သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရွ႕ေနနဲ႔ လူခ်င္းေတြ႕ခြင့္ရဖို႔ ႐ုံးခ်ိန္းေန႔မွာ အတိုင္ပင္ခံပုဂၢိဳလ္ ေတာင္းဆို


ZAWGYI/UNICODE

ေနျပည္ေတာ္မွာ ဖမ္းဆီးတရားစြဲခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီေန႔ အမႈတခု တပ္တိုး တရားစြဲလိုက္တဲ့အတြက္ သူရင္ဆိုင္ေနရတဲ့ အမႈ စုစုေပါင္း ၆ မႈ ရွိသြားပါၿပီ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈမွာ လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနေတြနဲ႔ ေတြ႕ဆုံဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ တရား႐ုံးမွာ ထပ္ၿပီး ေတာင္းဆိုခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စိုးမင္းကဆက္ၿပီးေျပာျပပါမယ္။

ဖမ္းဆီး တရားစြဲခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီေန႔ ဧၿပီလ ၁၂ ရက္မွာ ေနျပည္ေတာ္ ဇမၺဴသီရိ တရား႐ုံးမွာ Video conferencing နဲ႔ ႐ုံးထုတ္ပါတယ္။ ဒီေန႔ ၾကားနာပြဲမွာ အရပ္သားတဦးက စြဲဆိုတဲ့ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခႏ္႔ၿခဲမႈ ဥေပဒနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ထပ္တိုးတရားစြဲလိုက္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈကို လိုက္ပါေဆာင္႐ြက္ေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာပါတယ္။

"တိုင္တာကေတာ့ ဦးညီညီတဲ့ လယ္ေဝးဘက္ကဗ်၊ ေနျပည္ေတာ္ထဲကပဲ၊ သူကတိုင္တာပါ။ အဲဒီေတာ့ တိုင္တဲ့ အခ်က္ကေတာ့ သဘာဝေဘးအႏၲရာယ္ ထိန္းသိမ္းကာကြယ္ေရး ဥပေဒပုဒ္မ ၂၅၊ အရင္အမႈလိုပဲေပါ့ လူအုပ္စုတစုနဲ႔ ပတ္သတ္ၿပီးေတာ့ေပါ့ တိုင္တာပါပဲ။ အခုဟာက ေဒၚေအာင္ဆန္းစုၾကည္က သူ႔ေရွ႕သြားတာ မဟုတ္ဘူး၊ သူက ( ေဒၚေအာင္ဆန္းစုၾကည္က) လယ္ေဝးနယ္ တနယ္ကို သြားတဲ့အခါမွာ လူ ၂၀ ထက္ပိုတယ္ေပါ့ဗ်ာ၊ အဲဒါကို တိုင္တာပါပဲဗ်။”

ခုလို အမႈ ၁ ခုထပ္တိုးတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲထားတဲ့ အမႈ စုစုေပါင္း ၆ ခုျဖစ္သြားပါၿပီ။ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္ လႈံ႕ေဆာ္မႈ၊ လုပ္ေဆာင္မႈ ရာဇသတ္ႀကီးဥပေဒ ၅၀၅ ( ခ)၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇၊ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒၼ ၈၊ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ အက္ဥပေဒပုဒ္မတို႔နဲ႔ စြဲထားတဲ့ အမႈေတြအျပင္ သဘာဝေဘးအႏၲရာယ္ ထိန္းသိမ္းကာကြယ္ေရး ဥပေဒပုဒ္မ ၂၅ နဲ႔ ၂ မႈ ျဖစ္ပါတယ္။ ခုလို အမႈေတြအမ်ားႀကီးရင္ဆိုင္ေနရေပမဲ့ ခုခ်ိန္ထိ သူ႔ရဲ႕ ေရွ႕ေနေတြနဲ႔ ခုထိေတြ႕ဆုံခြင့္ မရေသးတာေၾကာင့္ ေရွ႕ေနေတြနဲ႔ ေတြ႕ဆုံခြင့္ေပးဖို႔ ေဒၚေအာင္းဆန္းစုၾကည္က ဒီေန႔ထပ္ၿပီးေတာင္းဆိုခဲ့တယ္လို႔ ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ အတည္ျပဳထားတဲ့ ေရွ႕ေနေတြကထဲက ဦးခင္ေမာင္ေဇာ္၊ ဦးၾကည္ဝင္း၊ ေဒၚစန္းမာလာၫြန႔္နဲ႔ ဦးေအာင္ေက်ာ္စိုးတို႔ ၃ ေယာက္ကိုေတာ့ ဒီေန႔ အမႈလိုက္ဖို႔ သက္ဆိုင္ရာက တရားဝင္ ခြင့္ျပဳတယ္လို႔ ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္က လက္မွတ္ထိုးတဲ့ ကိုယ္စားလွယ္လႊဲစာ မေန႔က က်ေနာ္တို႔ လက္ထဲ ေရာက္ပါတယ္၊ ေဒၚမင္းမင္းစိုး ( ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ရွိေရွ႕ေန) ပဲ အဲဒီကိုယ္စားလွယ္စာ တင္ပါတယ္ဗ်။ အမႈတြဲထဲကို အဲဒီကိုယ္စားလွယ္စာ ေရာက္သြားပါၿပီ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တရားဝင္ေရွ႕ေန ေျခာက္ေယာက္ ျဖစ္သြားပါၿပီဗ်။”

ေ႐ြ႕ေန ေဒၚမင္းမင္းစိုးနဲ႔ ဦးယုယခ်စ္တို႔ကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈကို လိုက္ဖို႔ အေစာပိုင္းထဲက ခြင့္ျပဳထားပါတယ္။ တရားစြဲခံေနရတဲ့ သမၼတဦးဝင္းျမင့္ကလည္း ေရွ႕ေနကိုယ္စားလွယ္လႊဲအပ္ဖို႔ရွိေနၿပီး လက္ရွိေတာ့ ေရွ႕ေန ေဒၚမင္းမင္းစိုးကပဲ ဦးဝင္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ပါတီရဲ႕ေနျပည္ေတာ္ ေကာင္စီဥကၠ႒တာဝန္ယူတာဝန္ယူခဲ့တဲ့ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ေယာက္လုံးရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးပါတယ္။ သူတို႔ ၃ ေယာက္လုံးကို Video conferencing နဲ႔ ႐ုံးထုတ္အမႈ စစ္ေဆးခဲ့တာျဖစ္ပါတယ္။ ေနာက္တႀကိမ္႐ုံးခ်ိန္းကိုေတာ့ ဧၿပီလ ၂၈ ရက္မွာ ခ်ိန္းဆိုထားတာ ဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


UNICODE

နေပြည်တော်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အမှုတခု တပ်တိုး တရားစွဲလိုက်တဲ့အတွက် သူရင်ဆိုင်နေရတဲ့ အမှု စုစုပေါင်း ၆ မှု ရှိသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တရားရုံးမှာ ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်းကဆက်ပြီးပြောပြပါမယ်။

ဖမ်းဆီး တရားစွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၁၂ ရက်မှာ နေပြည်တော် ဇမ္ဗူသီရိ တရားရုံးမှာ Video conferencing နဲ့ ရုံးထုတ်ပါတယ်။ ဒီနေ့ ကြားနာပွဲမှာ အရပ်သားတဦးက စွဲဆိုတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခြဲမှု ဥပေဒနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးတရားစွဲလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေကြီးဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

"တိုင်တာကတော့ ဦးညီညီတဲ့ လယ်ဝေးဘက်ကဗျ၊ နေပြည်တော်ထဲကပဲ၊ သူကတိုင်တာပါ။ အဲဒီတော့ တိုင်တဲ့ အချက်ကတော့ သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး ဥပဒေပုဒ်မ ၂၅၊ အရင်အမှုလိုပဲပေါ့ လူအုပ်စုတစုနဲ့ ပတ်သတ်ပြီးတော့ပေါ့ တိုင်တာပါပဲ။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့သွားတာ မဟုတ်ဘူး၊ သူက ( ဒေါ်အောင်ဆန်းစုကြည်က) လယ်ဝေးနယ် တနယ်ကို သွားတဲ့အခါမှာ လူ ၂၀ ထက်ပိုတယ်ပေါ့ဗျာ၊ အဲဒါကို တိုင်တာပါပဲဗျ။”

ခုလို အမှု ၁ ခုထပ်တိုးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ အမှု စုစုပေါင်း ၆ ခုဖြစ်သွားပါပြီ။ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ရာဇသတ်ကြီးဥပဒေ ၅၀၅ ( ခ)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ္မ ၈၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေပုဒ်မတို့နဲ့ စွဲထားတဲ့ အမှုတွေအပြင် သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ ၂ မှု ဖြစ်ပါတယ်။ ခုလို အမှုတွေအများကြီးရင်ဆိုင်နေရပေမဲ့ ခုချိန်ထိ သူ့ရဲ့ ရှေ့နေတွေနဲ့ ခုထိတွေ့ဆုံခွင့် မရသေးတာကြောင့် ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ ဒေါ်အောင်းဆန်းစုကြည်က ဒီနေ့ထပ်ပြီးတောင်းဆိုခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အတည်ပြုထားတဲ့ ရှေ့နေတွေကထဲက ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်နဲ့ ဦးအောင်ကျော်စိုးတို့ ၃ ယောက်ကိုတော့ ဒီနေ့ အမှုလိုက်ဖို့ သက်ဆိုင်ရာက တရားဝင် ခွင့်ပြုတယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးတဲ့ ကိုယ်စားလှယ်လွှဲစာ မနေ့က ကျနော်တို့ လက်ထဲ ရောက်ပါတယ်၊ ဒေါ်မင်းမင်းစိုး ( ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိရှေ့နေ) ပဲ အဲဒီကိုယ်စားလှယ်စာ တင်ပါတယ်ဗျ။ အမှုတွဲထဲကို အဲဒီကိုယ်စားလှယ်စာ ရောက်သွားပါပြီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်ရှေ့နေ ခြောက်ယောက် ဖြစ်သွားပါပြီဗျ။”

ရွေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဦးယုယချစ်တို့ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ဖို့ အစောပိုင်းထဲက ခွင့်ပြုထားပါတယ်။ တရားစွဲခံနေရတဲ့ သမ္မတဦးဝင်းမြင့်ကလည်း ရှေ့နေကိုယ်စားလှယ်လွှဲအပ်ဖို့ရှိနေပြီး လက်ရှိတော့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပဲ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့နေပြည်တော် ကောင်စီဥက္ကဋ္ဌတာဝန်ယူတာဝန်ယူခဲ့တဲ့ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်လုံးရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးပါတယ်။ သူတို့ ၃ ယောက်လုံးကို Video conferencing နဲ့ ရုံးထုတ်အမှု စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်တကြိမ်ရုံးချိန်းကိုတော့ ဧပြီလ ၂၈ ရက်မှာ ချိန်းဆိုထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG