သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္း ယင္းမာပင္ စစ္တပ္စီးနင္းတဲ႔ရြာ လူထုေထာင္ခ်ီ ထြက္ေျပး


မွတ္တမ္းဓါတ္ပံု- ေမလ ၇ ရက္ကေတြ႔ရတဲ့ စစ္ကိုင္းတိုင္း တြင္းရွိ စစ္ေရွာင္မ်ား

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ယင္းမာပင္ျမဳိ႕နယ္ စည္ေလွာင္ေက်းရြာအုပ္စုက ဆႏၵျပ ေဒသခံေတြကို စစ္ေကာင္စီတပ္က ဇြန္လ(၆)ရက္ေန႔မွာ လာေရာက္ပစ္ခတ္တဲ့အတြက္ လူငယ္တဦး ေသဆုံးၿပီး တခ်ဳိ႕ ဒဏ္ရာရရွိသြားတယ္လို႔ ေဒသခံေတြနဲ႔ ဒုကၡသည္ေတြ ကူညီေပးေနသူ တခ်ဳိ႕က ေျပာပါတယ္။ ေဒသခံေတြက လက္လုပ္ေသနတ္အနည္းငယ္နဲ႔ ျပန္လည္ ခုခံခဲ့ၿပီးေနာက္ စစ္တပ္က ဝင္ေရာက္ စီးနင္းပစ္ခတ္တဲ့အတြက္ ေထာင္ခ်ီတဲ့ ရြာသားေတြ ထြက္ေျပး တိမ္းေရွာင္ေနၾကရတာပါ။ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ယင္းမာပင္ျမဳိ႕ကေန (၁၀)မိုင္ေလာက္ေဝးတဲ့ စည္ေလွာင္ေက်းရြာအုပ္စုမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ေန႔စဥ္နီးပါး လုပ္လာခဲ့ၿပီး စစ္တပ္ကလည္း မၾကာခဏဆိုသလို လာဝိုင္းေလ့ရွိတာပါ။ အရင္က စစ္တပ္ေရာက္လာရင္ ေခတၱ တိမ္းေရွာင္ခဲ့ၾကေပမယ့္ ၊ ဒီတနဂၤေႏြေန႔မွာေတာ့ စစ္တပ္က ရြာထဲကို ဝင္ေရာက္စီးနင္းတဲ့အတြက္ လူငယ္တခ်ဳိ႕က ျပန္ခုခံခဲ့ၾကတယ္လို႔ ထြက္ေျပးတိမ္းေရွာင္လာတဲ့ ေဒသခံ ကိုသာေအာင္က ေျပာပါတယ္။

“မေန႔က ၁၀ နာရီပိုင္းေလာက္က ျဖစ္တယ္အကို ၁၀ နာရီပိုင္းေလာက္က ရြာေျမာက္ဘက္က ေတာင္ေျခမွာခင္ဗ်။ က်ေနာ္တို႔ဆီမွာ ဆႏၵျပပြဲလုပ္လုိ႔ သူတို႔က လာေခ်ာင္းတာအကို လာေတာ့ ျပည္သူလူထုက ေၾကာက္ေတာ့ ေျပးေနၾကတာအကို ။ ပုန္းေရွာင္ေနၾကတာေပါ့။ ရြာေဘးေတြမွာေပါ့ဗ်ာ ။ အဲဒီကေနၿပီး ကေလးေတြက ေတာထဲေတာင္ထဲမွာ ေနၾကထိုင္ၾကရတာဆိုေတာ့ ပုန္းေရွာင္ရင္း ပုန္းေရွာင္ရင္ ခံျပင္းစိတ္ေတြမ်ားၿပီး ဒီလို ရက္စက္မႈေတြကမ်ားေတာ့ သြားၿပီးကေလးေတြက သူတို႔ရဲ႕ ေဘာေစ့ ေသနတ္ေလးေတြတို႔ဘာေလးေတြတို႔နဲ႔ ေစာင့္ေနၾကတာေပါ့။ အဲဒါနဲ႔ သူတို႔က လက္နက္ႀကီးသံုးတာနဲ႔ ၀င္ေတြ႔တယ္ေလ။ စစ္ေကာင္စီအင္အားက ၅၀ ေက်ာ္ေလာက္ရွိမွာခင္ဗ်။”

အခုလို ျပန္လည္ခုခံမႈအတြင္း အသက္(၁၉)ႏွစ္အရြယ္ လူငယ္တဦး ေသဆုံးသြားရတယ္လို႔ သူက ဆက္ေျပာပါတယ္။

“က်ေနာ္တို႔ဘက္က ရြာထဲမ၀င္ရဘူး ခုခံတာကို သူတို႔က စၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ အသံုးခ်လာတာဆိုေတာ့ ေနာက္ၿပီး ကေလးေတြက ေၾကာက္ၿပီးတန္းေျပးတာေလ။ တန္းေျပးတဲ့အခ်ိန္မွာ ကေလးတေယာက္က ၁၉ ႏွစ္အရြက္ေလာက္ ခင္ဗ် လြတ္ေအာင္မေျပးႏိုင္တာကို သူတို႔လက္နက္ႀကီးနဲ႔ သံုးတဲ့အထဲ မိသြားတယ္။ က်န္တဲ့ကေလးေတြကေတာ့ ဒဏ္ရာရတာေပါ့။ မေန႔က တေနကုန္နဲ႔ ဒီေန႔မနက္ခင္းကို ျပန္မေကာက္ရဲဘူးခင္ဗ်။ ေန႔လည္ပိုင္းက်မွ သူတို႔ မရွိေတာ့ဘူးဆိုမွ ျပန္ေကာက္ခဲ့တာေပါ့ခင္ဗ်။ နည္းနည္းရုပ္ပ်က္တာေပါ့။”

ျပန္လည္ပစ္ခတ္မႈအတြင္း စစ္ေကာင္စီတပ္ဖက္က ထိခိုက္မႈ ရွိမရွိဆိုတာ သိရေအာင္ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို VOA က တနလၤာညပိုင္းမွာ ေမးျမန္းဖို႔ ႀကဳိးစားေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

စည္ေလွာင္ေက်းရြာအုပ္စုက အသက္ေဘး တိမ္းေရွာင္လာသူ အမ်ားစုဟာ ေတာေတြထဲမွာ ပုန္းခိုေနရၿပီး ၊ တခ်ဳိ႕ရြာသားေတြကိုေတာ့ နီးစပ္ရာ ရြာေတြက ဝိုင္းဝန္းကူညီ ေစာင့္ေရွာက္ ထားတယ္လို႔ ယင္းမာပင္ျမဳိ႕နယ္ထဲက ေဒသခံ ေဒၚေမေလးက ေျပာပါတယ္။

“ရြာသားေတြက နီးစပ္ရာ ရြာေတြကို ေျပးလာၾကတာဆိုေတာ့ က်မတို႔ နီးစပ္ရာ ရြာေတြက ေကၽြးထားရတာရွင့္။ အကုန္လံုး လူခြဲၿပီးေတာ့ ဘုန္းႀကီးေက်ာင္းေတြေျပးတဲ့လူေျပး အဲလိုေနေနတာ ။ တခ်ိဳ႕လည္း ေတာထဲမွာ ယာခင္းရွိတဲ့လူေတြကလည္း ေတာထဲမွာေနတာေပါ့။ ထန္းတက္တဲ့လူကလည္း ထန္းတဲေလးမွာပဲ ေနၾကတာေပါ့ အဲလိုမ်ိဳးေတြ ေတာထဲမွာ ေနၾကတာေတြမ်ားတယ္။ ေျပးရင္းလႊားရင္းနဲ႔ ေလေတြလည္းတိုက္တယ္၊ မိုးေတြကလည္း ရြာတယ္ ေတာ္ေတာ္ေလး သူတို႔ ဒုကၡေရာက္ၾကတယ္ေပါ့ အဲလိုေတာ့ရွိတယ္။ တကယ္လို႔ ဆက္ၿပီးေတာ့ မိုးရြာမယ္ဆိုရင္ေတာ့ က်န္းမာေရးစိုးရိမ္ရတယ္။ ဒီေန႔ေတာ့မိုး မရြာဘူး၊ မေန႔က မိုးရြာတယ္။”

အခုဇြန္လဟာ မိုးအားေကာင္းတဲ့အခ်ိန္ ေရာက္လာၿပီမို႔ ထြက္ေျပးတိမ္းေရွာင္ေနသူေတြ ေရရွည္မွာ အခက္အခဲေတြ ရွိလာမွာ ျဖစ္တယ္လို႔ ေဒသခံ ကိုသာေအာင္က ေျပာပါတယ္။

“အမ်ားစုကေတာ့ ယာခင္းေသးေသးေလးေတြမွာ တဲေလးေတြေဆာက္ၿပီး တခ်ိဳ႕လည္းေနၾကတယ္ေလ။ ေရရွည္စိုးရိမ္ေၾကာင့္ၾကမႈေတြကေတာ့ က်န္းမာေရးပိုင္းက႑ကေတာ့ လက္ေတြ႕ ျမင္ေတြ႔ရမယ္ထင္တာပဲ ၊ ေနပူဒဏ္ ေနျပင္းတာနဲ႔ ရာသီဥတုကလည္း မိုးရြာခ်ိန္ေရာက္ၿပီေလ။ အဲဒီမွာ မိုးပိုင္းက႑မွာ ရြာမယ္ဆိုရင္လည္း အခက္အခဲက ပိုဆိုးတယ္။ အဲဒီအညာပိုင္းက႑ေတြမွာ မိုးရြာမယ္ဆိုရင္ ေအာက္က ပိုးမြားတိရိစာၦန္ေတြက မလြယ္ဘူးေလ ၊ အကုန္အခက္အခဲေတြေျပာရမယ္ဆိုရင္ေတာ့။”

စည္ေလွာင္ေက်းရြာအုပ္စုမွာ စည္ေလွာင္၊ ေအာင္ခ်မ္းသာ ၊ ေအာင္ခ်မ္းေအး ရြာ(၃)ရြာ စုေဝးေနၾကတာျဖစ္ၿပီး အိမ္ေျခေပါင္း (၁၃၀၀)ေက်ာ္ ဝန္းက်င္မွာရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

စစ်ကိုင်း ယင်းမာပင် စစ်တပ်စီးနင်းတဲ့ရွာ လူထုထောင်ချီ ထွက်ပြေး

(Unicode)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စည်လှောင်ကျေးရွာအုပ်စုက ဆန္ဒပြ ဒေသခံတွေကို စစ်ကောင်စီတပ်က ဇွန်လ(၆)ရက်နေ့မှာ လာရောက်ပစ်ခတ်တဲ့အတွက် လူငယ်တဦး သေဆုံးပြီး တချို့ ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေ ကူညီပေးနေသူ တချို့က ပြောပါတယ်။ ဒေသခံတွေက လက်လုပ်သေနတ်အနည်းငယ်နဲ့ ပြန်လည် ခုခံခဲ့ပြီးနောက် စစ်တပ်က ဝင်ရောက် စီးနင်းပစ်ခတ်တဲ့အတွက် ထောင်ချီတဲ့ ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ယင်းမာပင်မြို့ကနေ (၁၀)မိုင်လောက်ဝေးတဲ့ စည်လှောင်ကျေးရွာအုပ်စုမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်နီးပါး လုပ်လာခဲ့ပြီး စစ်တပ်ကလည်း မကြာခဏဆိုသလို လာဝိုင်းလေ့ရှိတာပါ။ အရင်က စစ်တပ်ရောက်လာရင် ခေတ္တ တိမ်းရှောင်ခဲ့ကြပေမယ့် ၊ ဒီတနင်္ဂနွေနေ့မှာတော့ စစ်တပ်က ရွာထဲကို ဝင်ရောက်စီးနင်းတဲ့အတွက် လူငယ်တချို့က ပြန်ခုခံခဲ့ကြတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ ကိုသာအောင်က ပြောပါတယ်။

“မနေ့က ၁၀ နာရီပိုင်းလောက်က ဖြစ်တယ်အကို ၁၀ နာရီပိုင်းလောက်က ရွာမြောက်ဘက်က တောင်ခြေမှာခင်ဗျ။ ကျနော်တို့ဆီမှာ ဆန္ဒပြပွဲလုပ်လို့ သူတို့က လာချောင်းတာအကို လာတော့ ပြည်သူလူထုက ကြောက်တော့ ပြေးနေကြတာအကို ။ ပုန်းရှောင်နေကြတာပေါ့။ ရွာဘေးတွေမှာပေါ့ဗျာ ။ အဲဒီကနေပြီး ကလေးတွေက တောထဲတောင်ထဲမှာ နေကြထိုင်ကြရတာဆိုတော့ ပုန်းရှောင်ရင်း ပုန်းရှောင်ရင် ခံပြင်းစိတ်တွေများပြီး ဒီလို ရက်စက်မှုတွေကများတော့ သွားပြီးကလေးတွေက သူတို့ရဲ့ ဘောစေ့ သေနတ်လေးတွေတို့ဘာလေးတွေတို့နဲ့ စောင့်နေကြတာပေါ့။ အဲဒါနဲ့ သူတို့က လက်နက်ကြီးသုံးတာနဲ့ ဝင်တွေ့တယ်လေ။ စစ်ကောင်စီအင်အားက ၅၀ ကျော်လောက်ရှိမှာခင်ဗျ။”

အခုလို ပြန်လည်ခုခံမှုအတွင်း အသက်(၁၉)နှစ်အရွယ် လူငယ်တဦး သေဆုံးသွားရတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်က ရွာထဲမဝင်ရဘူး ခုခံတာကို သူတို့က စပြီးတော့ လက်နက်ကြီးတွေနဲ့ အသုံးချလာတာဆိုတော့ နောက်ပြီး ကလေးတွေက ကြောက်ပြီးတန်းပြေးတာလေ။ တန်းပြေးတဲ့အချိန်မှာ ကလေးတယောက်က ၁၉ နှစ်အရွက်လောက် ခင်ဗျ လွတ်အောင်မပြေးနိုင်တာကို သူတို့လက်နက်ကြီးနဲ့ သုံးတဲ့အထဲ မိသွားတယ်။ ကျန်တဲ့ကလေးတွေကတော့ ဒဏ်ရာရတာပေါ့။ မနေ့က တနေကုန်နဲ့ ဒီနေ့မနက်ခင်းကို ပြန်မကောက်ရဲဘူးခင်ဗျ။ နေ့လည်ပိုင်းကျမှ သူတို့ မရှိတော့ဘူးဆိုမှ ပြန်ကောက်ခဲ့တာပေါ့ခင်ဗျ။ နည်းနည်းရုပ်ပျက်တာပေါ့။”

ပြန်လည်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖက်က ထိခိုက်မှု ရှိမရှိဆိုတာ သိရအောင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို VOA က တနင်္လာညပိုင်းမှာ မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စည်လှောင်ကျေးရွာအုပ်စုက အသက်ဘေး တိမ်းရှောင်လာသူ အများစုဟာ တောတွေထဲမှာ ပုန်းခိုနေရပြီး ၊ တချို့ရွာသားတွေကိုတော့ နီးစပ်ရာ ရွာတွေက ဝိုင်းဝန်းကူညီ စောင့်ရှောက် ထားတယ်လို့ ယင်းမာပင်မြို့နယ်ထဲက ဒေသခံ ဒေါ်မေလေးက ပြောပါတယ်။

“ရွာသားတွေက နီးစပ်ရာ ရွာတွေကို ပြေးလာကြတာဆိုတော့ ကျမတို့ နီးစပ်ရာ ရွာတွေက ကျွေးထားရတာရှင့်။ အကုန်လုံး လူခွဲပြီးတော့ ဘုန်းကြီးကျောင်းတွေပြေးတဲ့လူပြေး အဲလိုနေနေတာ ။ တချို့လည်း တောထဲမှာ ယာခင်းရှိတဲ့လူတွေကလည်း တောထဲမှာနေတာပေါ့။ ထန်းတက်တဲ့လူကလည်း ထန်းတဲလေးမှာပဲ နေကြတာပေါ့ အဲလိုမျိုးတွေ တောထဲမှာ နေကြတာတွေများတယ်။ ပြေးရင်းလွှားရင်းနဲ့ လေတွေလည်းတိုက်တယ်၊ မိုးတွေကလည်း ရွာတယ် တော်တော်လေး သူတို့ ဒုက္ခရောက်ကြတယ်ပေါ့ အဲလိုတော့ရှိတယ်။ တကယ်လို့ ဆက်ပြီးတော့ မိုးရွာမယ်ဆိုရင်တော့ ကျန်းမာရေးစိုးရိမ်ရတယ်။ ဒီနေ့တော့မိုး မရွာဘူး၊ မနေ့က မိုးရွာတယ်။”

အခုဇွန်လဟာ မိုးအားကောင်းတဲ့အချိန် ရောက်လာပြီမို့ ထွက်ပြေးတိမ်းရှောင်နေသူတွေ ရေရှည်မှာ အခက်အခဲတွေ ရှိလာမှာ ဖြစ်တယ်လို့ ဒေသခံ ကိုသာအောင်က ပြောပါတယ်။

“အများစုကတော့ ယာခင်းသေးသေးလေးတွေမှာ တဲလေးတွေဆောက်ပြီး တချို့လည်းနေကြတယ်လေ။ ရေရှည်စိုးရိမ်ကြောင့်ကြမှုတွေကတော့ ကျန်းမာရေးပိုင်းကဏ္ဍကတော့ လက်တွေ့ မြင်တွေ့ရမယ်ထင်တာပဲ ၊ နေပူဒဏ် နေပြင်းတာနဲ့ ရာသီဥတုကလည်း မိုးရွာချိန်ရောက်ပြီလေ။ အဲဒီမှာ မိုးပိုင်းကဏ္ဍမှာ ရွာမယ်ဆိုရင်လည်း အခက်အခဲက ပိုဆိုးတယ်။ အဲဒီအညာပိုင်းကဏ္ဍတွေမှာ မိုးရွာမယ်ဆိုရင် အောက်က ပိုးမွားတိရိစ္ဆာန်တွေက မလွယ်ဘူးလေ ၊ အကုန်အခက်အခဲတွေပြောရမယ်ဆိုရင်တော့။”

စည်လှောင်ကျေးရွာအုပ်စုမှာ စည်လှောင်၊ အောင်ချမ်းသာ ၊ အောင်ချမ်းအေး ရွာ(၃)ရွာ စုဝေးနေကြတာဖြစ်ပြီး အိမ်ခြေပေါင်း (၁၃၀၀)ကျော် ဝန်းကျင်မှာရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG