သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပတ္ဝန္းက်င္ထိန္းသိမ္းေန႔နဲ႔ တဲြၿပီး စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပ


ရန္ကုန္ၿမိဳ႕မွာျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲ။ (ဇြန္ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ဒီကေန႔ဟာ ကမာၻ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးေန႔ျဖစ္ၿပီး ျမန္မာႏုိင္ငံတြင္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြမွာ ဒီေန႔ကို အထိမ္းအမွတ္ယူၿပီးေတာ့ ဆႏၵျပၾကတာေတြလည္း ရွိခဲ့ပါတယ္။

တနသၤာရီတိုင္း၊ ေလာင္းလံုၿမိဳ႕မွာ က်ဆံုးသြားသူေတြရဲ႕ နာမည္ေတြကို စာရြက္ေတြေပၚမွာေရးၿပီး Green Campaign ဆိုၿပီးေတာ့ သစ္ပင္ေတြမွာခ်ိတ္ၿပီး ဂုဏ္ျပဳခဲ့ၾကပါတယ္။

ေန႔စဥ္လို ဆႏၵျပေနတဲ့ စစ္ကိုင္းတိုင္း၊ တန္႔ဆည္ၿမိဳ႕မွာ ဒီကေန႔လည္း ေက်ာင္းသား လူငယ္နဲ႔ ျပည္သူေတြစုေဝးၿပီး အာဏာရွင္က်ဆံုးေရး သပိတ္စစ္ေၾကာင္းနဲ႔ ေက်းရြာတခုဆီ ခ်ီတက္ၿပီး ပူးေပါင္း ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းကပဲ ယင္းမာပင္ခ႐ိုင္၊ ဆားလင္းႀကီးေျမာက္ျခမ္းနဲ႔ ယင္းမာပင္အေရွ႕ျခမ္း ရြာေပါင္းစံု ပူးေပါင္းသပိတ္စစ္ေၾကာင္းနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးမွာေတာ့ မဟာမိတ္တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းနဲ႔ ေက်ာင္းသားလူငယ္ေတြ၊ ျပည္သူေတြအျပင္ ရဟန္းသံဃာေတာ္ေတြပါ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

မံုရြာၿမိဳ႕မွာ ခ်ီတက္ဆႏၵျပပြဲ ရွိခဲ့သလို မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္မွာေတာ့ ဆိုင္ကယ္သပိတ္ ထြက္ခဲ့ၾကပါတယ္။

မြန္ျပည္နယ္က ေပါင္ၿမိဳ႕နယ္၊ ကရင္ျပည္နယ္က ဘုရားသံုးဆူ စတဲ့ တျခားေဒသ အသီးသီးမွာလည္း ပံုစံအမ်ဳိးမ်ဳိးနဲ႔ ဆႏၵျပ ကန္႔ကြက္ပြဲေတြ ရွိခဲ့ပါတယ္။

ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ ရဲက ပစ္ခတ္ႏွိမ္နင္းတာ၊ စစ္တပ္နဲ႔ ေဒသခံေတြ၊ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႔ေတြအၾကား ပစ္ခတ္တာေတြေၾကာင့္ ေသဆံုးရသူေပါင္းဟာ ဇြန္လ ၄ ရက္ေန႔အထိဆိုရင္ ၈၄၅ ေယာက္ထက္မနည္း ရွိၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က မွတ္တမ္းတင္ထားပါတယ္။

လက္ရွိအခ်ိန္ထိ ဖမ္းဆီးခံထားရသူေပါင္း ၄,၅၆၅ ေယာက္ရွိေနၿပီး အဲဒီထဲက ၁၅၆ ေယာက္ကို ေထာင္ဒဏ္ခ်မွတ္ခဲ့ၿပီးေတာ့ ဖမ္းဝရမ္း ထုတ္ခံထားရသူေပါင္းက ၁,၉၃၁ ေယာက္ရွိတယ္လုိ႔လည္း AAPP က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကေတာ့ ဖမ္းဆီးအေရးယူတာေတြ လုပ္ေနတာဟာ တဖက္သတ္ တခါတည္း ေၾကာက္သြားေအာင္ လုပ္တာမ်ဳိး မဟုတ္ဘဲ ထိန္းထိန္းသိမ္းသိမ္း လုပ္ေနတယ္လို႔ တ႐ုတ္ႏုိင္ငံအေျခစိုက္ Phoenix ႐ုပ္သံသတင္းဌာနနဲ႔ ဆက္သြယ္ေမးျမန္းခန္းမွာ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ AAPP က ျပဳစုထုတ္ျပန္တဲ့ ေသဆံုးဖမ္းဆီးသူ အေရအတြက္ဟာ ခုိင္လံုမႈမရွိဘဲ ခ်ဲ႕ကားထားတာျဖစ္တယ္လို႔ စစ္ေကာင္စီက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ပတ်ဝန်းကျင်ထိန်းသိမ်းနေ့နဲ့ တွဲပြီး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ

ဒီကနေ့ဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ ဒီနေ့ကို အထိမ်းအမှတ်ယူပြီးတော့ ဆန္ဒပြကြတာတွေလည်း ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံမြို့မှာ ကျဆုံးသွားသူတွေရဲ့ နာမည်တွေကို စာရွက်တွေပေါ်မှာရေးပြီး Green Campaign ဆိုပြီးတော့ သစ်ပင်တွေမှာချိတ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

နေ့စဉ်လို ဆန္ဒပြနေတဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဒီကနေ့လည်း ကျောင်းသား လူငယ်နဲ့ ပြည်သူတွေစုဝေးပြီး အာဏာရှင်ကျဆုံးရေး သပိတ်စစ်ကြောင်းနဲ့ ကျေးရွာတခုဆီ ချီတက်ပြီး ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းကပဲ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနဲ့ ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံ ပူးပေါင်းသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမှာတော့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေအပြင် ရဟန်းသံဃာတော်တွေပါ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာမြို့မှာ ချီတက်ဆန္ဒပြပွဲ ရှိခဲ့သလို မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ ဆိုင်ကယ်သပိတ် ထွက်ခဲ့ကြပါတယ်။

မွန်ပြည်နယ်က ပေါင်မြို့နယ်၊ ကရင်ပြည်နယ်က ဘုရားသုံးဆူ စတဲ့ တခြားဒေသ အသီးသီးမှာလည်း ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြ ကန့်ကွက်ပွဲတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းတာ၊ စစ်တပ်နဲ့ ဒေသခံတွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ပစ်ခတ်တာတွေကြောင့် သေဆုံးရသူပေါင်းဟာ ဇွန်လ ၄ ရက်နေ့အထိဆိုရင် ၈၄၅ ယောက်ထက်မနည်း ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူပေါင်း ၄,၅၆၅ ယောက်ရှိနေပြီး အဲဒီထဲက ၁၅၆ ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့ပြီးတော့ ဖမ်းဝရမ်း ထုတ်ခံထားရသူပေါင်းက ၁,၉၃၁ ယောက်ရှိတယ်လို့လည်း AAPP က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဖမ်းဆီးအရေးယူတာတွေ လုပ်နေတာဟာ တဖက်သတ် တခါတည်း ကြောက်သွားအောင် လုပ်တာမျိုး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်း လုပ်နေတယ်လို့ တရုတ်နိုင်ငံအခြေစိုက် Phoenix ရုပ်သံသတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် AAPP က ပြုစုထုတ်ပြန်တဲ့ သေဆုံးဖမ်းဆီးသူ အရေအတွက်ဟာ ခိုင်လုံမှုမရှိဘဲ ချဲ့ကားထားတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG