သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်တတိယလှိုင်းနဲ့ ကာကွယ်ဆေး


A health worker receives a vaccine for the Covid-19 coronavirus at a hospital in Naypyidaw on January 27, 2021. (Photo by Thet Aung / AFP)
A health worker receives a vaccine for the Covid-19 coronavirus at a hospital in Naypyidaw on January 27, 2021. (Photo by Thet Aung / AFP)
ကိုဗစ်တတိယလှိုင်းနဲ့ ကာကွယ်ဆေး
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

အိန္ဒိယက ကူးစက်မူမြန်၊ ပြင်းထန်တဲ့ ကိုဗစ်-19 ဗီဇပြောင်းမျိုးကွဲသစ်ကတဆင့်၊ မြန်မာနိုင်ငံထဲ ကိုဗစ် တတိယလှိုင်း တက်မလာရအာင်၊ ကာကွယ်ဆေးက အထောက်အကူပြုနိုင်တယ်လို့၊ ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရင်ရခဲ့တဲ့ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီ ကာကွယ်ဆေး စထိုးလာခဲ့ပြီး၊ အခုလည်း လက်ခံရရှိထားတဲ့ တရုတ်ထုတ် Sinopharm ကာကွယ်ဆေး အလုံးရေ (၅) သိန်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆက်ထိုးသွားဖို့ ရှိပါတယ်။ လတ်တလော ဦးစားပေးအနေနဲ့ ကျောင်းပြန်ဖွင့်ချိန်အတွက် ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့၊ ထိလွယ်ခိုက်လွယ်တဲ့ (Vulnerable) အသက် (၆၀) အထက်တွေကို အရင်အဓိက ထိုးပေးသွားဖို့ ပြင်ထားပါတယ်။ နောက်ပိုင်းမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကိုဗစ် ကာကွယ်ဆေးညွှန့်ပေါင်းအဖွဲ့ (COVEX Facility) ကနေ၊ မြန်မာလူဦးရေရဲ့ (၂၀)% အတွက်ရဖို့ရှိတဲ့၊ ကာကွယ်ဆေးတွေကို အသုတ်လိုက်ရလာချိန်မှာ၊ ဆက်ထိုးပေးသွားမှာပါ။ ဒါ့အပြင် အိန္ဒိယက ဝယ်ထားပြီးသား ကာကွယ်ဆေး သန်း (၃၀) ထဲက (၂) သန်းသာရသေးတာမို့၊ အိန္ဒိယမှာ ကိုဗစ် ကူးစက်မူကိုထိန်းလာတာနဲ့အမျှ၊ ပြန်ပို့ပေးဖို့အလားအလာ ရှိနေပါတယ်။ တချိန်ထဲမှာ ရုရှား ကာကွယ်ဆေးတွေအတွက်လည်း ဆွေးနွေးထားပြီး၊ တရုတ်နဲ့လည်း ထပ်ပို့ပေးဖို့ ဆွေးနွေးနေပါတယ်။

လက်ရှိကိုဗစ်ကာကွယ်ဆေးတွေရဲ့ အိန္ဒိယကမျိုးကွဲသစ်ကို ကာကွယ်နိုင်တဲ့ ထိရောက်မူ (Efficacy) ကတော့ အမျိုးမျိုးရှိနေပါတယ်။ New England Journal of Medicine ထုတ်ပြန်ချက်အရ၊ အမေရိကန်ထုတ် Pfizer ကုမ္ပဏီကာကွယ်ဆေးအနေနဲ့၊ အိန္ဒိယမျိုးကွဲသစ်အပေါ် (၈၈)% ထိရောက်မူရှိနေပြီး၊ ဗြိတိန် (UK) မျိုးကွဲသစ်အပေါ်မှာလည်း (၉၃)% အထိ ထိရောက်မူရှိတာကို တွေ့ထားပါတယ်။ မြန်မာနိုင်ငံမှာ အရင်သုံးခဲ့ပြီး၊ နောက်ထပ်ရဖို့ မျှော်လင့်ထားတဲ့၊ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီကာကွယ်ဆေး (Covishield) ထိရောက်မူကတော့၊ အိန္ဒိယမျိုးကွဲသစ်အပေါ် (၆၀)% နဲ့ ဗြိတိန် (UK) မျိုးကွဲသစ်အပေါ် (၆၆)% ရှိတယ်လို့ တွေ့ရှိထားပါတယ်။ တရုတ်ကာကွယ်ဆေးရဲ့ ထိရောက်မူအတွက် WHO က ထုတ်ပြန်ခဲ့ရာမှာ၊ ယေဘူယျအားဖြင့် (၇၉)% ရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့၊ အိန္ဒိယပိုး မျိုးကွဲသစ်အတွက်တော့၊ ဘယ်လောက်ထိရောက်မူ ရှိနိုင်တာကို၊ တုတ်ပြန်ချက်တွေ မတွေ့ရသေးပါဘူး။ ဒါပေမဲ့လဲ WHO ကပဲ၊ ဥရောပနိုင်ငံတွေမှာ ထိုးနိုင်တဲ့ အရေးပေါ်ကာကွယ်ဆေးစာရင်းထဲ တရုတ်ကာကွယ်ဆေးကိုပါ ထည့်သွင်းထားရာမှာ၊ ဒီကာကွယ်ဆေးတွေအနေနဲ့ အခုမျိုးကွဲသစ်တွေကို ကာကွယ်နိုင်တယ်လို့ ယေဘုယျပြောထားတာကြောင့်၊ တစုံတရာကာကွယ်နိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။

အခုလိုအချိန်မှာ လက်ရှိရနိုင်တဲ့ ကာကွယ်ဆေးတွေကို တတ်နိုင်သမျှထိုးပြီး၊ အရင်လုပ်လာခဲ့တဲ့ ကိုဗစ်ကာကွယ်ရေးတွေပါ တွဲလုပ် (ပါးစပ်နဲ့ နှာခေါင်းစည်း Mask တပ်၊ လက်မကြာခဏဆေး၊ လူအုပ်စုရှောင်) နိုင်လျှင်တော့၊ ကိုဗစ်တတိယလှိုင်း ကာကွယ်ရေးအတွက် များစွာအထောက်အကူ ပြုနိုင်တယ်လို့ ကျန်းမာရေးပညာရှိသူတွေ ထောက်ပြနေကြပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ကိုဝင်းမင်းက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမူး ဒေါက်တာခင်ခင်ကြီး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode ===






XS
SM
MD
LG