(Zawgyi / Unicode)
ရန္ကုန္ၿမိဳ႕ သဃၤန္းကၽြန္းၿမိဳ႕နယ္က သုဝဏၰပန္းၿခံေရွ႕မွွာ ဒီေန႔ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ ၁ ေယာက္ ေသဆုံးၿပီး ၃ ေယာက္ ဒဏ္ရာရသြားခဲ့ပါတယ္။ ဒ့ါအျပင္ လႈိင္ၿမိဳ႕နယ္ ၁၆ ရပ္ကြက္အတြင္းမွွာလည္း ေန႔လယ္ပိုင္းက ေပါက္ကဲြမႈတခု ျဖစ္ပြားခဲ့ပါတယ္။ ဒီအေျခအေနအပါအဝင္ ရန္ကုန္ၿမိဳ႕ရဲ႕ လုံၿခဳံေရး အေျခအေနနဲ႔ ပတ္သက္ၿပီး ၿမိဳ႕ခံေတြရဲ႕ သေဘာထားေတြကို ကိုရန္ႏုိင္က တင္ျပေပးမွာ ျဖစ္ပါတယ္။
ရန္ကုန္ၿမိဳ႕က ေနရာတခ်ိဳ႕မွာေတာ့ ဒီေန႔ မြန္းလဲြပိုင္းက ပစ္ခတ္မႈေတြနဲ႔ ဗုံးေပါက္ကဲြမႈေတြ ဆက္ၿပီးေတာ့ ျဖစ္ပြားခဲ့လို႔ ထိခုိက္ေသဆုံးမႈေတြ ရွိခဲ့ပါတယ္။ သဃၤန္းကၽြန္းၿမိဳ႕နယ္ သုဝဏၰပန္းၿခံေရွ႕မွာ ဒီေန႔ ေန႔လယ္ ၂ နာရီေက်ာ္ ၃ နာရီေလာက္က ကားတစီးနဲ႔ လာေရာက္ပစ္ခတ္သြားတာေၾကာင့္ အဲဒီပန္းၿခံေရွ႕က အထက္တန္းေက်ာင္းဝင္းအတြင္းမွာ တပ္စဲြထားတဲ့ စစ္ေကာင္စီတပ္ဖဲြ႔ဝင္တဦး ေနရာမွာတင္ ပဲြခ်င္းၿပီး ေသဆုံးၿပီး ၃ ဦး ဒဏ္ရာရသြားခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ သုဝဏၰၿမိဳ႕ခံတဦးက ဗီြအိုေအကို အတည္ျပဳေျပာပါတယ္။
“ေန႔လယ္ ၃ နာရီေလာက္ကက်ေတာ့ သုဝဏၰ ေက်ာင္းလမ္းထိပ္မွာ ရပ္ေနတဲ့ စစ္သားကို ကားတစီးေပၚကေန လွမ္းပစ္သြားတာ။ ၁ ေယာက္ ေသသြားတယ္။ ဒဏ္ရာက ၃ ဦး ရပါတယ္။”
အိမ္စီးကားတစီးနဲ႔ လာေရာက္ပစ္ခတ္သြားတာျဖစ္ၿပီး ကားကေတာ့ ပစ္ၿပီးေတာ့ ေမာင္းေျပးသြားတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီပစ္ခတ္မႈေၾကာင့္ အဲဒီပစ္ခတ္မႈ ျဖစ္ပြားခဲ့တဲ့ အနီးအနားတဝုိက္က ၿမိဳ႕နယ္အတြင္းမွာ အခုေလာေလာဆယ္ လုံၿခဳံေရးေတြ ပိုၿပီးေတာ့ တုိးခ်ထားလာတာကို ေတြ႔ရတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။
“လုံၿခဳံေရးအေျခအေနကေတာ့ ၿမဳိဳ႕နယ္အတြင္းမွာေတာ့ တပ္ေတြ ပိုၿပီးေတာ့ ခ်တာေတြ ရွိတယ္။ အနီးနားက ေက်ာင္းေတြ၊ ဇရပ္ေတြ၊ ေနရာေတြမွာ ခ်ထားတာေတြ ရွိတယ္ရွင့္။ အခုျဖစ္သြားတဲ့ေနရာမွာပဲ ပိုၿပီးေတာ့ မ်ားလာတာရွိတယ္။ ေနာက္ၿပီးေတာ့ ပစ္ခတ္မႈျဖစ္တဲ့ ၿမိဳ႕နယ္အတြင္းပိုင္းမွာ ပိုၿပီးေတာ့ ေက်ာင္းေတြဘာေတြမွာ ခ်ထားတာရွိတယ္။”
ဒါ့အျပင္ လႈိင္ၿမိဳ႕နယ္ ၁၆ ရပ္ကြက္ မာလာၿမိဳင္ ၉ လမ္းအတြင္းမွာလည္း ဒီေန႔ ေန႔လယ္ ၁ နာရီေလာက္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ေနအိမ္ေရွ႕မွာ ဗုံးတလုံး ေပါက္ကဲြခဲ့ပါတယ္။ ဒီေပါက္ကဲြမႈျဖစ္တဲ့အခ်ိန္မွာ အေတာ္ေလးကို အသံက်ယ္က်ယ္ေလာင္ေလာင္ ၾကားခဲ့ရတယ္လို႔ လႈိင္ၿမိဳ႕နယ္အတြင္း အဲဒီအနီးနားတဝုိက္မွာ ေနတဲ့သူတဦးက ဗီြအိုေအကို အခုလို ေျပာပါတယ္။
“အန္တီတုိ႔က အဲဒီအနီးနားမွာပဲ ေနတယ္ဆုိေတာ့ ၾကားေနရတာေပါ့ေနာ္၊ အသံႀကီးက အက်ယ္ႀကီးဆုိေတာ့ လန္႔သြားတယ္။ ေတာ္ေတာ္ေလးကို အသံက က်ယ္ေနေတာ့ေလ၊ ဘယ္နားကမွန္းလည္း မသိဘူး။ ေနာက္ေတာ့ လမ္းထဲကလူေတြက ေျပးလာၿပီးေတာ့မွ ၉ လမ္းကလို႔ ေျပာတယ္။ အုပ္ခ်ဳပ္ေရးမွဴးအိမ္လို႔ေတာ့ ေျပာတယ္။ ဒါေပမယ့္ ဘယ္သူမွမရွိလို႔ ဘယ္သူမွ လူထိခုိက္တာေတာ့ မရွိဘူးလို႔ ေျပာတယ္။ ေနာက္ၿပီးေတာ့ သူတို႔အိမ္ နည္းနည္းပါးပါးပဲ မွန္တံခါးေတြေလာက္ပဲ ပ်က္စီးသြားတယ္လို႔ေျပာတယ္။ ျဖစ္တဲ့အခ်ိန္ကေတာ့ ၁ နာရီ ၁၅ ေလာက္ပါ။”
ဒီေန႔ညေနပိုင္း ၅ နာရီေလာက္ကလည္း ရန္ကုန္ၿမိဳ႕ ယုဇနာပလာဇာဝင္ေပါက္ ၆ မွာ ဗုံးေပါက္ကဲြမႈတခု ျဖစ္ပြားခဲ့ပါတယ္။ အဲဒီဗုံးေပါက္ကဲြမႈေၾကာင့္ ယုဇနပလာဇာ အျပင္ဘက္မွာ မီးခုိးေတြ ထြက္ေနတာကို လူမႈကြန္ရက္မွာ တင္ထားတဲ့ သတင္းေတြမွာ ေတြ႔ေနရပါတယ္။ ဒါေပမယ့္ အဲဒီဗုံးေပါက္ကဲြမႈေၾကာင့္ ထိခုိက္ေသဆုံးမႈ ဘယ္ေလာက္ရွိတယ္ဆုိတာ တိတိက်က် မသိရေသးေပမယ့္ စစ္ေကာင္စီရဲ႕ လုံၿခဳံေရးတပ္ဖဲြ႔ေတြ ယုဇနပလာဇာကို ေရာက္လာၿပီး ပလာဇာအတြင္းနဲ႔ အနီးနားတဝုိက္မွာရွိတဲ့ လူေတြနဲ႔ ကားေတြကို ရွင္းလင္း ဖယ္ရွားခုိင္းေနတယ္လို႔ လူမႈကြန္ရက္ သတင္းမီဒီယာေတြမွာ ေဖာ္ျပေနၾကပါတယ္။
ဒါ့အျပင္ လမ္းမေတာ္ၿမိဳ႕နယ္အတြင္းက ေညာင္ပင္ေလးေစ်းနားမွာလည္း ဒီေန႔ ေန႔လယ္ပုိင္းက ဗုံးေပါက္ကဲြမႈတခု ျဖစ္ပြားခဲ့တယ္လို႔ ျပည္တြင္းသတင္းေတြက ေဖာ္ျပေနပါတယ္။ အခုလို ဒီအေျခအေနေတြေၾကာင့္ ၿမိဳ႕ခံေတြအေနနဲ႔ သူတုိ႔ရဲ႕ ေဘးကင္းလုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး ဘယ္လိုခံစားေနရပါသလဲ။
“အန္တီတုိ႔ကေတာ့ လန္႔ေနရတာပဲေပါ့ေနာ္၊ က်ီးလန္႔စာစားေနရသလိုပါပဲ။ ညဆုိလည္း အဲဒီလိုပါပဲ။ ဘယ္နားမွာ ဘာေတြျဖစ္မလဲဆုိၿပီး ေၾကာက္ေနရတာပါပဲ။ လုံၿခဳံမႈက သိပ္မရွိဘူး။ အန္တီတုိ႔ကေတာ့ သိပ္အျပင္မထြက္ဘူး။ ညဆုိရင္လည္း ၈ နာရီေနာက္ပို္င္းဆုိ တိတ္ဆိတ္ေနတာပဲ၊ ရပ္ကြက္တုိင္းပါပဲ။”
“လုံၿခဳံေရးအေနနဲ႔ကေတာ့ မလုံၿခဳံဘူးလို႔ ခံစားရတယ္။ ညဘက္အိပ္ရင္ေတာင္ စိတ္ခ်လက္ခ် မအိပ္ႏုိင္ဘူး။ အိပ္ေနရင္ေတာင္ ညသန္းေခါင္ေတြမွာ ကင္းလွည့္ေနတာတုိ႔၊ တေနရာရာက ဗုံးေပါက္တာတုိ႔က ဆက္တုိက္ေတြၾကားေနရတယ္။”
မေန႔ကလည္း စမ္းေခ်ာင္းၿမိဳ႕နယ္ထဲက ဗားကရာအုပ္ခ်ဳပ္ေရးမွဴး႐ုံးေရွ႕ အပါအဝင္ ပဲခူးတုိင္းအတြင္းက ေညာင္ေလးပင္ၿမိဳ႕ ေကာက္ေကြ႔ေက်းရြာက ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအိမ္အတြင္း မေန႔ညပိုင္း ဗုံးေပါက္ကဲြမႈတခု ျဖစ္ပြားခဲ့ၿပီး ေပါက္ကဲြမႈေတြဟာ ေန႔စဥ္ရက္ဆက္ဆုိသလို ဆက္လက္ျဖစ္ပြားေနတာ ျဖစ္ပါတယ္။
--------------------
(Unicode)
ရန်ကုန်မြို့တွင်း ပစ်ခတ်ပေါက်ကွဲမှု လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏပန်းခြံရှေ့မှာ ဒီနေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒ့ါအပြင် လှိုင်မြို့နယ် ၁၆ ရပ်ကွက်အတွင်းမှာလည်း နေ့လယ်ပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေအပါအဝင် ရန်ကုန်မြို့ရဲ့ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတွေရဲ့ သဘောထားတွေကို ကိုရန်နိုင်က တင်ပြပေးမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က နေရာတချို့မှာတော့ ဒီနေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်ပြီးတော့ ဖြစ်ပွားခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏပန်းခြံရှေ့မှာ ဒီနေ့ နေ့လယ် ၂ နာရီကျော် ၃ နာရီလောက်က ကားတစီးနဲ့ လာရောက်ပစ်ခတ်သွားတာကြောင့် အဲဒီပန်းခြံရှေ့က အထက်တန်းကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သုဝဏ္ဏမြို့ခံတဦးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
“နေ့လယ် ၃ နာရီလောက်ကကျတော့ သုဝဏ္ဏ ကျောင်းလမ်းထိပ်မှာ ရပ်နေတဲ့ စစ်သားကို ကားတစီးပေါ်ကနေ လှမ်းပစ်သွားတာ။ ၁ ယောက် သေသွားတယ်။ ဒဏ်ရာက ၃ ဦး ရပါတယ်။”
အိမ်စီးကားတစီးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ကားကတော့ ပစ်ပြီးတော့ မောင်းပြေးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် အဲဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အနီးအနားတဝိုက်က မြို့နယ်အတွင်းမှာ အခုလောလောဆယ် လုံခြုံရေးတွေ ပိုပြီးတော့ တိုးချထားလာတာကို တွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“လုံခြုံရေးအခြေအနေကတော့ မြို့နယ်အတွင်းမှာတော့ တပ်တွေ ပိုပြီးတော့ ချတာတွေ ရှိတယ်။ အနီးနားက ကျောင်းတွေ၊ ဇရပ်တွေ၊ နေရာတွေမှာ ချထားတာတွေ ရှိတယ်ရှင့်။ အခုဖြစ်သွားတဲ့နေရာမှာပဲ ပိုပြီးတော့ များလာတာရှိတယ်။ နောက်ပြီးတော့ ပစ်ခတ်မှုဖြစ်တဲ့ မြို့နယ်အတွင်းပိုင်းမှာ ပိုပြီးတော့ ကျောင်းတွေဘာတွေမှာ ချထားတာရှိတယ်။”
ဒါ့အပြင် လှိုင်မြို့နယ် ၁၆ ရပ်ကွက် မာလာမြိုင် ၉ လမ်းအတွင်းမှာလည်း ဒီနေ့ နေ့လယ် ၁ နာရီလောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အတော်လေးကို အသံကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်လို့ လှိုင်မြို့နယ်အတွင်း အဲဒီအနီးနားတဝိုက်မှာ နေတဲ့သူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“အန်တီတို့က အဲဒီအနီးနားမှာပဲ နေတယ်ဆိုတော့ ကြားနေရတာပေါ့နော်၊ အသံကြီးက အကျယ်ကြီးဆိုတော့ လန့်သွားတယ်။ တော်တော်လေးကို အသံက ကျယ်နေတော့လေ၊ ဘယ်နားကမှန်းလည်း မသိဘူး။ နောက်တော့ လမ်းထဲကလူတွေက ပြေးလာပြီးတော့မှ ၉ လမ်းကလို့ ပြောတယ်။ အုပ်ချုပ်ရေးမှူးအိမ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်သူမှမရှိလို့ ဘယ်သူမှ လူထိခိုက်တာတော့ မရှိဘူးလို့ ပြောတယ်။ နောက်ပြီးတော့ သူတို့အိမ် နည်းနည်းပါးပါးပဲ မှန်တံခါးတွေလောက်ပဲ ပျက်စီးသွားတယ်လို့ပြောတယ်။ ဖြစ်တဲ့အချိန်ကတော့ ၁ နာရီ ၁၅ လောက်ပါ။”
ဒီနေ့ညနေပိုင်း ၅ နာရီလောက်ကလည်း ရန်ကုန်မြို့ ယုဇနာပလာဇာဝင်ပေါက် ၆ မှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ယုဇနပလာဇာ အပြင်ဘက်မှာ မီးခိုးတွေ ထွက်နေတာကို လူမှုကွန်ရက်မှာ တင်ထားတဲ့ သတင်းတွေမှာ တွေ့နေရပါတယ်။ ဒါပေမယ့် အဲဒီဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျ မသိရသေးပေမယ့် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ယုဇနပလာဇာကို ရောက်လာပြီး ပလာဇာအတွင်းနဲ့ အနီးနားတဝိုက်မှာရှိတဲ့ လူတွေနဲ့ ကားတွေကို ရှင်းလင်း ဖယ်ရှားခိုင်းနေတယ်လို့ လူမှုကွန်ရက် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
ဒါ့အပြင် လမ်းမတော်မြို့နယ်အတွင်းက ညောင်ပင်လေးဈေးနားမှာလည်း ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြနေပါတယ်။ အခုလို ဒီအခြေအနေတွေကြောင့် မြို့ခံတွေအနေနဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရပါသလဲ။
“အန်တီတို့ကတော့ လန့်နေရတာပဲပေါ့နော်၊ ကျီးလန့်စာစားနေရသလိုပါပဲ။ ညဆိုလည်း အဲဒီလိုပါပဲ။ ဘယ်နားမှာ ဘာတွေဖြစ်မလဲဆိုပြီး ကြောက်နေရတာပါပဲ။ လုံခြုံမှုက သိပ်မရှိဘူး။ အန်တီတို့ကတော့ သိပ်အပြင်မထွက်ဘူး။ ညဆိုရင်လည်း ၈ နာရီနောက်ပိုင်းဆို တိတ်ဆိတ်နေတာပဲ၊ ရပ်ကွက်တိုင်းပါပဲ။”
“လုံခြုံရေးအနေနဲ့ကတော့ မလုံခြုံဘူးလို့ ခံစားရတယ်။ ညဘက်အိပ်ရင်တောင် စိတ်ချလက်ချ မအိပ်နိုင်ဘူး။ အိပ်နေရင်တောင် ညသန်းခေါင်တွေမှာ ကင်းလှည့်နေတာတို့၊ တနေရာရာက ဗုံးပေါက်တာတို့က ဆက်တိုက်တွေကြားနေရတယ်။”
မနေ့ကလည်း စမ်းချောင်းမြို့နယ်ထဲက ဗားကရာအုပ်ချုပ်ရေးမှူးရုံးရှေ့ အပါအဝင် ပဲခူးတိုင်းအတွင်းက ညောင်လေးပင်မြို့ ကောက်ကွေ့ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်အတွင်း မနေ့ညပိုင်း ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။