[Zawgyi/Unicode]
ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ ရန္ကုန္ၿမိဳ႕မွာ အမႈဖြင့္ခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈကို ေနျပည္ေတာ္မွာ စစ္ေဆးသြားဖို႔ရွိေနပါတယ္။ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ေဒၚေအာင္ဆန္းစုၾကည္အမႈ ဒီကေန႔႐ုံးခ်ိန္းနဲ႔ ပတ္သက္ၿပီး ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။
ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ ရန္ကုန္ၿမိဳ႕မွာ တရားစြဲခံထားရတဲ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈအတြက္ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ ဒီေန႔ ႐ုံးခ်ိန္းရွိေပမဲ့ ဘာမွ ၾကားနာ ေလ ွ်ာက္ထားခ်က္ေတြ မရွိခဲ့ပါဘူး။
ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းထဲက ဒီအမႈကို ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က ေတာင္းယူသြားတာေၾကာင့္ ဒီေန႔႐ုံးခ်ိန္းမွာလည္း ေနာက္ထပ္ ႐ုံးထုတ္မယ့္ရက္အျဖစ္ ဇြန္လ ၁၇ ရက္ေန႔ကို ထပ္ခ်ိန္းခဲ့ပါတယ္။
ေနျပည္ေတာ္မွာ တရားစြဲထားတဲ့ အမႈ ၆ မႈနဲ႔ ေပါင္းၿပီး စစ္ေဆးမယ့္ အေျခအေနရွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈကို လိုက္ပါေဆာင္႐ြက္ေနတဲ့ အက်ိဳးေဆာင္အဖြဲ႔ထဲက ေရွ႕ေန ေဒၚစန္းမာလာၫြန႔္က ေျပာပါတယ္။
"ဒီေန႔ ရံုးခ်ိန္းပဲ။ အမတို႔မွာ အမႈတြဲ မရွိတဲ့အတြက္ ႐ုံးခ်ိန္းပဲ ေပးတာ။ ရံုးေျပာင္းကို ဥပေဒဘက္က တက္တာလားမသိဘူး။ ေနျပည္ေတာ္မွာ အမႈေပၚတယ္လို႔ အမသိတယ္။ တနလၤာေန႔သြားမွပဲ အမတို႔ ေသခ်ာသိမယ္ထင္တယ္။ ေနျပည္ေတာ္ဘက္ကိုေလ... ဥပေဒဘက္ကေနၿပီးေတာ့ ရံုးေျပာင္းကို တက္လို႔ လက္ခံလိုက္လို႔ ဒီအမႈအတြဲကို ေတာင္းတာ ျဖစ္မယ္လို႔ ထင္တယ္။ တရားရံုးအမႈေခၚစာကေတာ့ ထြက္တယ္။ အမ မ်က္ျမင္ေတာ့မဟုတ္ေသးဘူး။ ဒါေပမဲ့ အမကို ေျပာတယ္ေပါ့ေနာ္... ေသခ်ာေတာ့ မသိေသးဘူး။ တနလၤာေန႔ ၇ ရက္ေန႔ ရံုးခ်ိန္းၿပီးရင္ေတာ့ အမတို႔ ေျပာႏိုင္မယ္လို႔ ထင္တယ္။"
စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell ဆီက စာ႐ြက္စာတမ္းေတြ ေတြ႕ရွိမႈေၾကာင့္ဆိုၿပီး ခုလို ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၃ (၁) (ဂ)နဲ႔ ရန္ကုန္ၿမိဳ႕မွာ အမႈဖြင့္တရားစြဲထားတာပါ။
အမႈတြဲတခုထဲျဖစ္တာမို႔ ေဒၚေအာင္ဆန္းစုၾကည္အမႈ ေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕လိုက္ရင္ Sean Turnell ရဲ႕ အမႈကိုလည္း ေနျပည္ေတာ္ကို ေျပာင္းႏိုင္တယ္လို႔ ေရွ႕ေနေတြက ခန႔္မွန္းေနပါတယ္။
ေနျပည္ေတာ္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈ ၆ မႈနဲ႔ တရားရင္ဆိုင္ေနရပါတယ္။ အဲဒီထဲက အမႈတခုမွာ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အမႈတြဲ တခုထဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၂၄ ရက္ေန႔ကေတာ့ စစ္ေကာင္စီက စီစဥ္တဲ့ အထူးတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို လူကိုယ္တိုင္ာ႐ုံးထုတ္ ၾကားနာခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ေန႔ထဲက ေနျပည္ေတာ္မွာ ဖမ္းဆီးခံထားရပါတယ္။ ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာ စုစုေပါင္း အမႈ ၇ မႈနဲ႔ တရားစြဲခံထားရေပမဲ့ သူ႔ရဲ႕ အမႈကိစၥေတြကို ဥပေဒအက်ိဳးေဆာင္ေတြနဲ႔ သီးသန႔္ ေသေသခ်ာခ်ာ ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္း မရွိေသးပါဘူး။ မတ္လ ၂၄ ရက္ေန႔က ႐ုံးထုတ္စဥ္မွာေတာ့ ၾကားနာမႈ မစခင္ ေရွ႕ေနေတြနဲ႔ နာရီဝက္ေလာက္သာ ေတြ႔ဆံုစကားေျပာခြင့္ရခဲ့ပါတယ္။
သူ႔အေပၚ စြဲဆိုထားတဲ့ အမႈေတြအတြက္ စတင္ စစ္ေဆးျခင္း မရွိေသးတဲ့အေပၚ ေဒၚေအာင္ဆန္းစုၾကည္က ေမးခြန္းထုတ္ထားပါတယ္။ လာမယ့္ ႐ုံးခ်ိန္းက်ရင္ အမႈေတြကို စတင္ စစ္ေဆးမွာလားဆိုတာ မသိရေသးဘူးလို႔ သူ႔ရဲ႕ ေရွ႕ေနေတြေျပာပါတယ္။
[Unicode Version]
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု နေပြည်တော်မှာ ပေါင်းစစ်ဖွယ်ရှိ
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို နေပြည်တော်မှာ စစ်ဆေးသွားဖို့ရှိနေပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှု ဒီကနေ့ရုံးချိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ ရုံးချိန်းရှိပေမဲ့ ဘာမှ ကြားနာ လေ ျှာက်ထားချက်တွေ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ရုံးချိန်းထဲက ဒီအမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တောင်းယူသွားတာကြောင့် ဒီနေ့ရုံးချိန်းမှာလည်း နောက်ထပ် ရုံးထုတ်မယ့်ရက်အဖြစ် ဇွန်လ ၁၇ ရက်နေ့ကို ထပ်ချိန်းခဲ့ပါတယ်။
နေပြည်တော်မှာ တရားစွဲထားတဲ့ အမှု ၆ မှုနဲ့ ပေါင်းပြီး စစ်ဆေးမယ့် အခြေအနေရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်အဖွဲ့ထဲက ရှေ့နေ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။
"ဒီနေ့ ရုံးချိန်းပဲ။ အမတို့မှာ အမှုတွဲ မရှိတဲ့အတွက် ရုံးချိန်းပဲ ပေးတာ။ ရုံးပြောင်းကို ဥပဒေဘက်က တက်တာလားမသိဘူး။ နေပြည်တော်မှာ အမှုပေါ်တယ်လို့ အမသိတယ်။ တနင်္လာနေ့သွားမှပဲ အမတို့ သေချာသိမယ်ထင်တယ်။ နေပြည်တော်ဘက်ကိုလေ... ဥပဒေဘက်ကနေပြီးတော့ ရုံးပြောင်းကို တက်လို့ လက်ခံလိုက်လို့ ဒီအမှုအတွဲကို တောင်းတာ ဖြစ်မယ်လို့ ထင်တယ်။ တရားရုံးအမှုခေါ်စာကတော့ ထွက်တယ်။ အမ မျက်မြင်တော့မဟုတ်သေးဘူး။ ဒါပေမဲ့ အမကို ပြောတယ်ပေါ့နော်... သေချာတော့ မသိသေးဘူး။ တနင်္လာနေ့ ၇ ရက်နေ့ ရုံးချိန်းပြီးရင်တော့ အမတို့ ပြောနိုင်မယ်လို့ ထင်တယ်။"
စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ဆီက စာရွက်စာတမ်းတွေ တွေ့ရှိမှုကြောင့်ဆိုပြီး ခုလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်တရားစွဲထားတာပါ။
အမှုတွဲတခုထဲဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော်ကို ပြောင်းရွှေ့လိုက်ရင် Sean Turnell ရဲ့ အမှုကိုလည်း နေပြည်တော်ကို ပြောင်းနိုင်တယ်လို့ ရှေ့နေတွေက ခန့်မှန်းနေပါတယ်။
နေပြည်တော်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၆ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ အဲဒီထဲက အမှုတခုမှာ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုတွဲ တခုထဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကတော့ စစ်ကောင်စီကစီစဉ်တဲ့ အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို လူကိုယ်တိုင်ာရုံးထုတ် ကြားနာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့ထဲက နေပြည်တော်မှာ ဖမ်းဆီးခံထားရပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ စုစုပေါင်း အမှု ၇ မှုနဲ့ တရားစွဲခံထားရပေမဲ့ သူ့ရဲ့ အမှုကိစ္စတွေကို ဥပဒေအကျိုးဆောင်တွေနဲ့ သီးသန့် သေသေချာချာ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။ မတ်လ ၂၄ ရက်နေ့က ရုံးထုတ်စဉ်မှာတော့ ကြားနာမှု မစခင် ရှေ့နေတွေနဲ့ နာရီဝက်လောက်သာ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။
သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေအတွက် စတင် စစ်ဆေးခြင်း မရှိသေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ထားပါတယ်။ လာမယ့် ရုံးချိန်းကျရင် အမှုတွေကို စတင် စစ်ဆေးမှာလားဆိုတာ မသိရသေးဘူးလို့ သူ့ရဲ့ ရှေ့နေတွေပြောပါတယ်။