Zawgyi/Unicode
စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔ၾကား လက္နက္ကုိင္ ပဋိပကၡေတြ႐ွိခဲ့တ့ဲ ရခုိင္ျပည္နယ္မွာ ေျမျမွဳပ္မုိင္းနဲ႔ စစ္က်န္လက္နက္ေတြ မရွင္းရေသးတာေၾကာင့္ ေဒသခံေတြ မၾကာခဏဆိုသလို ထိခိုက္ေသဆံုးတဲ့အႏၱရာယ္နဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ဇြန္ ၄ ရက္ေန႔ မနက္ပိုင္းကပဲ ပုဏၰားကြ်န္းၿမိဳ႕ပတ္လမ္းမွာ စစ္က်န္ေဖာက္ခြဲေရးပစၥည္း ေပါက္ကြဲမႈေၾကာင့္ လူဦးေလးေသဆံုးခဲ့ပါတယ္။ ရခိုင္ျပည္နယ္ကလာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပထားပါတယ္။
ရခိုင္ျပည္နယ္မွာ စစ္ပြဲေတြမ႐ွိေတာ့တာ ၇ လေက်ာ္သြားၿပီျဖစ္ေပမဲ့ ေျမျမႈပ္မိုင္းအပါအဝင္ စစ္ပြဲလက္က်န္ လက္နက္ေတြေၾကာင့္ ထိခိုက္ ေသဆံုးရတာ၊ ကုိယ္လက္အဂၤါ ဆုံး႐ႈံးတာေတြက ဒီေန႔အထိ ႐ွိေနပါတယ္။ ဇြန္လ ၄ ရက္ေန႔မနက္ပိုင္းကပဲ ပုဏၰားကြ်န္းၿမိဳ႕ပတ္လမ္းေပၚက တံတားတခုမွာ စစ္က်န္ ခဲယမ္းလက္နက္ေပါက္ကဲြမႈေၾကာင့္ လူေလးဦး ေသဆံုးသြားခဲ့တယ္လို႔ ပုဏၰားကြ်န္းၿမိဳ႕မရဲစခန္းက ဒုရဲအုပ္ စခန္းမွဴး ဝင္းကိုကိုက ေျပာပါတယ္။
“ျဖစ္စဥ္ကေတာ့ က်ေနာ္တို႔ မနက္ တနာရီခြဲ နွစ္နာရီ ဝန္းက်င္ေလာက္ရွိမွာေပါ့။ အဲဒီအခ်ိန္မွာ ေပါက္ကြဲမႈျဖစ္တယ္လို႔ ယူဆရတယ္။ က်ေနာ္တို႔ကေတာ့ မနက္က်မွ သိရတာေပါ့ေနာ္။ က်ေနာ္တို႔၆ နာရီခြဲေလာက္မွ အခင္းအက်င္းေနရာကို သြားပါတယ္။ သြားေတာ့ အဲတံတားေပၚမွာ ေပါက္ကြဲမွုျဖစ္ၿပီးေတာ့ လူေလးေယာက္ ေသတာကို ေတြ႔ပါတယ္။”
ရခိုင္ျပည္နယ္ထဲမွာ စစ္တပ္နဲ႔ရခိုင္လက္နက္ကိုင္ AA အဖဲြ႔ၾကား တိုက္ပြဲေတြ ၂၀၂၀ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲ မတိုင္ခင္ထဲက ရပ္ဆုိင္းေနတာပါ။
ဒါေပမဲ့ မိုင္းနဲ႔ စစ္က်န္လက္နက္ေတြ မၾကာခဏဆိုသလို ေပါက္ကြဲတာေၾကာင့္ အာဏာပိုင္ေတြ ဘက္ကလည္း စစ္က်န္လက္နက္ေတြကို ထဲထဲဝင္ဝင္ ရွင္းေပးဖို႔ လုိအပ္တယ္လို႔ ေျမျမွဳပ္မိုင္းအသိပညာေပးလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC ေျပာခြင့္ရ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။
“တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္တုန္းက အသံုးျပဳခဲ့တဲ့ ေျမျမွဳပ္မိုင္းေတြက အမ်ားႀကီးရွိေနေသးတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ မေပါက္ကြဲဘဲ က်န္ေနခဲ့တဲ့ စစ္က်န္လက္နတ္ ေတြ လည္း အမ်ားႀကီးက်န္ေနေသးတယ္။ အဲတာကို က်ေနာ္တို႔ ဆီကိုလည္းပဲ သတင္းပို႔ တာရွိပါ တယ္။ ဘယ္ေနရာမွာေတာ့ ဘယ္လို လက္နက္ပစၥည္း တခု က်န္ေနတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ဘာလုပ္ရမလဲ ဆိုတာမ်ိဳးေပါ့။ အဲလို သတင္းပို႔တာရွိပါတယ္။ ဒီကိစၥေတြကို ထိထိေရာက္ေရာက္လုပ္ႏုိင္ဖို႔ အတြက္ရခိုင္ျပည္နယ္မွာ တျခားေသာ တိုက္ပြဲေတြ ျဖစ္ေနခဲ့တဲ့ ျပည္နယ္ေတြလို ဒီမိုင္း action group ေတြ ေျမျမွဳပ္မိုင္းနဲ႔ စစ္က်န္ပစၥည္းေတြ ရွင္းလင္းဖို႔ အတြက္ ဒီမိုင္း action group ေတြဟာမ်ိဳ းဖြဲ႔သင့္ပါတယ္ခင္ဗ်ာ။ အဲဒီမွာ အစိုးရပါမယ္ ႏိုင္ငံတကာအဖြဲ႔အစည္းေတြ ပါမယ္ ေဒသခံ အဖြဲ႔အစည္းေတြ ပါမယ္ေပါ့။ ဒီလိုလူေတြ ပူးေပါင္းလုပ္မွသာလွ်င္ ဒီကိစၥေတြက အဆင္ေျပသြားမွာျဖစ္ပါတယ္။”
ရခိုင္တိုင္းရင္းသားမ်ဳိးႏြယ္စုမ်ားအစည္းအရံုး REC ကေတာ့ ရခိုင္ေျမာက္ပိုင္းက ဘူးသီးေတာင္ ရေသ့ေတာင္ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္တို႔မွာ မိုင္းအသိပညာ ေပးလုပ္ငန္းေတြ ေဆာင္ရြက္ေနတယ္လို႔လည္း ကိုေဇာ္ေဇာ္ထြန္းကေျပာပါတယ္။
အခုေနာက္ဆံုး ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ ပုဏၰားကြ်န္းၿမိဳ႕နယ္မွာလည္း ေျမျမႈပ္မိုင္း အသိပညာေပးမႈေတြကို အာဏာပိုင္ေတြဘက္က စာသင္ေက်ာင္းေတြမွာ လုပ္ေနေပမယ့္ ထိထိေရာက္ေရာက္ လုပ္ေဆာင္ဖို႔အခက္အခဲေတြ ရွိေနေသးတယ္လို႔ ပုဏၰားကြ်န္းၿမိဳ႕မရဲစခန္းက ဒုရဲအုပ္စခန္းမွဴး ဝင္းကိုကိုက ေျပာပါတယ္။
“ေက်ာင္းေတြမွာ လံုၿခံဳေရးယူရင္းနဲ႔ေတာ့ အသိပညာေပးတာေတြရွိပါတယ္။ အဲလို သီးသန္႔ႀကီးေတာ့ က်ေနာ္တို႔ ဘယ္လိုေခၚမလဲ အဲဒီဘက္ေနရာေတြက ၿမိဳ႕အစြန္အဖ်ားေတြဆိုေတာ့ သြားဖို႔ လာဖို႔ နည္းနည္းေလး အခက္အခဲေတြ ရွိတာေပါ့။ ေနာက္ပိုင္းဆိုရင္ေတာ့ နယ္ေျမရဲ႕ အေနအထားေပၚမူတည္ၿပီးေတာ့ က်ေနာ္တို႔ စခန္းရဲ႕ တာဝန္ေတြ ဆိုေတာ့ လုပ္ဖို႔ အစီအစဥ္ရွိပါတယ္။ လတ္တေလာမွာလည္း ေက်ာင္းေတြမွာ အသိပညာေပးတာေတြ ေျပာဖို႔ စီစဥ္ထားပါတယ္ခင္ဗ်ာ။”
ရခုိင္ျပည္နယ္မွာ ျဖစ္ခဲ့တဲ့ တုိက္ပဲြေတြေၾကာင့္ အရပ္သား ထိခုိက္ေသဆုံးမႈေတြသာမက၊ မုိင္းေတြ၊ စစ္က်န္လက္နက္ေတြရဲ႕ အႏၱရာယ္ေတြေၾကာင့္ ႏုိင္ငံတကာ အသုိင္းအ၀န္းၾကား စုိးရိမ္မႈေတြလည္း ထြက္ေပၚခဲ့တာပါ။
ျမန္မာႏုိင္ငံမွာ ေျမျမႈပ္မုိင္းနဲ႔ စစ္က်န္လက္နက္ ေပါက္ကဲြမႈေတြေၾကာင့္ ကေလးငယ္ေတြ ေသဆုံး၊ ဒဏ္ရာရမႈေတြ တုိးလာတာဟာ စုိးရိမ္စရာ ေကာင္းတယ္လုိ႔ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႔ (UNICEF) က ၿပီးခဲ့တဲ့ ၂၀၂၁ ဇန္နဝါရီလအကုန္ပိုင္းေလာက္က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ ဇန္န၀ါရီလကေန စက္တင္ဘာလအထိ မိုင္းအႏၲရာယ္ေၾကာင့္ ေသဆုံးသူ ကေလး ၁၃ ေယာက္နဲ႔ အျပင္းအထန္ ဒဏ္ရာရသူ ၅၆ ေယာက္ ရွိခဲ့ေၾကာင္းလည္း မွတ္တမ္းတင္ထားပါတယ္။
ဒါေၾကာင့္လည္း လက္နက္ကုိင္ ပဋိပကၡေတြမွာ ပါ၀င္ေနသူေတြ အားလုံးအေနနဲ႔ မုိင္းေထာင္တဲ့ လုပ္ရပ္ေတြကုိ မလုပ္ၾကဖုိ႔ ေျမျမွဳပ္မုိင္းေတြနဲ႔ မေပါက္ကဲြေသးတဲ့ လက္နက္က်ည္ဆံေတြကို ရွင္းလင္းဖုိ႔ လုိအပ္ေနသလုိ မုိင္းနဲ႔ မေပါက္ကဲြေသးတဲ့ စစ္က်န္လက္နက္ေတြရဲ႕ အႏၱရာယ္ေတြကို သတိထားဖုိ႔ အသိပညာေပးလုပ္ငန္းေတြ လုိအပ္ေနတယ္လုိ႔လည္း တိုက္တြန္းထားပါတယ္။
Unicode
စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား လက်နက်ကိုင် ပဋိပက္ခတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ မရှင်းရသေးတာကြောင့် ဒေသခံတွေ မကြာခဏဆိုသလို ထိခိုက်သေဆုံးတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ ဇွန် ၄ ရက်နေ့ မနက်ပိုင်းကပဲ ပုဏ္ဏားကျွန်းမြို့ပတ်လမ်းမှာ စစ်ကျန်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့် လူဦးလေးသေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေမရှိတော့တာ ၇ လကျော်သွားပြီဖြစ်ပေမဲ့ မြေမြှုပ်မိုင်းအပါအဝင် စစ်ပွဲလက်ကျန် လက်နက်တွေကြောင့် ထိခိုက် သေဆုံးရတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေက ဒီနေ့အထိ ရှိနေပါတယ်။ ဇွန်လ ၄ ရက်နေ့မနက်ပိုင်းကပဲ ပုဏ္ဏားကျွန်းမြို့ပတ်လမ်းပေါ်က တံတားတခုမှာ စစ်ကျန် ခဲယမ်းလက်နက်ပေါက်ကွဲမှုကြောင့် လူလေးဦး သေဆုံးသွားခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ဒုရဲအုပ် စခန်းမှူး ဝင်းကိုကိုက ပြောပါတယ်။
“ဖြစ်စဉ်ကတော့ ကျနော်တို့ မနက် တနာရီခွဲ နှစ်နာရီ ဝန်းကျင်လောက်ရှိမှာပေါ့။ အဲဒီအချိန်မှာ ပေါက်ကွဲမှုဖြစ်တယ်လို့ ယူဆရတယ်။ ကျနော်တို့ကတော့ မနက်ကျမှ သိရတာပေါ့နော်။ ကျနော်တို့၆ နာရီခွဲလောက်မှ အခင်းအကျင်းနေရာကို သွားပါတယ်။ သွားတော့ အဲတံတားပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီးတော့ လူလေးယောက် သေတာကို တွေ့ပါတယ်။”
ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်ထဲက ရပ်ဆိုင်းနေတာပါ။
ဒါပေမဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေ မကြာခဏဆိုသလို ပေါက်ကွဲတာကြောင့် အာဏာပိုင်တွေ ဘက်ကလည်း စစ်ကျန်လက်နက်တွေကို ထဲထဲဝင်ဝင် ရှင်းပေးဖို့ လိုအပ်တယ်လို့ မြေမြှုပ်မိုင်းအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်တုန်းက အသုံးပြုခဲ့တဲ့ မြေမြှုပ်မိုင်းတွေက အများကြီးရှိနေသေးတာပေါ့နော်။ နောက်ပြီးတော့ မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ စစ်ကျန်လက်နတ် တွေ လည်း အများကြီးကျန်နေသေးတယ်။ အဲတာကို ကျနော်တို့ ဆီကိုလည်းပဲ သတင်းပို့ တာရှိပါ တယ်။ ဘယ်နေရာမှာတော့ ဘယ်လို လက်နက်ပစ္စည်း တခု ကျန်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲ ဆိုတာမျိုးပေါ့။ အဲလို သတင်းပို့တာရှိပါတယ်။ ဒီကိစ္စတွေကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ အတွက်ရခိုင်ပြည်နယ်မှာ တခြားသော တိုက်ပွဲတွေ ဖြစ်နေခဲ့တဲ့ ပြည်နယ်တွေလို ဒီမိုင်း action group တွေ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေ ရှင်းလင်းဖို့ အတွက် ဒီမိုင်း action group တွေဟာမျို းဖွဲ့သင့်ပါတယ်ခင်ဗျာ။ အဲဒီမှာ အစိုးရပါမယ် နိုင်ငံတကာအဖွဲ့အစည်းတွေ ပါမယ် ဒေသခံ အဖွဲ့အစည်းတွေ ပါမယ်ပေါ့။ ဒီလိုလူတွေ ပူးပေါင်းလုပ်မှသာလျှင် ဒီကိစ္စတွေက အဆင်ပြေသွားမှာဖြစ်ပါတယ်။”
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC ကတော့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့မှာ မိုင်းအသိပညာ ပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ကိုဇော်ဇော်ထွန်းကပြောပါတယ်။
အခုနောက်ဆုံး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မြေမြှုပ်မိုင်း အသိပညာပေးမှုတွေကို အာဏာပိုင်တွေဘက်က စာသင်ကျောင်းတွေမှာ လုပ်နေပေမယ့် ထိထိရောက်ရောက် လုပ်ဆောင်ဖို့အခက်အခဲတွေ ရှိနေသေးတယ်လို့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ဒုရဲအုပ်စခန်းမှူး ဝင်းကိုကိုက ပြောပါတယ်။
“ကျောင်းတွေမှာ လုံခြုံရေးယူရင်းနဲ့တော့ အသိပညာပေးတာတွေရှိပါတယ်။ အဲလို သီးသန့်ကြီးတော့ ကျနော်တို့ ဘယ်လိုခေါ်မလဲ အဲဒီဘက်နေရာတွေက မြို့အစွန်အဖျားတွေဆိုတော့ သွားဖို့ လာဖို့ နည်းနည်းလေး အခက်အခဲတွေ ရှိတာပေါ့။ နောက်ပိုင်းဆိုရင်တော့ နယ်မြေရဲ့ အနေအထားပေါ်မူတည်ပြီးတော့ ကျနော်တို့ စခန်းရဲ့ တာဝန်တွေ ဆိုတော့ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ လတ်တလောမှာလည်း ကျောင်းတွေမှာ အသိပညာပေးတာတွေ ပြောဖို့ စီစဉ်ထားပါတယ်ခင်ဗျာ။”
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေသာမက၊ မိုင်းတွေ၊ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်တွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရမှုတွေ တိုးလာတာဟာ စိုးရိမ်စရာ ကောင်းတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီလအကုန်ပိုင်းလောက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ ကလေး ၁၃ ယောက်နဲ့ အပြင်းအထန် ဒဏ်ရာရသူ ၅၆ ယောက် ရှိခဲ့ကြောင်းလည်း မှတ်တမ်းတင်ထားပါတယ်။
ဒါကြောင့်လည်း လက်နက်ကိုင် ပဋိပက္ခတွေမှာ ပါဝင်နေသူတွေ အားလုံးအနေနဲ့ မိုင်းထောင်တဲ့ လုပ်ရပ်တွေကို မလုပ်ကြဖို့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်ဆံတွေကို ရှင်းလင်းဖို့ လိုအပ်နေသလို မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်တွေကို သတိထားဖို့ အသိပညာပေးလုပ်ငန်းတွေ လိုအပ်နေတယ်လို့လည်း တိုက်တွန်းထားပါတယ်။
#WhatIsHappeningInMyanmar#Rakhine#Mine#MilitaryCoup#VOABurmese#ရခုိင္#မုိင္း#ေဖာက္ခြဲပစၥည္း#ေပါက္ကြဲ