သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ကန္႔ကြက္ဆႏၵျပပြဲေတြ နည္းနည္းနဲ႔က်ဲက်ဲ ဆက္ရွိေနဆဲ


ထားဝယ္ၿမိဳ႕ ေပ်ာက္ၾကားသပိတ္

Zawgyi/Unicode

စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ရန္ကုန္၊ မႏၱေလး၊ မံု႐ြာ စတဲ့ၿမိဳ႕ေတြမွာ ဒီေန႔လည္း ဆက္႐ွိေနပါတယ္။ ရန္ကုန္မွာ ဒီေန႔ ၿမိဳ႕နယ္အလိုက္ ဆႏၵျပပြဲ အေသးစားေတြသာ လုပ္ႏိုင္ခဲ့ေပမဲ့ မံု႐ြာမွာေတာ့ ဆႏၵျပစစ္ေၾကာင္းေတြ ပူးေပါင္းၿပီး ေဟာေျပာပြဲေတြ လုပ္ခဲ့ပါတယ္။ ႏိုင္ငံတဝန္း ပုံစံအမ်ိဳးမ်ိဳးနဲ႔ လုပ္ၾကတဲ့ ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာကို အေျခအေနအေပၚ မူတည္ၿပီး ရတဲ့ပံုစံနဲ႔ ကန္႔ကြက္ဆႏၵျပေနၾကတာမွာ ဒီေန႔လည္း ျမန္မာႏိုင္ငံ ၿမိဳ႕တခ်ဳိ႕မွာ ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ဒီေန႔ေတာ့ ဆႏၵျပပြဲ ႀကီးႀကီးမားမားမ႐ွိခဲ့ဘဲ ရပ္ကြက္နဲ႔ ၿမိဳ႕နယ္အလိုက္လုပ္တဲ့ လူအင္အားအနည္းငယ္နဲ႔ ဆႏၵျပပြဲေလးေတြသာ ႐ွိခဲ့ပါတယ္။

ဒီကေန႔ ရန္ကုန္ၿမိဳ႕က ဆႏၵျပပြဲအေျခအေနေတြနဲ႔ပတ္သက္ၿပီး ဆႏၵျပသူတဦးက ရွင္းျပပါတယ္။

“ေက်ာင္းသားလူငယ္ေလးတစုက ရန္ကင္းမွာ သပိတ္သြားလုပ္တာရွိတယ္။ သပိတ္လုပ္ၿပီးေတာ့ ၅ မိနစ္ကေန ၁၀ မိနစ္ဝန္းက်င္အတြင္း လူစုခြဲလိုက္တယ္၊ အဖမ္းအဆီးလည္းမရွိခဲ့ဘူး။ ဘာမွမျဖစ္ၾကဘူးေပါ့။ လူအင္အားကေတာ့ ၁၅ ေယာက္ဝန္းက်င္ေလာက္ပဲ။ မေန႔က က်ေနာ္တို႔က လူ ရာဂဏန္းေလာက္ထိ သြားထားတာျဖစ္သလို ၿပီးေတာ့ မေန႔က ထြက္ထားတဲ့သူေတြအေနနဲ႔ျပန္ၾကည့္မယ္ဆိုရင္ သူတို႔အတြက္က ေျပာမယ္ဆို မေန႔က က်ေနာ္တို႔သပိတ္က တကယ္ေအာင္တယ္ေလ၊ ေအာင္ေတာ့ ခ်က္ခ်င္းျပန္ထြက္မယ္ဆိုရင္ အဲ့မွာ Video ေတြ ပုံေတြရွိေတာ့ သူတို႔လုံၿခဳံေရးအရ ဒီေန႔မွာ နားေနတာလား၊ ဒါမွမဟုတ္ရင္လည္း က်ေနာ္တို႔ဘက္က ေနာက္ထပ္ Call ေခၚတာကို ထပ္ေစာင့္ေနတာလား။ အဲ့ဒါေတာ့ က်ေနာ္တို႔လည္း အတိအက်ေတာ့ ေျပာလို႔မရဘူးေပါ့ေနာ္။ ဒီရက္ပိုင္းမွာ သပိတ္လုပ္မယ့္ကိစၥကိုလည္း က်ေနာ္တို႔က ေခၚထားတာမ်ိဳးလည္းမရွိတဲ့အတြက္ ထြက္မလာၾကတာလို႔ထင္တယ္။”

စစ္ကိုင္းတိုင္း မုံ႐ြာမွာ ဒီကေန႔ ပင္မသပိတ္စစ္ေၾကာင္းက မုံ႐ြာၿမိဳ႕တဘက္ကမ္းမွာရွိတဲ့ ေက်း႐ြာသပိတ္ေတြနဲ႔ စုေပါင္းၿပီး ေက်ာင္းသားသမဂၢေခါင္းေဆာင္တခ်ိဳ႕က ေဟာေျပာပြဲ လုပ္ခဲ့ၾကတယ္လို႔ သပိတ္မွာ ပါဝင္သူတဦးက ေျပာပါတယ္။

“ၿမိဳ႕ေပၚက ထြက္တဲ့သပိတ္ရယ္၊ ေနာက္တခုက ပင္မသပိတ္က ေက်ာင္းသားသမဂၢေခါင္းေဆာင္ တခ်ိဳ႕က မုံ႐ြာၿမိဳ႕နယ္ အေနာက္ဘက္ကမ္းမွာေပါ့ေနာ္ အဲ့ဒါ ဒီေန႔ သြားၿပီးေတာ့ ေျပာတာေတြရွိတယ္ဗ်။ အဓိက က်ေနာ္တို႔ မုံ႐ြာၿမိဳ႕အေနာက္ဘက္မွာေလ ေက်း႐ြာစစ္ေၾကာင္းေတြ ရွိတယ္ဗ်။ သူတို႔စစ္ေၾကာင္းေတြမွာ သြားေရာက္ပူးေပါင္းၿပီးေတာ့ ေျပာတာပါဗ်။ အဓိကကေတာ့ က်ေနာ္တို႔ လူထုအေနနဲ႔ ဒီေတာ္လွန္ေရး လုပ္ငန္းစဥ္ေတြမွာ ဆက္လက္ၿပီးေတာ့ ပါဝင္ဖို႔ရယ္၊ ေနာက္တခုက ျပည္သူလူထုပါဝင္ႏိုင္တဲ့ ခုလုပ္ေနတဲ့ ဘူးသပိတ္ေတြကို ဆက္ၿပီးေတာ့ လုပ္ေဆာင္ဖို႔ေပါ့ေနာ္။ ၿပီးေတာ့ ေနာက္တခုက ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ေပၚလာတဲ့ခါက်ရင္လည္း ဝန္းရံအားေပးေထာက္ခံၾကဖို႔ေပါ့ေနာ္။ ဒီေတာ္လွန္ေရးကို က်ေနာ္တို႔ စဥ္ဆက္မျပတ္ စီးဆင္းႏိုင္ေအာင္ လူထုအားလုံးက ျပင္ဆင္ထားၾကဖို႔ အဲ့တာေတြ တိုက္တြန္းတာေတြ ေျပာျဖစ္တယ္ဗ်။”

မုံ႐ြာမွာ စစ္ေကာင္စီက ဒီေန႔ လုံၿခဳံေရးအင္အားကို အရင္ရက္ေတြကထက္ ပိုတိုးျမွင့္ထားၿပီးေတာ့ အရပ္ဝတ္နဲ႔ လက္နက္ကိုင္ေတြကလည္း လမ္းေတြမွာ ကင္းလွည့္ေနတာမ်ိဳးေတြရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

မႏၲေလးမွာလည္း လုံၿခဳံေရးတင္းၾကပ္ထားတဲ့ၾကားက စစ္အာဏာရွင္ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပပဲြေတြ လုပ္ခဲ့ၾကပါတယ္။ ရန္ကုန္၊ မံု႐ြာ စတဲ့ၿမိဳ႕ေတြနဲ႔ ခ်ိတ္ဆက္ၿပီး သိေစခ်င္တဲ့ ေခါင္းစဥ္တခုတည္းနဲ႔ တညီတညာတည္း ဆႏၵျပမႈေတြ ပိုလုပ္လာမယ္လို႔ မႏၲေလး ဆႏၵျပသူတဦးက ေျပာပါတယ္။

“ဆႏၵျပပြဲေတြကေတာ့ မႏၲေလးရဲ႕ အေရွ႕အေနာက္ေတာင္ေျမာက္ ေလးဘက္ ေလးရပ္မွာေတာ့ ေပ်ာက္ၾကားအေနနဲ႔ သူ႔ေနရာနဲ႔သူေတာ့ ရွိေနပါတယ္။ စစ္ေကာင္စီကလည္း ေန႔စဥ္ေန႔တိုင္း ရပ္ကြက္တိုင္း ရပ္ကြက္တိုင္း လမ္းတိုင္း လမ္းတိုင္းမွာ လွည့္ပတ္ေနပါတယ္။ ဘယ္လိုပဲ သူတို႔ဘက္က လွည့္ပတ္ေန လွည့္ပတ္ေန ဒီေန႔ က်ေနာ္တို႔ မႏၲေလးမွာ ဆႏၵျပပြဲေတြကေတာ့ ေက်ာင္းသား ျပည္သူေတြ ရဟန္းသံဃာေတြ ဒီေန႔ထြက္ၾကတယ္။ မနက္ကလည္းရွိတယ္။ ညေနမွာလည္း ရွိေနပါတယ္ဗ်။ က်ေနာ္တို႔ ခုေနာက္ပိုင္းေတာ္ေတာ္မ်ားမ်ားလုပ္ေနတဲ့ကိစၥေတြမွာေတာ့ စုေပါင္း သပိတ္ေတြနဲ႔ သြားေနတာမ်ားပါတယ္ဗ်။ အားလုံးက စစ္အာဏာရွင္ရဲ႕ ဖိႏွိပ္မႈေတြမ်ားလာတဲ့ခါမွာ က်ေနာ္တို႔ စုေပါင္းၿပီးေတာ့လုပ္တာ ပိုသင့္ေတာ္တယ္ထင္လို႔ ဒီအေပၚမွာ က်ေနာ္တို႔က စုေပါင္းၿပီးေတာ့ စုေပါင္းသပိတ္ေတြ ထြက္ေနတာမ်ားပါတယ္။"

ဖားကန္႔၊ ၿမိဳင္၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ကေလး၊ ထားဝယ္၊ ေလာင္းလုံး၊ ျပင္ဦးလြင္၊ ပခုကၠဴ စတဲ့ ၿမိဳ႕နယ္ေတြမွာလည္း ေပ်ာက္ၾကားသပိတ္ေတြ လုပ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြပွဲတွေ နည်းနည်းနဲ့ကျဲကျဲ ဆက်ရှိနေဆဲ

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့မြို့တွေမှာ ဒီနေ့လည်း ဆက်ရှိနေပါတယ်။ ရန်ကုန်မှာ ဒီနေ့ မြို့နယ်အလိုက် ဆန္ဒပြပွဲ အသေးစားတွေသာ လုပ်နိုင်ခဲ့ပေမဲ့ မုံရွာမှာတော့ ဆန္ဒပြစစ်ကြောင်းတွေ ပူးပေါင်းပြီး ဟောပြောပွဲတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတဝန်း ပုံစံအမျိုးမျိုးနဲ့ လုပ်ကြတဲ့ ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို အခြေအနေအပေါ် မူတည်ပြီး ရတဲ့ပုံစံနဲ့ ကန့်ကွက်ဆန္ဒပြနေကြတာမှာ ဒီနေ့လည်း မြန်မာနိုင်ငံ မြို့တချို့မှာ ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ဒီနေ့တော့ ဆန္ဒပြပွဲ ကြီးကြီးမားမားမရှိခဲ့ဘဲ ရပ်ကွက်နဲ့ မြို့နယ်အလိုက်လုပ်တဲ့ လူအင်အားအနည်းငယ်နဲ့ ဆန္ဒပြပွဲလေးတွေသာ ရှိခဲ့ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့က ဆန္ဒပြပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး ဆန္ဒပြသူတဦးက ရှင်းပြပါတယ်။

“ကျောင်းသားလူငယ်လေးတစုက ရန်ကင်းမှာ သပိတ်သွားလုပ်တာရှိတယ်။ သပိတ်လုပ်ပြီးတော့ ၅ မိနစ်ကနေ ၁၀ မိနစ်ဝန်းကျင်အတွင်း လူစုခွဲလိုက်တယ်၊ အဖမ်းအဆီးလည်းမရှိခဲ့ဘူး။ ဘာမှမဖြစ်ကြဘူးပေါ့။ လူအင်အားကတော့ ၁၅ ယောက်ဝန်းကျင်လောက်ပဲ။ မနေ့က ကျနော်တို့က လူ ရာဂဏန်းလောက်ထိ သွားထားတာဖြစ်သလို ပြီးတော့ မနေ့က ထွက်ထားတဲ့သူတွေအနေနဲ့ပြန်ကြည့်မယ်ဆိုရင် သူတို့အတွက်က ပြောမယ်ဆို မနေ့က ကျနော်တို့သပိတ်က တကယ်အောင်တယ်လေ၊ အောင်တော့ ချက်ချင်းပြန်ထွက်မယ်ဆိုရင် အဲ့မှာ Video တွေ ပုံတွေရှိတော့ သူတို့လုံခြုံရေးအရ ဒီနေ့မှာ နားနေတာလား၊ ဒါမှမဟုတ်ရင်လည်း ကျနော်တို့ဘက်က နောက်ထပ် Call ခေါ်တာကို ထပ်စောင့်နေတာလား။ အဲ့ဒါတော့ ကျနော်တို့လည်း အတိအကျတော့ ပြောလို့မရဘူးပေါ့နော်။ ဒီရက်ပိုင်းမှာ သပိတ်လုပ်မယ့်ကိစ္စကိုလည်း ကျနော်တို့က ခေါ်ထားတာမျိုးလည်းမရှိတဲ့အတွက် ထွက်မလာကြတာလို့ထင်တယ်။”

စစ်ကိုင်းတိုင်း မုံရွာမှာ ဒီကနေ့ ပင်မသပိတ်စစ်ကြောင်းက မုံရွာမြို့တဘက်ကမ်းမှာရှိတဲ့ ကျေးရွာသပိတ်တွေနဲ့ စုပေါင်းပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင်တချို့က ဟောပြောပွဲ လုပ်ခဲ့ကြတယ်လို့ သပိတ်မှာ ပါဝင်သူတဦးက ပြောပါတယ်။

“မြို့ပေါ်က ထွက်တဲ့သပိတ်ရယ်၊ နောက်တခုက ပင်မသပိတ်က ကျောင်းသားသမဂ္ဂခေါင်းဆောင် တချို့က မုံရွာမြို့နယ် အနောက်ဘက်ကမ်းမှာပေါ့နော် အဲ့ဒါ ဒီနေ့ သွားပြီးတော့ ပြောတာတွေရှိတယ်ဗျ။ အဓိက ကျနော်တို့ မုံရွာမြို့အနောက်ဘက်မှာလေ ကျေးရွာစစ်ကြောင်းတွေ ရှိတယ်ဗျ။ သူတို့စစ်ကြောင်းတွေမှာ သွားရောက်ပူးပေါင်းပြီးတော့ ပြောတာပါဗျ။ အဓိကကတော့ ကျနော်တို့ လူထုအနေနဲ့ ဒီတော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ဆက်လက်ပြီးတော့ ပါဝင်ဖို့ရယ်၊ နောက်တခုက ပြည်သူလူထုပါဝင်နိုင်တဲ့ ခုလုပ်နေတဲ့ ဘူးသပိတ်တွေကို ဆက်ပြီးတော့ လုပ်ဆောင်ဖို့ပေါ့နော်။ ပြီးတော့ နောက်တခုက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပေါ်လာတဲ့ခါကျရင်လည်း ဝန်းရံအားပေးထောက်ခံကြဖို့ပေါ့နော်။ ဒီတော်လှန်ရေးကို ကျနော်တို့ စဉ်ဆက်မပြတ် စီးဆင်းနိုင်အောင် လူထုအားလုံးက ပြင်ဆင်ထားကြဖို့ အဲ့တာတွေ တိုက်တွန်းတာတွေ ပြောဖြစ်တယ်ဗျ။”

မုံရွာမှာ စစ်ကောင်စီက ဒီနေ့ လုံခြုံရေးအင်အားကို အရင်ရက်တွေကထက် ပိုတိုးမြှင့်ထားပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေကလည်း လမ်းတွေမှာ ကင်းလှည့်နေတာမျိုးတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မန္တလေးမှာလည်း လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်၊ မုံရွာ စတဲ့မြို့တွေနဲ့ ချိတ်ဆက်ပြီး သိစေချင်တဲ့ ခေါင်းစဉ်တခုတည်းနဲ့ တညီတညာတည်း ဆန္ဒပြမှုတွေ ပိုလုပ်လာမယ်လို့ မန္တလေး ဆန္ဒပြသူတဦးက ပြောပါတယ်။

“ဆန္ဒပြပွဲတွေကတော့ မန္တလေးရဲ့ အရှေ့အနောက်တောင်မြောက် လေးဘက် လေးရပ်မှာတော့ ပျောက်ကြားအနေနဲ့ သူ့နေရာနဲ့သူတော့ ရှိနေပါတယ်။ စစ်ကောင်စီကလည်း နေ့စဉ်နေ့တိုင်း ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း လမ်းတိုင်း လမ်းတိုင်းမှာ လှည့်ပတ်နေပါတယ်။ ဘယ်လိုပဲ သူတို့ဘက်က လှည့်ပတ်နေ လှည့်ပတ်နေ ဒီနေ့ ကျနော်တို့ မန္တလေးမှာ ဆန္ဒပြပွဲတွေကတော့ ကျောင်းသား ပြည်သူတွေ ရဟန်းသံဃာတွေ ဒီနေ့ထွက်ကြတယ်။ မနက်ကလည်းရှိတယ်။ ညနေမှာလည်း ရှိနေပါတယ်ဗျ။ ကျနော်တို့ ခုနောက်ပိုင်းတော်တော်များများလုပ်နေတဲ့ကိစ္စတွေမှာတော့ စုပေါင်း သပိတ်တွေနဲ့ သွားနေတာများပါတယ်ဗျ။ အားလုံးက စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေများလာတဲ့ခါမှာ ကျနော်တို့ စုပေါင်းပြီးတော့လုပ်တာ ပိုသင့်တော်တယ်ထင်လို့ ဒီအပေါ်မှာ ကျနော်တို့က စုပေါင်းပြီးတော့ စုပေါင်းသပိတ်တွေ ထွက်နေတာများပါတယ်။"

ဖားကန့်၊ မြိုင်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကလေး၊ ထားဝယ်၊ လောင်းလုံး၊ ပြင်ဦးလွင်၊ ပခုက္ကူ စတဲ့ မြို့နယ်တွေမှာလည်း ပျောက်ကြားသပိတ်တွေ လုပ်ခဲ့ကြပါတယ်။

#WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #MyanmarProtests #voaburmese #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #တပ်မတော် #ဆန္ဒပြပွဲ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG