သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း လံုၿခံဳေရးႏွင္႔ စာနာမႈအေျခအေန ယိုယြင္းလာမႈ ကုလစိုးရိမ္


မွတ္တမ္းဓါတ္ပံု- ဇြန္လ ၁ ရက္ေန႔က တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ေနရတဲ့ ကယာားျပည္နယ္က ဒုကၡသည္မ်ား

(Zawgyi/Unicode)

ကယားျပည္နယ္တြင္းက အရပ္သား နယ္ေျမေတြ အတြင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြရဲ႕ အဆင္အျခင္မဲ႔ တိုက္ခုိက္မႈေတြ၊ ေနာက္ တျခားေသာ အၾကမ္းဖက္မႈေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရသူ ၁ သိန္းေက်ာ္ ရွိေနၿပီး ဒီအေျခအေနက ႏုိင္ငံတကာ နယ္စပ္ေတြကို မျဖစ္မေန ျဖတ္ေက်ာ္ ၀င္ေရာက္ရတဲ႔ အေျခအေနမ်ိဳး ျဖစ္လာႏုိင္ေၾကာင္း ကုလသမဂၢက အဂၤါေန႔မွာ ေျပာပါတယ္။

“ဒီထဲက အမ်ားအျပားဟာဆိုရင္ ကယားျပည္နယ္၊ ေနာက္ နယ္ခ်င္းဆက္ေနတဲ႔ ရွမ္းျပည္နယ္ေတာင္ပိုင္းက နယ္ခံ အသိုင္းအ၀ိုင္းေတြ၊ ေတာေတြထဲမွာ ေဘးကင္းခိုလံႈႏုိင္ေရး ႀကိဳးစားေနၾကရပါတယ္။ ဒီျပသနာေၾကာင့္ လူေတြ အေနနဲ႔ ႏုိင္ငံတကာ နယ္စပ္ေတြကို မျဖစ္မေန ျဖတ္ေက်ာ္လာရႏုိင္ေၾကာင္း” ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရမယ့္ အေရးစိုးရိမ္ခ်က္ေၾကာင့္ ျမန္မာႏုိင္ငံတြင္းက တက္ၾကြလႈပ္ရွားသူေတြ၊ ႏိုင္ငံေရးသမားေတြ၊ ဆႏၵျပလႈပ္ရွားၾကတဲ႔ သာမန္ အရပ္သားေတြ သတင္းေထာက္ေတြ အပါအ၀င္ နယ္စပ္ ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္းႏုိင္ငံေတြကို ထြက္ေျပး တိမ္းေရွာင္ေနၾကရတာပါ။ နယ္စပ္ေတြကို သြားဖို႔ အေျခအေန မေပးသူေတြလည္း ေဒသတြင္းက ေတာေတြထဲမွာ ထြက္ေျပးခိုလံႈေနၾကရတာပါ။

တိုက္ပြဲေတြေၾကာင့္ သက္ေရာက္ ထိခုိက္ရသူေတြ အတြက္ စားနပ္ရိကၡာ၊ ေရ၊ အမိုးအကာ၊ ေလာင္စာနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ အေရးေပၚ လိုအပ္ေနၿပီး ကုလသမဂၢက ေထာက္ပံ႔ဖို႔ အဆင့္ရွိေနေၾကာင္း၊ ဒါေပမယ့္လည္း လံုၿခံဳေရး တပ္ဖြဲ႔ေတြက ခရီးသြားလာမႈ တားျမစ္ခ်က္၊ မလံုၿခံဳမႈ၊ လမ္း မေကာင္းတာေတြေၾကာင့္ ေထာက္ပံ႔ႏုိင္ေရး အခက္ေတြ႔ေနတယ္လို႔လည္း ကုလသမဂၢက ေျပာပါတယ္။ အကူအညီ လိုအပ္ေနသူေတြကို လူသားခ်င္း စာနာေထာက္ကူမႈ ဆိုင္ရာ အကူအညီေတြ ပို႔ေဆာင္ေပးႏုိင္ေရး လံုၿခံဳေရး တပ္ဖြဲ႔ေတြက ခြင့္ျပဳေပးဖို႔ အတြက္ ျမန္မာဆိုင္ရာ ကုလသမဂၢ အဖြဲ႔က ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

မြန်မာနိုင်ငံတွင်း လုံခြုံရေးနှင့် စာနာမှုအခြေအနေ ယိုယွင်းလာမှု ကုလစိုးရိမ်

(Unicode)

ကယားပြည်နယ်တွင်းက အရပ်သား နယ်မြေတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေ၊ နောက် တခြားသော အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းကျော် ရှိနေပြီး ဒီအခြေအနေက နိုင်ငံတကာ နယ်စပ်တွေကို မဖြစ်မနေ ဖြတ်ကျော် ဝင်ရောက်ရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောပါတယ်။

“ဒီထဲက အများအပြားဟာဆိုရင် ကယားပြည်နယ်၊ နောက် နယ်ချင်းဆက်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက နယ်ခံ အသိုင်းအဝိုင်းတွေ၊ တောတွေထဲမှာ ဘေးကင်းခိုလှုံနိုင်ရေး ကြိုးစားနေကြရပါတယ်။ ဒီပြသနာကြောင့် လူတွေ အနေနဲ့ နိုင်ငံတကာ နယ်စပ်တွေကို မဖြစ်မနေ ဖြတ်ကျော်လာရနိုင်ကြောင်း” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရမယ့် အရေးစိုးရိမ်ချက်ကြောင့် မြန်မာနိုင်ငံတွင်းက တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ ဆန္ဒပြလှုပ်ရှားကြတဲ့ သာမန် အရပ်သားတွေ သတင်းထောက်တွေ အပါအဝင် နယ်စပ် ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ နယ်စပ်တွေကို သွားဖို့ အခြေအနေ မပေးသူတွေလည်း ဒေသတွင်းက တောတွေထဲမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။

တိုက်ပွဲတွေကြောင့် သက်ရောက် ထိခိုက်ရသူတွေ အတွက် စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ လောင်စာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရေးပေါ် လိုအပ်နေပြီး ကုလသမဂ္ဂက ထောက်ပံ့ဖို့ အဆင့်ရှိနေကြောင်း၊ ဒါပေမယ့်လည်း လုံခြုံရေး တပ်ဖွဲ့တွေက ခရီးသွားလာမှု တားမြစ်ချက်၊ မလုံခြုံမှု၊ လမ်း မကောင်းတာတွေကြောင့် ထောက်ပံ့နိုင်ရေး အခက်တွေ့နေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ အကူအညီ လိုအပ်နေသူတွေကို လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကူအညီတွေ ပို့ဆောင်ပေးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့တွေက ခွင့်ပြုပေးဖို့ အတွက် မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG