏႈန္းကေတာ့ တအားထိုးတက္တာပဲ။ စားဝတ္ေနေရး ဒီဆန္ေတြဆိုရင္ ဟိုတေလာက တိုင္းျပည္အေျခအေနေကာင္းေတာ့ ရွိတဲ့ သူက ၃၊ ၄ အိတ္ ဝယ္ထားတယ္။ မရွိတဲ့သူေတြလည္း ဒီလိုပဲ ရွာစားရတယ္။ စားဝတ္ေနေရးကေတာ့ ေတာ္ေတာ္ေလး အခက္အခဲရွိပါတယ္။”

၂၀၁၈ ခုႏွစ္ကုန္ပိုင္းက ရခိုင္လက္နက္ကိုင္ AA နဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ ျဖစ္ခဲ့ခ်ိန္ကတည္းက ပလက္ဝၿမိဳ႕နယ္ကေန ရခိုင္ျပည္နယ္ထဲက တျခားၿမိဳ႕နယ္ေတြဆီ အသြားအလာကို စစ္တပ္က ကန္႔သတ္ထားတဲ့အတြက္ သြားလာဖုိ႔ ခက္ခဲေနၾကတာပါ။ အထူးသျဖင့္ ပလက္ဝအတြက္ ကုန္စည္စီးဆင္းရာ အဓိကျဖစ္တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ကို သြားလို႔ မရၾကေတာ့ပါဘူး။

အခုလက္႐ွိမွာ AA အဖြဲ႔နဲ႔ စစ္တပ္ၾကား တိုက္ပဲြေတြ ရပ္စဲေနတာ ႏုိဝင္ဘာလ အေစာပိုင္းထဲကျဖစ္ပါတယ္။ ဒါေပမဲ့လည္း အခုအထိ ေရလမ္း ကုန္းလမ္းနဲ႔ အသြားအလာ မလုပ္ႏုိင္ၾကသူေတြအတြက္ ကုန္စည္ျပတ္လတ္ေနၾကတယ္လို႔ ဆလိုင္းလုေအာင္က ေျပာပါတယ္။

“ကုန္ေစ်းႏႈန္းကေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ကတည္းက တက္တာပါပဲ။ ၾကားထဲမွာ နည္းနည္းေလးပဲ မသိမသာေလးက်သြားတာ။ အခုဆိုရင္ ျပန္တက္သြားၿပန္ၿပီ။ က်ေနာ္တို႔ ပလက္ဝၿမိဳ႕ေပၚမွာ ဆန္အညံ့စားဆိုရင္ တအိတ္ကို ၃၅၀,၀၀၀ အေကာင္းဆိုရင္ေတာ့ ၆၅,၀၀၀၊ ၇၀,၀၀၀ ေလာက္ ရွိတယ္ဗ်ာ။”

ဒါအျပင့္ ပလက္ဝၿမိဳ႕နယ္ကေန စက္ေလွနဲ႔ ၄ နာရီေလာက္ သြားရတဲ့ တရြန္အိုင္ေက်းရြာမွာလည္း စစ္တပ္က တပ္စြဲထားၿပီး အသြားအလာ ကန္႔သတ္ထားတာေၾကာင့္ က်န္းမာေရး လူမႈေရး စားေသာက္ေရးေတြ အခက္ႀကံဳေနရတယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံတဦးကေျပာပါတယ္။

“ဒီမွာ အခု ဆန္တစ္အိတ္ကို ၆၅,၀၀၀၊ ၇၀,၀၀၀ ရွိတယ္။ အသြားအလာ မရွိဘူးဆိုလို႔ရွိရင္ ကုန္သည္ေတြက ဆိုင္သည္ေတြက ကုန္ပစၥည္းေတြ မတင္ရဘူး။ ေရာင္းခ်လို႔ မရဘူး။ အဲဒီလိုျဖစ္တာေပါ့။ လူေတြကလည္း ပလက္ဝကို က်န္းမာေရးေၾကာင့္ ဆင္းမယ္ဆိုရင္လည္း အခက္အခဲေရာက္တာေပါ့။ က်ေနာ္တို႔ေနတာက ပလက္ဝကေန စက္ေလွနဲ႔သြားရင္ ၄ နာ ရီေလာက္ၾကာတယ္။ အခုကေတာ့ အရင္ လမ္းဖြင့္တုန္းက က်န္တဲ့ ဆန္ေတြ ဘာေတြ ကုန္ပစၥည္းေတြ အဲဒါနဲ႔ပဲ မ်ွမွ်တတစားေနရတာေပါ့။ ျပန္ဖို႔ဆိုတာလားလည္း ဘာမွမသိရဘူး။”

ပလက္ဝၿမိဳ႕နယ္ထဲမွာ ေက်းရြာေပါင္း ၄၀၀ နီးပါး႐ွိၿပီး လူဦးေရ ၁၀၀,၀၀၀ ေက်ာ္ေလာက္႐ွိပါတယ္။ အမ်ားစုကေတာ့ ေတာင္ယာလုပ္ငန္း လုပ္ကိုင္ၾကတာပါ။ တိုက္ပြဲေတြ စျဖစ္ခဲ့ခ်ိန္ကတည္းက ကုန္းလမ္း၊ ေရလမ္းေတြ ပိတ္ထားခဲ့တာ ျဖစ္ၿပီး ေထာင္နဲ႔ခ်ီတဲ့ ပလက္ဝ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးခဲ့ၾကရသလို ေသဆံုး ဒဏ္ရာရသူေတြလည္း အမ်ားအျပားရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပလက်ဝမှာ သွားလာရေး ပိတ်ပင်ထားဆဲဖြစ်လို့ ရိက္ခာအခက်တွေ့

ချင်းပြည်နယ် ပလက်ဝမြို့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းကက ကုန်လမ်း၊ ရေလမ်း အဝင်အထွက် အသွားအလာကို စစ်တပ်က ကန့်သတ်ထားတာ ခုထိလည်း ပြန်မဖွင့်သေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပလက်ဝမြို့မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ပလက်ဝမြို့နယ်တခုလုံး အသွားအလာတွေ ပိတ်ထားပါတယ်။ ဒါကြောင့် ဒေသခံတွေ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြတဲ့အကြောင်း ရခိုင်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။

ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်နဲ့ အသွားအလာ ကန့်သတ်ခံထားရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ မေလ ၂၈ ရက်နေ့က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ပလက်ဝမြို့နယ်တခုလုံးရဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ ဒါကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပလက်ဝမြို့ခံတစ်ဦးဖြစ်တဲ့ ဆလိုင်းလုအောင်က ပြောပါတယ်။

“ပလက်ဝမြို့က ထွေအုပ်ရုံးရှေ့မှာ နောက်တလုံးကတော့ ဘဏ်ရှေ့မှာ ပေါက်ကွဲတယ်။ အဲဒီပေါက်ကွဲတဲ့ နေ့ကစပြီးတော့ လုံးဝမရှိပါဘူး။ မရပါဘူးခင်ဗျာ။ ဗုံးပေါက်ကွဲတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အသွားအလာနည်းနည်း စစ်ဆေးတယ်။ ပြီးတော့ ပိတ်ထားတယ် အသွားအလာကို အဲဒီလိုမျိုး မြို့နယ်အချင်းချင်းလည်း သွားလို့မရပါဘူး။ ပလက်ဝကနေ ရေကြောင်းဆိုတော့ အပေါ်ကိုလည်း တက်လို့မရဘူး။ အောက်ဘက်မှာရှိတဲ့ ကျောက်တော် ကိုလည်း ဆင်းလို့မရဘူးခင်ဗျာ။ ကုန်ဈေးနှုန်းကတော့ တအားထိုးတက်တာပဲ။ စားဝတ်နေရေး ဒီဆန်တွေဆိုရင် ဟိုတလောက တိုင်းပြည်အခြေအနေကောင်းတော့ ရှိတဲ့ သူက ၃၊ ၄ အိတ် ဝယ်ထားတယ်။ မရှိတဲ့သူတွေလည်း ဒီလိုပဲ ရှာစားရတယ်။ စားဝတ်နေရေးကတော့ တော်တော်လေး အခက်အခဲရှိပါတယ်။”

၂၀၁၈ ခုနှစ်ကုန်ပိုင်းက ရခိုင်လက်နက်ကိုင် AA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ချိန်ကတည်းက ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်တွေဆီ အသွားအလာကို စစ်တပ်က ကန့်သတ်ထားတဲ့အတွက် သွားလာဖို့ ခက်ခဲနေကြတာပါ။ အထူးသဖြင့် ပလက်ဝအတွက် ကုန်စည်စီးဆင်းရာ အဓိကဖြစ်တဲ့ ကျောက်တော်မြို့နယ်ကို သွားလို့ မရကြတော့ပါဘူး။

အခုလက်ရှိမှာ AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ရပ်စဲနေတာ နိုဝင်ဘာလ အစောပိုင်းထဲကဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအထိ ရေလမ်း ကုန်းလမ်းနဲ့ အသွားအလာ မလုပ်နိုင်ကြသူတွေအတွက် ကုန်စည်ပြတ်လတ်နေကြတယ်လို့ ဆလိုင်းလုအောင်က ပြောပါတယ်။

“ကုန်ဈေးနှုန်းကတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ကတည်းက တက်တာပါပဲ။ ကြားထဲမှာ နည်းနည်းလေးပဲ မသိမသာလေးကျသွားတာ။ အခုဆိုရင် ပြန်တက်သွားပြန်ပြီ။ ကျနော်တို့ ပလက်ဝမြို့ပေါ်မှာ ဆန်အညံ့စားဆိုရင် တအိတ်ကို ၃၅၀,၀၀၀ အကောင်းဆိုရင်တော့ ၆၅,၀၀၀၊ ၇၀,၀၀၀ လောက် ရှိတယ်ဗျာ။”

ဒါအပြင့် ပလက်ဝမြို့နယ်ကနေ စက်လှေနဲ့ ၄ နာရီလောက် သွားရတဲ့ တရွန်အိုင်ကျေးရွာမှာလည်း စစ်တပ်က တပ်စွဲထားပြီး အသွားအလာ ကန့်သတ်ထားတာကြောင့် ကျန်းမာရေး လူမှုရေး စားသောက်ရေးတွေ အခက်ကြုံနေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

“ဒီမှာ အခု ဆန်တစ်အိတ်ကို ၆၅,၀၀၀၊ ၇၀,၀၀၀ ရှိတယ်။ အသွားအလာ မရှိဘူးဆိုလို့ရှိရင် ကုန်သည်တွေက ဆိုင်သည်တွေက ကုန်ပစ္စည်းတွေ မတင်ရဘူး။ ရောင်းချလို့ မရဘူး။ အဲဒီလိုဖြစ်တာပေါ့။ လူတွေကလည်း ပလက်ဝကို ကျန်းမာရေးကြောင့် ဆင်းမယ်ဆိုရင်လည်း အခက်အခဲရောက်တာပေါ့။ ကျနော်တို့နေတာက ပလက်ဝကနေ စက်လှေနဲ့သွားရင် ၄ နာ ရီလောက်ကြာတယ်။ အခုကတော့ အရင် လမ်းဖွင့်တုန်းက ကျန်တဲ့ ဆန်တွေ ဘာတွေ ကုန်ပစ္စည်းတွေ အဲဒါနဲ့ပဲ မျှမျှတတစားနေရတာပေါ့။ ပြန်ဖို့ဆိုတာလားလည်း ဘာမှမသိရဘူး။”

ပလက်ဝမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၄၀၀ နီးပါးရှိပြီး လူဦးရေ ၁၀၀,၀၀၀ ကျော်လောက်ရှိပါတယ်။ အများစုကတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြတာပါ။ တိုက်ပွဲတွေ စဖြစ်ခဲ့ချိန်ကတည်းက ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ထားခဲ့တာ ဖြစ်ပြီး ထောင်နဲ့ချီတဲ့ ပလက်ဝ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသလို သေဆုံး ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG