သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လ်ွပ္တျပက္ဆႏၵျပမႈတခ်ိဳ႕ျဖစ္ေနဆဲ၊ ႐ုပ္ရွင္မင္းသားဇင္ဝိုင္းျပန္လြတ္


စိန္ေခၚမႈေတြၾကားက ရန္ကုန္က စစ္အာဏာသိမ္း ဆႏၵျပပြဲတခု (ဓာတ္ပံု- AP)

(Zawgyi/Unicode)
စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ဆႏၵျပပဲြေတြကို ရန္ကုန္၊ မႏၱေလး၊ မံု႐ြာ၊ ဆားလင္းႀကီး စတဲ့ ၿမိဳ႕ေတြမွာ ဒီေန႔လည္း လုပ္ခဲ့ၾကပါတယ္။ ဆႏၵျပလို႔ အဖမ္းခံခဲ့ရတဲ့ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ ဇင္ဝိုင္းကေတာ့ ဒီေန႔ျပန္လြတ္လာပါတယ္။ ဒီေန႔ျမန္မာႏိုင္ငံတဝန္းက ေနာက္ဆုံးအေျခအေနေတြ ရန္ကုန္ကသတင္းေပးပို႔ထားတာကို မဆုမြန္ ကေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕က စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဆႏၵျပေနၾကတဲ့ လူငယ္ေတြက အလံုၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တို႔မွာ လမ္းေပၚထြက္ လ ွ်ပ္တျပက္ ဆႏၵျပမႈေတြ လုပ္ခဲ့ၾကပါတယ္။ သာေကတၿမိဳနယ္မွာလည္း အိမ္တြင္းသပိတ္တစ္ခ်ိဳ႕ လုပ္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

စစ္ကိုင္းတိုင္း မုံ႐ြာမွာ ဒီကေန႔မနက္ပိုင္းက မုံ႐ြာတကၠသိုလ္ေက်ာင္းသားေက်ာင္းသူေတြ ဦးေဆာင္ၿပီး ေတာင္တန္းျပည္မ ညီၫြတ္ၾကသည္ ဆိုတဲ့ ေခါင္းစီးစာတန္းကိုင္ေဆာင္ၿပီး အမွတ္ ၁၆ တပ္စြဲထားတဲ့ ေနရာနားမွာ လွည့္လည္ဆႏၵျပခဲ့ၾကပါတယ္။ မုံ႐ြာၿမိဳ႕ ပင္မသပိတ္စစ္ေၾကာင္းကလည္း မုံ႐ြာကိုလုံးဝ အုပ္ခ်ဳပ္ခြင့္မရေစရဆိုတဲ့ ေခါင္းစည္းစာတန္းကိုင္ေဆာင္ၿပီး ဆႏၵျပၾကပါတယ္။ မုံ႐ြာၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ ဖဲြ႔တာကို အားေပးတဲ့ လႈပ္႐ွားမႈေတြလည္း လုပ္ခဲ့ၾကတယ္လို႔ မံု႐ြာသပိတ္ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

“အဓိကကေတာ့ သပိတ္ေကာ္မတီကေတာ့ သူတို႔အတိုင္းပဲ အၾကမ္းမဖက္ လႈပ္ရွားမႈကို ဆက္လက္ၿပီးေတာ့ လမ္းမေတြေပါမွာ ျပသြားမွာေပါ့ေႏွာ္။ ဒီျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက က်ေတာ့လည္း သူတို႔ထုတ္ျပန္ထားတဲ့ ရည္႐ြယ္ခ်က္ထဲမွာ ပါတဲ့ အတိုင္းပဲေပါ့ေႏွာ္ ဒီက်င့္ဝတ္ေတြကို လိုက္နာၿပီးေတာ့ ျပည္သူေတြရဲ႕ အသက္ အိုးအိမ္စည္းစိမ္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ေပါ့ တက္ႏိုင္တဲ့နည္းလမ္းေတြနဲ႔လုပ္ဖို႔ ျပင္ဆင္ေနတယ္ေပါ့ေႏွာ္။ တစ္ဖက္နဲ႔ တစ္ဖက္ကေတာ့ အျပန္အလွန္ အေထာက္အကူျပဳတယ္ဗ်။”


စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕တစ္ဖက္ျခမ္းမွာရွိတဲ့ ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္တို႔က ႐ြာေပါင္း ၂၀ ေက်ာ္စုေပါင္းတဲ့ ဆႏၵျပသူေတြကလည္း ေန႔စဥ္ မျပတ္ခ်ီတက္ ဆႏၵျပေနၾကပါတယ္။ လူထုလံုၿခံဳေရးအတြက္လည္း ဆက္လက္လုပ္သြားမယ္လို႔ ႐ြာေပါင္းစုံသပိတ္စစ္ေၾကာင္းရဲ႕ ဦးေဆာင္ေကာ္မတီ အဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

“အင္အား ၁၀၀၀ ခန္႔နဲ႔ ႐ြာေပါင္းစုံသပိတ္စစ္ေၾကာင္းေတြ ဒီေန႔ ၈၉ ရက္ေျမာက္အျဖစ္ ခ်ီတက္ပါတယ္။ ဒါက ဆားလင္းႀကီးၿမိဳ႕နယ္ ေျမာက္ျခမ္းနဲ႔ ယင္းမာပင္ၿမိဳ႕နယ္ အေရွ႕ျခမ္းတို႔ စုေပါင္းၿပီးေတာ့ ဒီေန႔ ၈၉ ရက္ေျမာက္ေန႔အျဖစ္ ထြက္ပါတယ္ခင္ဗ်။ ကြၽန္ေတာ္တို႔က မုံ႐ြာ ပုသိမ္လမ္းေဘးက ေက်း႐ြာေတြျဖစ္တဲ့အတြက္ လမ္းမထက္ေတြကို တတ္ႏိုင္သမွ်ဆက္ၿပီးေတာ့ ခ်ီတက္ပါမယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ လူထုသပိတ္တိုက္ပြဲေတြဟာ ေနာက္ဆုံးအဆင့္ လက္နက္ကိုင္တိုက္ပြဲေတြကို ဆင္ႏြဲၾကခင္ကာကအထိ ကြၽန္ေတာ္တို႔ ရႏိုင္သမွ် ကြၽန္ေတာ္တို႔ ဆက္လက္ ခ်ီတက္သြားမယ္။ ၿပီးရင္ ဒီလို သပိတ္တိုက္ပြဲေတြရဲ႕ အေရးပါမႈေတြကို ဆက္ၿပီးလုပ္လို႔ရတဲ့ ပုံစံမ်ိဳးစုံနဲ႔ ဘယ္လိုမ်ိဳး အခက္အခဲေတြ ရွိပါေစ၊ ကြၽန္ေတာ္တို႔ေနာက္မွာ ျပည္သူေတြ ယုံၾကည္စြာနဲ႔လိုက္ပါေနၿပီျဖစ္တဲ့အတြက္ ဒီလူထုရဲ႕ လုံၿခဳံေရးကို ကြၽန္ေတာ္တို႔က စနစ္တက် သပိတ္ေကာ္မတီေတြနဲ႔ စုဖြဲ႕ၿပီးေတာ့ ဆက္လက္ ခ်ီတက္သြားမွာပါ ခင္ဗ်။”

မႏၲေလးမွာလည္း ေက်ာင္းသားသမဂၢသပိတ္စစ္ေၾကာင္းေတြ၊ တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းနဲ႔ လူငယ္ေတြ ဦးေဆာင္တဲ့ ၿမိဳ႕သိမ္းသပိတ္စစ္ေၾကာင္းေတြ ဒီေန႔လည္း ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ျပည္သူေတြ အေၾကာက္တရား မရွိၾကဖို႔ ႏႈိးေဆာ္တိုက္တြန္းမႈေတြကိုလည္း လုပ္ေနၾကတယ္လို႔ မႏၲေလး သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။
“ေခါင္းစဥ္ေတြကေတာ့ တစ္ရက္နဲ႔တစ္ရက္ေတာ့ မတူဘူးေပါ့။ တစ္ခါတစ္ေလက်ရင္ေတာ့ ထပ္တာလည္း ရွိတာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ေရာက္သြားတဲ့ အရပ္ေဒသေတြမွာေပါ့ေႏွာ္၊ အတတ္ႏိုင္ဆုံး ကြၽန္ေတာ္တို႔ ျပည္သူေတြကို မေၾကာက္တရားေတြ ကြၽန္ေတာ္တို႔ေပးပါတယ္။ အဲ့အေပၚမွာ ကြၽန္ေတာ္ျပန္ျမင္ရတာေတာ့ ေတာ္ေတာ္မ်ားမ်ားကထြက္လိုက္တယ္ ဆိုတည္းကကို ေရာက္တဲ့ ေနရာမွာ ပူးေပါင္းပါဝင္တာကို ေတြ႕ရပါတယ္။ အဲ့ေတာ့ ကြၽန္ေတာ္တို႔က ေတာင္တန္းေဒသေတြအတြက္ ေပးသင့္တဲ့ သတင္းစကားရွိရင္လည္း ေပးပါတယ္။ တကယ္လို႔ ၿမိဳ႕ေပၚမွာ ျဖစ္ေနတဲ့ စိုးရိမ္စရာေနရာမ်ိဳးေတြ ရွိရင္လည္း အဲ့လိုေနရာမ်ိဳးမွာ စိုးရိမ္စိတ္ေတြ မျဖစ္ေပၚဖို႔အတြက္ အေကာင္းဆုံးေသာ လူထုနဲ႔ တစ္သားတည္းရွိေနမယ့္ သတင္းစကားမ်ိဳးေတြကို အတတ္ႏိုင္ဆုံး ႀကိဳးစားၿပီးေဆာင္႐ြက္ေပးပါတယ္ခင္ဗ်။”

ထားဝယ္၊ ဖားကန႔္၊ မိုးေကာင္း၊မုံ႐ြာ၊ ေပါင္၊ ယင္းမာပင္နဲ႔ ဆားလင္းႀကီးေဒသေတြမွာလည္း ပံုစံအစံုနဲ႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပမႈေတြ ဒီေန႔လုပ္ၾကပါတယ္။ ဒီေန႔ ဆႏၵျပပဲြေတြ ၿဖိဳခဲြ ဖမ္းဆီးတဲ့ သတင္းေတြေတာ့ မၾကားရပါဘူး။ စစ္အာဏာသိမ္းၿပီးေနာက္ ဆႏၵျပပဲြေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့လို႔ ဧၿပီလ ၁၂ ရက္ေန႔က ပုဒ္မ ၅၀၅ က နဲ႔ ဖမ္းဆီးခံရတဲ့ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ေဟာင္း ဇင္ဝိုင္း ဒီကေန႔ ျပန္လည္လြတ္ေျမာက္လာပါတယ္။ သူလြတ္ေျမာက္တဲ့အေၾကာင္း ဦးဇင္ဝိုင္းရဲ႕ FB Acc နဲ႔ သားျဖစ္သူ မင္းေမာ္ကြန္းရဲ႕ Fb Acc တို႔မွာ ေရးသားထားပါတယ္။ ေမလ ၂၃ ရက္ေန႔က စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးခဲ့တ့ဲ အဆိုေတာ္ ေအသင္ခ်ိဳေဆြလဲ ဒီကေန႔မွာ ျပန္လည္လြတ္ေျမာက္ လာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းစဥ္ကစလို႔ ခုခ်ိန္ထိ ဖမ္းဆီးခံထားရသူ ၄ေထာင့္ ၇ ရာနီးပါး ရွိေနပါတယ္။ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ အာဆီယံ အထူးကိုယ္စားလွယ္ေတြ ေနျပည္ေတာ္မွာ ဇြန္လ ၄ ရက္ ေသာၾကာေန႔က ေတ႔ြဆံုေဆြးေႏြးစဥ္က ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ အားလုံးကို ျပန္လြတ္ေပးဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ေတြက ေတာင္းဆိုခဲ့ၾကတယ္လို႔ အာဆီယံအဖဲြ႔က ထုတ္ျပန္ထားပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္


လျှပ်တပြက်ဆန္ဒပြမှုတချို့ဖြစ်နေဆဲ၊ ရုပ်ရှင်မင်းသားဇင်ဝိုင်းပြန်လွတ်

(Unicode)
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ဆားလင်းကြီး စတဲ့ မြို့တွေမှာ ဒီနေ့လည်း လုပ်ခဲ့ကြပါတယ်။ ဆန္ဒပြလို့ အဖမ်းခံခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းကတော့ ဒီနေ့ပြန်လွတ်လာပါတယ်။ ဒီနေ့မြန်မာနိုင်ငံတဝန်းက နောက်ဆုံးအခြေအနေတွေ ရန်ကုန်ကသတင်းပေးပို့ထားတာကို မဆုမွန် ကပြောပြပါမယ်။

ရန်ကုန်မြို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ လူငယ်တွေက အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တို့မှာ လမ်းပေါ်ထွက် လ ျှပ်တပြက် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ သာကေတမြိုနယ်မှာလည်း အိမ်တွင်းသပိတ်တစ်ချို့ လုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမှာ ဒီကနေ့မနက်ပိုင်းက မုံရွာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ဦးဆောင်ပြီး တောင်တန်းပြည်မ ညီညွတ်ကြသည် ဆိုတဲ့ ခေါင်းစီးစာတန်းကိုင်ဆောင်ပြီး အမှတ် ၁၆ တပ်စွဲထားတဲ့ နေရာနားမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း မုံရွာကိုလုံးဝ အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ ခေါင်းစည်းစာတန်းကိုင်ဆောင်ပြီး ဆန္ဒပြကြပါတယ်။ မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့တာကို အားပေးတဲ့ လှုပ်ရှားမှုတွေလည်း လုပ်ခဲ့ကြတယ်လို့ မုံရွာသပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“အဓိကကတော့ သပိတ်ကော်မတီကတော့ သူတို့အတိုင်းပဲ အကြမ်းမဖက် လှုပ်ရှားမှုကို ဆက်လက်ပြီးတော့ လမ်းမတွေပေါမှာ ပြသွားမှာပေါ့နှော်။ ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကျတော့လည်း သူတို့ထုတ်ပြန်ထားတဲ့ ရည်ရွယ်ချက်ထဲမှာ ပါတဲ့ အတိုင်းပဲပေါ့နှော် ဒီကျင့်ဝတ်တွေကို လိုက်နာပြီးတော့ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ပေါ့ တက်နိုင်တဲ့နည်းလမ်းတွေနဲ့လုပ်ဖို့ ပြင်ဆင်နေတယ်ပေါ့နှော်။ တစ်ဖက်နဲ့ တစ်ဖက်ကတော့ အပြန်အလှန် အထောက်အကူပြုတယ်ဗျ။”


စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ခြမ်းမှာရှိတဲ့ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ရွာပေါင်း ၂၀ ကျော်စုပေါင်းတဲ့ ဆန္ဒပြသူတွေကလည်း နေ့စဉ် မပြတ်ချီတက် ဆန္ဒပြနေကြပါတယ်။ လူထုလုံခြုံရေးအတွက်လည်း ဆက်လက်လုပ်သွားမယ်လို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းရဲ့ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အင်အား ၁၀၀၀ ခန့်နဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းတွေ ဒီနေ့ ၈၉ ရက်မြောက်အဖြစ် ချီတက်ပါတယ်။ ဒါက ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနဲ့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတို့ စုပေါင်းပြီးတော့ ဒီနေ့ ၈၉ ရက်မြောက်နေ့အဖြစ် ထွက်ပါတယ်ခင်ဗျ။ ကျွန်တော်တို့က မုံရွာ ပုသိမ်လမ်းဘေးက ကျေးရွာတွေဖြစ်တဲ့အတွက် လမ်းမထက်တွေကို တတ်နိုင်သမျှဆက်ပြီးတော့ ချီတက်ပါမယ်။ ပြီးရင် ကျွန်တော်တို့ လူထုသပိတ်တိုက်ပွဲတွေဟာ နောက်ဆုံးအဆင့် လက်နက်ကိုင်တိုက်ပွဲတွေကို ဆင်နွဲကြခင်ကာကအထိ ကျွန်တော်တို့ ရနိုင်သမျှ ကျွန်တော်တို့ ဆက်လက် ချီတက်သွားမယ်။ ပြီးရင် ဒီလို သပိတ်တိုက်ပွဲတွေရဲ့ အရေးပါမှုတွေကို ဆက်ပြီးလုပ်လို့ရတဲ့ ပုံစံမျိုးစုံနဲ့ ဘယ်လိုမျိုး အခက်အခဲတွေ ရှိပါစေ၊ ကျွန်တော်တို့နောက်မှာ ပြည်သူတွေ ယုံကြည်စွာနဲ့လိုက်ပါနေပြီဖြစ်တဲ့အတွက် ဒီလူထုရဲ့ လုံခြုံရေးကို ကျွန်တော်တို့က စနစ်တကျ သပိတ်ကော်မတီတွေနဲ့ စုဖွဲ့ပြီးတော့ ဆက်လက် ချီတက်သွားမှာပါ ခင်ဗျ။”

မန္တလေးမှာလည်း ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းတွေ၊ တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ လူငယ်တွေ ဦးဆောင်တဲ့ မြို့သိမ်းသပိတ်စစ်ကြောင်းတွေ ဒီနေ့လည်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူတွေ အကြောက်တရား မရှိကြဖို့ နှိုးဆော်တိုက်တွန်းမှုတွေကိုလည်း လုပ်နေကြတယ်လို့ မန္တလေး သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“ခေါင်းစဉ်တွေကတော့ တစ်ရက်နဲ့တစ်ရက်တော့ မတူဘူးပေါ့။ တစ်ခါတစ်လေကျရင်တော့ ထပ်တာလည်း ရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ရောက်သွားတဲ့ အရပ်ဒေသတွေမှာပေါ့နှော်၊ အတတ်နိုင်ဆုံး ကျွန်တော်တို့ ပြည်သူတွေကို မကြောက်တရားတွေ ကျွန်တော်တို့ပေးပါတယ်။ အဲ့အပေါ်မှာ ကျွန်တော်ပြန်မြင်ရတာတော့ တော်တော်များများကထွက်လိုက်တယ် ဆိုတည်းကကို ရောက်တဲ့ နေရာမှာ ပူးပေါင်းပါဝင်တာကို တွေ့ရပါတယ်။ အဲ့တော့ ကျွန်တော်တို့က တောင်တန်းဒေသတွေအတွက် ပေးသင့်တဲ့ သတင်းစကားရှိရင်လည်း ပေးပါတယ်။ တကယ်လို့ မြို့ပေါ်မှာ ဖြစ်နေတဲ့ စိုးရိမ်စရာနေရာမျိုးတွေ ရှိရင်လည်း အဲ့လိုနေရာမျိုးမှာ စိုးရိမ်စိတ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးသော လူထုနဲ့ တစ်သားတည်းရှိနေမယ့် သတင်းစကားမျိုးတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက်ပေးပါတယ်ခင်ဗျ။”

ထားဝယ်၊ ဖားကန့်၊ မိုးကောင်း၊မုံရွာ၊ ပေါင်၊ ယင်းမာပင်နဲ့ ဆားလင်းကြီးဒေသတွေမှာလည်း ပုံစံအစုံနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေ ဒီနေ့လုပ်ကြပါတယ်။ ဒီနေ့ ဆန္ဒပြပွဲတွေ ဖြိုခွဲ ဖမ်းဆီးတဲ့ သတင်းတွေတော့ မကြားရပါဘူး။ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့လို့ ဧပြီလ ၁၂ ရက်နေ့က ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဆီးခံရတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဇင်ဝိုင်း ဒီကနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။ သူလွတ်မြောက်တဲ့အကြောင်း ဦးဇင်ဝိုင်းရဲ့ FB Acc နဲ့ သားဖြစ်သူ မင်းမော်ကွန်းရဲ့ Fb Acc တို့မှာ ရေးသားထားပါတယ်။ မေလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့တဲ့ အဆိုတော် အေသင်ချိုဆွေလဲ ဒီကနေ့မှာ ပြန်လည်လွတ်မြောက် လာပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစဉ်ကစလို့ ခုချိန်ထိ ဖမ်းဆီးခံထားရသူ ၄ထောင့် ၇ ရာနီးပါး ရှိနေပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဇွန်လ ၄ ရက် သောကြာနေ့က တေ့ွဆုံဆွေးနွေးစဉ်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြတယ်လို့ အာဆီယံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG