သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာပဋိပကၡအတြင္း အရပ္သားေတြကို အကာအကြယ္ေပးၾကဖို႔ ကုလ တိုက္တြန္း


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕က စစ္ေဘးေရွာင္ျပည္သူမ်ား။

ZAWGYI/UNICODE

လုံၿခဳံေရးတပ္ဖြဲ႕ေတြက အရပ္သားေတြ ေနထိုင္တဲ့ေနရာေတြကို "ခြဲျခားမႈမရွိဘဲ သိမ္းႀကံဳး တိုက္ခိုက္ေနတာအပါအဝင္" ကယားျပည္နယ္မွာျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ စသည္အားျဖင့္ ခန႔္မွန္းေျခလူဦးေရ ၁၀၀,၀၀၀ ေလာက္ဟာ ျပည္တြင္းမွာ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရတယ္လို႔ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢအဖြဲ႕က ေျပာပါတယ္။

ျမန္မာႏိုင္ငံ ပဋိပကၡမွာ ပါဝင္ပတ္သက္သူ အားလုံးအေနနဲ႔ အရပ္သားေတြ၊ အရပ္သားေတြနဲ႔သက္ဆိုင္တဲ့ အေျခခံအေဆာက္အဦးေတြကို အကာအကြယ္ေပးဖို႔လည္း ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢအဖြဲ႕ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္တခုမွာ ေတာင္းဆိုထားပါတယ္။

အထူးသျဖင့္ ေဆးကုသတဲ့ေနရာေတြနဲ႔ ေဆးဝန္ထမ္းေတြကို အကာအကြယ္ေပးဖို႔နဲ႔ တိုက္ခိုက္သူနဲ႔ အရပ္သားၾကား ပစ္မွတ္ခြဲျခားဖို႔၊ လိုအပ္မွ ပစ္ခတ္ဖို႔၊ အင္အား အလြန္အကြၽံ အသုံးမျပဳဖို႔နဲ႔ အရပ္သားေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ စတဲ့အေျခခံမူေတြကို လိုက္နာဖို႔လည္း ကုလသမဂၢက ထပ္ၿပီး ေတာင္းဆိုထားပါတယ္။

အိုးအိမ္စြန႔္ ထြက္ေျပးေနရသူေတြ အေရးေပၚလိုအပ္ေနတဲ့ စားနပ္ရိကၡာ၊ ေရ၊ ေနထိုင္စရာ၊ ေလာင္စာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလို လူသားစာနာမႈအကူအညီေတြေပးဖို႔ ကုလသမဂၢနဲ႔ မိတ္ဖက္အဖြဲ႕အစည္းေတြမွာ အကူအညီေတြ အဆင္သင့္ရွိေနေပမယ့္ လုံၿခဳံေရးတပ္ဖြဲ႕ေတြက အသြားအလာ ကန႔္သတ္ထားတာ၊ လမ္းပန္းဆက္သြယ္ေရး မေကာင္းတာေတြေၾကာင့္ အကူအညီေတြေပးဖို႔ ၾကန႔္ၾကာေနတယ္လို႔လည္း ကုလသမဂၢကေျပာပါတယ္။

ကယားျပည္နယ္အပါအဝင္ တျခား ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာရွိတဲ့ လူသားစာနာမႈအကူအညီ အေရးတႀကီး လိုအပ္ေနသူေတြဆီ အကူအညီေတြ တိုက္႐ိုက္သြားေပးခြင့္ျပဳဖို႔လည္း လုံၿခဳံေရးတပ္ဖြဲ႕ေတြကို ကုလသမဂၢအဖြဲ႕က ေတာင္းဆိုထားပါတယ္။

ZAWGYI/UNICODE

လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို "ခွဲခြားမှုမရှိဘဲ သိမ်းကြံုး တိုက်ခိုက်နေတာအပါအဝင်" ကယားပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စသည်အားဖြင့် ခန့်မှန်းခြေလူဦးရေ ၁၀၀,၀၀၀ လောက်ဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ အရပ်သားတွေ၊ အရပ်သားတွေနဲ့သက်ဆိုင်တဲ့ အခြေခံအဆောက်အဦးတွေကို အကာအကွယ်ပေးဖို့လည်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်တခုမှာ တောင်းဆိုထားပါတယ်။

အထူးသဖြင့် ဆေးကုသတဲ့နေရာတွေနဲ့ ဆေးဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့နဲ့ တိုက်ခိုက်သူနဲ့ အရပ်သားကြား ပစ်မှတ်ခွဲခြားဖို့၊ လိုအပ်မှ ပစ်ခတ်ဖို့၊ အင်အား အလွန်အကျွံ အသုံးမပြုဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ စတဲ့အခြေခံမူတွေကို လိုက်နာဖို့လည်း ကုလသမဂ္ဂက ထပ်ပြီး တောင်းဆိုထားပါတယ်။

အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေ အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ရေ၊ နေထိုင်စရာ၊ လောင်စာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို လူသားစာနာမှုအကူအညီတွေပေးဖို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေမှာ အကူအညီတွေ အဆင်သင့်ရှိနေပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေက အသွားအလာ ကန့်သတ်ထားတာ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေကြောင့် အကူအညီတွေပေးဖို့ ကြန့်ကြာနေတယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။

ကယားပြည်နယ်အပါအဝင် တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ လူသားစာနာမှုအကူအညီ အရေးတကြီး လိုအပ်နေသူတွေဆီ အကူအညီတွေ တိုက်ရိုက်သွားပေးခွင့်ပြုဖို့လည်း လုံခြုံရေးတပ်ဖွဲ့တွေကို ကုလသမဂ္ဂအဖွဲ့က တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG