သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ကန္႔ကြက္ဆႏၵျပတခ်ိဳ႕နဲ႔အတူ ဖမ္းဆီးမႈမ်ား ရွိေနဆဲ


စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး မႏၱေလးၿမိဳ႕ေပၚက ဆႏၵျပပြဲ။ (ေမ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာ ၄ လနီးပါး ၾကာလာၿပီျဖစ္ေပမယ့္ အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ေနရာေဒသ အေတာ္မ်ားမ်ားမွာ ဆက္ရွိေနဆဲပါ။ အေစာပုိင္းကာလေတြတုန္းကလုိ ဆႏၵျပသူ အေရအတြက္ မမ်ားေတာ့ေပမယ့္ ျပည္သူေတြဟာ ရရာနည္းလမ္းေပါင္းစုံနဲ႔ အာဏာရွင္ကုိ ဆက္လက္ ဆန္႔က်င္ေနၾကပါတယ္။

စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ေန႔စဥ္ရက္ဆက္ဆုိသလုိ ျပဳလုပ္ေနတဲ့ တနသၤာရီတုိင္း၊ ထားဝယ္ၿမိဳ႕ခံေတြရဲ႕ တပ္ေပါင္းစုသပိတ္ ဒီကေန႔လည္း ျပည္သူေတြ လမ္းမေတြေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

အလားတူပဲ ေလာင္းလုံၿမိဳ႕မွာ ေက်ာင္းသားေတြ အပါအဝင္ ျပည္သူေတြစုေပါင္းၿပီး မုိးရြာေနတဲ့ၾကားမွာပဲ လမ္းမေပၚထြက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕မွာလည္း အခါတုိင္းေန႔ေတြလုိပဲ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး တုိင္းရင္းသားေပါင္းစုံသပိတ္ ျပဳလုပ္ခဲ့ပါတယ္။

ထိခုိက္ေသဆုံးမႈေတြ မ်ားခဲ့တဲ့ စစ္ကုိင္းတုိင္း၊ မုံရြာၿမိဳ႕မွာေတာ့ အ႐ုဏ္ဦးသပိတ္အျပင္ ပင္မသပိတ္စစ္ေၾကာင္း၊ မုံရြာၿမိဳ႕အေနာက္ဘက္ျခမ္း ရြာေပါင္းစုံသပိတ္တုိ႔အျပင္ တန္႔ဆည္ လူငယ္သပိတ္စစ္ေၾကာင္း၊ ဒီပဲယင္း လက္ယက္ကုန္းရြာက လူငယ္မ်ား ဆီမီးထြန္း ဆုေတာင္းညသပိတ္၊ ေရႊဘုိခ႐ုိင္၊ ကန္႔ဘလူၿမိဳ႕နယ္က ေတာင္သူသပိတ္ စတဲ့ အာဏာရွင္ဆန္႔က်င္ေရး သပိတ္အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။

မေကြးတုိင္းအတြင္းက ၿမိဳင္ၿမိဳ႕နယ္မွာေတာ့ ေက်းလက္ျပည္သူေတြက စစ္ကၽြန္ပညာေရးစနစ္ အလုိမရွိေၾကာင္းနဲ႔ စစ္အာဏာရွင္ျပဳတ္က်ေရး ခ်ီတက္ ဆႏၵျပၾကတာမွာ ေဒသခံေတြ ရာနဲ႔ခ်ီ ပါဝင္ခဲ့သလုိ မြန္ျပည္နယ္၊ က်ဳိက္ထုိၿမိဳ႕မွာလည္း အာဏာရွင္ဆန္႔က်င္ေရးသပိတ္ ျပဳလုပ္ခဲ့ၾကပါတယ္။

မႏၱေလးတုိင္း၊ မတၱရာၿမိဳ႕နယ္ အေရွ႕ပုိင္းမွာေတာ့ စစ္အာဏာရွင္ဆန္႔က်င္ေရး ေက်းလက္ အ႐ုဏ္ဦးသပိတ္ ျပဳလုပ္ခဲ့ၾကသလုိ မႏၱေလးၿမိဳ႕ေပၚမွာေတာ့ လူငယ္ေတြက လက္ဖက္ရည္ဆုိင္သပိတ္ ဆင္ႏႊဲခဲ့ၾကပါတယ္။

တခ်ိန္တည္းမွာပဲ မႏၱေလးၿမိဳ႕ ေစ်းခ်ဳိအတြင္းက ပိတ္ထားတဲ့ ဆုိင္ခန္းေတြ မနက္ျဖန္ ေမလ ၂၄ ရက္ေန႔ ေနာက္ဆုံးထားၿပီး ျပန္မဖြင့္ရင္ ဆုိင္ခန္းေတြကုိ ျပန္သိမ္းမယ္လုိ႔ စစ္ေကာင္စီက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

အဲဒီလုိ ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲေတြ ျဖစ္ေပၚခဲ့တဲ့ တခ်ိန္တည္းမွာပဲ တျခားတဖက္မွာ အၾကမ္းဖက္မႈနဲ႔ ဖမ္းဆီးမႈေတြလည္း ရွိခဲ့ပါတယ္။

ကယားျပည္နယ္၊ မုိးၿဗဲၿမိဳ႕က ရဲစခန္းကုိ ျပည္သူေတြက ဒီကေန႔ ဝင္ေရာက္ သိမ္းပုိက္လုိက္တာမွာ စစ္ေကာင္စီဘက္က ေသဆုံးသူေတြ ရွိေပမယ့္ အေရအတြက္ အတိအက် မသိရေသးပါဘူး။ ရဲတပ္ဖြဲ႔ဝင္ ၄ ဦး ဖမ္းဆီးရမိေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ PDF က ဗီြအုိေအကုိ အတည္ျပဳေျပာၾကားၿပီး PDF ကလည္း ထိခုိက္ဒဏ္ရာရသူေတြ ရွိတယ္လုိ႔ ဆုိပါတယ္။

မုိးကုတ္ၿမိဳ႕၊ က်ပ္ျပင္ေစ်း အထက္တန္းေက်ာင္းအနီးမွာ ဒီကေန႔ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့တဲ့အတြက္ စစ္ေကာင္စီတပ္ဖြဲ႔ဝင္တဦး ထိခုိက္ဒဏ္ရာ ရခဲ့တယ္လုိ႔ ဆုိပါတယ္။ မုိးကုတ္ၿမိဳ႕မွာပဲ လူ ၅ ဦးကုိ ညဥ့္နက္ပုိင္းမွာ ေနအိမ္ေတြမွာ လာေရာက္ ဖမ္းဆီးသြားတယ္လုိ႔ ဆုိပါတယ္။

အလားတူပဲ ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕က စုေပါင္း႐ုံးအနီးမွာ ေပါက္ကြဲမႈ ၂ ခု ျဖစ္ခဲ့ေပမယ့္ ထိခုိက္ဒဏ္ရာရမႈ ရွိမရွိဆုိတာေတာ့ မသိရေသးပါဘူး။

ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP-B) က ေမလ ၂၂ ရက္ေန႔မွာ ေနာက္ဆုံးထုတ္ျပန္ထားတဲ့ စာရင္းေတြအရ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြေၾကာင့္ ကေန႔အခ်ိန္အထိ ေသဆုံးသူ ၈၁၀ ဦး၊ ဖမ္းဆီးခံထားရသူ ၄,၂၇၁ ဦးနဲ႔ ဖမ္းဝရမ္း ထုတ္ခံထားရသူ ၁,၈၀၂ ဦး ရွိတယ္လုိ႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြတချို့နဲ့အတူ ဖမ်းဆီးမှုများ ရှိနေဆဲ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ၄ လနီးပါး ကြာလာပြီဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေရာဒေသ အတော်များများမှာ ဆက်ရှိနေဆဲပါ။ အစောပိုင်းကာလတွေတုန်းကလို ဆန္ဒပြသူ အရေအတွက် မများတော့ပေမယ့် ပြည်သူတွေဟာ ရရာနည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ပြုလုပ်နေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ခံတွေရဲ့ တပ်ပေါင်းစုသပိတ် ဒီကနေ့လည်း ပြည်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အလားတူပဲ လောင်းလုံမြို့မှာ ကျောင်းသားတွေ အပါအဝင် ပြည်သူတွေစုပေါင်းပြီး မိုးရွာနေတဲ့ကြားမှာပဲ လမ်းမပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာလည်း အခါတိုင်းနေ့တွေလိုပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားပေါင်းစုံသပိတ် ပြုလုပ်ခဲ့ပါတယ်။

ထိခိုက်သေဆုံးမှုတွေ များခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ အရုဏ်ဦးသပိတ်အပြင် ပင်မသပိတ်စစ်ကြောင်း၊ မုံရွာမြို့အနောက်ဘက်ခြမ်း ရွာပေါင်းစုံသပိတ်တို့အပြင် တန့်ဆည် လူငယ်သပိတ်စစ်ကြောင်း၊ ဒီပဲယင်း လက်ယက်ကုန်းရွာက လူငယ်များ ဆီမီးထွန်း ဆုတောင်းညသပိတ်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်က တောင်သူသပိတ် စတဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မကွေးတိုင်းအတွင်းက မြိုင်မြို့နယ်မှာတော့ ကျေးလက်ပြည်သူတွေက စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက် ဆန္ဒပြကြတာမှာ ဒေသခံတွေ ရာနဲ့ချီ ပါဝင်ခဲ့သလို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာလည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးလက် အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့ကြသလို မန္တလေးမြို့ပေါ်မှာတော့ လူငယ်တွေက လက်ဖက်ရည်ဆိုင်သပိတ် ဆင်နွှဲခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ မန္တလေးမြို့ ဈေးချိုအတွင်းက ပိတ်ထားတဲ့ ဆိုင်ခန်းတွေ မနက်ဖြန် မေလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ပြန်မဖွင့်ရင် ဆိုင်ခန်းတွေကို ပြန်သိမ်းမယ်လို့ စစ်ကောင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဲဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့ တချိန်တည်းမှာပဲ တခြားတဖက်မှာ အကြမ်းဖက်မှုနဲ့ ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

ကယားပြည်နယ်၊ မိုးဗြဲမြို့က ရဲစခန်းကို ပြည်သူတွေက ဒီကနေ့ ဝင်ရောက် သိမ်းပိုက်လိုက်တာမှာ စစ်ကောင်စီဘက်က သေဆုံးသူတွေ ရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် PDF က ဗွီအိုအေကို အတည်ပြုပြောကြားပြီး PDF ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့၊ ကျပ်ပြင်ဈေး အထက်တန်းကျောင်းအနီးမှာ ဒီကနေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့မှာပဲ လူ ၅ ဦးကို ညဉ့်နက်ပိုင်းမှာ နေအိမ်တွေမှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အလားတူပဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့က စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) က မေလ ၂၂ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် ကနေ့အချိန်အထိ သေဆုံးသူ ၈၁၀ ဦး၊ ဖမ်းဆီးခံထားရသူ ၄,၂၇၁ ဦးနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၁,၈၀၂ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG