သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားသံုးဆူနယ္စပ္ကုန္သြယ္ေရးဂိတ္ ထိ္ုင္း ယာယီပိတ္ပင္


ဘုရားသံုးဆူဂိတ္ (ထိုင္း-ျမန္မာနယ္စပ္) (ဓာတ္ပံု- Courtesy)

(Zawgyi/Unicode)
ထိုင္းႏိုင္ငံက အစားအေသာက္နဲ႔ ကုန္ပစၥည္းေတြတင္သြင္းတဲ့ နယ္စက္ဂိတ္တခုျဖစ္တဲ့ ဘုရားသံုးဆူနယ္စပ္ဂိတ္ကေန ကုန္ပစၥည္း အျပန္အလွန္ တင္ပို႔မႈကို ထိုင္းႏိုင္ငံဖက္က ပိတ္လိုက္ပါတယ္။ ကန္ခ်နဘူရီျပည္နယ္ထဲမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူေတြ မ်ားလာတဲ့အတြက္ ခုလိုပိတ္လိုက္တာျဖစ္ပါတယ္။ ေမလ ၁၄ ရက္ေန႔ကစၿပီး သီတင္း ၂ ပါတ္ ပိတ္လိုက္တဲ့အေၾကာင္း ဒီသတင္းကိုဗီြအိုေအ သတင္းေထာက္မေအးေအးမာကေျပာျပေပးမွာပါ

ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ျဖစ္တဲ့ ထိုင္းႏုိင္ငံ ကမ္ခ်နဘူူရီျပည္နယ္၊ ဘုရားသံုးဆူနယ္စပ္မွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ပ်ံ႕ပြားမႈ ျမင့္တက္လာေနတာေၾကာင့္ ဘုရားသုံးဆူ - ေနာင္လူ နယ္စပ္ဂိတ္ကေန ကုန္ပစၥည္းတင္သြင္းမႈကို ဇြန္ ၁၄ ရက္ ဒီေန႔ကစၿပီး ဇြန္လ ၂၇ ရက္ေန႔အထိ သီတင္း ၂ ပါတ္ ပိတ္လိုက္ပါတယ္။ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ေဒသအာဏာပိုင္ေတြ စည္းေဝး ဆံုးျဖတ္ခဲ့ေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔က ထုတ္ျပန္ပါတယ္။ အဲဒီဂိတ္ကေန လူအဝင္အထြက္ကို ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိုင္းဖက္က အရင္ထဲက ပိတ္ထားေပမဲ့ ကုန္ပစၥည္းေတြကိုေတာ့ အျပန္အလွန္ ပို႔ခြင့္ျပဳထားတာပါ။ ဒါေပမဲ့ နယ္စပ္ဂိတ္က ထိုင္းအေကာက္အခြန္အရာရွိမွာ ကိုဗစ္ကပ္ပိုးေတြရွိရာကစလို႔ အခုလို ကုန္ပစၥည္း တင္ပို႔ခြင့္ကိုပါ ပိတ္လိုက္တာျဖစ္တယ္လို႔ ထိုင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာ တာဝန္ခံကိုမင္းဦးက ေျပာပါတယ္။

"ကိုဗစ္ျဖစ္ျပီးကတည္းက ပိတ္ထားတာေလ ကုန္စည္ကူးသန္းဆက္သြယ္ေရးအတြက္ပဲ နားလည္မူနဲ့ဖြင့္ေပးထားတာကုန္စည္ပဲလူမပါဘူး။အဲဒါလည္း သတ္မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြနဲ့ ပဲလုပ္ရတာ အခုေတာ့ထိုင္းဘက္ျခမ္းက အေကာက္ခြန္အရွိမွာေရာဂါပိုးေတြ့ တယ္ ေျပာတယ္ အဲဒါေႀကာင့္ ၂ပတ္ပိတ္လိုက္တာ ဒီေန့ကေနစျပီးပိတ္လုိက္တာ"

အခုရက္ပိုင္း ပိုးေတြ ့လူနာေတြမွာ အေကာက္အခြန္အရာရွိ၊ ေက်ာင္းဆရာ နဲ ့ ေက်းရြာသားေတြပါ၀င္ေနျပီး လက္ရွိပိုးေတြ႕ လူနာဦးေရဟာ ၃၆၁ ဦးထက္မနည္း႐ွိေနၿပီလို႔ ထိုင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။ ထိုင္းျမန္မာနယ္စပ္ ဘုရားသံုးဆူေဒသ ကုန္သြယ္ေရးလမ္းေၾကာင္းဟာ ျမဝတီ-မဲေဆာက္၊ တာခ်ီလိတ္-မဲဆိုင္နယ္စပ္ဂိတ္ေတြ ၿပီးရင္ ထိုင္းျမန္မာ ကုန္သြယ္ေရးအတြက္ အေရးပါတဲ့ ကုန္သြယ္ေရးလမ္းေၾကာင္း တစ္ခုျဖစ္ပါတယ္။ အမ်ားစုကေတာ့ ေဒသထြက္ကုန္အစားအေသာက္ေတြ လူသံုးကုန္ပစၥည္းေတြကိုေတာ့အဓိထားပို႔တာ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ ၂၀၂၁ေဖေဖၚ၀ါရီမွာ အာဏာသိမ္းျပီး ရက္ေပါင္း ၁၀၀ အတြင္းမွာ ျမန္မာ့ေငြေက်းတန္ဘိုး က်ဆင္း သြားခဲ့သလို ထိုင္းနဲ ့ ျမန္မာနယ္စပ္ကုန္သြယ္ေရးဟာ သိသိသာသာ က်ဆင္းသြားတယ္ဆိုတဲ့ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ထိုင္းတကၠသိုလ္ (UTCC) ကကၽြမ္းက်င္သူေတြရဲ ့ ေလ့လာေတြ ့ရွိခ်က္ေတြကို ထိုင္းသတင္းေတြမွာ ေရးသားေဖာ္ျပႀကပါတယ္။ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီက ၿပီးခဲ့တဲ့ လပိုင္းေတြကစျပီး ထိုင္းကေနတင္သြင္းေနတဲ့ ဆပ္ျပာ ေကာ္ဖီမွုန္ စတဲ့ ကုန္ေတြ တင္သြင္းမႈကို ပိတ္ပင္ခဲ့ပါတယ္။ ဒီကေန ့ ဇြန္လ၁၄ ရက္ေန ့ကစၿပီး ကုန္စည္တင္သြင္းမႈ သီတင္း ၂ ပါတ္ ပိတ္လိုက္တဲ့ ထိုင္းျမန္မာနယ္စပ္ ဘုရားသံုးဆူ နယ္ျခား ကုန္သြယ္ေရးဂိတ္ဟာ ထိုင္းဘက္က တႏွစ္၀င္ေငြ ဘတ္ေငြသန္း ၃၅၀ ေက်ာ္၀င္ ေငြရွာေပးတဲ့ နယ္ျခား ကုန္သြယ္ေရးေနရာတခု ျဖစ္ပါတယ္။

..........................................................................................

ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးဂိတ် ထိုင်း ယာယီပိတ်ပင်

(Unicode)
ထိုင်းနိုင်ငံက အစားအသောက်နဲ့ ကုန်ပစ္စည်းတွေတင်သွင်းတဲ့ နယ်စက်ဂိတ်တခုဖြစ်တဲ့ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်း အပြန်အလှန် တင်ပို့မှုကို ထိုင်းနိုင်ငံဖက်က ပိတ်လိုက်ပါတယ်။ ကန်ချနဘူရီပြည်နယ်ထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ များလာတဲ့အတွက် ခုလိုပိတ်လိုက်တာဖြစ်ပါတယ်။ မေလ ၁၄ ရက်နေ့ကစပြီး သီတင်း ၂ ပါတ် ပိတ်လိုက်တဲ့အကြောင်း ဒီသတင်းကိုဗွီအိုအေ သတင်းထောက်မအေးအေးမာကပြောပြပေးမှာပါ

မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ကမ်ချနဘူူရီပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု မြင့်တက်လာနေတာကြောင့် ဘုရားသုံးဆူ - နောင်လူ နယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းတင်သွင်းမှုကို ဇွန် ၁၄ ရက် ဒီနေ့ကစပြီး ဇွန်လ ၂၇ ရက်နေ့အထိ သီတင်း ၂ ပါတ် ပိတ်လိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဒေသအာဏာပိုင်တွေ စည်းဝေး ဆုံးဖြတ်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီဂိတ်ကနေ လူအဝင်အထွက်ကို ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းဖက်က အရင်ထဲက ပိတ်ထားပေမဲ့ ကုန်ပစ္စည်းတွေကိုတော့ အပြန်အလှန် ပို့ခွင့်ပြုထားတာပါ။ ဒါပေမဲ့ နယ်စပ်ဂိတ်က ထိုင်းအကောက်အခွန်အရာရှိမှာ ကိုဗစ်ကပ်ပိုးတွေရှိရာကစလို့ အခုလို ကုန်ပစ္စည်း တင်ပို့ခွင့်ကိုပါ ပိတ်လိုက်တာဖြစ်တယ်လို့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံကိုမင်းဦးက ပြောပါတယ်။

"ကိုဗစ်ဖြစ်ပြီးကတည်းက ပိတ်ထားတာလေ ကုန်စည်ကူးသန်းဆက်သွယ်ရေးအတွက်ပဲ နားလည်မူနဲ့ဖွင့်ပေးထားတာကုန်စည်ပဲလူမပါဘူး။အဲဒါလည်း သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ပဲလုပ်ရတာ အခုတော့ထိုင်းဘက်ခြမ်းက အကောက်ခွန်အရှိမှာရောဂါပိုးတွေ့ တယ် ပြောတယ် အဲဒါကြောင့် ၂ပတ်ပိတ်လိုက်တာ ဒီနေ့ကနေစပြီးပိတ်လိုက်တာ"

အခုရက်ပိုင်း ပိုးတွေ့လူနာတွေမှာ အကောက်အခွန်အရာရှိ၊ ကျောင်းဆရာ နဲ့ ကျေးရွာသားတွေပါဝင်နေပြီး လက်ရှိပိုးတွေ့ လူနာဦးရေဟာ ၃၆၁ ဦးထက်မနည်းရှိနေပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ ကုန်သွယ်ရေးလမ်းကြောင်းဟာ မြဝတီ-မဲဆောက်၊ တာချီလိတ်-မဲဆိုင်နယ်စပ်ဂိတ်တွေ ပြီးရင် ထိုင်းမြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ အများစုကတော့ ဒေသထွက်ကုန်အစားအသောက်တွေ လူသုံးကုန်ပစ္စည်းတွေကိုတော့အဓိထားပို့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ဖေဖေါ်ဝါရီမှာ အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ မြန်မာ့ငွေကျေးတန်ဘိုး ကျဆင်း သွားခဲ့သလို ထိုင်းနဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ သိသိသာသာ ကျဆင်းသွားတယ်ဆိုတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ထိုင်းတက္ကသိုလ် (UTCC) ကကျွမ်းကျင်သူတွေရဲ့ လေ့လာတွေ့ရှိချက်တွေကို ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး ထိုင်းကနေတင်သွင်းနေတဲ့ ဆပ်ပြာ ကော်ဖီမှုန် စတဲ့ ကုန်တွေ တင်သွင်းမှုကို ပိတ်ပင်ခဲ့ပါတယ်။ ဒီကနေ့ ဇွန်လ၁၄ ရက်နေ့ကစပြီး ကုန်စည်တင်သွင်းမှု သီတင်း ၂ ပါတ် ပိတ်လိုက်တဲ့ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ နယ်ခြား ကုန်သွယ်ရေးဂိတ်ဟာ ထိုင်းဘက်က တနှစ်ဝင်ငွေ ဘတ်ငွေသန်း ၃၅၀ ကျော်ဝင် ငွေရှာပေးတဲ့ နယ်ခြား ကုန်သွယ်ရေးနေရာတခု ဖြစ်ပါတယ်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG