သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္း၊ ေျမာင္ၿမိဳ႕ဘက္က ေက်းရြာသားေတြ အိုးအိမ္စြန္႔ထြက္ေျပးေနရ


ကနီ စစ္ေဘးေရွာင္ျပည္သူမ်ား ေတာတြင္း တေနရာမွာ ေခတၱ နားခိုစဥ္။

{{Zawgyi/Unicode}}

ဗုဒၶဟူးေန႔က တိုက္ပဲြေတြျဖစ္ခဲ့တဲ့ စစ္ကိုင္းတုိင္း ေျမာင္ၿမိဳ႕နယ္ထဲက ေက်း႐ြာမွာ စစ္တပ္က ဝင္ေရာက္ တပ္စြဲထားတဲ့အတြက္ ေဒသခံေတြ ထြက္ေျပးေနၾကပါတယ္။ ကနီနယ္ဘက္မွာဆိုလည္း စစ္ေလယာဥ္ေတြ လာဝဲေနတာေၾကာင့္ ေလေၾကာင္းကေန လာတိုက္မွာ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕ ေခ်ာင္းဇင္းေက်းရြာမွာ ဒီေန႔ ၿငိမ္သက္ေနပါတယ္။ စစ္တပ္က ႐ြာထဲမွာ တပ္စြဲထားတာမို႔ စစ္တပ္လိုလားသူတခ်ဳိ႕ကလြဲလို႔ က်န္တဲ့႐ြာသားေတြ ထြက္ေျပးေနၾကတယ္လို႔ ေဒသခံတေယာက္က ေျပာျကပါတယ္။

“ေျမာင္ကဒီေန႔တေနကုန္ ဘာမွ တိုက္ပြဲအေျခအေနမရွိဘူးခင္ဗ်။ တည္တည္ၿငိမ္ၿငိမ္ပဲ သူတို႔က မေန႔က တိုက္ပြဲျဖစ္တဲ့ရြာမွာပဲ အခုထိရွိေနတုန္းပဲ။ က်ေနာ္တို႔ ရပ္ရြာထဲမွာသူတို႔စြဲထားတယ္ဆိုေတာ့ သူတို႔ ဒလန္ ၅ ဦး ေလာက္ပဲရွိမွာေပါ့ေနာ္။ မိသားစု ၅ စုေလာက္ပဲရွိမယ္။ က်န္တဲ့သူေတြက အကုန္လံုး ေရွာင္ေနၾကၿပီေပါ့ေနာ္။ နီးစပ္ရာရြာေတြဘက္ကို စစ္ေဘးေရွာင္ စခန္းလိုပံုစံမ်ိဳးျဖစ္သြားၿပီေပါ့ေနာ္ လွည့္ေရွာင္ေနၾကတယ္။ ရြာထဲမွာ သူတို႔က အခုေလာေလာဆယ္ေတာ့ သူတို႔ေနတဲ့ ဘုန္းႀကီးေက်ာင္းရယ္ စာသင္ေက်ာင္းရယ္ကို တပ္စြဲသလို လုပ္ထားၿပီးေတာ့ သူတို႔ကင္းေတြနဲ႔ ၂ ေယာက္ ၅ ေယာက္ အဲ့ဒါမ်ိဳးေတြ လွည့္ပတ္ၿပီး ကင္းေတြ ေစာင့္ေနတယ္။ ရြာထဲေတာ့ ေန႔လည္ခင္း တခ်က္ေလာက္ထိ ၀င္တာေတာ့မရွိဘူး။ ဒါေပမယ့္ ဒလံက ရြာထဲကို ဆိုင္ကယ္နဲ႔ေလွ်ာက္စီးၿပီးေတာ့ ဒါဘယ္သူ႔အိမ္ ဘယ္၀ါ့အိမ္ ဒါမ်ိဳးေပါ့ အဲ့ဒါမ်ိဳးျပမယ့္ အရိပ္အေယာင္ေတြ ရွိတယ္ဆိုၿပီးေတာ့ ရြာထဲမွာ က်န္တဲ့သူကေတာ့ ေျပာတယ္ေပါ့ေနာ္။"

တိုက္ပြဲျဖစ္ပြားတဲ့ ေခ်ာင္းဇင္းရြာအျပင္ အနီးအနားက ရသစ္ ေပါက္ေခ်ာင္း ရြာပုလဲ စတဲ့ ေက်းရြာက ေဒသခံ ၃,၀၀၀ နီးပါး ထြက္ေျပးေနရတာျဖစ္ၿပီး စစ္ေကာင္စီက တပ္စြဲထားတဲ့အတြက္ တိုက္ပြဲေတြ ဆက္ျဖစ္မွာကို စိုးရိမ္ေနပါတယ္။

စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြ ေမလအေစာပုိင္းအထိ အျပန္အလွန္ ပစ္ခတ္မႈေတြ ႐ွိခဲ့တဲ့ စစ္ကိုင္းတိုင္း ကနီနယ္မွာ အခု အပစ္အခတ္ေတြ မ႐ွိေတာ့ေပမဲ့ ေဝဟင္မွာ စစ္ေလယာဥ္ေတြကို ေတြ႔ေနရတာမို႔ ေလေၾကာင္းကေန တိုက္ခိုက္လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ ထြက္ေျပးေနရတဲ့ ကနီနယ္ခံတဦးက အခုလိုေျပာပါတယ္။

“တိုက္ပြဲေတြျဖစ္ၿပီးေတာ့ လာမယ္လာမယ္တဲ့ ေျခာက္ၾကတာေပါ့။ ျပည္သူေတြကလန္႔ၿပီးေတာ့ ဆိုက္ဒ္၀ါး ျဖန္႔တာလည္း ျဖစ္ႏိုင္တယ္။ လူႀကီးေတြက နဂိုေခတ္က လူႀကီးေတြက ပိုေၾကာက္တာေပါ့ဗ်ာ။ အဲ့လိုပိုေၾကာက္ေတာ့ ေျပးေျပးဆိုေတာ့ အကုန္ေျပးရတာေပါ့။ ျပည္သူေတြက ေၾကာက္ၾကတာေပါ့။ အျမဲတမ္း စစ္သားလာၿပီ စစ္ကားလာၿပီဆိုရင္ လူႀကီးေတြက ေျပးေနရတယ္ေပါ့။ အဲ့လိုမ်ိဳးျဖစ္ေနတာ ကားေတြနဲ႔ လက္နက္ႀကီးေတြနဲ႔ တိုက္ပြဲျဖစ္ရင္ ရြာထဲကို ရမ္းပစ္တယ္ဗ်ာ ပစ္ေတာ့ မွန္တဲ့ကေလးေတြလည္း မွန္တယ္။ အဲ့လိုဆိုေတာ့ အကုန္လံုးက ေၾကာက္ၿပီးေတာ့ ညလာရင္လည္း ျဖစ္ႏိုင္တယ္ သူတို႔ေလယာဥ္ေတြနဲ႔ ပစ္တယ္ဆိုလည္း ျဖစ္ႏိုင္တယ္ဆိုၿပီး ေၾကာက္ၿပီးေတာ့ေျပးၾကတာေပါ့။”

အခုလို စစ္ကိုင္းတိုင္းမွာ ထြက္ေျပးေနရတာေတြအျပင္ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ ထေနာင္း၀င္းေက်းရြာမွာ ေက်ာင္းဖြင့္လွစ္ဖို႔ လာေရာက္တဲ့ ဆရာ ဆရာမေတြကို ေဒသခံေတြက ဆႏၵထုတ္ေဖာ္တာေတြ ျပဳလုပ္ခဲ့လို႔ စစ္ေကာင္စီတပ္ေတြေရာက္လာၿပီး ေသနတ္ပစ္ေဖာက္တာေတြ ျပဳလုပ္ခဲ့လို႔ ေက်းရြာသားေတြဟာလည္း နီးစပ္ရာ ေတာေတာင္ေတြမွာ ထြက္ေျပး ခိုလံႈေနရတာေတြလည္း ရွိပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာမှာ စစ်တပ်က ဝင်ရောက် တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။ ကနီနယ်ဘက်မှာဆိုလည်း စစ်လေယာဉ်တွေ လာဝဲနေတာကြောင့် လေကြောင်းကနေ လာတိုက်မှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း မြောင်မြို့ ချောင်းဇင်းကျေးရွာမှာ ဒီနေ့ ငြိမ်သက်နေပါတယ်။ စစ်တပ်က ရွာထဲမှာ တပ်စွဲထားတာမို့ စစ်တပ်လိုလားသူတချို့ကလွဲလို့ ကျန်တဲ့ရွာသားတွေ ထွက်ပြေးနေကြတယ်လို့ ဒေသခံတယောက်က ပြောကြပါတယ်။

“မြောင်ကဒီနေ့တနေကုန် ဘာမှ တိုက်ပွဲအခြေအနေမရှိဘူးခင်ဗျ။ တည်တည်ငြိမ်ငြိမ်ပဲ သူတို့က မနေ့က တိုက်ပွဲဖြစ်တဲ့ရွာမှာပဲ အခုထိရှိနေတုန်းပဲ။ ကျနော်တို့ ရပ်ရွာထဲမှာသူတို့စွဲထားတယ်ဆိုတော့ သူတို့ ဒလန် ၅ ဦး လောက်ပဲရှိမှာပေါ့နော်။ မိသားစု ၅ စုလောက်ပဲရှိမယ်။ ကျန်တဲ့သူတွေက အကုန်လုံး ရှောင်နေကြပြီပေါ့နော်။ နီးစပ်ရာရွာတွေဘက်ကို စစ်ဘေးရှောင် စခန်းလိုပုံစံမျိုးဖြစ်သွားပြီပေါ့နော် လှည့်ရှောင်နေကြတယ်။ ရွာထဲမှာ သူတို့က အခုလောလောဆယ်တော့ သူတို့နေတဲ့ ဘုန်းကြီးကျောင်းရယ် စာသင်ကျောင်းရယ်ကို တပ်စွဲသလို လုပ်ထားပြီးတော့ သူတို့ကင်းတွေနဲ့ ၂ ယောက် ၅ ယောက် အဲ့ဒါမျိုးတွေ လှည့်ပတ်ပြီး ကင်းတွေ စောင့်နေတယ်။ ရွာထဲတော့ နေ့လည်ခင်း တချက်လောက်ထိ ဝင်တာတော့မရှိဘူး။ ဒါပေမယ့် ဒလံက ရွာထဲကို ဆိုင်ကယ်နဲ့လျှောက်စီးပြီးတော့ ဒါဘယ်သူ့အိမ် ဘယ်ဝါ့အိမ် ဒါမျိုးပေါ့ အဲ့ဒါမျိုးပြမယ့် အရိပ်အယောင်တွေ ရှိတယ်ဆိုပြီးတော့ ရွာထဲမှာ ကျန်တဲ့သူကတော့ ပြောတယ်ပေါ့နော်။"

တိုက်ပွဲဖြစ်ပွားတဲ့ ချောင်းဇင်းရွာအပြင် အနီးအနားက ရသစ် ပေါက်ချောင်း ရွာပုလဲ စတဲ့ ကျေးရွာက ဒေသခံ ၃,၀၀၀ နီးပါး ထွက်ပြေးနေရတာဖြစ်ပြီး စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်မှာကို စိုးရိမ်နေပါတယ်။

စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ မေလအစောပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီနယ်မှာ အခု အပစ်အခတ်တွေ မရှိတော့ပေမဲ့ ဝေဟင်မှာ စစ်လေယာဉ်တွေကို တွေ့နေရတာမို့ လေကြောင်းကနေ တိုက်ခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ထွက်ပြေးနေရတဲ့ ကနီနယ်ခံတဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲတွေဖြစ်ပြီးတော့ လာမယ်လာမယ်တဲ့ ခြောက်ကြတာပေါ့။ ပြည်သူတွေကလန့်ပြီးတော့ ဆိုက်ဒ်ဝါး ဖြန့်တာလည်း ဖြစ်နိုင်တယ်။ လူကြီးတွေက နဂိုခေတ်က လူကြီးတွေက ပိုကြောက်တာပေါ့ဗျာ။ အဲ့လိုပိုကြောက်တော့ ပြေးပြေးဆိုတော့ အကုန်ပြေးရတာပေါ့။ ပြည်သူတွေက ကြောက်ကြတာပေါ့။ အမြဲတမ်း စစ်သားလာပြီ စစ်ကားလာပြီဆိုရင် လူကြီးတွေက ပြေးနေရတယ်ပေါ့။ အဲ့လိုမျိုးဖြစ်နေတာ ကားတွေနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ရင် ရွာထဲကို ရမ်းပစ်တယ်ဗျာ ပစ်တော့ မှန်တဲ့ကလေးတွေလည်း မှန်တယ်။ အဲ့လိုဆိုတော့ အကုန်လုံးက ကြောက်ပြီးတော့ ညလာရင်လည်း ဖြစ်နိုင်တယ် သူတို့လေယာဉ်တွေနဲ့ ပစ်တယ်ဆိုလည်း ဖြစ်နိုင်တယ်ဆိုပြီး ကြောက်ပြီးတော့ပြေးကြတာပေါ့။”

အခုလို စစ်ကိုင်းတိုင်းမှာ ထွက်ပြေးနေရတာတွေအပြင် မကွေးတိုင်း မြိုင်မြို့နယ် ထနောင်းဝင်းကျေးရွာမှာ ကျောင်းဖွင့်လှစ်ဖို့ လာရောက်တဲ့ ဆရာ ဆရာမတွေကို ဒေသခံတွေက ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့လို့ စစ်ကောင်စီတပ်တွေရောက်လာပြီး သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့လို့ ကျေးရွာသားတွေဟာလည်း နီးစပ်ရာ တောတောင်တွေမှာ ထွက်ပြေး ခိုလှုံနေရတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG