သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းစစ္ေကာင္စီေပၚ အေရးယူလုပ္ေဆာင္မႈ SAC-M မွတ္တမ္းတင္ေန


SAC-M

Zawgyi/Unicode

အာဏာသိမ္းထားတဲ့ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီ အထိနာေစမယ့္ ႏုိင္ငံတကာက အေရးယူေဆာင္ရြက္ခ်က္ေတြကို ျမန္မာႏုိင္ငံဆုိင္ရာအထူးအႀကံေပးေကာင္စီ (SAC-M) ကထုတ္ျပန္လိုက္ပါတယ္။
ျမန္မာစစ္တပ္ကို အထိနာေစေရး လက္နက္၊ ေငြေၾကးနဲ႔ ျပစ္ဒဏ္ကင္းလြတ္ခြင့္ စတဲ့ ျဖတ္၃ ျဖတ္နဲ႔ အေရးယူေဆာင္ရြက္ၾကဖို႔လည္း SAC-M က ဒီကေန႔ေၾကျငာခ်က္မွာ တုိက္တြန္းထားပါတယ္။ ႏိုင္ငံအလိုက္အေရးယူဒဏ္ခတ္တာ၊ စီးပြါးေရးလုပ္ငန္းေတြနဲ႔ အျခားအဖြဲ႔အစည္းေတြက အေရးယူတာ၊ ျမန္မာႏုိ္င္ငံထဲက လုပ္ငန္းေတြရပ္ၿပီး တျခားေနရာဆီ ေျပာင္းၿပီး ရင္းႏွီးျမွဳပ္နွံတာ စတဲ့စာရင္းေတြကို အခ်ိန္နဲ႔တေျပးညီ ျပဳစုေနတယ္လို႔ SAC -M ရဲ႕ ဇြန္လ ၄ ရက္ေန႔ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
ျမန္မာစစ္တပ္အတြက္ ဝင္ေငြရွာေပးေနတဲ့အထဲမွာ စစ္တပ္နဲ႔ဆက္စပ္ေနတဲ့ကုမၸဏီေတြ၊ အစိုးရပိုင္လုပ္ငန္းေတြနဲ႔ ပုဂၢလိကပိုင္ ခရိုနီကုမၸဏီႀကီးေတြပါ၀င္ပါတယ္။ အက်င့္ပ်က္ျခစားမႈေတြနဲ႔ လည္ပတ္ေနတဲ့ ဒီလိုစနစ္ကေန ၾကြယ္၀ခ်မ္းသာလာၾကတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြအေနနဲ႔ ႏုိင္ငံတ၀န္း အႀကီးအက်ယ္ လူ႔အခြင့္အေရးခ်ဳိးေဖာက္ခြင့္ရေနၾကတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။
ေဒၚလာသန္းေပါင္းမ်ားစြာ ဝင္ေငြရေနတဲ့ စစ္ေကာင္စီရဲ ႔ဘ႑ာေရးကို ျဖတ္ေတာက္ဖို႔ ေဆာင္ရြက္တာဟာ ျပည္သူေတြရဲ ႔CDM လႈပ္ရွားမႈကို အားေပးရာေရာက္သလို စစ္တပ္ရဲ ႔ဆိုးရြားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကိုတာ၀န္ခံမႈရွိေစလိမ့္မယ္လို႔ အထူးအႀကံေပးေကာင္စီအဖြဲ႔၀င္Chris Sidoti ကေျပာပါတယ္။
ျမန္မာနဲ႔ပတ္သက္လို႔ အေရးယူေဆာင္ရြက္ထားတဲ့သူနဲ႔ အေရးယူမႈ မလုပ္ရေသးတဲ့သူေတြကို ကြဲကြဲျပားျပားသိေအာင္ ခုလို စာရင္းျပဳစုေနတာပါလို႔လည္း ေျပာပါတယ္။ ျမန္မာအရပ္ဘက္အဖြြဲ႔အေတာ္မ်ားမ်ားရဲ ႔ေတာင္းဆိုခ်က္အရ စစ္ေကာင္စီအေပၚ ႏုိ္င္ငံတကာက ပစ္မွတ္ထားအေရးယူလာတာကို SAC-M ကႀကိဳဆိုလိုက္သလို ေရွ႔ဆက္စာရင္းျပဳစုၿပီး သူတို႔ရဲ ႔ ေဆာင္ရြက္ခ်က္ေတြကို စာင့္ၾကည့္သြားမယ္လို႔လည္း ေျပာထားပါတယ္။
ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္သူလူထုကို ကူညီဖို႔ အထူးအႀကံေပးေကာင္စီကို ဖြဲ႔စည္းထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

အာဏာသိမ်းစစ်ကောင်စီပေါ် အရေးယူလုပ်ဆောင်မှု SAC-M မှတ်တမ်းတင်နေ

အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ အထိနာစေမယ့် နိုင်ငံတကာက အရေးယူဆောင်ရွက်ချက်တွေကိုမြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်ကို အထိနာစေရေး လက်နက်၊ ငွေကြေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် စတဲ့ ဖြတ်၃ ဖြတ်နဲ့ အရေးယူဆောင်ရွက်ကြဖို့လည်း SAC-M က ဒီကနေ့ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။နိုင်ငံအလိုက်အရေးယူဒဏ်ခတ်တာ၊ စီးပွါးရေးလုပ်ငန်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက အရေးယူတာ၊ မြန်မာနိုင်ငံထဲက လုပ်ငန်းတွေရပ်ပြီး တခြားနေရာဆီ ပြောင်းပြီး ရင်းနှီးမြှုပ်နှံတာ စတဲ့စာရင်းတွေကို အချိန်နဲ့တပြေးညီ ပြုစုနေတယ်လို့ SAC -M ရဲ့ ဇွန်လ ၄ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာစစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့အထဲမှာ စစ်တပ်နဲ့ဆက်စပ်နေတဲ့ကုမ္ပဏီတွေ၊ အစိုးရပိုင်လုပ်ငန်းတွေနဲ့ ပုဂ္ဂလိကပိုင် ခရိုနီကုမ္ပဏီကြီးတွေပါဝင်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ဒီလိုစနစ်ကနေ ကြွယ်ဝချမ်းသာလာကြတဲ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံတဝန်း အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်ခွင့်ရနေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရနေတဲ့ စစ်ကောင်စီရဲ့ဘဏ္ဍာရေးကို ဖြတ်တောက်ဖို့ ဆောင်ရွက်တာဟာ ပြည်သူတွေရဲ့CDM လှုပ်ရှားမှုကို အားပေးရာရောက်သလို စစ်တပ်ရဲ့ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတာဝန်ခံမှုရှိစေလိမ့်မယ်လို့ အထူးအကြံပေးကောင်စီအဖွဲ့ဝင်Chris Sidoti ကပြောပါတယ်။
မြန်မာနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်ထားတဲ့သူနဲ့ အရေးယူမှု မလုပ်ရသေးတဲ့သူတွေကို ကွဲကွဲပြားပြားသိအောင် ခုလို စာရင်းပြုစုနေတာပါလို့လည်း ပြောပါတယ်။ မြန်မာအရပ်ဘက်အဖွဲ့အတော်များများရဲ့တောင်းဆိုချက်အရ စစ်ကောင်စီအပေါ် နိုင်ငံတကာက ပစ်မှတ်ထားအရေးယူလာတာကို SAC-M ကကြိုဆိုလိုက်သလို ရှေ့ဆက်စာရင်းပြုစုပြီး သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို စာင့်ကြည့်သွားမယ်လို့လည်း ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူလူထုကို ကူညီဖို့ အထူးအကြံပေးကောင်စီကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

#SAC-M #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #MyanmarProtests #voaburmese #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #တပ်မတော် #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG