သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးၿဗဲနဲ႔မင္းတပ္မွာ စစ္ေကာင္စီတပ္က လက္နက္ႀကီးေတြနဲ႔ပစ္ခတ္


စစ္ကိုင္း ခႏၱီးေဒသဖက္က မီးခိုးမ်ားထြက္ေပၚ ေနစဥ္ (ဓာတ္ပံု- CJ)

(Zawgyi/Unicode)
အာဏာသိမ္းထားတဲ့ စစ္ေကာင္စီရဲ႕ တပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြ ႐ွမ္းျပည္နယ္၊ ကယားျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ဆက္ျဖစ္ေနပါတယ္။ မိုးၿဗဲၿမိဳ႕က တိုက္ပဲြေတြေၾကာင့္ အိမ္တခ်ဳိ႕ မီးေလာင္ခဲ့ပါတယ္။ မင္းတပ္ဖက္မွာေတာ့ အင္အားနဲ႔ ထိုးစစ္ဆင္ တိုက္ခိုက္ေနပါတယ္။ တိုက္ပဲြအေျခအေနေတြအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္း အိန္ ကေန သတင္းေပးပို႕ထားပါတယ္။

႐ွမ္းျပည္နယ္ မိုးၿဗဲၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္တုိ႔မွာ စစ္တပ္နဲ႔ ေဒသခံလံုၿခံဳေရးအဖဲြ႔ေတြၾကား ပစ္ခတ္ တိုက္ခိုက္မႈေတြ ဆက္႐ွိေနပါတယ္။ မိုးၿဗဲၿမိဳ႕မွာ ဒီေန႔ ဇြန္လ ၇ ရက္ေန႔ ျဖစ္ေနတဲ့ တိုက္ပဲြအေၾကာင္း မိုးျဗဲၿမိဳ႕ခံတဦးက ခုလိုေျပာျပပါတယ္။

"မိုးျဗဲ ဒီရက္ မနက္အေနအထားကေတာ့ မနက္က (၅) မိနစ္ေလာက္ ပစ္ခတ္တာေတာ့ရွိတယ္။ (၁)နာရီခြဲေလာက္မွာ စပစ္တယ္။ ပစ္သံေတြကိုၾကားရတယ္။ (၁၀) မိနစ္တခါျခား လက္နက္ႀကီးသံေတြကိုၾကားေနရေသးတယ္။ (၂)နာရီစပ္ ၾကားမွာ အဆက္မျပတ္ၾကားေနရတယ္။ အျပန္လွန္ပစ္ခတ္တဲ့သေဘာမ်ိဳးရွိတယ္။"

ဇြန္လ ၆ ရက္ေန႔ကလည္း မိုးျဗဲၿမိဳ႕မွာ ပစ္ခတ္တိုက္ခိုက္မွဳေတြေၾကာင့္ ေနအိမ္တခ်ဳိ႕ မီးေလာင္ ပ်က္စီးခဲ့ပါတယ္။ ဖယ္ခုံၿမိဳ႕မွာေတာ့ ခရိယာန္ဘုရား႐ွိခို္းေက်ာင္းတခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့တဲ့အေျခအေနကို ေနာက္ထပ္ၿမိဳ႕ခံတေယာက္က ေျပာပါတယ္။

"မိုးျဗဲဘက္မွာေတာ့တိုက္ပြဲေတြျဖစ္တယ္။ မေန႕ကပစ္ေတာ့ အိမ္မီးေလာင္တယ္။ (၇) လုံး (၈) လုံးေလာက္ပါသြားတယ္။ မိုးျဗဲဘုရားေက်ာင္းတပ္လာစြဲထားတာေပါ့။ ဖယ္ခုန္ဘက္မွာေတာ့လက္နက္ႀကီးက်တယ္လို႕ေျပာတာဘဲ။ မယ္ေတာ္ ဘုရား အ၀န္းတြင္းမွာေပါ့။ ေဂ်ေရာဗလိုေပါ့။ လက္နက္ႀကီးတလုံးက်တယ္။"

ဖယ္ခုံၿမိဳ႕ ၊ ေဂ်ေရာဗလို ဆုေတာင္းျပည့္ လုဒ္မယ္ေတာ္ဘုရား႐ွိခိုးေက်ာင္းနားမွာ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲခဲ့လို႔ ထိခိုက္ ပ်က္စီးမႈ႐ွိခဲ့ပါတယ္။

မိုးျဗဲဲၿမိဳ႕အတြင္း ဇြန္လ ၆ ရက္ေန႔က တိုက္ပြဲေတြအတြင္း စစ္တပ္ ဘက္က ေဒသခံေတြကိုလူသားဒိုင္းအသြင္အသုံးျပဳတာ၊ ေနအိမ္ေတြကို မီးရွိဳ႕ဖ်က္စီးတာ ျပဳလုပ္ခဲ့တယ္လို႕ ကရင္နီ အမ်ဳိးသားကာကြယ္ေရး KPDF အဖြဲ႕က ထုတ္ျပန္ထားေပမဲ့ ဗီအိုေအက သီးျခားအတည္ျပဳလို႔ မရပါဘူး။ စစ္ေကာင္စီကို ေမးျမန္ဖို႔ ဆက္သြယ္ခဲ့ေပမဲ့လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။ ရွမ္းျပည္နယ္ ေတာင္ပုိင္းက မိုးၿဗဲၿမိဳ႕မွာ ေမလ ၂၃ ရက္ကစၿပီး ၂ ဘက္ၾကား တုိက္ပြဲေတြ ျဖစ္ပြားေနတာျဖစ္ပါတယ္။

တခါ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာလဲ ဒီေန႔ တိုက္ပြဲေၾကာင့္ ေနအိမ္ေတြမီးေလာင္ခဲ့ပါတယ္။

"စစ္တပ္ကျဖတ္ (၄) ျဖတ္လုပ္တယ္။ ဒီးေမာ့ဆိုကို မီးရွိဳ႕လိုက္တာဘဲ။ အလုံး (၂၀) ေလာက္ေတာ့ ပါသြားမယ္ထင္တယ္။ ေတာ္ေတာ္မ်ားတယ္။ ဒီးေမာ့ဆိုမွာေတာ့ ဘုရားေက်ာင္းမွာတပ္စြဲ။ လူေတြျဖတ္သြားျဖတ္လာလို႕မရဘူး။"

မေန႔တုန္းက ဒီးေမာ့ဆိုၿမိဳ႕အတြင္းပစ္ခတ္မွဳမွာေတာ့ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႕ပစ္ခတ္မႈေၾကာင္ PDF အဖဲြ႔ ဘက္ကတဦးက်ဆုံးၿပီး (၂) ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႕ ကရင္နီအမ်ိဳူးသားကာကြယ္ေရး KNDF ျပန္ၾကား ေရးအဖြဲ႕က ထုတ္ျပန္ပါတယ္။

ဧၿပီလထဲက တိုက္ပြဲေတြ စျဖစ္ေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ဖက္မွာေတာ့ မင္းတပ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ CDF ရွိတဲ့ေနရာေတြကအေပၚ စစ္တပ္က စစ္ေၾကာင္း (၃) ေၾကာင္းနဲ႔ ထိုးစစ္ဆင္လာလို႔ မေန႔က တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႕ မင္းတပ္CDF ေခါင္း ေဆာင္တဦးက ေျပာပါတယ္။

"မေန႕ကပစ္တာေတာ့ေနရာက ဘုရားစခန္းရယ္။ ယွက္ရယ္။ ေနာက္တေနရာက ယာေယာ နဲ႕လုပ္ရွဲ႕။ အဲဒီရြာ(၂)ရြာ ကေတာ့ ကပ္ေနတာေပါ့ေနာ္။ စစ္တပ္ဘက္ကနဲ႕တပ္ျဖန္႕ၿပီးေတာ့(၃)ေနရာကို (၃)ရြာမွာထိုးစစ္ဆင္တဲ့ေနရာမွာ စစ္တပ္ဘက္ကစုစုေပါင္း(၅၀)ေလာက္က်တယ္လုိ႕ေျပာတယ္။ ဒဏ္ရာရတဲ့သူေတာ္ေတာ္မ်ားတယ္လို႕ေျပာတယ္။ ျပည္သူဘက္က(၃)ေယာက္က်တယ္။ ဒဏ္ရာရတဲ့သူကေတာ့(၂၀)ေလာက္ရွိတယ္။ ျပည္သူဘက္ကေပါ့ေနာ္။"

မေန႕ကတိုက္ပြဲမွာစစ္တပ္ဘက္က ထိခိုက္က်ဆုံးမွဳမ်ားတယ္လို႕ မင္းတပ္ CDF အဖဲြ႔ဘက္က ေျပာေပမဲ့ ဗီြအိုေအအေနနဲ႕

သီးျခား အတည္မျပဳနိုင္ေသးပါဘူး။ တိုက္ပြဲေၾကာင့္အနီးနားမွာရွိတဲ့ ကီးသာရြာနဲ႕ ခြဲလုံရြာကစစ္ေရွာင္ရြာကရြာသားေတြ စခန္းကေန ထပ္မံထြက္ေျပး ေနရ တယ္လို႕သူကဆိုပါတယ္။

မင္းတပ္ၿမိဳ႕နယ္မွာ ဧၿပီလ ၂၄ ရက္ေန႔က စစ္အာဏာရွင္ဆန္႕က်င္ေရး ဆႏၵျပသူတခ်ိဳ႕ကို စစ္တပ္က ဖမ္းဆီးခဲ့တာေၾကာင့္ စစ္တပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ေတြ အျပန္အလွန္ ပစ္ခတ္မႈေတြ စတင္ခဲ့တာပါ။ ေမလ ၁၃ ရက္ေန႔ညပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္း စစ္ေကာင္စီဘက္က အျပင္းအထန္ထိုးစစ္ ဆင္မႈ ေတြေၾကာင့္ မင္းတပ္ၿမိဳ႕က ျပည္သူ ၁ ေသာင္းနီးပါးေလာက္ဟာ စစ္ေဘး တိမ္းေရွာင္ေနရ ပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


မိုးဗြဲနဲ့မင်းတပ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်

(Unicode)
အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ တပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဆက်ဖြစ်နေပါတယ်။ မိုးဗြဲမြို့က တိုက်ပွဲတွေကြောင့် အိမ်တချို့ မီးလောင်ခဲ့ပါတယ်။ မင်းတပ်ဖက်မှာတော့ အင်အားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ တိုက်ပွဲအခြေအနေတွေအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်း အိန် ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့မှာ စစ်တပ်နဲ့ ဒေသခံလုံခြုံရေးအဖွဲ့တွေကြား ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။ မိုးဗြဲမြို့မှာ ဒီနေ့ ဇွန်လ ၇ ရက်နေ့ ဖြစ်နေတဲ့ တိုက်ပွဲအကြောင်း မိုးဗြဲမြို့ခံတဦးက ခုလိုပြောပြပါတယ်။

"မိုးဗြဲ ဒီရက် မနက်အနေအထားကတော့ မနက်က (၅) မိနစ်လောက် ပစ်ခတ်တာတော့ရှိတယ်။ (၁)နာရီခွဲလောက်မှာ စပစ်တယ်။ ပစ်သံတွေကိုကြားရတယ်။ (၁၀) မိနစ်တခါခြား လက်နက်ကြီးသံတွေကိုကြားနေရသေးတယ်။ (၂)နာရီစပ် ကြားမှာ အဆက်မပြတ်ကြားနေရတယ်။ အပြန်လှန်ပစ်ခတ်တဲ့သဘောမျိုးရှိတယ်။"

ဇွန်လ ၆ ရက်နေ့ကလည်း မိုးဗြဲမြို့မှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေအိမ်တချို့ မီးလောင် ပျက်စီးခဲ့ပါတယ်။ ဖယ်ခုံမြို့မှာတော့ ခရိယာန်ဘုရားရှိခိုးကျောင်းတချို့ ထိခိုက်ပျက်စီးခဲ့တဲ့အခြေအနေကို နောက်ထပ်မြို့ခံတယောက်က ပြောပါတယ်။

"မိုးဗြဲဘက်မှာတော့တိုက်ပွဲတွေဖြစ်တယ်။ မနေ့ကပစ်တော့ အိမ်မီးလောင်တယ်။ (၇) လုံး (၈) လုံးလောက်ပါသွားတယ်။ မိုးဗြဲဘုရားကျောင်းတပ်လာစွဲထားတာပေါ့။ ဖယ်ခုန်ဘက်မှာတော့လက်နက်ကြီးကျတယ်လို့ပြောတာဘဲ။ မယ်တော် ဘုရား အဝန်းတွင်းမှာပေါ့။ ဂျေရောဗလိုပေါ့။ လက်နက်ကြီးတလုံးကျတယ်။"

ဖယ်ခုံမြို့ ၊ ဂျေရောဗလို ဆုတောင်းပြည့် လုဒ်မယ်တော်ဘုရားရှိခိုးကျောင်းနားမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့လို့ ထိခိုက် ပျက်စီးမှုရှိခဲ့ပါတယ်။

မိုးဗြဲမြို့အတွင်း ဇွန်လ ၆ ရက်နေ့က တိုက်ပွဲတွေအတွင်း စစ်တပ် ဘက်က ဒေသခံတွေကိုလူသားဒိုင်းအသွင်အသုံးပြုတာ၊ နေအိမ်တွေကို မီးရှို့ဖျက်စီးတာ ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေး KPDF အဖွဲ့က ထုတ်ပြန်ထားပေမဲ့ ဗီအိုအေက သီးခြားအတည်ပြုလို့ မရပါဘူး။ စစ်ကောင်စီကို မေးမြန်ဖို့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရှမ်းပြည်နယ် တောင်ပိုင်းက မိုးဗြဲမြို့မှာ မေလ ၂၃ ရက်ကစပြီး ၂ ဘက်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

တခါ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာလဲ ဒီနေ့ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ခဲ့ပါတယ်။

"စစ်တပ်ကဖြတ် (၄) ဖြတ်လုပ်တယ်။ ဒီးမော့ဆိုကို မီးရှို့လိုက်တာဘဲ။ အလုံး (၂၀) လောက်တော့ ပါသွားမယ်ထင်တယ်။ တော်တော်များတယ်။ ဒီးမော့ဆိုမှာတော့ ဘုရားကျောင်းမှာတပ်စွဲ။ လူတွေဖြတ်သွားဖြတ်လာလို့မရဘူး။"

မနေ့တုန်းက ဒီးမော့ဆိုမြို့အတွင်းပစ်ခတ်မှုမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင် PDF အဖွဲ့ ဘက်ကတဦးကျဆုံးပြီး (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုူးသားကာကွယ်ရေး KNDF ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီလထဲက တိုက်ပွဲတွေ စဖြစ်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ဖက်မှာတော့ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF ရှိတဲ့နေရာတွေကအပေါ် စစ်တပ်က စစ်ကြောင်း (၃) ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ မနေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မင်းတပ်CDF ခေါင်း ဆောင်တဦးက ပြောပါတယ်။

"မနေ့ကပစ်တာတော့နေရာက ဘုရားစခန်းရယ်။ ယှက်ရယ်။ နောက်တနေရာက ယာယော နဲ့လုပ်ရှဲ့။ အဲဒီရွာ(၂)ရွာ ကတော့ ကပ်နေတာပေါ့နော်။ စစ်တပ်ဘက်ကနဲ့တပ်ဖြန့်ပြီးတော့(၃)နေရာကို (၃)ရွာမှာထိုးစစ်ဆင်တဲ့နေရာမှာ စစ်တပ်ဘက်ကစုစုပေါင်း(၅၀)လောက်ကျတယ်လို့ပြောတယ်။ ဒဏ်ရာရတဲ့သူတော်တော်များတယ်လို့ပြောတယ်။ ပြည်သူဘက်က(၃)ယောက်ကျတယ်။ ဒဏ်ရာရတဲ့သူကတော့(၂၀)လောက်ရှိတယ်။ ပြည်သူဘက်ကပေါ့နော်။"

မနေ့ကတိုက်ပွဲမှာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ မင်းတပ် CDF အဖွဲ့ဘက်က ပြောပေမဲ့ ဗွီအိုအေအနေနဲ့

သီးခြား အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲကြောင့်အနီးနားမှာရှိတဲ့ ကီးသာရွာနဲ့ ခွဲလုံရွာကစစ်ရှောင်ရွာကရွာသားတွေ စခန်းကနေ ထပ်မံထွက်ပြေး နေရ တယ်လို့သူကဆိုပါတယ်။

မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတချို့ကို စစ်တပ်က ဖမ်းဆီးခဲ့တာကြောင့် စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ စတင်ခဲ့တာပါ။ မေလ ၁၃ ရက်နေ့ညပိုင်းမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အပြင်းအထန်ထိုးစစ် ဆင်မှု တွေကြောင့် မင်းတပ်မြို့က ပြည်သူ ၁ သောင်းနီးပါးလောက်ဟာ စစ်ဘေး တိမ်းရှောင်နေရ ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG