သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း စစ္ေဘးေရွာင္ေတြအတြက္ စာနာမႈအကူအညီ မလံုေလာက္ (ကုလစာနာမႈအဖဲြ႔ OCHA) 


မင္းတပ္ၿမိဳ႕မွ စစ္ေဘးေရွာင္မ်ား။ (ဓာတ္ပံု - Chin World)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္း တိုင္းရင္းသား ေဒသ ေတြမွာ ၂၀၂၁ အတြင္း တိုက္ပြဲေတြ ျဖစ္ပြားတာၾကာင့္ အခုခ်ိန္အထိ အိုးအိမ္စြန္႔ခြာထြက္ေျပးရသူ စုစုေပါင္း ၈၅,၀၀၀ ေက်ာ္ ရွိလာေနတယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈ အေထာက္ကူေပးေရး ၫွိႏႈိင္းမႈအဖြဲ႔ OCHA ကေျပာပါတယ္။

အထူးသျဖင့္ ကယားျပည္နယ္ထဲမွာ ေမလကုန္ရက္ပိုင္းေတြအတြင္း စစ္ေရွာင္ ၃၇,၀၀၀ ေလာက္ရွိလာေနတာ ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္းက တိုက္ပြဲျဖစ္ပြားရာေဒသေန ျပည္သူ တသန္းေလာက္အတြက္ အကူအညီရန္ပံုေငြ အေမရိကန္ေဒၚလာ သန္း ၂၇၀ ေလာက္ လိုအပ္ေနေပမယ့္ ၁၅ % ေလာက္သာရရွိေသးေၾကာင္းလည္း ေမလ ၂၇ ၾကာသပေတးေန႔မွာ ထုတ္ျပန္တဲ့ OCHA ရဲ႕ ျမန္မာႏိုင္ငံလူသားခ်င္းစာနာမႈဆိုင္ရာ အေျခေန အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္း ေဒသေတြမွာ ဧၿပီနဲ႔ ေမလေတြမွာ ျဖစ္ပြားတဲ့တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ ၄၆,၀၀၀ ေလာက္ရွိလာေနၿပီး ကယားျပည္နယ္ထဲမွာေတာ့ ေမလကုန္မွာ အိုးအိမ္စြန္႔ခြာထြက္ေျပးရသူက ၃၇,၀၀၀ ျဖစ္လာေနတယ္လို႔ ေဖၚျပထားပါတယ္။ ခ်င္းျပည္နယ္ မင္းတပ္မွာေတာ့ စစ္တပ္က ရဟတ္ယာဥ္ေတြ လက္နက္ႀကီးေတြသံုး တိုက္ခိုက္ခဲ့တဲ့ ေမလ ၁၂ ရက္ ကစၿပီး တိုက္ပြဲေတြ အရွိန္ျမင့္လာခဲ့တဲ့ ေနာက္ပိုင္း အိုးအိမ္စြန္႔ခြာထြက္ေျပးရသူ ေထာင္ေပါင္းမ်ားစြားရွိေနတာပါ။

ရွမ္းျပည္ေျမာက္ပိုင္းမွာေတာ့ ျမန္မာစစ္တပ္ နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႔ေတြ အျပင္ တိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္းပါ တိုက္ပြဲေတြျဖစ္ပြားေနတဲ့အတြက္ ေမလအတြင္း ေနအိမ္ေတြကေန ထြက္ေျပးရသူ ၂၈၀၀ ေလာက္ရွိေနၿပီး ဒီႏွစ္ဆန္းကတည္းက ထြက္ေျပးေနရသူေတြနဲ႔ဆို အခုခ်ိန္မွာ စစ္ေရွာင္စုစုေပါင္း ၈,၄၀၀ ေလာက္ရွိေနၿပီလို႔လည္း ေဖၚျပထားပါတယ္။

ကခ်င္ျပည္နယ္ထဲမွာ ခုအစီရင္ခံစာတင္သြင္းတဲ့ ဧၿပီလ ၂၄ ရက္ကေန ေမလ ၂၄ ရက္ အတြင္း စစ္ေရွာင္ဦးေရ တိုးမလာေပမယ့္ စစ္တပ္နဲ႔ KIA ကခ်င္လက္နက္ကိုင္တပ္ဖြဲ႔တို႔ၾကား ျဖစ္ပြားတဲ့တိုက္ပြဲေတြေၾကာင့္ မတ္လလကတည္းက ေနရပ္စြန္႔ခြါ ထြက္ေျပးရသူ ၈ ၅၀၀ ေလာက္ ခုထိ အိမ္မျပန္ႏိုင္ၾကေသးးပါဘူး။

ရခိုင္ျပည္နယ္မွာေတာ့ ေနာက္ထပ္ အိုးအိမ္စြန္႔ခြာထြက္ေျပးရသူ မရွိေပမယ့္ အရင္တိုက္ပြဲေတြေၾကာင့္ ေျမာက္ဦးနဲ႔ စစ္ေတြ အပါအဝင္ စခန္းေတြမွာ ေရာက္ေနတဲ့ စစ္ေရွာင္ေတြၾကား ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါေတြနဲ႔ ရင္ဆိုင္ေနရေၾကာင္းေဖၚျပထားပါတယ္။

ဒီဒုကၡသည္ေတြ အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီ ေဒၚလာ သန္း ၂၇၀ ေလာက္ေတာင္းခံထားေပမယ့္ အခု ၁၅ % ေလာက္ပဲရေသးေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္



............

မြန်မာနိုင်ငံတွင်း စစ်ဘေးရှောင်တွေအတွက် စာနာမှုအကူအညီ မလုံလောက် (ကုလစာနာမှုအဖွဲ့ OCHA)

(Unicode)

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တိုင်းရင်းသား ဒေသ တွေမှာ ၂၀၂၁ အတွင်း တိုက်ပွဲတွေ ဖြစ်ပွားတာကြာင့် အခုချိန်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၈၅,၀၀၀ ကျော် ရှိလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်ကူပေးရေး ညှိနှိုင်းမှုအဖွဲ့ OCHA ကပြောပါတယ်။

အထူးသဖြင့် ကယားပြည်နယ်ထဲမှာ မေလကုန်ရက်ပိုင်းတွေအတွင်း စစ်ရှောင် ၃၇,၀၀၀ လောက်ရှိလာနေတာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်းက တိုက်ပွဲဖြစ်ပွားရာဒေသနေ ပြည်သူ တသန်းလောက်အတွက် အကူအညီရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ လောက် လိုအပ်နေပေမယ့် ၁၅ % လောက်သာရရှိသေးကြောင်းလည်း မေလ ၂၇ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ OCHA ရဲ့ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ အခြေနေ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေမှာ ဧပြီနဲ့ မေလတွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင် ၄၆,၀၀၀ လောက်ရှိလာနေပြီး ကယားပြည်နယ်ထဲမှာတော့ မေလကုန်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူက ၃၇,၀၀၀ ဖြစ်လာနေတယ်လို့ ဖေါ်ပြထားပါတယ်။ ချင်းပြည်နယ် မင်းတပ်မှာတော့ စစ်တပ်က ရဟတ်ယာဉ်တွေ လက်နက်ကြီးတွေသုံး တိုက်ခိုက်ခဲ့တဲ့ မေလ ၁၂ ရက် ကစပြီး တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့တဲ့ နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ထောင်ပေါင်းများစွားရှိနေတာပါ။

ရှမ်းပြည်မြောက်ပိုင်းမှာတော့ မြန်မာစစ်တပ် နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အပြင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းပါ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် မေလအတွင်း နေအိမ်တွေကနေ ထွက်ပြေးရသူ ၂၈၀၀ လောက်ရှိနေပြီး ဒီနှစ်ဆန်းကတည်းက ထွက်ပြေးနေရသူတွေနဲ့ဆို အခုချိန်မှာ စစ်ရှောင်စုစုပေါင်း ၈,၄၀၀ လောက်ရှိနေပြီလို့လည်း ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်ထဲမှာ ခုအစီရင်ခံစာတင်သွင်းတဲ့ ဧပြီလ ၂၄ ရက်ကနေ မေလ ၂၄ ရက် အတွင်း စစ်ရှောင်ဦးရေ တိုးမလာပေမယ့် စစ်တပ်နဲ့ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် မတ်လလကတည်းက နေရပ်စွန့်ခွါ ထွက်ပြေးရသူ ၈ ၅၀၀ လောက် ခုထိ အိမ်မပြန်နိုင်ကြသေးးပါဘူး။

ရခိုင်ပြည်နယ်မှာတော့ နောက်ထပ် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ မရှိပေမယ့် အရင်တိုက်ပွဲတွေကြောင့် မြောက်ဦးနဲ့ စစ်တွေ အပါအဝင် စခန်းတွေမှာ ရောက်နေတဲ့ စစ်ရှောင်တွေကြား ဝမ်းပျက်ဝမ်းလျှော ရောဂါတွေနဲ့ ရင်ဆိုင်နေရကြောင်းဖေါ်ပြထားပါတယ်။

ဒီဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၂၇၀ လောက်တောင်းခံထားပေမယ့် အခု ၁၅ % လောက်ပဲရသေးကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG