သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္ စစ္ေဘးေရွာင္ေတြရဲ႕ ရိကၡာလမ္းေၾကာင္း ပိတ္ဆို႔ခံရ


အစားအစာနဲ႔ ေဆးဝါးအကူအညီေတြ လိုအပ္ေနတဲ့ မင္းတပ္ စစ္ေဘးေရွာင္ျပည္သူမ်ား (ဓာတ္ပုံမွတ္တမ္း)

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ မင္းတပ္ၿမဳိ႕ကေန ထြက္ေျပးလာရတဲ့ စစ္ေဘးေရွာင္ဒုကၡသည္ေတြဆီ ေပးပို႔တဲ့ ရိကၡာ လမ္းေၾကာင္းကို အာဏာပိုင္ေတြက ပိတ္ဆို႔ သိမ္းဆည္းေနတာေၾကာင့္ ေတာေတာင္ေတြထဲ ခိုလႈံေနရတဲ့ ဒုကၡသည္ေတြ ေသာက္ေရသန္႔နဲ႔ အေရးေပၚ အကူအညီရဖို႔ ခက္ခဲေနပါတယ္။

ဒီအခက္အခဲကို ေက်ာ္လႊားၿပီး အေရးေပၚစားနပ္ရိကၡာ ၊ မိုးကာေတြ ေပးပုိ႔ႏိုင္ဖို႔ ႏုိင္ငံတကာ အသိုင္းအဝုိင္းအေနနဲ႔ ဝိုင္းဝန္း ကူညီေဆာင္ရြက္ ေပးဖို႔ ကယ္ဆယ္ေရးအဖြဲ႔ တခ်ဳိ႕နဲ႔ ဒုကၡသည္ေတြက ေတာင္းဆိုလိုက္ၾကပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္ တင္ျပမွာပါ။

မင္းတပ္ၿမဳိ႕မွာ စစ္ေကာင္စီတပ္ေတြက လုံၿခဳံေရးတုိးခ်ၿပီး နယ္ေျမစိုးမိုးေရး လုပ္ေဆာင္လာတာေၾကာင့္ေဒသခံေတြဟာ နီးစပ္ရာ အရပ္ေလးမ်က္ႏွာက ေက်းရြာေတြဆီ စစ္ေဘးေရွာင္ေနၾကတာပါ။

စစ္ေရွာင္ေတြထဲက လူနည္းစုကုိသာ အနီးဝန္းက်င္ ေက်းရြာေတြက လက္ခံျပဳစုႏိုင္ေပမဲ့ အမ်ားစုကေတာ့ ေတာေတာင္ေတြထဲ ရြက္ဖ်က္ထုိးၿပီး ျဖစ္သလို ပုန္းခိုေနရပါတယ္။ ဒီၾကားထဲ စားနပ္ရိကၡာ သယ္ယူတဲ့ မင္းတပ္ၿမဳိ႕ ေျမာက္ဖက္ ၿမဳိ႕အဝင္ လမ္းဆုံလမ္းဂြကို စစ္တပ္က ပိတ္ဆို႔ထားတာေၾကာင့္ အေရးေပၚ အကူအညီေတြ ပိုၿပီး လိုအပ္လာတယ္လို႔ မင္းတပ္က စစ္ေဘးေရွာင္ ကိုဂ်ဳိးဇက္မာန္းက ေျပာပါတယ္။

" အခု မင္းတပ္ရဲ႕ ေျမာက္ဖက္ျခမ္းေပါ့ေနာ္၊ အဲဒီမွာက အဝင္လမ္းကို ပိတ္ထားတယ္။ ၿပီးတဲ့ခါက်ေတာ့ လမ္းဆုံ - ျဖတ္သြားတဲ့ေနရာေပါ့ေနာ္ .. အဲဒီလမ္းဆုံကို မျဖတ္ရင္ ဘယ္ေနရာကိုမွ သြားလို႔ မရတဲ့ ေနရာေပါ့ ၊ အဲဒီ လမ္းဆုံ ရိကၡာျဖတ္တဲ့ ေနရာမွာ တပ္စဲြထားတာရွိတယ္။ ရိကၡာသယ္ဖို႔ လမ္းေၾကာင္းေတြ ျပတ္ေတာက္ေနေတာ့ အခက္အခဲရွိလာတယ္။ခက္ခဲေနတာက အစားအေသာက္ရွိမယ္ ၊ ေနစရာ လိုအပ္မယ္၊ ေဆးဝါးကေတာ့လိုအပ္တာ မွန္တယ္ ဒါေပမဲ့ အဲဒါထက္ကို အေႏြးထည္ ပိုလိုအပ္တယ္။ အခုဒီမွာက မိုးဆက္တိုက္ ရြာေနေတာ့ေလ အေႏြးထည္ကိုမွ မိုးကာလိုဟာမ်ဳိးေလ၊ အဲဒါမ်ဳိး ေပးႏိုင္ရင္ အဆင္ေျပတယ္။ ၿပီးေတာ့ က်ေနာ္တုိ႔က ေျပးလႊားေနရတဲ့ အတြက္ေၾကာင့္ .. ေရ ေပါ့ေနာ္။ ေရကိုလည္း ႀကဳိခ်က္ၿပီး ေသာက္ဖုိ႔အခ်ိန္ မရွိဘူး ဒီတုိင္းပဲ ေသာက္ၾကတာဆိုေတာ့ ဒီမုိးတြင္းမွာ ဝမ္းေလွ်ာဝမ္းပ်က္ေတြ ျဖစ္လာႏိုင္တာ ဆိုေတာ့ .. ေရသန္႔ေဆးျပားေတြေပါ့၊ ေလာေလာဆယ္ အဲဒီဟာေတြ လိုေနတယ္။ "

မင္းတပ္မွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ၾကား တိုက္ပဲြေတြ ျဖစ္လာခ်ိန္ကစၿပီး မင္းတပ္ စစ္ေရွာင္ေတြကုိ အေရးေပၚရိကၡာ ပို႔ေပးေနတဲ့ မုံရြာၿမဳိ႕က 'ျပည္သူမွ ျပည္သူသို႔' အစီအစဥ္ တာဝန္ခံ ကိုဝင္းေဇာ္ခိုင္ကေတာ့ စစ္ေဘးေရွာင္ေတြကို ရိကၡာျဖတ္ေတာက္ေနတဲ့ ကိစၥအေပၚႏိုင္ငံတကာ အသိုင္းအဝိုင္းကကူညီေျဖရွင္းေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

" မင္းတပ္ကို သြားမယ့္ လမ္းေၾကာင္းမွန္သမွ်ကို ပိတ္ဆုိ႔ၿပီးေတာ့မွ ဒီအေျခခံ စားေသာက္ကုန္ျဖစ္တဲ့ ဆန္ဆီေဆးဝါး ၊ ကေလးသူငယ္ေတြ အမ်ဳိးသမီးေတြအတြက္ အေႏြးထည္ ၊ စတဲ့ ကူညီကယ္ဆယ္ေရးဆိုင္ရာ ပစၥည္းေတြကို ပို႔ေဆာင္ေနတဲ့ ေနရာမွာ ဖမ္းဆီးမႈေတြ ဖ်က္ဆီးမႈေတြ သိမ္းဆည္းမႈေတြ ရွိေနေတာ့ ပို႔ေဆာင္ေရးက ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ အေနအထား ျဖစ္ေနတယ္။ အဲဒီေတာ့ မင္းတပ္မွာရွိတဲ့ ျပည္သူလူထုဟာ ရာသီဥတု အေျခအေန အရေရာ ၊ ထိုးစစ္ဆင္ေနတဲ့ အေနအထားအရပါ အခက္အခဲမ်ားစြာ ႀကဳံေတြ႔ေနရတဲ့အတြက္ အဓိကအားျဖင့္ ဆန္ဆီရယ္ ေဆးဝါးရယ္ကို အျမန္ဆုံး က်ေနာ္တို႔ ပို႔ေပးဖို႔ လိုအပ္ေနတဲ့ အေနအထားမွာ ရွိပါတယ္။ အဲဒီအတြက္ ႏိုင္ငံတကာ အေနနဲ႔လည္း ပါဝင္ၿပီးေတာ့မွ မင္းတပ္ျပည္သူလူထုကုိ အကူအညီေပးဖို႔ က်ေနာ္တို႔အေနနဲ႔ ေမတၱာရပ္ခံ ခ်င္ပါတယ္။"

မင္းတပ္အပါအဝင္ ခ်င္းျပည္နယ္ ၿမဳိ႕နယ္တခ်ဳိ႕မွာ ျပည္တြင္းစစ္ေရွာင္ဒုကၡသည္ေတြ ခိုလႈံႏိုင္မယ့္ IDP ဒုကၡသည္စခန္းေတြ သတ္မွတ္ထားတဲ့ေနရာရွိေပမယ့္ ၊ စစ္တပ္က လုိက္လံ ရွင္းလင္းေနတဲ့အတြက္ ေဒသခံေတြဟာ ေနရာအတည္တက်မရွိပဲ မၾကာခန ေရႊ႕ေျပာင္းေနရတယ္လို႔ ကိုဂ်ဳိးဇက္မာန္းက ေျပာပါတယ္။

" ရြာေတြမွာေတာ့ IDP စခန္းကို တရားဝင္ ဖြင့္ထားေပမယ့္ အဲဒီေနရာေတြကိုလည္း စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ေဆာ္တာေတြရွိေတာ့ ၊ IDP camp ဆုိရင္လည္း စိတ္မခ်ရဘူး မလုံၿခဳံဘူးဆိုတဲ့ အေနအထားမွာရွိေတာ့ လူထုေတြက မေနရဲၾကဘူး။ စစ္တပ္က အနီးနားေရာက္လာၿပီၾကားရင္ သူတို႔က ေျပးၾကၿပီ။ တခ်ဳိ႕ဆို ေတာထဲမွာ ေနရတဲ့ဟာေတြရွိတာေပါ့ ။ ၿပီးေတာ့ ရြာရဲ႕ေဘးနား ေခ်ာင္းနားမွာ တာလပတ္နဲ႔ တဲထုိးၿပီး ေနတာလည္းရွိတာေပါ့။ ၿပီးေတာ့ စစ္ေဘးေရွာင္ေနတုန္း ေတာထဲမွာ ကေလးေမြးတာမ်ဳိးလည္း ရွိတယ္။ ဒီ ၃- ၄ ရက္သား ကေလးေလးနဲ႔ မုိးရြာထဲမွာ ေျပးလႊားရင္း ကေလး အသက္ဆုံးရႈံးသြားတာမ်ဳိးလည္း ရွိတယ္။"

ေဒသခံေတြကေတာ့ မိမိေနအိမ္ကို ျပန္ရမယ့္ေန႔ကို ေမွ်ာ္လင့္ေနေပမယ့္ ဘယ္ေန႔လဲဆိုတာ မသိႏိုင္ ေသးဘူးလို႔ ကိုဂ်ဳိးဇက္မာန္းက ရွင္းျပပါတယ္။

" လူတိုင္းက ကိုယ့္အိမ္ ကိုယ္ျပန္ၿပီး ေအးေဆးေနခ်င္တာေပါ့။ ဒါကေတာ့ ဒီမွာ စစ္ေဘးေရွာင္သူ အားလုံးက အျမဲတမ္း ညီးတြားၿပီး ေျပာတဲ့စကားပါပဲ။ ဒါေပမဲ့ အဲဒီအေျခအေန ျပန္ေရာက္ဖုိ႔ဆိုတာ က်ေနာ္တုိ႔ အခ်ိန္ကာလ ဘယ္ေလာက္ထိ ၾကာဦးမလဲ ဘာေတြ ရင္ဆုိင္ရဦးမလဲ က်ေနာ္တုိ႔ မသိႏိုင္ေသးဘူးေပါ့ ေနာ့။ "

ခ်င္းျပည္နယ္မွာ မင္းတပ္ၿမဳိ႕ဟာ စစ္ေကာင္စီတပ္ေတြကို အၾကိမ္ေပါင္းမ်ားစြာ ခုခံတြန္းလွန္ ေနတဲ့ ေဒသျဖစ္ၿပီး ၊ အခုေနာက္ပိုင္း ထန္တလန္ၿမဳိ႕ဖက္မွာပါ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ရဲ႕ ခုခံမႈေၾကာင္း တိုက္ပဲြေတြ ဆက္ျဖစ္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

မင်းတပ် စစ်ဘေးရှောင်တွေရဲ့ ရိက္ခာလမ်းကြောင်း ပိတ်ဆို့ခံရ

(Unicode)

ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဆီ ပေးပို့တဲ့ ရိက္ခာ လမ်းကြောင်းကို အာဏာပိုင်တွေက ပိတ်ဆို့ သိမ်းဆည်းနေတာကြောင့် တောတောင်တွေထဲ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ သောက်ရေသန့်နဲ့ အရေးပေါ် အကူအညီရဖို့ ခက်ခဲနေပါတယ်။

ဒီအခက်အခဲကို ကျော်လွှားပြီး အရေးပေါ်စားနပ်ရိက္ခာ ၊ မိုးကာတွေ ပေးပို့နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးဖို့ ကယ်ဆယ်ရေးအဖွဲ့ တချို့နဲ့ ဒုက္ခသည်တွေက တောင်းဆိုလိုက်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတိုးချပြီး နယ်မြေစိုးမိုးရေး လုပ်ဆောင်လာတာကြောင့်ဒေသခံတွေဟာ နီးစပ်ရာ အရပ်လေးမျက်နှာက ကျေးရွာတွေဆီ စစ်ဘေးရှောင်နေကြတာပါ။

စစ်ရှောင်တွေထဲက လူနည်းစုကိုသာ အနီးဝန်းကျင် ကျေးရွာတွေက လက်ခံပြုစုနိုင်ပေမဲ့ အများစုကတော့ တောတောင်တွေထဲ ရွက်ဖျက်ထိုးပြီး ဖြစ်သလို ပုန်းခိုနေရပါတယ်။ ဒီကြားထဲ စားနပ်ရိက္ခာ သယ်ယူတဲ့ မင်းတပ်မြို့ မြောက်ဖက် မြို့အဝင် လမ်းဆုံလမ်းဂွကို စစ်တပ်က ပိတ်ဆို့ထားတာကြောင့် အရေးပေါ် အကူအညီတွေ ပိုပြီး လိုအပ်လာတယ်လို့ မင်းတပ်က စစ်ဘေးရှောင် ကိုဂျိုးဇက်မာန်းက ပြောပါတယ်။

" အခု မင်းတပ်ရဲ့ မြောက်ဖက်ခြမ်းပေါ့နော်၊ အဲဒီမှာက အဝင်လမ်းကို ပိတ်ထားတယ်။ ပြီးတဲ့ခါကျတော့ လမ်းဆုံ - ဖြတ်သွားတဲ့နေရာပေါ့နော် .. အဲဒီလမ်းဆုံကို မဖြတ်ရင် ဘယ်နေရာကိုမှ သွားလို့ မရတဲ့ နေရာပေါ့ ၊ အဲဒီ လမ်းဆုံ ရိက္ခာဖြတ်တဲ့ နေရာမှာ တပ်စွဲထားတာရှိတယ်။ ရိက္ခာသယ်ဖို့ လမ်းကြောင်းတွေ ပြတ်တောက်နေတော့ အခက်အခဲရှိလာတယ်။ခက်ခဲနေတာက အစားအသောက်ရှိမယ် ၊ နေစရာ လိုအပ်မယ်၊ ဆေးဝါးကတော့လိုအပ်တာ မှန်တယ် ဒါပေမဲ့ အဲဒါထက်ကို အနွေးထည် ပိုလိုအပ်တယ်။ အခုဒီမှာက မိုးဆက်တိုက် ရွာနေတော့လေ အနွေးထည်ကိုမှ မိုးကာလိုဟာမျိုးလေ၊ အဲဒါမျိုး ပေးနိုင်ရင် အဆင်ပြေတယ်။ ပြီးတော့ ကျနော်တို့က ပြေးလွှားနေရတဲ့ အတွက်ကြောင့် .. ရေ ပေါ့နော်။ ရေကိုလည်း ကြိုချက်ပြီး သောက်ဖို့အချိန် မရှိဘူး ဒီတိုင်းပဲ သောက်ကြတာဆိုတော့ ဒီမိုးတွင်းမှာ ဝမ်းလျှောဝမ်းပျက်တွေ ဖြစ်လာနိုင်တာ ဆိုတော့ .. ရေသန့်ဆေးပြားတွေပေါ့၊ လောလောဆယ် အဲဒီဟာတွေ လိုနေတယ်။ "

မင်းတပ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ဖြစ်လာချိန်ကစပြီး မင်းတပ် စစ်ရှောင်တွေကို အရေးပေါ်ရိက္ခာ ပို့ပေးနေတဲ့ မုံရွာမြို့က 'ပြည်သူမှ ပြည်သူသို့' အစီအစဉ် တာဝန်ခံ ကိုဝင်းဇော်ခိုင်ကတော့ စစ်ဘေးရှောင်တွေကို ရိက္ခာဖြတ်တောက်နေတဲ့ ကိစ္စအပေါ်နိုင်ငံတကာ အသိုင်းအဝိုင်းကကူညီဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

" မင်းတပ်ကို သွားမယ့် လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ပြီးတော့မှ ဒီအခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်ဆီဆေးဝါး ၊ ကလေးသူငယ်တွေ အမျိုးသမီးတွေအတွက် အနွေးထည် ၊ စတဲ့ ကူညီကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းတွေကို ပို့ဆောင်နေတဲ့ နေရာမှာ ဖမ်းဆီးမှုတွေ ဖျက်ဆီးမှုတွေ သိမ်းဆည်းမှုတွေ ရှိနေတော့ ပို့ဆောင်ရေးက ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်နေတယ်။ အဲဒီတော့ မင်းတပ်မှာရှိတဲ့ ပြည်သူလူထုဟာ ရာသီဥတု အခြေအနေ အရရော ၊ ထိုးစစ်ဆင်နေတဲ့ အနေအထားအရပါ အခက်အခဲများစွာ ကြုံတွေ့နေရတဲ့အတွက် အဓိကအားဖြင့် ဆန်ဆီရယ် ဆေးဝါးရယ်ကို အမြန်ဆုံး ကျနော်တို့ ပို့ပေးဖို့ လိုအပ်နေတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီအတွက် နိုင်ငံတကာ အနေနဲ့လည်း ပါဝင်ပြီးတော့မှ မင်းတပ်ပြည်သူလူထုကို အကူအညီပေးဖို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံ ချင်ပါတယ်။"

မင်းတပ်အပါအဝင် ချင်းပြည်နယ် မြို့နယ်တချို့မှာ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်တွေ ခိုလှုံနိုင်မယ့် IDP ဒုက္ခသည်စခန်းတွေ သတ်မှတ်ထားတဲ့နေရာရှိပေမယ့် ၊ စစ်တပ်က လိုက်လံ ရှင်းလင်းနေတဲ့အတွက် ဒေသခံတွေဟာ နေရာအတည်တကျမရှိပဲ မကြာခန ရွှေ့ပြောင်းနေရတယ်လို့ ကိုဂျိုးဇက်မာန်းက ပြောပါတယ်။

" ရွာတွေမှာတော့ IDP စခန်းကို တရားဝင် ဖွင့်ထားပေမယ့် အဲဒီနေရာတွေကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ဆော်တာတွေရှိတော့ ၊ IDP camp ဆိုရင်လည်း စိတ်မချရဘူး မလုံခြုံဘူးဆိုတဲ့ အနေအထားမှာရှိတော့ လူထုတွေက မနေရဲကြဘူး။ စစ်တပ်က အနီးနားရောက်လာပြီကြားရင် သူတို့က ပြေးကြပြီ။ တချို့ဆို တောထဲမှာ နေရတဲ့ဟာတွေရှိတာပေါ့ ။ ပြီးတော့ ရွာရဲ့ဘေးနား ချောင်းနားမှာ တာလပတ်နဲ့ တဲထိုးပြီး နေတာလည်းရှိတာပေါ့။ ပြီးတော့ စစ်ဘေးရှောင်နေတုန်း တောထဲမှာ ကလေးမွေးတာမျိုးလည်း ရှိတယ်။ ဒီ ၃- ၄ ရက်သား ကလေးလေးနဲ့ မိုးရွာထဲမှာ ပြေးလွှားရင်း ကလေး အသက်ဆုံးရှုံးသွားတာမျိုးလည်း ရှိတယ်။"

ဒေသခံတွေကတော့ မိမိနေအိမ်ကို ပြန်ရမယ့်နေ့ကို မျှော်လင့်နေပေမယ့် ဘယ်နေ့လဲဆိုတာ မသိနိုင် သေးဘူးလို့ ကိုဂျိုးဇက်မာန်းက ရှင်းပြပါတယ်။

" လူတိုင်းက ကိုယ့်အိမ် ကိုယ်ပြန်ပြီး အေးဆေးနေချင်တာပေါ့။ ဒါကတော့ ဒီမှာ စစ်ဘေးရှောင်သူ အားလုံးက အမြဲတမ်း ညီးတွားပြီး ပြောတဲ့စကားပါပဲ။ ဒါပေမဲ့ အဲဒီအခြေအနေ ပြန်ရောက်ဖို့ဆိုတာ ကျနော်တို့ အချိန်ကာလ ဘယ်လောက်ထိ ကြာဦးမလဲ ဘာတွေ ရင်ဆိုင်ရဦးမလဲ ကျနော်တို့ မသိနိုင်သေးဘူးပေါ့ နော့။ "

ချင်းပြည်နယ်မှာ မင်းတပ်မြို့ဟာ စစ်ကောင်စီတပ်တွေကို အကြိမ်ပေါင်းများစွာ ခုခံတွန်းလှန် နေတဲ့ ဒေသဖြစ်ပြီး ၊ အခုနောက်ပိုင်း ထန်တလန်မြို့ဖက်မှာပါ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခုခံမှုကြောင်း တိုက်ပွဲတွေ ဆက်ဖြစ်လာပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG