သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ထိေရာက္ေအာင္ေျဖရွင္းဖုိ႔ အာဆီယံကုိ တက္ႂကြလႈပ္ရွားသူေတြ ေတာင္းဆုိ


ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးေရွ႕ ဆႏၵျပေနၾကတဲ့ ကရင္နီလူငယ္မ်ား။ (ဇြန္ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာ့အေရး ၾကားဝင္ေျဖရွင္းဖုိ႔ ႀကိဳးပမ္းရာမွာ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံအေနနဲ႔ အာဏာသိမ္း စစ္ေကာင္စီနဲ႔သာ ဆက္ဆံမယ္ဆုိရင္ ထိေရာက္ႏုိင္မွာ မဟုတ္ေၾကာင္း ျမန္မာ့အေရး လႈပ္ရွားသူေတြရဲ႕ စေနေန႔က ဆႏၵျပပဲြေတြမွာ ေျပာဆုိလုိက္ၾကပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ႀကံဳေနရတဲ့ ႏုိင္ငံေရး အက်ပ္အတည္းေတြကုိ ေျဖရွင္းဖုိ႔ သက္ဆုိင္သူအားလုံးနဲ႔ ေဆြးေႏြးဖုိ႔လည္း အေမရိကန္နဲ႔ ကေနဒါႏိုင္ငံေတြက စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပဲြေတြမွာ အာဆီယံအသင္းကုိ တုိက္တြန္းလုိက္ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံဖို႔ အာဆီယံအသင္းႀကီးက ေစလႊတ္လိုက္တဲ့ ဘ႐ူႏိုင္း ဒုႏိုင္ငံျခားေရးဝန္ႀကီး Erywan Pehin Yusof နဲ႔ အာဆီယံအတြင္းေရးမွဴးခ်ဳပ္ Lim Jock Hoi တို႔ရဲ႕ ေသာၾကာေန႔ ျမန္မာႏိုင္ငံခရီးစဥ္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ဆိုသလုိပဲ ျမန္မာ့အေရး အာဆီယံက ၾကားဝင္ေျဖရွင္းဖို႔ အားထုတ္မႈအေပၚမွာ ႏိုင္ငံတကာေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြရဲ႕ ေဝဖန္မႈေတြလည္း ထြက္ေပၚလာတာပါ။

ဝါရွင္တန္ဒီစီ အေျခစိုက္ Anti-Dictatorship in Burma အဖြဲ႔ ဦးေဆာင္သူတဦးျဖစ္တဲ့ ဦးရင္ေအးကေတာ့ ျမန္မာ့ျပႆနာ ေျပလည္ေရးမွာ အာဆီယံအေနနဲ႔ သက္ဆိုင္သူေတြ အားလုံးကုိ ေတြ႔ဆုံေဆြးေႏြး အေျဖရွာဖို႔ လိုတယ္လို႔ စေနေန႔ ဆႏၵျပပဲြအတြင္း တိုက္တြန္းပါတယ္။

“အာဆီယံရဲ႕ လက္ရွိလုပ္ေဆာင္ေနတဲ့ လုပ္ရပ္က က်ေနာ္တို႔ ျပည္သူလူထုအတြက္ လုံးဝ အက်ဳိးမရွိပါဘူး။ ဒါေၾကာင့္ ျပည္သူလူထုက လုံးဝ လက္မခံဘူးဆုိတာ အရင္ဆုံး တင္ျပခ်င္ပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း က်ေနာ္တုိ႔အေနနဲ႔ ဝါရွင္တန္ဒီစီမွာရွိတဲ့ အာဆီယံသံ႐ုံးေတြ၊ အာဆီယံ Member သံ႐ုံးေတြကို က်ေနာ္တို႔ လွည့္ပတ္ၿပီးေတာ့ ဆႏၵျပၿပီးေတာ့ ျပည္သူရဲ႕အသံကို နားေထာင္ဖို႔၊ အထူးသျဖင့္ေတာ့ တကယ္တမ္း ျပႆနာကို ေျဖရွင္းခ်င္တယ္ဆုိရင္ လူသတ္စစ္ေကာင္စီ တဖက္တည္းကို နားမေထာင္ဘဲနဲ႔ ျပည္သူကေန တင္ေျမႇာက္ထားတဲ့ NUG နဲ႔ CRPH ရွိပါတယ္။ အဲဒီက အသံေတြလည္း နားေထာင္သင့္ပါတယ္လို႔ က်ေနာ္တို႔ တင္ျပထားတာ ရွိပါတယ္။ စစ္အာဏာရွင္အတြက္ပဲ အက်ဳိးသက္ေရာက္ေစမယ့္ အာဆီယံလုပ္ရပ္ေတြကို ရပ္တန္းက ရပ္ဖို႔ က်ေနာ္တုိ႔ ဆက္လက္ၿပီး ေတာင္းဆိုေနပါတယ္။ အဓိကေတာ့ ျမန္မာျပည္အေရးကို ကူညီမယ္ဆုိရင္ ျပည္သူ႔အသံကို နားေထာင္သင့္တာေပါ့။ ေျဖရွင္းမယ္ဆုိရင္ ႏွစ္ဖက္လုံးကို နားေထာင္ရမယ္။ အဲဒီက်မွ သူတုိ႔ ဘာလုပ္သင့္တယ္ဆုိတာ ေပၚလာမွာ။ အဲဒီလိုမဟုတ္ဘဲ တဖက္သတ္လုပ္တဲ့ လုပ္ေဆာင္ခ်က္က ဘယ္လိုမွ ေအာင္ျမင္မွာ မဟုတ္ပါဘူး။”

ကုလသမဂၢ ကၽြမ္းက်င္သူေတြ ပါဝင္တဲ့ ျမန္မာ့အေရး အထူးအႀကံေပးေကာင္စီ SAC-M နဲ႔ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) တို႔ကလည္း အာဆီယံအသင္းအေနနဲ႔ ျမန္မာ့အေရးမွာ ပါဝင္ေနသူေတြ အားလုံးနဲ႔ ေဆြးေႏြးဖုိ႔ ဒီသီတင္းပတ္ထဲမွာပဲ တုိက္တြန္းထားတာပါ။ ကုလသမဂၢ လုံၿခံဳေရးေကာင္စီနဲ႔ အာဆီယံက တာဝန္ေပးထားတဲ့ ကိုယ္စားလွယ္ေတြ အေနနဲ႔ ျပႆနာကို ေျဖရွင္းႏိုင္ဖုိ႔ သက္ဆိုင္သူေတြ အားလုံးနဲ႔ ေတြ႔ဆုံေဆြးေႏြးရလိမ့္မယ္လုိ႔လည္း အာဆီယံ ကုိယ္စားလွယ္ေတြ ျမန္မာစစ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံခဲ့တဲ့ ေသာၾကာေန႔မွာပဲ အထူးအႀကံေပးေကာင္စီက ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။

အေမရိကန္ အပါအဝင္ ႏုိင္ငံတကာက ျမန္မာ့အေရး လႈပ္ရွားမႈေတြမွာေတာ့ တုိင္းရင္းသားအင္အားစုေတြလည္း ပါဝင္ေနတာ ျဖစ္ပါတယ္။ ေျမာက္ကယ္႐ုိလိုင္းနားျပည္နယ္ကလာတဲ့ ကရင္နီလူငယ္ အေယာက္ ၃၀ ေက်ာ္ကလည္း ကယားျပည္နယ္အတြင္း ရိကၡာျဖတ္ေတာက္ခံရမႈ အပါအဝင္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေၾကာင္း ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးေရွ႕၊ စစ္သံ႐ုံးေရွ႕တို႔မွာ ဆႏၵျပခဲ့ေၾကာင္း ကိုရီးရယ္က ေျပာပါတယ္။

ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးေရွ႕ ဆႏၵျပေနၾကတဲ့ ကရင္နီလူငယ္မ်ား။ (ဇြန္ ၅၊ ၂၀၂၁)
ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးေရွ႕ ဆႏၵျပေနၾကတဲ့ ကရင္နီလူငယ္မ်ား။ (ဇြန္ ၅၊ ၂၀၂၁)

“အခု က်ေနာ္တို႔ ျမန္မာစစ္ေကာင္စီ႐ံုးေရွ႕မွာ ေရာက္ေနပါတယ္၊ ဝါရွင္တန္ဒီစီမွာ။ က်ေနာ္တုိ႔ ဆႏၵျပတဲ့ အေၾကာင္းရင္းကေတာ့ က်ေနာ္တို႔ျပည္သူနဲ႔ တသားတည္း ရပ္တည္ေနတယ္ဆုိတာ ျပသခ်င္တယ္။ အခု ပူပူေႏြးေႏြးျဖစ္ေနတဲ့ ကရင္နီ ကယားျပည္နယ္မွာ ျဖစ္ပ်က္ေနတဲ့ သူတုိ႔ရဲ႕ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ ခ်က္ခ်င္းရပ္တန္႔ေပးဖို႔ က်ေနာ္တုိ႔ ေတာင္းဆုိခ်င္တယ္။ ျပည္သူ႔အာဏာကုိ ခ်က္ခ်င္းျပန္ေပးဖုိ႔ က်ေနာ္တုိ႔ ေတာင္းဆုိတယ္။ ဒီးေမာ့ဆုိမွာရွိေနတဲ့ ျပည္သူေတြ ရိကၡာေတြ မရရွိေအာင္ သူတုိ႔ လုပ္ေဆာင္ေနတယ္လို႔ မွတ္ယူပါတယ္။ ျပည္သူေတြက အရမ္းကို ခံစားေနရပါၿပီ။ ဒီ ျဖတ္ေတာက္ထားတဲ့ ရိကၡာေတြ အားလုံး ျပန္လႊတ္ေပးဖို႔၊ လြိဳင္ေကာ္မွာ ျပန္ေပးေဝဖို႔ ေတာင္းဆုိတယ္။”

ေဘာ္စတြန္ၿမဳိ႕က ျမန္မာေတြကေတာ့ NUG နဲ႔ CRPH တို႔ကို လွဴဒါန္းဖို႔ ရန္ပုံေငြရွာတဲ့ ေစ်းေရာင္းပဲြကို ဇြန္လ ၅ ရက္ စေနေန႔မွာ လုပ္ၾကေၾကာင္း မေဌးေဌးက ေျပာပါတယ္။

“အခု Second Time Fundraising ကို ေဘာ္စတြန္ၿမဳိ႕ Artesani ပန္းျခံမွာ လုပ္ၾကတယ္။ အခု ျမန္မာေတြေရာ ႏုိင္ငံျခားသားေတြေရာ လာေရာက္အားေပးၾကတယ္။ ဆုိင္ေတြကလည္း ျမန္မာ့႐ုိးရာ စားစရာေတြကို ေရာင္းခ်ၿပီးေတာ့ ရလာတဲ့ အက်ဳိးအျမတ္ေတြ အကုန္လုံးကို CRPH နဲ႔ NUG လိုအပ္တဲ့ေနရာေတြကို လွဴဒါန္းသြားမွာပါ။ အရင္တေခါက္ကေတာ့ အကုန္လုံးက အရင္းေရာ အျမတ္ေရာ လွဴတယ္။ ဒီတေခါက္ၾကေတာ့ ခနခန ဒီလိုပြဲေတြ လုပ္ခ်င္တာေၾကာင့္မို႔ လုပ္တဲ့လူေတြ အကုန္လုံးကို အရင္းေတြ ျပန္ေပးၿပီးေတာ့ အျမတ္ေတြပဲ လွဴပါလို႔ ေျပာတာေပါ့။ ဒါမွ လုပ္တဲ့လူေတြလည္း ပိုအားရွိေအာင္၊ Item ေတြလည္း မ်ားမ်ားလုပ္ႏုိင္ေအာင္။ အခုက မကုန္ေသးဘူးဆုိေတာ့ နည္းနည္းေတာ့ မွန္းရခက္တယ္။ ေဒၚလာသံုးေသာင္းေက်ာ္ေလာက္ ရမယ္လို႔ ထင္တာေပါ့။”

အလားတူ ကေနဒါႏိုင္ငံမွာလည္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္မႈေတြ ဆက္ရွိေနတာပါ။ ဗန္ကူးဗားၿမဳိ႕က ျမန္မာ့အေရးလႈပ္ရွားသူ ကိုစန္းေအာင္ကလည္း အာဆီယံရဲ႕ ျမန္မာ့အေရး ၾကားဝင္ေဆာင္ရြက္မႈအေပၚ အားမလိုအားမရ ျဖစ္ေနေၾကာင္း ေျပာပါတယ္။

“ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြ မလုပ္ေဆာင္ဖုိ႔ သူတုိ႔ အခ်က္ ၅ ခ်က္ေပးခဲ့တယ္။ ဒါေပမယ့္ အာဆီယံရဲ႕ ဘယ္လုိပဲ သတိေပးေပး စစ္ေကာင္စီကေတာ့ လုိက္နာျခင္း မရွိဘူးဗ်။ ျပည္သူေတြအေပၚမွာ အခုလက္ရွိလည္း ေန႔တုိင္းနီးပါး အၾကမ္းဖက္မႈေတြ ျမန္မာႏိုင္ငံထဲမွာ က်ဴးလြန္ေနတာ ေတြ႔ရတယ္။ အခုလည္း အာဆီယံရဲ႕ ကုိယ္စားလွယ္ႏွစ္ေယာက္ ေရာက္တယ္။ ဒါေပမယ့္လည္း အာဆီယံအေနနဲ႔ ျမန္မာ့အေရးကို ေျပလည္ေအာင္ သူတို႔ ဘာမွေဆာင္ရြက္ႏုိင္မယ္လို႔ က်ေနာ္ေတာ့ မယုံၾကည္ဘူးဗ်။ အာဆီယံ ကုိယ္စားလွယ္ေတြကလည္း စစ္ေကာင္စီဘက္ပဲ တဖက္သတ္ ေဆြးေႏြးေနတာ ေတြ႔ရတယ္။ သူတုိ႔က ျမန္မာ့အေရးကို တကယ္တမ္း ေျပလည္ေအာင္ ေဆာင္ရြက္မယ္ဆုိရင္ အမ်ဳိးသားညီညြတ္ေရးအစုိးရနဲ႔လည္း ေတြ႔ဆုံသင့္တယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ အခုထိေတာ့ သူတုိ႔ ေတြ႔ဆုံေဆြးေႏြးတာေတြ မေတြ႔ရေသးဘူး။”

Anti-Dictatorship in Burma အဖြဲ႔ဝင္တခ်ဳိ႕ဟာ ဝါရွင္တန္ဒီစီက ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္း ေနထိုင္တဲ့ အိမ္ေရွ႕မွာ သြားေရာက္ဆႏၵျပခဲ့ၾကၿပီး ျပည္သူအမ်ားစုနဲ႔အတူ CDM လုပ္ဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မြန်မာ့အရေး ထိရောက်အောင်ဖြေရှင်းဖို့ အာဆီယံကို တက်ကြွလှုပ်ရှားသူတွေ တောင်းဆို

မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့သာ ဆက်ဆံမယ်ဆိုရင် ထိရောက်နိုင်မှာ မဟုတ်ကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ စနေနေ့က ဆန္ဒပြပွဲတွေမှာ ပြောဆိုလိုက်ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးဖို့လည်း အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အာဆီယံအသင်းကို တိုက်တွန်းလိုက်ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ အာဆီယံအသင်းကြီးက စေလွှတ်လိုက်တဲ့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ရဲ့ သောကြာနေ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မြန်မာ့အရေး အာဆီယံက ကြားဝင်ဖြေရှင်းဖို့ အားထုတ်မှုအပေါ်မှာ နိုင်ငံတကာရောက် မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာတာပါ။

ဝါရှင်တန်ဒီစီ အခြေစိုက် Anti-Dictatorship in Burma အဖွဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးရင်အေးကတော့ မြန်မာ့ပြဿနာ ပြေလည်ရေးမှာ အာဆီယံအနေနဲ့ သက်ဆိုင်သူတွေ အားလုံးကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုတယ်လို့ စနေနေ့ ဆန္ဒပြပွဲအတွင်း တိုက်တွန်းပါတယ်။

“အာဆီယံရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ရပ်က ကျနော်တို့ ပြည်သူလူထုအတွက် လုံးဝ အကျိုးမရှိပါဘူး။ ဒါကြောင့် ပြည်သူလူထုက လုံးဝ လက်မခံဘူးဆိုတာ အရင်ဆုံး တင်ပြချင်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့အနေနဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ အာဆီယံသံရုံးတွေ၊ အာဆီယံ Member သံရုံးတွေကို ကျနော်တို့ လှည့်ပတ်ပြီးတော့ ဆန္ဒပြပြီးတော့ ပြည်သူရဲ့အသံကို နားထောင်ဖို့၊ အထူးသဖြင့်တော့ တကယ်တမ်း ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် လူသတ်စစ်ကောင်စီ တဖက်တည်းကို နားမထောင်ဘဲနဲ့ ပြည်သူကနေ တင်မြှောက်ထားတဲ့ NUG နဲ့ CRPH ရှိပါတယ်။ အဲဒီက အသံတွေလည်း နားထောင်သင့်ပါတယ်လို့ ကျနော်တို့ တင်ပြထားတာ ရှိပါတယ်။ စစ်အာဏာရှင်အတွက်ပဲ အကျိုးသက်ရောက်စေမယ့် အာဆီယံလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ ကျနော်တို့ ဆက်လက်ပြီး တောင်းဆိုနေပါတယ်။ အဓိကတော့ မြန်မာပြည်အရေးကို ကူညီမယ်ဆိုရင် ပြည်သူ့အသံကို နားထောင်သင့်တာပေါ့။ ဖြေရှင်းမယ်ဆိုရင် နှစ်ဖက်လုံးကို နားထောင်ရမယ်။ အဲဒီကျမှ သူတို့ ဘာလုပ်သင့်တယ်ဆိုတာ ပေါ်လာမှာ။ အဲဒီလိုမဟုတ်ဘဲ တဖက်သတ်လုပ်တဲ့ လုပ်ဆောင်ချက်က ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။”

ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီ SAC-M နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း အာဆီယံအသင်းအနေနဲ့ မြန်မာ့အရေးမှာ ပါဝင်နေသူတွေ အားလုံးနဲ့ ဆွေးနွေးဖို့ ဒီသီတင်းပတ်ထဲမှာပဲ တိုက်တွန်းထားတာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံက တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရလိမ့်မယ်လို့လည်း အာဆီယံ ကိုယ်စားလှယ်တွေ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ သောကြာနေ့မှာပဲ အထူးအကြံပေးကောင်စီက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံတကာက မြန်မာ့အရေး လှုပ်ရှားမှုတွေမှာတော့ တိုင်းရင်းသားအင်အားစုတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကလာတဲ့ ကရင်နီလူငယ် အယောက် ၃၀ ကျော်ကလည်း ကယားပြည်နယ်အတွင်း ရိက္ခာဖြတ်တောက်ခံရမှု အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့၊ စစ်သံရုံးရှေ့တို့မှာ ဆန္ဒပြခဲ့ကြောင်း ကိုရီးရယ်က ပြောပါတယ်။

“အခု ကျနော်တို့ မြန်မာစစ်ကောင်စီရုံးရှေ့မှာ ရောက်နေပါတယ်၊ ဝါရှင်တန်ဒီစီမှာ။ ကျနော်တို့ ဆန္ဒပြတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ပြည်သူနဲ့ တသားတည်း ရပ်တည်နေတယ်ဆိုတာ ပြသချင်တယ်။ အခု ပူပူနွေးနွေးဖြစ်နေတဲ့ ကရင်နီ ကယားပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ သူတို့ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ချက်ချင်းရပ်တန့်ပေးဖို့ ကျနော်တို့ တောင်းဆိုချင်တယ်။ ပြည်သူ့အာဏာကို ချက်ချင်းပြန်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ ဒီးမော့ဆိုမှာရှိနေတဲ့ ပြည်သူတွေ ရိက္ခာတွေ မရရှိအောင် သူတို့ လုပ်ဆောင်နေတယ်လို့ မှတ်ယူပါတယ်။ ပြည်သူတွေက အရမ်းကို ခံစားနေရပါပြီ။ ဒီ ဖြတ်တောက်ထားတဲ့ ရိက္ခာတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ လွိုင်ကော်မှာ ပြန်ပေးဝေဖို့ တောင်းဆိုတယ်။”

ဘော်စတွန်မြို့က မြန်မာတွေကတော့ NUG နဲ့ CRPH တို့ကို လှူဒါန်းဖို့ ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲကို ဇွန်လ ၅ ရက် စနေနေ့မှာ လုပ်ကြကြောင်း မဌေးဌေးက ပြောပါတယ်။

“အခု Second Time Fundraising ကို ဘော်စတွန်မြို့ Artesani ပန်းခြံမှာ လုပ်ကြတယ်။ အခု မြန်မာတွေရော နိုင်ငံခြားသားတွေရော လာရောက်အားပေးကြတယ်။ ဆိုင်တွေကလည်း မြန်မာ့ရိုးရာ စားစရာတွေကို ရောင်းချပြီးတော့ ရလာတဲ့ အကျိုးအမြတ်တွေ အကုန်လုံးကို CRPH နဲ့ NUG လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမှာပါ။ အရင်တခေါက်ကတော့ အကုန်လုံးက အရင်းရော အမြတ်ရော လှူတယ်။ ဒီတခေါက်ကြတော့ ခနခန ဒီလိုပွဲတွေ လုပ်ချင်တာကြောင့်မို့ လုပ်တဲ့လူတွေ အကုန်လုံးကို အရင်းတွေ ပြန်ပေးပြီးတော့ အမြတ်တွေပဲ လှူပါလို့ ပြောတာပေါ့။ ဒါမှ လုပ်တဲ့လူတွေလည်း ပိုအားရှိအောင်၊ Item တွေလည်း များများလုပ်နိုင်အောင်။ အခုက မကုန်သေးဘူးဆိုတော့ နည်းနည်းတော့ မှန်းရခက်တယ်။ ဒေါ်လာသုံးသောင်းကျော်လောက် ရမယ်လို့ ထင်တာပေါ့။”

ဘော်စတွန်မြို့က ရန်ပုံငွေရှာ ဈေးရောင်းပွဲ
ဘော်စတွန်မြို့က ရန်ပုံငွေရှာ ဈေးရောင်းပွဲ

အလားတူ ကနေဒါနိုင်ငံမှာလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ ဆက်ရှိနေတာပါ။ ဗန်ကူးဗားမြို့က မြန်မာ့အရေးလှုပ်ရှားသူ ကိုစန်းအောင်ကလည်း အာဆီယံရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုအပေါ် အားမလိုအားမရ ဖြစ်နေကြောင်း ပြောပါတယ်။

“မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ မလုပ်ဆောင်ဖို့ သူတို့ အချက် ၅ ချက်ပေးခဲ့တယ်။ ဒါပေမယ့် အာဆီယံရဲ့ ဘယ်လိုပဲ သတိပေးပေး စစ်ကောင်စီကတော့ လိုက်နာခြင်း မရှိဘူးဗျ။ ပြည်သူတွေအပေါ်မှာ အခုလက်ရှိလည်း နေ့တိုင်းနီးပါး အကြမ်းဖက်မှုတွေ မြန်မာနိုင်ငံထဲမှာ ကျူးလွန်နေတာ တွေ့ရတယ်။ အခုလည်း အာဆီယံရဲ့ ကိုယ်စားလှယ်နှစ်ယောက် ရောက်တယ်။ ဒါပေမယ့်လည်း အာဆီယံအနေနဲ့ မြန်မာ့အရေးကို ပြေလည်အောင် သူတို့ ဘာမှဆောင်ရွက်နိုင်မယ်လို့ ကျနော်တော့ မယုံကြည်ဘူးဗျ။ အာဆီယံ ကိုယ်စားလှယ်တွေကလည်း စစ်ကောင်စီဘက်ပဲ တဖက်သတ် ဆွေးနွေးနေတာ တွေ့ရတယ်။ သူတို့က မြန်မာ့အရေးကို တကယ်တမ်း ပြေလည်အောင် ဆောင်ရွက်မယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း တွေ့ဆုံသင့်တယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခုထိတော့ သူတို့ တွေ့ဆုံဆွေးနွေးတာတွေ မတွေ့ရသေးဘူး။”

Anti-Dictatorship in Burma အဖွဲ့ဝင်တချို့ဟာ ဝါရှင်တန်ဒီစီက မြန်မာသံအမတ်ကြီး ဦးအောင်လင်း နေထိုင်တဲ့ အိမ်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပြီး ပြည်သူအများစုနဲ့အတူ CDM လုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG