သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္နဲ႔ ဒီးေမာ့ဆိုတိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးဒုကၡသည္ေတြ ေနထိုင္ေရးပိုခက္ခဲ


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က စစ္ေဘးေရွာင္တခ်ိဳ႕။ (ဓာတ္ပုံ - CJ)

(Zawgyi/Unicode)

ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕မွာ ဒီရက္ပိုင္းတိုက္ပြဲေတြအတြင္း စစ္ေရွာင္ေတြ ေဘးလြတ္ရာကိုထပ္မံထြက္ေျပးေနရသလို ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕ဘက္မွာလဲ စစ္ေကာင္စီတပ္နဲ႕ ေဒသခံကာကြယ္ေရးအဖြဲ႕အၾကား တိုက္ပြဲျဖစ္ပြါးေန တယ္လို႕ဆိုပါတယ္။ လက္ရွိစစ္တပ္ဘက္ကေန တပ္အင္အားတိုးခ်ဲ႕တိုက္စစ္ဆင္ေနတာေၾကာင့္ မင္းတပ္နဲ႕ ဒီးေမာ့ဆို ကာကြယ္ေရးတပ္ေတြ ဆုတ္ခြါေနရတယ္လို႕ဆိုပါတယ္။ ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ ထားပါတယ္။

စစ္ေကာင္စီတပ္ဘက္ကေန အင္အားနဲ႕ထိုးစစ္ဆင္ေနတာေၾကာင့္ ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕နဲ႕ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္က ေဒသခံကာကြယ္အဖြဲ႕ေတြ တပ္အင္အားေနာက္ဆုတ္ေနရၿပီး စစ္ေရွာင္ရြာသားေတြလဲ မူလစစ္ေရွာင္ေနရာကေန ထပ္မံတိမ္းေရွာင္ေနရပါတယ္။

တနဂၤေႏြေန႕ကေန အဂၤါေန႕အထိတိုက္ပြဲျပင္းထန္ခဲ့တဲ့ ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕နယ္မွာ ဒီကေန႕မွာ တိုက္ပြဲမရွိ ေပမဲ့မေန႕ကျဖစ္ပြါးတဲ့တိုက္ပြဲအေျခအေနကိုေတာ့ မင္းတပ္ ကာကြယ္ေရးအဖြဲ႕ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာ ေယာမာန္က ဗြီအိုေအ ကို အခုလိုေျပာပါတယ္။

"ကြ်န္ေတာ္တို႕ကိုစစ္ေၾကာင္း(၃)ေၾကာင္းနဲ႕ထိုးစစ္ဆင္လာတာကိုး။ ဒီေန႕ေတာ့ဆုတ္ေပးလိုက္ၿပီ။ အကုန္ဆုတ္ေပး လိုက္ၿပီဆိုေတာ့တိုက္ပြဲကမရွိေတာ့ဘူး။ မေန႕ကတိုက္ပြဲျဖစ္ေတာ့ ကြ်န္ေတာ္တို႕မနက္ေစာေစာ လူတေယာက္က်တယ္။ ဒဏ္ရာရတဲ့သူ(၁၀)ေယာက္ေလာက္ရွိတယ္။ ေဆးကုဖို႕အတြက္ကေတာ့ ဒီကေဆးတပ္သားေတြရွိတယ္။ အဲဒီလိုမ်ိဳးနဲ႕ ဘဲကုရတာေပါ့။"

မေန႕က တပ္ျဖန္႕တက္လာတဲ့စစ္ေကာင္စီတပ္ဖြဲ႕နဲ႕ ကာကြယ္ေရးတပ္တို႕အၾကားမင္းတပ္ၿမိဳ႕ရဲ့အေနာက္ေျမာက္ျခမ္း ယွက္ရြာတိုက္ပြဲနဲ႕ ေခ်ာင္းဆုံတိုက္ပြဲေတြမွာ လက္နက္ၾကီးက်ည္ေၾကာင့္ မင္းတပ္ကာကြယ္ေရးတပ္ဘက္က ထိခိုက္မွဳ မ်ားတယ္လို႕ဆိုပါတယ္။

မင္းတပ္ၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြါးမွဳအေျခအေနနဲ႕ပက္သက္လို႕ စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကအခုလိုေျပာပါတယ္။

"ကြ်န္ေတာ္တို႕မေန႕တုန္းက မင္းတပ္ရဲ႕ေျမာက္ဖက္နဲ႕အေရွ႕ျမာက္ဖက္မွာ ထိေတြ႕မွဳေလးေတြျဖစ္ပြါးခဲ့တာရွိတယ္။ အဲဒီမွာျဖစ္ပြါးခဲ့တဲ့အထဲမွာေတာ့ ကြ်န္ေတာ္တို႕ဆီကစစ္သည္တေယာက္ က်ဆုံးၿပီးေတာ့ဒဏ္ရာရစစ္သည္(၃)ေယာက္ ေလာက္ရွိပါတယ္။ အဲအၾကမ္းဖက္ဘက္ကေတာ့ တူမီးေသနတ္တလက္နဲ႕ လက္လုပ္ဗံုး လက္ပစ္ဗံုးေတြ မိခဲ့တဲ့ဟာ ျဖစ္စဥ္ေတာ့ရွိခဲ့ပါတယ္။"

တိုက္ပြဲေတြေၾကာင့္ ယာယီစစ္ေရွာင္စခန္းက ေထာင္ခ်ီတဲ့စစ္ေရွာင္ရြာသားေတြ သူတို႕ေနထိုင္တဲ့ေနရာကေန ထပ္မံ ထြက္ေျပးေနရတယ္လို႕ မင္းတပ္ကာကြယ္ေရးအဖြဲ႕ျပန္ၾကားေရးတာ၀န္ခံေဒါက္တာေယာမာန္က ေျပာပါတယ္။

စစ္ေရွာင္စခန္းက ဒီမွာကေလာေလာဆယ္လုပ္ထားတာက (၁၅)ခုေလာက္ရွိတယ္။ စခန္း(၁၅)ခုမွာရွိတဲ့သူေတြ အကုန္ လုံးေျပးရတာေပါ့။ ကြ်န္ေတာ္တို႕စစ္ေရွာင္ တျခားဘက္အျခမ္းမပါေသးဘူးေပါ့ေနာ္။ ဒီဘက္အျခမ္းတခု ထဲ(၉၀၀၀)ရွိ တယ္။ အဲဒီအခု(၉၀၀၀)ေတြကအခုေလာေလာဆယ္ ထပ္ေျပးၾကၿပီးေပါ့။ စစ္ေရွာင္ေနတဲ့ေနရာ လုံျခံဳတဲ့ေနရာမရွိပါဘူး။ ေတာထဲေတာင္ထဲ ျပန္႕ကြဲျပန္႕ၾကဲဲျပီးေတာ့ ေျပးရ တာေပါ့။

တခ်ိန္ထဲမွာဘဲကယားျပည္နယ္ဒီးေမာ့ဆိုၿမိဳ႕မွာလဲ ေဒသခံကာကြယ္ေရးအဖြဲ႕နဲ႕စစ္ေကာင္စီတပ္ေတြအၾကား ဒီကေန႕မွာလဲ ပစ္ခတ္မွဳေတြျဖစ္ပြါးေနတာပါ။

လက္ရွိ ဒီးေမာ့ဆိုဘက္စစ္ေရးအေျခအေနကိုေတာ့ ကရင္နီအမ်ိဳးသား ကာကြယ္ေရး အဖြဲ႕ KNDFျပန္ၾကားေရး တာ၀န္ရွိသူတဦးကအခုလိုေျပာပါတယ္။

"ဒီးေမာ့ဆိုဘက္ေတာ့ ျပင္းထန္တယ္လို႕ေျပာရမွာေပါ့။ ေဒါ့ငံခါးေတာ့သူတို႕ေက်ာ္လာၿပီးေပါ့။ သူတို႕ထိုးစစ္ဆင္လာမွာ ေတာ့ မနားဘူးေပါ့။ တရပ္ကြက္ၿပီးတရပ္ကြက္ သူတို႕ေတြကထိုးစစ္ဆင္လာတယ္။ ႏွစ္ဖက္ထိခိုက္မွဳအေျခအေန ေတာ့အခုထိေတာ့ စာရင္းမရေသးဘူးဗ်။ ကြ်န္ေတာ္တို႕လူေတြလဲ လက္ရွိလဲ တကြဲျပားျဖစ္ေနၾကတယ္။ လက္ရွိက စစ္ေကာင္စီကေတာင္ငူလမ္းေၾကာင္းကေန သူတို႕စစ္ကူေတြပို႕ေနတဲ့အေေပၚမွာေတာ့ သူတို႕တပ္ လွဳပ္ရွားတဲ့အေပၚ မူတည္ၿပီးေတာ့ ကြ်န္ေတာ္တို႕အင္အားေတြေရႊ႕ၿပီးေတာ့မွ ေျပာင္းၿပီးမွကစားေနရလို႕ေလ။"

တိုက္ပြဲျဖစ္စဥ္အတြင္း ေသာင္းနဲ႕ခ်ီတဲ့ ဒီးေမာ့ဆိုစစ္ေရွာင္ရြာဟာ ေဘးလြတ္ရာကိုတိမ္းေရွာင္ေနရတယ္လို႕ စစ္ေရွာင္ ေတြကိုအကူညီေပးေေနသူတဦးကေျပာပါတယ္။

"စစ္ေရွာင္ေတြက ေတာ့အေျခအေနပိုဆိုးတာက အခုေလာေလာဆယ္ေတာ့ စစ္ေရွာင္ေတြပိုတိုးလာတာေပါ့ေနာ္။ ရွိတဲ့ ရြာေတြကလဲတျခားေနရာကိုသြားၾကတယ္။ သြားမဲ့ေနရာလဲမရွိေတာ့ဘူးေလ။ တရား၀င္စစ္ေရွာင္စခန္းဆိုလဲ မသတ္ မွတ္ေသးဘူး။ အခုယာယီဘဲရွိတဲ့အတြက္ေၾကာင့္ မို႕လို႕ စိုးရိမ္ရတဲ့အေျခအေနဘဲရွိေသးတာေပါ့။"

ဒီးေမာ့ဆိုၿမိဳ႕နယ္က ရြာအားလုံးနီးပါး စစ္ေဘးတိမ္းေရွာင္ေနရၿပီး တခ်ိဳ႕စစ္ေရွာင္ေတြက ေတာေတာင္ထဲမွာ ျဖစ္သလို ေနထိုင္ေနရတယ္လို႕ဆိုပါတယ္။

လက္ရွိတိုင္းရင္းသားျပည္နယ္ထဲမွာ ခ်င္းျပည္နယ္မင္းတပ္၊ ထန္တလန္၊ ဟားခါးၿမိဳ႕နယ္၊ ကယားျပည္နယ္ဘက္မွာေတာ့ ဒီေမာ့ဆိုၿမိဳ႕ နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္တုိ႔အျပင္ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးျဗဲၿမိဳ႕မွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြကေန ရရာလက္နက္နဲ႕ စစ္ေကာင္စီတပ္ဖြဲ႕ေတြကို တိုက္ခုိက္ေနတဲ့ အေျခအေနမွာရွိေနပါတယ္။

..............................................................................

တိုက္႐ိုက္ လင့္ခ္


မင်းတပ်နဲ့ ဒီးမော့ဆိုတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးပိုခက်ခဲ

(Unicode)

ချင်းပြည်နယ်မင်းတပ်မြို့မှာ ဒီရက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ရှောင်တွေ ဘေးလွတ်ရာကိုထပ်မံထွက်ပြေးနေရသလို ကယားပြည်နယ် ဒီးမော့ဆိုမြို့ဘက်မှာလဲ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးနေ တယ်လို့ဆိုပါတယ်။ လက်ရှိစစ်တပ်ဘက်ကနေ တပ်အင်အားတိုးချဲ့တိုက်စစ်ဆင်နေတာကြောင့် မင်းတပ်နဲ့ ဒီးမော့ဆို ကာကွယ်ရေးတပ်တွေ ဆုတ်ခွါနေရတယ်လို့ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ အင်အားနဲ့ထိုးစစ်ဆင်နေတာကြောင့် ချင်းပြည်နယ်မင်းတပ်မြို့နဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က ဒေသခံကာကွယ်အဖွဲ့တွေ တပ်အင်အားနောက်ဆုတ်နေရပြီး စစ်ရှောင်ရွာသားတွေလဲ မူလစစ်ရှောင်နေရာကနေ ထပ်မံတိမ်းရှောင်နေရပါတယ်။

တနင်္ဂနွေနေ့ကနေ အင်္ဂါနေ့အထိတိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ ဒီကနေ့မှာ တိုက်ပွဲမရှိ ပေမဲ့မနေ့ကဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေကိုတော့ မင်းတပ် ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ ယောမာန်က ဗွီအိုအေ ကို အခုလိုပြောပါတယ်။

"ကျွန်တော်တို့ကိုစစ်ကြောင်း(၃)ကြောင်းနဲ့ထိုးစစ်ဆင်လာတာကိုး။ ဒီနေ့တော့ဆုတ်ပေးလိုက်ပြီ။ အကုန်ဆုတ်ပေး လိုက်ပြီဆိုတော့တိုက်ပွဲကမရှိတော့ဘူး။ မနေ့ကတိုက်ပွဲဖြစ်တော့ ကျွန်တော်တို့မနက်စောစော လူတယောက်ကျတယ်။ ဒဏ်ရာရတဲ့သူ(၁၀)ယောက်လောက်ရှိတယ်။ ဆေးကုဖို့အတွက်ကတော့ ဒီကဆေးတပ်သားတွေရှိတယ်။ အဲဒီလိုမျိုးနဲ့ ဘဲကုရတာပေါ့။"

မနေ့က တပ်ဖြန့်တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်တို့အကြားမင်းတပ်မြို့ရဲ့အနောက်မြောက်ခြမ်း ယှက်ရွာတိုက်ပွဲနဲ့ ချောင်းဆုံတိုက်ပွဲတွေမှာ လက်နက်ကြီးကျည်ကြောင့် မင်းတပ်ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှု များတယ်လို့ဆိုပါတယ်။

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း ကအခုလိုပြောပါတယ်။

"ကျွန်တော်တို့မနေ့တုန်းက မင်းတပ်ရဲ့မြောက်ဖက်နဲ့အရှေ့မြာက်ဖက်မှာ ထိတွေ့မှုလေးတွေဖြစ်ပွါးခဲ့တာရှိတယ်။ အဲဒီမှာဖြစ်ပွါးခဲ့တဲ့အထဲမှာတော့ ကျွန်တော်တို့ဆီကစစ်သည်တယောက် ကျဆုံးပြီးတော့ဒဏ်ရာရစစ်သည်(၃)ယောက် လောက်ရှိပါတယ်။ အဲအကြမ်းဖက်ဘက်ကတော့ တူမီးသေနတ်တလက်နဲ့ လက်လုပ်ဗုံး လက်ပစ်ဗုံးတွေ မိခဲ့တဲ့ဟာ ဖြစ်စဉ်တော့ရှိခဲ့ပါတယ်။"

တိုက်ပွဲတွေကြောင့် ယာယီစစ်ရှောင်စခန်းက ထောင်ချီတဲ့စစ်ရှောင်ရွာသားတွေ သူတို့နေထိုင်တဲ့နေရာကနေ ထပ်မံ ထွက်ပြေးနေရတယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံဒေါက်တာယောမာန်က ပြောပါတယ်။

စစ်ရှောင်စခန်းက ဒီမှာကလောလောဆယ်လုပ်ထားတာက (၁၅)ခုလောက်ရှိတယ်။ စခန်း(၁၅)ခုမှာရှိတဲ့သူတွေ အကုန် လုံးပြေးရတာပေါ့။ ကျွန်တော်တို့စစ်ရှောင် တခြားဘက်အခြမ်းမပါသေးဘူးပေါ့နော်။ ဒီဘက်အခြမ်းတခု ထဲ(၉၀၀၀)ရှိ တယ်။ အဲဒီအခု(၉၀၀၀)တွေကအခုလောလောဆယ် ထပ်ပြေးကြပြီးပေါ့။ စစ်ရှောင်နေတဲ့နေရာ လုံခြုံတဲ့နေရာမရှိပါဘူး။ တောထဲတောင်ထဲ ပြန့်ကွဲပြန့်ကြဲပြီးတော့ ပြေးရ တာပေါ့။

တချိန်ထဲမှာဘဲကယားပြည်နယ်ဒီးမော့ဆိုမြို့မှာလဲ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေအကြား ဒီကနေ့မှာလဲ ပစ်ခတ်မှုတွေဖြစ်ပွါးနေတာပါ။

လက်ရှိ ဒီးမော့ဆိုဘက်စစ်ရေးအခြေအနေကိုတော့ ကရင်နီအမျိုးသား ကာကွယ်ရေး အဖွဲ့ KNDFပြန်ကြားရေး တာဝန်ရှိသူတဦးကအခုလိုပြောပါတယ်။

"ဒီးမော့ဆိုဘက်တော့ ပြင်းထန်တယ်လို့ပြောရမှာပေါ့။ ဒေါ့ငံခါးတော့သူတို့ကျော်လာပြီးပေါ့။ သူတို့ထိုးစစ်ဆင်လာမှာ တော့ မနားဘူးပေါ့။ တရပ်ကွက်ပြီးတရပ်ကွက် သူတို့တွေကထိုးစစ်ဆင်လာတယ်။ နှစ်ဖက်ထိခိုက်မှုအခြေအနေ တော့အခုထိတော့ စာရင်းမရသေးဘူးဗျ။ ကျွန်တော်တို့လူတွေလဲ လက်ရှိလဲ တကွဲပြားဖြစ်နေကြတယ်။ လက်ရှိက စစ်ကောင်စီကတောင်ငူလမ်းကြောင်းကနေ သူတို့စစ်ကူတွေပို့နေတဲ့အေပေါ်မှာတော့ သူတို့တပ် လှုပ်ရှားတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့အင်အားတွေရွှေ့ပြီးတော့မှ ပြောင်းပြီးမှကစားနေရလို့လေ။"

တိုက်ပွဲဖြစ်စဉ်အတွင်း သောင်းနဲ့ချီတဲ့ ဒီးမော့ဆိုစစ်ရှောင်ရွာဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ စစ်ရှောင် တွေကိုအကူညီပေးေနေသူတဦးကပြောပါတယ်။

"စစ်ရှောင်တွေက တော့အခြေအနေပိုဆိုးတာက အခုလောလောဆယ်တော့ စစ်ရှောင်တွေပိုတိုးလာတာပေါ့နော်။ ရှိတဲ့ ရွာတွေကလဲတခြားနေရာကိုသွားကြတယ်။ သွားမဲ့နေရာလဲမရှိတော့ဘူးလေ။ တရားဝင်စစ်ရှောင်စခန်းဆိုလဲ မသတ် မှတ်သေးဘူး။ အခုယာယီဘဲရှိတဲ့အတွက်ကြောင့် မို့လို့ စိုးရိမ်ရတဲ့အခြေအနေဘဲရှိသေးတာပေါ့။"

ဒီးမော့ဆိုမြို့နယ်က ရွာအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး တချို့စစ်ရှောင်တွေက တောတောင်ထဲမှာ ဖြစ်သလို နေထိုင်နေရတယ်လို့ဆိုပါတယ်။

လက်ရှိတိုင်းရင်းသားပြည်နယ်ထဲမှာ ချင်းပြည်နယ်မင်းတပ်၊ ထန်တလန်၊ ဟားခါးမြို့နယ်၊ ကယားပြည်နယ်ဘက်မှာတော့ ဒီမော့ဆိုမြို့ နယ်၊ လွိုင်ကော်မြို့နယ်တို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေကနေ ရရာလက်နက်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အခြေအနေမှာရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG