သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းမႈ ကန္႔ကြက္ပြဲ ကမၻာတလႊား ရွိေနဆဲ


ဝါရွင္တန္ဒီစီမွာျပဳလုပ္တဲ့ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ ေထာက္ခံပြဲ။

(Zawgyi / Unicode)

စစ္တပ္အာဏာသိမ္းတာကို ျပည္တြင္းမွာ ေန႔စဥ္လုိလုိ ဆန္႔က်င္ ကန္႔ကြက္ေနခ်ိန္မွာပဲ ျပည္ပေရာက္ ျမန္မာေတြကလည္း သူတို႔ေရာက္ရာႏိုင္ငံေတြမွာ ျမန္မာ့အေရး ကမာၻကသိေအာင္ လုပ္ေဆာင္ေနၾကသလို တတ္စြမ္းသမွ် အကူအညီေပးႏုိင္ေအာင္ လုပ္ၿပီး တသားတည္းရွိေၾကာင္း ျပသေနၾကပါတယ္။

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာေတာ့ ျမန္မာ-အေမရိကန္ လူသားခ်င္းစာနာမႈ ကူညီေရးအသင္း (MAHAA) က ဦးစီးၿပီး "ျမန္မာ့ေႏြဦးေတာ္လွန္ေရး" ရန္ပုံေငြရွာတဲ့ ေဈးေရာင္းပြဲကို ဇြန္လ ၆ ရက္ တနဂၤေႏြေန႔က ျပဳလုပ္ခဲ့ၾကတယ္လို႔ ဒီပဲြမွာ အမွတ္တရပစၥည္း လာေရာင္းတဲ့ ဦးေက်ာ္မိုးတင့္က ေျပာပါတယ္။

“မ်ဳိးစုံေရာင္းၿပီးေတာ့ က်ေနာ္တုိ႔ ရန္ပုံေငြ ရွာၾကပါတယ္။ ျမန္မာျပည္မွာ CDM လႈပ္ရွားမႈေတြ၊ စစ္ေဘးေရွာင္ေတြနဲ႔တကြ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ပတ္သက္ၾကတဲ့ က႑အသီးသီးကို ေပးပုိ႔လွဴဒါန္းသြားမယ္။”

နယ္သာလန္ႏိုင္ငံမွာေတာ့ တနဂၤေႏြေန႔က ျမန္မာေတြစုေဝးၿပီး Marken ၿမိဳ႕က ထင္ရွားတဲ့ ေနရာေတြမွာ NUG အမိ်ဳးသားညီညြတ္ေရးအစိုးရကို ေထာက္ခံတဲ့ လႈပ္ရွားမႈေတြ ျပဳလုပ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRPH) က ဖြဲ႔စည္းခဲ့တဲ့ NUG အစိုးရကို နယ္သာလန္ႏိုင္ငံ အစိုးရမွ တရားဝင္ အသိအမွတ္ျပဳေရးအျပင္ အဖမ္းခံေနရတဲ့ ျမန္မာ့ေခါင္းေဆာင္ေတြ အျမန္ျပန္လႊတ္ေပးေရး ေတာင္းဆိုတဲ့ လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

ျပင္သစ္ႏိုင္ငံမွာေတာ့ ပါရီၿမိဳ႕က Place de la République မွာ ျပင္သစ္ေရာက္ ျမန္မာေတြ ပါဝင္တဲ့ အာရွ အာဖရိက ၁၄ ႏိုင္ငံ ပူးေပါင္းၿပီး တ႐ုတ္ကြန္ျမဴနစ္အစိုးရကို ဆန္႔က်င္ ဆႏၵျပခဲ့ၾကပါတယ္။ တ႐ုတ္အစိုးရရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ျမန္မာစစ္တပ္ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတဲ့ ႏိုင္ငံေတြကို ကူညီေထာက္ခံေနတာ၊ အိမ္နီးခ်င္းႏုိင္ငံေတြရဲ႕ နယ္နိမိတ္ေတြကို ၿခိမ္းေျခာက္ သိမ္းပိုက္ေနတာနဲ႔ သဘာဝဝန္းက်င္ ဖ်က္ဆီးမႈေတြ မလုပ္ဖုိ႔ ေတာင္းဆို ဆႏၵျပၾကတာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံ ဆိုးလ္ၿမိဳ႕မွာလည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ေကာ္မတီ ကိုရီးယားက စီစဥ္တဲ့ ေတာင္ကိုရီးယားေရာက္ ျမန္မာ့ဒီမိုကေရစီ အင္အားစုေတြက ဆိုးလ္ၿမိဳ႕ ျမန္မာသံ႐ုံးေရွ႕မွာ စစ္အာဏာရွင္စနစ္ ျပဳတ္က်ေရးနဲ႔ ဒီမိုကေရစီရရွိေရး ေတာင္းဆို ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံ ဒယ္ေဂ်ာင္းန္ၿမိဳ႕မွာလည္း တနဂၤေႏြေန႔က ကိုရီးယားေရာက္ ျမန္မာေတြနဲ႔အတူ ကိုရီးယားႏိုင္ငံသားေတြပါ ပါဝင္ၿပီး စစ္အာဏာရွင္ က်ဆံုးေရး ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။

အာဏာသိမ္းမႈ ကန္႔ကြက္ပြဲ ကမၻာတလႊား ရွိေနဆဲ
please wait

No media source currently available

0:00 0:01:46 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အာဏာသိမ်းမှု ကန့်ကွက်ပွဲ ကမ္ဘာတလွှား ရှိနေဆဲ

စစ်တပ်အာဏာသိမ်းတာကို ပြည်တွင်းမှာ နေ့စဉ်လိုလို ဆန့်ကျင် ကန့်ကွက်နေချိန်မှာပဲ ပြည်ပရောက် မြန်မာတွေကလည်း သူတို့ရောက်ရာနိုင်ငံတွေမှာ မြန်မာ့အရေး ကမ္ဘာကသိအောင် လုပ်ဆောင်နေကြသလို တတ်စွမ်းသမျှ အကူအညီပေးနိုင်အောင် လုပ်ပြီး တသားတည်းရှိကြောင်း ပြသနေကြပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာတော့ မြန်မာ-အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း (MAHAA) က ဦးစီးပြီး "မြန်မာ့နွေဦးတော်လှန်ရေး" ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲကို ဇွန်လ ၆ ရက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြတယ်လို့ ဒီပွဲမှာ အမှတ်တရပစ္စည်း လာရောင်းတဲ့ ဦးကျော်မိုးတင့်က ပြောပါတယ်။

“မျိုးစုံရောင်းပြီးတော့ ကျနော်တို့ ရန်ပုံငွေ ရှာကြပါတယ်။ မြန်မာပြည်မှာ CDM လှုပ်ရှားမှုတွေ၊ စစ်ဘေးရှောင်တွေနဲ့တကွ နွေဦးတော်လှန်ရေးမှာ ပါဝင်ပတ်သက်ကြတဲ့ ကဏ္ဍအသီးသီးကို ပေးပို့လှူဒါန်းသွားမယ်။”

နယ်သာလန်နိုင်ငံမှာတော့ တနင်္ဂနွေနေ့က မြန်မာတွေစုဝေးပြီး Marken မြို့က ထင်ရှားတဲ့ နေရာတွေမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့တဲ့ NUG အစိုးရကို နယ်သာလန်နိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုရေးအပြင် အဖမ်းခံနေရတဲ့ မြန်မာ့ခေါင်းဆောင်တွေ အမြန်ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပါရီမြို့က Place de la République မှာ ပြင်သစ်ရောက် မြန်မာတွေ ပါဝင်တဲ့ အာရှ အာဖရိက ၁၄ နိုင်ငံ ပူးပေါင်းပြီး တရုတ်ကွန်မြူနစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြန်မာစစ်တပ် အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေကို ကူညီထောက်ခံနေတာ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ခြိမ်းခြောက် သိမ်းပိုက်နေတာနဲ့ သဘာဝဝန်းကျင် ဖျက်ဆီးမှုတွေ မလုပ်ဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ ကိုရီးယားက စီစဉ်တဲ့ တောင်ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဆိုးလ်မြို့ မြန်မာသံရုံးရှေ့မှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ဒီမိုကရေစီရရှိရေး တောင်းဆို ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောင်းန်မြို့မှာလည်း တနင်္ဂနွေနေ့က ကိုရီးယားရောက် မြန်မာတွေနဲ့အတူ ကိုရီးယားနိုင်ငံသားတွေပါ ပါဝင်ပြီး စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG