သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြ ကိုဗစ္ကာကြယ္ေရးစည္းကမ္းလိုက္နာဖို႔ တိုက္တြန္းေန


မႏၱေလးက စစ္အာဏာသိမ္းဆန္ ့က်င္ ဆႏၵျပပြဲတခု (ဓာတ္ပံု-fb/AFP)

(Zawgyi/Unicode)
လမ္းေပၚထြက္ ဆႏၵျပၾကသူေတြအေနနဲ႔ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးစည္းကမ္းေတြ လိုက္နာၾကဖုိ႔ ဆႏၵျပပြဲ စီစဥ္သူေတြက တိုက္တြန္းေနပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ တိုးေနခ်ိန္မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ စုေဝးဆႏၵျပပြဲေတြလည္း ဆက္႐ွိေနတာမို႔ ခုလိုတုိက္တြန္းေနၾကတာပါ။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို မစုျမတ္မြန္က ေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ အခုရက္ပိုင္း ကိုဗစ္အတည္ျပဳလူနာသစ္ ေန႔စဥ္ ၁၀၀ ေက်ာ္႐ွိေနပါတယ္။ ဒီလိုအေျခအေနမွာ ဆႏၵျပသူေတြအေနနဲ႔ ကိုဗစ္ေရာဂါ မကူးစက္ေအာင္ သတိထား ကာကြယ္ဖုိ႔ ဆႏၵျပပဲြဦးေဆာင္သူေတြက တိုက္တြန္းေနၾကပါတယ္။
ကိုဗစ္ကပ္ေရာဂါကူးစက္မႈ ျမင့္တက္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ကေလးၿမိဳ႕မွာ ဇြန္လ ၁၀ ရက္ မေန႔က တရက္တည္းတင္ ေသဆံုးသူ ၁၀ ဦးရွိပါတယ္။ ဒါေၾကာင့္ ကေလးၿမိဳ႕က ဆႏၵျပပဲြမွာ ပါဝင္သူေတြအတြက္ ႏွာေခါင္းစည္းေဝေပးတာမ်ဳိးလုပ္ေနတယ္လို႔ ကေလးၿမိဳ႕က ဆႏၵျပပြဲ ဦးေဆာင္သူတဦးက ေျပာပါတယ္။

“ကိုဗစ္-၁၉ စ ျပန္ၿပီးမျဖစ္ခင္တုန္းက ဒီ(ဆႏၵ)လာတဲ့လူတိုင္း Mask မပါရင္ Mask ေပးတယ္၊ အကာအကြယ္ေတြနဲ႔ေပါ့ေနာ္၊ Mask ေဝတဲ့လူလည္း ရွိတယ္၊ အခုဆိုရင္ေတာ့ ဒီ 95 Mask ေတြ တပ္ၿပီးေတာ့ လွည့္ၾကတယ္ေပါ့ေနာ္၊ ေနာက္ေရရွည္လည္း သြားလို႔ရေအာင္ ေရာဂါေတြလည္း မျဖစ္ေအာင္ အဲ့လိုလုပ္တဲ့လူလည္းရွိပါတယ္၊ ဒီအဖြဲ႔ထဲမွာ ေဝေပးတဲ့ လူေပါ့ေနာ္။”

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပမႈေတြ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိခိုက္တာမ်ဳိး မျဖစ္ေအာင္ ေရာဂါကာကြယ္ေရး စည္းကမ္းေတြအတိုင္း လိုက္နာဖုိ႔ အေရးႀကီးတယ္လို႔လည္း ေျပာပါတယ္။
“ဒီေရာဂါကို ေၾကာက္ၿပီးမွပဲ တဖက္မွာလည္း ဒီဆႏၵျပတာေတြဘာေတြ မလုပ္ေတာ့ဘူးဆိုရင္လည္း ကိုယ့္ဘက္က ႐ႈံးသြားႏိုင္တဲ့ ပံုစံမ်ဳိးရွိေတာ့ေလ၊ ေရာဂါေၾကာက္တာလည္းေၾကာက္ေပါ့ေနာ္ ဒီေၾကာက္ၿပီးေတာ့ ကာကြယ္ဖို႔ လက္ေဆးတာေတြ Mask ေတြ ဘာေတြ တပ္ၿပီးေတာ့ ဒီဆႏၵျပအဖြဲ႔ေတြလည္း ေတာက္ေလွ်ာက္လိုက္ဖို႔ အဲ့ဒါမ်ဳိးမွာပဲ ဆက္ၿပီးေတာ့ ေတာင့္ထားမွာပဲ ျပည္သူေတြရဲ႕ ေအာင္ပြဲရမွာေပါ့ ေတာ္လွန္ေရးကေလ။”

ဆႏၵျပပဲြေတြ ေန႔စဥ္မျပတ္လို႐ွိေနတဲ့ မံု႐ြာၿမိဳ႕မွာလည္း လမ္းေပၚထြက္ဆႏၵျပၾကသူေတြ ႏွာေခါင္းစည္တပ္ဆင္ၾကဖို႔နဲ႔ အိမ္ျပန္ေရာက္ရင္ လက္ေဆးသန္႔စင္ဖို႔ မံုရြာလူထုတိုက္ပြဲ သပိတ္ေကာ္မတီအဖြဲ႕ဝင္ ကိုခန္႔ေဝၿဖိဳးက တိုက္တြန္းထားပါတယ္။
“က်ေနာ္တို႔က ဒီက်န္းမာေရးကလည္း အဓိကေပါ့ေနာ္၊ ကုိယ္က်န္းမာေနမွ ကိုယ္လုပ္ခ်င္တာေတြ လုပ္ရမွာဆိုေတာ့ ဒီစစ္အာဏာရွင္စနစ္ကို ဆန္႔က်င္ေနတဲ့ တၿပိဳင္နက္တည္းမွာပဲ ကိုယ့္က်န္းမာေရးကို က်ေနာ္တို႔ ဂ႐ုစိုက္ဖို႔ေပ့ါေနာ္၊ အားရွိမွပဲ က်ေနာ္တို႔ ဒီစစ္အာဏာရွင္စနစ္ကို တြန္းလွန္ႏိုင္မွာေပါ့ေနာ္၊ အဲ့အတြက္ကို က်ေနာ္တုိ႔ ဒီသပိတ္စစ္ေၾကာင္းကို လိုက္တဲ့အခါက်ရင္လည္း က်ေနာ္တို႔ Mask ေတြ ဘာေတြ မျဖစ္မေနတပ္ၾကဖို႔အတြက္ က်ေနာ္ကေတာ့ တိုက္တြန္းခ်င္ပါတယ္။”

မံုရြာမွာ အခုရက္ပိုင္း သပိတ္စစ္ေၾကာင္းကို လိုက္ပါတဲ့ ဆႏၵျပသူအေတာ္မ်ားမ်ား ႏွားေခါင္းစည္းကို တပ္ဆင္လာသလို ကိုဗစ္ေရာဂါကို ထူးထူးျခားျခားကာကြယ္တာမ်ဳိးမရွိေပမယ့္ တယာက္နဲ႔တေယာက္စကားေျပာတဲ့အခါ အကြာအေဝးျခားေျပာဆိုတာေတြ ေတြ႕ရတယ္လို႔ ကိုခန္႔ေဝၿဖိဳးက ဆိုပါတယ္။
ကိုဗစ္ကပ္ေရာဂါကူးစက္သူေတြ တိုးေနေပမဲ့လည္း မႏၱေလး၊ ထားဝယ္၊ ေလာင္းလံုး၊ ယင္းမာပင္၊ ဖားကန္႔ စတဲ့ ျမန္မာႏိုင္ငံ ေဒသစံုမွာ လ ွ်ပ္တျပက္ ဆႏၵျပပြဲေတြ လမ္းေလွ်ာက္သပိတ္ ေပ်ာက္က်ားသပိတ္ စသျဖင့္ ပံုစံအစံုနဲ႔ ဆက္လက္ ဆႏၵျပေနၾကပါတယ္။

.........................................................................

တိုက္႐ိုက္ လင့္ခ္


ဆန္ဒပြသူတွေ ကိုဗစ်ကာကွယ်ရေးစည်းကမ်းလိုက်နာဖို့ တိုက်တွန်းနေ

(Unicode)
လမ်းပေါ်ထွက် ဆန္ဒပြကြသူတွေအနေနဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးစည်းကမ်းတွေ လိုက်နာကြဖို့ ဆန္ဒပြပွဲ စီစဉ်သူတွေက တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တိုးနေချိန်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ စုဝေးဆန္ဒပြပွဲတွေလည်း ဆက်ရှိနေတာမို့ ခုလိုတိုက်တွန်းနေကြတာပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ အခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာသစ် နေ့စဉ် ၁၀၀ ကျော်ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ဆန္ဒပြသူတွေအနေနဲ့ ကိုဗစ်ရောဂါ မကူးစက်အောင် သတိထား ကာကွယ်ဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက တိုက်တွန်းနေကြပါတယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်တက်နေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ ဇွန်လ ၁၀ ရက် မနေ့က တရက်တည်းတင် သေဆုံးသူ ၁၀ ဦးရှိပါတယ်။ ဒါကြောင့် ကလေးမြို့က ဆန္ဒပြပွဲမှာ ပါဝင်သူတွေအတွက် နှာခေါင်းစည်းဝေပေးတာမျိုးလုပ်နေတယ်လို့ ကလေးမြို့က ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။

“ကိုဗစ်-၁၉ စ ပြန်ပြီးမဖြစ်ခင်တုန်းက ဒီ(ဆန္ဒ)လာတဲ့လူတိုင်း Mask မပါရင် Mask ပေးတယ်၊ အကာအကွယ်တွေနဲ့ပေါ့နော်၊ Mask ဝေတဲ့လူလည်း ရှိတယ်၊ အခုဆိုရင်တော့ ဒီ 95 Mask တွေ တပ်ပြီးတော့ လှည့်ကြတယ်ပေါ့နော်၊ နောက်ရေရှည်လည်း သွားလို့ရအောင် ရောဂါတွေလည်း မဖြစ်အောင် အဲ့လိုလုပ်တဲ့လူလည်းရှိပါတယ်၊ ဒီအဖွဲ့ထဲမှာ ဝေပေးတဲ့ လူပေါ့နော်။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ရောဂါကာကွယ်ရေး စည်းကမ်းတွေအတိုင်း လိုက်နာဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
“ဒီရောဂါကို ကြောက်ပြီးမှပဲ တဖက်မှာလည်း ဒီဆန္ဒပြတာတွေဘာတွေ မလုပ်တော့ဘူးဆိုရင်လည်း ကိုယ့်ဘက်က ရှုံးသွားနိုင်တဲ့ ပုံစံမျိုးရှိတော့လေ၊ ရောဂါကြောက်တာလည်းကြောက်ပေါ့နော် ဒီကြောက်ပြီးတော့ ကာကွယ်ဖို့ လက်ဆေးတာတွေ Mask တွေ ဘာတွေ တပ်ပြီးတော့ ဒီဆန္ဒပြအဖွဲ့တွေလည်း တောက်လျှောက်လိုက်ဖို့ အဲ့ဒါမျိုးမှာပဲ ဆက်ပြီးတော့ တောင့်ထားမှာပဲ ပြည်သူတွေရဲ့ အောင်ပွဲရမှာပေါ့ တော်လှန်ရေးကလေ။”

ဆန္ဒပြပွဲတွေ နေ့စဉ်မပြတ်လိုရှိနေတဲ့ မုံရွာမြို့မှာလည်း လမ်းပေါ်ထွက်ဆန္ဒပြကြသူတွေ နှာခေါင်းစည်တပ်ဆင်ကြဖို့နဲ့ အိမ်ပြန်ရောက်ရင် လက်ဆေးသန့်စင်ဖို့ မုံရွာလူထုတိုက်ပွဲ သပိတ်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက တိုက်တွန်းထားပါတယ်။
“ကျနော်တို့က ဒီကျန်းမာရေးကလည်း အဓိကပေါ့နော်၊ ကိုယ်ကျန်းမာနေမှ ကိုယ်လုပ်ချင်တာတွေ လုပ်ရမှာဆိုတော့ ဒီစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တပြိုင်နက်တည်းမှာပဲ ကိုယ့်ကျန်းမာရေးကို ကျနော်တို့ ဂရုစိုက်ဖို့ပေ့ါနော်၊ အားရှိမှပဲ ကျနော်တို့ ဒီစစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်မှာပေါ့နော်၊ အဲ့အတွက်ကို ကျနော်တို့ ဒီသပိတ်စစ်ကြောင်းကို လိုက်တဲ့အခါကျရင်လည်း ကျနော်တို့ Mask တွေ ဘာတွေ မဖြစ်မနေတပ်ကြဖို့အတွက် ကျနော်ကတော့ တိုက်တွန်းချင်ပါတယ်။”

မုံရွာမှာ အခုရက်ပိုင်း သပိတ်စစ်ကြောင်းကို လိုက်ပါတဲ့ ဆန္ဒပြသူအတော်များများ နှားခေါင်းစည်းကို တပ်ဆင်လာသလို ကိုဗစ်ရောဂါကို ထူးထူးခြားခြားကာကွယ်တာမျိုးမရှိပေမယ့် တယာက်နဲ့တယောက်စကားပြောတဲ့အခါ အကွာအဝေးခြားပြောဆိုတာတွေ တွေ့ရတယ်လို့ ကိုခန့်ဝေဖြိုးက ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါကူးစက်သူတွေ တိုးနေပေမဲ့လည်း မန္တလေး၊ ထားဝယ်၊ လောင်းလုံး၊ ယင်းမာပင်၊ ဖားကန့် စတဲ့ မြန်မာနိုင်ငံ ဒေသစုံမှာ လ ျှပ်တပြက် ဆန္ဒပြပွဲတွေ လမ်းလျှောက်သပိတ် ပျောက်ကျားသပိတ် စသဖြင့် ပုံစံအစုံနဲ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG