(Zawgyi/Unicode)
စစ္ကိုင္းတိုင္း တန္႔ဆည္ၿမိဳ႕မွာ တန္႔ဆည္ျပည္သူ႔ရဲေဘာ္အဖြဲ႕က စစ္ေကာင္စီနဲ႔နီးစပ္သူတဦးကို ေသနတ္နဲ႔ပစ္ခတ္ခဲ့ေသဆံုးသြားခဲ့ပါတယ္။ ဒါ့အျပင္ မေကြးတိုင္း ဂန္႔ေဂါၿမိဳ႕နယ္ဘက္က ေက်းရြာေတြမွာလည္း စစ္ေကာင္စီတပ္ေတြနဲ႔ ေက်းရြာကာကြယ္ေရးအဖြဲ႕ေတြ ပစ္ခတ္တာေတြ ျဖစ္ေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ရဲမြန္ ကေျပာျပပါမယ္။
စစ္ကိုင္းတိုင္း တန္႔ဆည္ၿမိဳ႕မွာ ဒီကေန႔ ဇြန္ ၂ ရက္ မနက္အေစာပိုင္းမွာ စစ္ေကာင္စီက ခန္႔ထားတဲ့ ေပၚဦးရပ္ကြက္က အုပ္ခ်ဳပ္ေရးမွဴးကို ေသနတ္နဲ႔ပစ္ခတ္ခဲ့လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲထြန္းမွာ ေသဆံုးသြားပါတယ္။
ဒီကေန႔ မနက္အေျခအေနနဲ႔ပတ္သက္လို႔ တန္႔ဆည္ၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။
“မနက္က ၇ နာရီေက်ာ္ေက်ာ္ပါခင္ဗ်။ သူလဖက္ရည္ဆိုင္ကအျပန္ သူ႔အိမ္ေရွ႕နားမွာလို႔ ေျပာလို႔ရပါတယ္ခင္ဗ်။ ေသနတ္ကပစ္တာ ၄ ခ်က္အပစ္ခံရတာ ၃ ခ်က္က ထိတယ္။ ကြ်န္ေတာ္တို႔ က်ည္ခြံေတြ႕တဲ့အတြက္ က်ည္ခြံက ပစၥတိုလို႔ ယူဆလို႔ရတယ္ခင္ဗ်။ လက္ေမာင္း တခ်က္ထိတယ္။ ရင္ညြန္႔တခ်က္ထိတယ္။ ပခံုးကိုတခ်က္ထိတယ္။ အရင္ဦးသိန္းစိန္ လက္ထက္တုန္းကလည္း ရပ္ေက်းဥကၠဌ လုပ္ခဲ့ဖူးတယ္။ ေဒၚေအာင္ဆန္းစုၾကည္ လက္ထက္ေရာက္ေတာ့ ရပ္ေက်းဥကၠဌက နားၿပီး လက္ရွိ ဒီစစ္အစိုးရလက္ထက္ေရာက္ေတာ့လည္း ဥကၠဌ တာ၀န္ထမ္းေဆာင္ေနတာ။”
ေမ ၂၉ ရက္က တန္႔ဆည္ၿမိဳ႕အနီးက ကေပါင္းက်ေက်းရြာကို စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္ရွာေဖြတာေတြ ျပဳလုပ္ခဲ့တာရွိၿပီး အဲ့ဒီရွာေဖြမႈအေပၚမွာ အခုေသနတ္နဲ႔ပစ္ခံရတဲ့ ဦးရဲထြန္းမွာ သတင္းေပးခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက ယံုၾကည္ေနၾကပါတယ္။ ဦးရဲထြန္းကို ေသနတ္နဲ႔ပစ္ခတ္သူေတြဟာ တန္႔ဆည္ျပည္သူ႔ ရဲေဘာ္ အဖြဲ႕ျဖစ္ၿပီး တျခား ရပ္ေက်းဥကၠဌေတြအေနနဲ႔ စစ္ေကာင္စီနဲ႔ ပူးေပါင္းၿပီး ျပည္သူေတြကို ဒုကၡေပးမယ္ဆိုရင္ အခုလို ျဖစ္ရပ္ေတြ ျဖစ္လာႏိုင္တယ္လို႔ တန္႔ဆည္ ျပည္သူ႔ရဲေဘာ္အဖြဲ႕က သူတို႔ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ မေကြးတိုင္း ဂန္႔ေဂါၿမိဳ႕နယ္ဘက္က ေက်းရြာေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေက်းရြာကာကြယ္ေရး အဖြဲ႕ေတြ ပစ္ခတ္တာေတြ ျဖစ္ပြားေနပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။
“ေျမာက္ကုန္းရြာ ျမင္သား ေျမာက္ကုန္းရြာဗ်။ ရြာထဲ၀င္လာမွာ ဆိုးလို႔လူငယ္ေတြက ေစာင့္ေနတာ။ PDF အဖြဲ႕ေတြက ေစာင့္ေနတာကေန ေစာင့္မွန္းသိေတာ့ လက္နက္ႀကီးနဲ႔ထုတယ္။ သူတို႔က ဒလန္ေတြက ေခၚလာတာ။ ဒလန္က လက္နက္ေတြ ရွိတယ္ အဖြဲ႕အစည္းေတြရွိတယ္ဆိုၿပီး ေခၚတာကေနမွ လာၿပီးေတာ့ ရွာတာေပါ့။ မရွာခင္မွာ ရြာေတြက ေစာင့္မွန္းသိေတာ့ ေတာေတြ ေတာင္ေတြကို လက္နက္ႀကီးနဲ႔ထုေတာ့တာေပါ့။”
ၿပီးခဲ့တဲ့ ေမ ၂၈ ရက္ကလည္း ဂန္႔ေဂါၿမိဳ႕နယ္ ရဲလွ ႏွမ္းခါးေက်းရြာေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေက်းရြာ ကာကြယ္ေရးအဖြဲ႕ေတြ ပစ္ခတ္တာေတြျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ ရွိခဲ့သလို ေနအိမ္ေတြကိုလည္း မီးရိႈ႕သြားၿပီး ေဒသခံရြာသား ၃ ဦးေသဆံုးခဲ့ေသးသလို စစ္ေကာင္စီတပ္ေတြ လာေရာက္ရွာေဖြတာေၾကာင့္ ေက်းရြာအတြင္း ေနထိုင္သူေတြဟာ နီးစပ္ရာ ေက်းရြာေတာေတာင္ေတြထဲ ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။
......................................................
တန့်ဆည်မြို့နယ် ရပ်ကျေးဥက္ကဌ တဦး သေနတ်ပစ်ခံ သေဆုံး
(Unicode)
စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က စစ်ကောင်စီနဲ့နီးစပ်သူတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တာတွေ ဖြစ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ရဲမွန် ကပြောပြပါမယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ ဒီကနေ့ ဇွန် ၂ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက ခန့်ထားတဲ့ ပေါ်ဦးရပ်ကွက်က အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းမှာ သေဆုံးသွားပါတယ်။
ဒီကနေ့ မနက်အခြေအနေနဲ့ပတ်သက်လို့ တန့်ဆည်မြို့ခံတဦးက အခုလိုပြောပါတယ်။
“မနက်က ၇ နာရီကျော်ကျော်ပါခင်ဗျ။ သူလဖက်ရည်ဆိုင်ကအပြန် သူ့အိမ်ရှေ့နားမှာလို့ ပြောလို့ရပါတယ်ခင်ဗျ။ သေနတ်ကပစ်တာ ၄ ချက်အပစ်ခံရတာ ၃ ချက်က ထိတယ်။ ကျွန်တော်တို့ ကျည်ခွံတွေ့တဲ့အတွက် ကျည်ခွံက ပစ္စတိုလို့ ယူဆလို့ရတယ်ခင်ဗျ။ လက်မောင်း တချက်ထိတယ်။ ရင်ညွန့်တချက်ထိတယ်။ ပခုံးကိုတချက်ထိတယ်။ အရင်ဦးသိန်းစိန် လက်ထက်တုန်းကလည်း ရပ်ကျေးဥက္ကဌ လုပ်ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်တော့ ရပ်ကျေးဥက္ကဌက နားပြီး လက်ရှိ ဒီစစ်အစိုးရလက်ထက်ရောက်တော့လည်း ဥက္ကဌ တာဝန်ထမ်းဆောင်နေတာ။”
မေ ၂၉ ရက်က တန့်ဆည်မြို့အနီးက ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တာရှိပြီး အဲ့ဒီရှာဖွေမှုအပေါ်မှာ အခုသေနတ်နဲ့ပစ်ခံရတဲ့ ဦးရဲထွန်းမှာ သတင်းပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ ဦးရဲထွန်းကို သေနတ်နဲ့ပစ်ခတ်သူတွေဟာ တန့်ဆည်ပြည်သူ့ ရဲဘော် အဖွဲ့ဖြစ်ပြီး တခြား ရပ်ကျေးဥက္ကဌတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးမယ်ဆိုရင် အခုလို ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်လို့ တန့်ဆည် ပြည်သူ့ရဲဘော်အဖွဲ့က သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာကာကွယ်ရေး အဖွဲ့တွေ ပစ်ခတ်တာတွေ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။
“မြောက်ကုန်းရွာ မြင်သား မြောက်ကုန်းရွာဗျ။ ရွာထဲဝင်လာမှာ ဆိုးလို့လူငယ်တွေက စောင့်နေတာ။ PDF အဖွဲ့တွေက စောင့်နေတာကနေ စောင့်မှန်းသိတော့ လက်နက်ကြီးနဲ့ထုတယ်။ သူတို့က ဒလန်တွေက ခေါ်လာတာ။ ဒလန်က လက်နက်တွေ ရှိတယ် အဖွဲ့အစည်းတွေရှိတယ်ဆိုပြီး ခေါ်တာကနေမှ လာပြီးတော့ ရှာတာပေါ့။ မရှာခင်မှာ ရွာတွေက စောင့်မှန်းသိတော့ တောတွေ တောင်တွေကို လက်နက်ကြီးနဲ့ထုတော့တာပေါ့။”
ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ဂန့်ဂေါမြို့နယ် ရဲလှ နှမ်းခါးကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာ ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့သွားပြီး ဒေသခံရွာသား ၃ ဦးသေဆုံးခဲ့သေးသလို စစ်ကောင်စီတပ်တွေ လာရောက်ရှာဖွေတာကြောင့် ကျေးရွာအတွင်း နေထိုင်သူတွေဟာ နီးစပ်ရာ ကျေးရွာတောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။