သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္္ငံပို႔မယ့္ စစ္သံုးလက္နက္ေတြ ထိုင္းမွာဖမ္းမိ


ျမန္မာဘက္သြင္းမယ့္ လက္နက္ေတြ ထိုင္းႏုိင္ငံတြင္းဖမ္းဆီးမိ (ေမ၊ ၂၈၊ ၂၀၂၁)

ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံထဲက တရားမဝင္ ပို႔ေဆာင္မယ့္ စစ္သုံး လက္နက္မ်ိဳးစုံကို ထိုင္းႏိုင္ငံမွာ သိမ္းဆည္းရမိပါတယ္။ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕နဲ႔ ကပ္ေနတဲ့ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွာ ျမန္မာဘက္ပို႔မယ့္ လက္နက္ေတြကို ေမလ ၂၇ ရက္ ေန႔က ဖမ္းမိတဲ့အေၾကာင္း ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာက သတင္းပို႔ပါတယ္။

ထိုင္းဘတ္ေငြ ၄ သန္း၊ အေမရိကန္ေဒၚလာ ၁ သိန္း ၃ ေသာင္းေက်ာ္တန္ဖိုး ကာလ ေပါက္ေဈးရွိတဲ့ စစ္သုံးလက္နက္အမ်ိဳးစုံကို ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွာ ေမလ ၂၇ ရက္ေန႔က ဖမ္းမိတယ္လို႔ ထိုင္းအစိုးရက ထုတ္ျပန္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕နဲ႔ကပ္ရက္ ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕မွာ ေမာင္းျပန္႐ိုင္ဖယ္ေတြ၊ ပစၥတိုေသနတ္ေတြ၊ က်ည္ဆံေတြကို ဖမ္းဆီးမိတယ္လို႔ ခ်င္း႐ိုင္ျပည္နယ္ ဒုတိယ အုပ္ခ်ဳပ္ေရးမႉး Narong Rojanasotorn က မယ္ဆိုင္ၿမိဳ႕မွာလုပ္တဲ့ သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အုပ္ခ်ဳပ္ေရးမႉး ေျပာသြားတာကေတာ့ မူးယစ္ေဆးဝါးနဲ႔ ကိုဗစ္-၁၉ ကပ္ေရာဂါ ထိမ္းခ်ဳပ္ႏိုင္ဖို႔ နယ္စပ္မွ ာ လုံၿခဳံေရးတင္းၾကပ္ထားတဲ့အခ်ိန္ အေကာက္အခြန္ အရာရွိေတြဟာ ဝင္ဖန္ခန္ ရပ္ကြက္ ၁၃ မွာ မသၤကာဖြယ္ ဗင္ကားနဲ႔ပစ္ကပ္ကားႏွစ္စီးကို တားဆီးစစ္ေဆးခဲ့ရာမွာ အခုလို စက္သုံးလက္နက္ေတြ တင္ေဆာင္လာတာကို ေဖၚထုတ္ဖမ္းဆီးလိုက္ႏိုင္ခဲ့တာဆိုၿပီး ေျပာသြားပါတယ္။

လက္နက္ေတြ ဖမ္းမိမႈနဲ႔ ကားေမာင္းလာသူ ျမန္မာႏိုင္ငံသားနဲ႔ ထိုင္းႏိုင္ငံသူ အမ်ိဳးသမီး စုစုေပါင္း ၂ ေယာက္လုံးကို တရားမဝင္ လက္နက္ ေမွာင္ခိုတင္သြင္းမႈ ဥပေဒနဲ႔ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ထိုင္းအာဏာပိုင္ေတြကေျပာပါတယ္။ ဖမ္းမိသူ ၂ ဦးကေတာ့ သူတို႔ကို ဘတ္ေငြ ႏွစ္ေသာင္းေပးၿပီး တာခ်ီလိတ္ကို သယ္ေဆာင္ခိုင္းခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ေၾကာင္းလည္း သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။ အခု ေမွာင္ခိုသြင္းတဲ့လက္နက္ေတြက ဘယ္အဖြဲ႕အစည္းနဲ႔ ပတ္သက္သလဲဆိုတာ မသိရေသးပါဘူး။ ဧၿပီလဆန္းပိုင္းတုန္းကလည္း လက္ပစ္ဗုံး ၁၀၀ ေက်ာ္နဲ႔ M16 ႐ိုင္ဖယ္ေသနတ္သုံးက်ည္ဆံ ၆,၀၀၀ ကို မဲဆိုင္ၿမိဳ႕မွာ ဖမ္းမိခဲ့ပါတယ္ အဲဒီဗုံးနဲ႔က်ည္ဆံေတြကေတာ့ ခြၽန္ဘူရီခ႐ိုင္ထဲကေန တာခ်ီလိတ္ၿမိဳ႕ဘက္ကို ပို႔ေဆာင္မယ့္ လက္နက္ေတြျဖစ္တယ္လို႔ ထိုင္းအာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။ ထိုင္းျမန္မာနယ္စပ္မွာ လက္နက္ေမွာင္ခိုလုပ္ေနသူေတြ ရွိသလို မူးယစ္ဂိုဏ္းေတြကလည္း အသုံးျပဳဖို႔ တရားမဝင္ သယ္ေဆာင္တာေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode/

မြန်မာနိုင်ငံပို့မယ့် စစ်သုံးလက်နက်တွေ ထိုင်းမှာဖမ်းမိ

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲက တရားမဝင် ပို့ဆောင်မယ့် စစ်သုံး လက်နက်မျိုးစုံကို ထိုင်းနိုင်ငံမှာ သိမ်းဆည်းရမိပါတယ်။ မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ ကပ်နေတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မြန်မာဘက်ပို့မယ့် လက်နက်တွေကို မေလ ၂၇ ရက် နေ့က ဖမ်းမိတဲ့အကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပို့ပါတယ်။

ထိုင်းဘတ်ငွေ ၄ သန်း၊ အမေရိကန်ဒေါ်လာ ၁ သိန်း ၃ သောင်းကျော်တန်ဖိုး ကာလ ပေါက်ဈေးရှိတဲ့ စစ်သုံးလက်နက်အမျိုးစုံကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မေလ ၂၇ ရက်နေ့က ဖမ်းမိတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ကပ်ရက် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့မှာ မောင်းပြန်ရိုင်ဖယ်တွေ၊ ပစ္စတိုသေနတ်တွေ၊ ကျည်ဆံတွေကို ဖမ်းဆီးမိတယ်လို့ ချင်းရိုင်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Narong Rojanasotorn က မယ်ဆိုင်မြို့မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး ပြောသွားတာကတော့ မူးယစ်ဆေးဝါးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိမ်းချုပ်နိုင်ဖို့ နယ်စပ်မှ ာ လုံခြုံရေးတင်းကြပ်ထားတဲ့အချိန် အကောက်အခွန် အရာရှိတွေဟာ ဝင်ဖန်ခန် ရပ်ကွက် ၁၃ မှာ မင်္သကာဖွယ် ဗင်ကားနဲ့ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှာ အခုလို စက်သုံးလက်နက်တွေ တင်ဆောင်လာတာကို ဖေါ်ထုတ်ဖမ်းဆီးလိုက်နိုင်ခဲ့တာဆိုပြီး ပြောသွားပါတယ်။

လက်နက်တွေ ဖမ်းမိမှုနဲ့ ကားမောင်းလာသူ မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသူ အမျိုးသမီး စုစုပေါင်း ၂ ယောက်လုံးကို တရားမဝင် လက်နက် မှောင်ခိုတင်သွင်းမှု ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ ဖမ်းမိသူ ၂ ဦးကတော့ သူတို့ကို ဘတ်ငွေ နှစ်သောင်းပေးပြီး တာချီလိတ်ကို သယ်ဆောင်ခိုင်းခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အခု မှောင်ခိုသွင်းတဲ့လက်နက်တွေက ဘယ်အဖွဲ့အစည်းနဲ့ ပတ်သက်သလဲဆိုတာ မသိရသေးပါဘူး။ ဧပြီလဆန်းပိုင်းတုန်းကလည်း လက်ပစ်ဗုံး ၁၀၀ ကျော်နဲ့ M16 ရိုင်ဖယ်သေနတ်သုံးကျည်ဆံ ၆,၀၀၀ ကို မဲဆိုင်မြို့မှာ ဖမ်းမိခဲ့ပါတယ် အဲဒီဗုံးနဲ့ကျည်ဆံတွေကတော့ ချွန်ဘူရီခရိုင်ထဲကနေ တာချီလိတ်မြို့ဘက်ကို ပို့ဆောင်မယ့် လက်နက်တွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ လက်နက်မှောင်ခိုလုပ်နေသူတွေ ရှိသလို မူးယစ်ဂိုဏ်းတွေကလည်း အသုံးပြုဖို့ တရားမဝင် သယ်ဆောင်တာတွေရှိနေပါတယ်။

#ThailandMyanmar #ThailandArms #ArmsSmuggle #voaburmese #ထိုင်း #လက်နက်မှောင်ခို #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG