သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ႏွစ္ဆန္းပိုင္းကစ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ရသူ ၁ သိန္းေက်ာ္ရွိ (ကုလသမဂၢ)


မွတ္တမ္းဓါတ္ပံု ေမလ ၁၇ ရက္ေန႔က မင္းတပ္တိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္ေဒသခံမ်ား

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ႏွစ္စကေန အခုခ်ိန္အထိ ေနရပ္စြန္႔ခြာ ထြက္ေျပးရသူ ၁၂၀,၀၀၀ ( တသိန္း ႏွစ္ေသာင္း) ေက်ာ္ရွိေနၿပီျဖစ္ၿပီး အမ်ားစုဟာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေနအိမ္ေတြကေန ထြက္ေျပးရသူေတြ ျဖစ္ေၾကာင္း ကုလသမဂၢက ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

"ျမန္မာႏိုင္ငံထဲမွာရွိေနတဲ့ ကုလသမဂၢအဖြဲ႔ေတြရဲ႕ ေျပာၾကားခ်က္အရ ႏိုင္ငံတြင္းေဒသတခ်ိဳ႕မွာ တိုက္ပြဲေတြျဖစ္ပြါးေနတဲ့အျပင္ ေနအိမ္ေတြမွာမေနရဲၾကတဲ့ အတြက္ အိုးအိမ္စြန္႔ခြါ ထြက္ေျပးရသူဟာ ၂၀၂၁ ခုႏွစ္အစကေန ခုခ်ိန္အထိဆို လူေပါင္း ၁၂၁,၀၀၀ ေက်ာ္ေနၿပီလို႔ သိရေၾကာင္းနဲ႔ အမ်ားစုဟာ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာ ထြက္ေျပးၾကရတာ ျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က ေျပာသြားတာပါ။

စစ္တပ္နဲ႔ ကရင္နီျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ KPDF တို႔ၾကား ဒီသီတင္းပတ္ အေစာပိုင္းမွာ တိုက္ပြဲေတြထပ္ ျဖစ္ပြါးခဲ့တဲ့ေနာက္ပိုင္း ကယားျပည္နယ္ထဲမွာ ေဒသခံ ၃၇,၀၀၀ ေလာက္ ေနရပ္စြန္႔ခြါ ထြက္ေျပးၾကရတယ္ လို႔လည္း ေျပာပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ စစ္တပ္နဲ႔ တိုင္းရင္းသားတပ္ဖြဲ႔ေတြ အျပင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ အခ်င္းခ်င္းၾကားမွာပါ ျဖစ္ပြါးတဲ့ တိုက္ပြဲေတြေၾကာင့္ မၾကာခင္ သီတင္းပတ္ေတြ အတြင္း စစ္ေရွာင္ ေနာက္ထပ္ ေထာင္ခ်ီရွိလာေနတယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ခ်င္းျပည္နယ္မွာလည္း ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ ကစၿပီး ေနအိမ္ေတြမွာ မေနရဲပဲ ေတာေတာင္ေတြထဲ ထြက္ေျပးပုန္းေရွာင္ေနရေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အိုးအိမ္စြန္႔ခြါထြက္ေျပးရသူ တသန္းေလာက္ အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြလိုအပ္ေနတယ္လို႔ ကုလသမဂၢက ဒီႏွစ္အစပိုင္းမွာ ေျပာၾကားထားတာ ျဖစ္ၿပီး အခုေတာ့ ေနာက္ထပ္ တိုးလာတဲ့ ဒီဒုကၡသည္ေတြ အတြက္ပါ ထပ္ၿပီး လိုအပ္ေနေၾကာင္းနဲ႔ ဒီဒုကၡသည္ေတြကို ကုလသမဂၢနဲ႔ မိတ္ေဆြအဖြဲ႔ေတြ အကူညီေပးရာမွာ အေႏွာက္ယွက္မရွိပဲ အႏၲရာယ္ ကင္းကင္းနဲ႔ ေပးႏိုင္ေအာင္ သက္ဆိုင္ရာ အဖြဲ႔အားလံုးက လုပ္ေပးဖို႔လည္း ကုလသမဂၢက ထပ္မံေတာင္းဆိုလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာနိုင်ငံမှာ နှစ်ဆန်းပိုင်းကစ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၁ သိန်းကျော်ရှိ (ကုလသမဂ္ဂ)

(Unicode)
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နှစ်စကနေ အခုချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၂၀,၀၀၀ ( တသိန်း နှစ်သောင်း) ကျော်ရှိနေပြီဖြစ်ပြီး အများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်တွေကနေ ထွက်ပြေးရသူတွေ ဖြစ်ကြောင်း ကုလသမဂ္ဂက သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့တွေရဲ့ ပြောကြားချက်အရ နိုင်ငံတွင်းဒေသတချို့မှာ တိုက်ပွဲတွေဖြစ်ပွါးနေတဲ့အပြင် နေအိမ်တွေမှာမနေရဲကြတဲ့ အတွက် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူဟာ ၂၀၂၁ ခုနှစ်အစကနေ ခုချိန်အထိဆို လူပေါင်း ၁၂၁,၀၀၀ ကျော်နေပြီလို့ သိရကြောင်းနဲ့ အများစုဟာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ထွက်ပြေးကြရတာ ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က ပြောသွားတာပါ။

စစ်တပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့ကြား ဒီသီတင်းပတ် အစောပိုင်းမှာ တိုက်ပွဲတွေထပ် ဖြစ်ပွါးခဲ့တဲ့နောက်ပိုင်း ကယားပြည်နယ်ထဲမှာ ဒေသခံ ၃၇,၀၀၀ လောက် နေရပ်စွန့်ခွါ ထွက်ပြေးကြရတယ် လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ စစ်တပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာပါ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေကြောင့် မကြာခင် သီတင်းပတ်တွေ အတွင်း စစ်ရှောင် နောက်ထပ် ထောင်ချီရှိလာနေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်မှာလည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကစပြီး နေအိမ်တွေမှာ မနေရဲပဲ တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေရကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွါထွက်ပြေးရသူ တသန်းလောက် အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဒီနှစ်အစပိုင်းမှာ ပြောကြားထားတာ ဖြစ်ပြီး အခုတော့ နောက်ထပ် တိုးလာတဲ့ ဒီဒုက္ခသည်တွေ အတွက်ပါ ထပ်ပြီး လိုအပ်နေကြောင်းနဲ့ ဒီဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ မိတ်ဆွေအဖွဲ့တွေ အကူညီပေးရာမှာ အနှောက်ယှက်မရှိပဲ အန္တရာယ် ကင်းကင်းနဲ့ ပေးနိုင်အောင် သက်ဆိုင်ရာ အဖွဲ့အားလုံးက လုပ်ပေးဖို့လည်း ကုလသမဂ္ဂက ထပ်မံတောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG