Zawgyi/Unicode
ျမန္မာႏုိင္ငံမွာေရာက္ေနတဲ့ အေရွ႔ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) ကို္ယ္စားလွယ္ေတြနဲ႔ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ ေနျပည္ေတာ္မွာ ဒီကေန႔ေတြ႔ဆုံခ့ဲပါတယ္။
ဘ႐ူႏိုင္းႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Pehin Yusof ၊ အာဆီယံအတြင္းေရးမွဴးခ်ဳပ္ Lim Jock Hoi နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တို႔ တနာရီေက်ာ္ေက်ာ္ေလာက္ ေတြ႔ဆုံခဲ့ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။
"မတရားသင္းေၾကျငာထားတ့ဲ NUG ၊ CRPH တို႔နဲ႔ စပ္လ်ဥ္းၿပီး အၾကမ္းဖက္အဖြဲ႔က ျမန္မာႏုိင္ငံတြင္းလုပ္ေဆာင္ေနမႈအေျခအေနေတြ၊ ဒီ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ မဲစာရင္းအမွားအယြင္းျဖစ္ေပၚခဲ့မႈအတြက္ အခုက်ေနာ္တို႔ စစ္ေဆးေတြ႔ရွိတဲ့အေျခအေနေတြ၊ ၿပီးေတာ့ ႏုိင္ငံတြင္းတည္ၿငိမ္ေအးခ်မ္းသြားရင္ ေရြးေကာက္ပြဲျပန္လည္ က်င္းပ ျပဳလုပ္သြားမယ့္အေျခအေနေတြ၊ ေနာက္ၿပီး လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးကိစၥေတြမွာ ျမန္မာႏုိင္ငံက ပူးေပါင္းေဆာင္ရြက္မယ့္ကိစၥေတြ၊ ဒါေတြကိုေဆြးေႏြးခဲ့ၾကပါတယ္။”
အာဆီယံအသို္က္အဝန္း တည္ေထာင္ေရးကိစၥ၊ ကိုဗစ္ကပ္ေရာဂါကိစၥ အပါအ၀င္ အျခားအေၾကာင္းအရာေတြကိုပါ ေဆြးေႏြးခဲ့တယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
အာဆီယံကုိယ္စားလွယ္ ႏွစ္ဦးဟာ ၾကာသပေတးေန႔ညမွာ ေနျပည္ေတာ္ကို ေရာက္လာတာ ျဖစ္ပါတယ္။
ျပည္တြင္းေရး၀င္မစြက္တဲ့မူ၀ါဒ လက္ကုိင္ထားတဲ့ အာဆီယံအသင္းႀကီးက ဧၿပီလ ၂၄ ရက္ေန႔မွာ ျမန္မာ့အေရး အထူးအစည္းအေ၀းတရပ္ကို က်င္းပခဲ့တာမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တက္ေရာက္ခဲ့တာျဖစ္ပါတယ္။
အဲဒီအစည္းအေ၀းအၿပီးမွာေတာ့ ျမန္မာႏိုင္ငံတြင္းက အၾကမ္းဖက္မႈေတြရပ္ဖို႔၊ အာဆီယံအထူးကိုယ္စားလွယ္တဦးခန္႔အပ္ဖို႔အပါအ၀င္ အခ်က္၅ ခ်က္ပါ ဘုံသေဘာတူညီမႈေတြကို ခ်မွတ္ခဲ့ၾကပါတယ္ ။ဒါေပမယ့္လည္း အာဏာသိမ္း စစ္ေကာင္စီက အဲဒီသေဘာတူညီခ်က္ေတြကို တိတိက်က်လိုက္နာတာမ်ိဳးမရွိေသးပါဘူး။
Unicode
အာဆီယံကိုယ်စားလှယ်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
မြန်မာနိုင်ငံမှာရောက်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်မှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။
ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof ၊ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တနာရီကျော်ကျော်လောက် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။
"မတရားသင်းကြေငြာထားတဲ့ NUG ၊ CRPH တို့နဲ့ စပ်လျဉ်းပြီး အကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံတွင်းလုပ်ဆောင်နေမှုအခြေအနေတွေ၊ ဒီ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းအမှားအယွင်းဖြစ်ပေါ်ခဲ့မှုအတွက် အခုကျနော်တို့ စစ်ဆေးတွေ့ရှိတဲ့အခြေအနေတွေ၊ ပြီးတော့ နိုင်ငံတွင်းတည်ငြိမ်အေးချမ်းသွားရင် ရွေးကောက်ပွဲပြန်လည် ကျင်းပ ပြုလုပ်သွားမယ့်အခြေအနေတွေ၊ နောက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေမှာ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ၊ ဒါတွေကိုဆွေးနွေးခဲ့ကြပါတယ်။”
အာဆီယံအသိုက်အဝန်း တည်ထောင်ရေးကိစ္စ၊ ကိုဗစ်ကပ်ရောဂါကိစ္စ အပါအဝင် အခြားအကြောင်းအရာတွေကိုပါ ဆွေးနွေးခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အာဆီယံကိုယ်စားလှယ် နှစ်ဦးဟာ ကြာသပတေးနေ့ညမှာ နေပြည်တော်ကို ရောက်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းရေးဝင်မစွက်တဲ့မူဝါဒ လက်ကိုင်ထားတဲ့ အာဆီယံအသင်းကြီးက ဧပြီလ ၂၄ ရက်နေ့မှာ မြန်မာ့အရေး အထူးအစည်းအဝေးတရပ်ကို ကျင်းပခဲ့တာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးအပြီးမှာတော့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေရပ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်တဦးခန့်အပ်ဖို့အပါအဝင် အချက်၅ ချက်ပါ ဘုံသဘောတူညီမှုတွေကို ချမှတ်ခဲ့ကြပါတယ် ။ဒါပေမယ့်လည်း အာဏာသိမ်း စစ်ကောင်စီက အဲဒီသဘောတူညီချက်တွေကို တိတိကျကျလိုက်နာတာမျိုးမရှိသေးပါဘူး။
#ASEAN #WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #voaburmese #အာဆီယံ #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း