သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး အေထာက္အကူျပဳပုံ


A staff member works during a media tour of a new factory built to produce a COVID-19 coronavirus vaccine at Sinovac, one of 11 Chinese companies approved to carry out clinical trials of potential coronavirus vaccines, in Beijing on September 24, 2020. (P
ကိုဗစ္ကာကြယ္ေဆး အေထာက္အကူျပဳပုံ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္းအတြက္ စိုးရိမ္ေနရခ်ိန္မွာ၊ လက္ရွိကာကြယ္ဆးေတြ ထိုးထားျခင္းျဖင့္၊ ကိုဗစ္-19 ေရာဂါပိုး ကိုယ္ထဲဝင္လာလွ်င္ေတာင္မွ ဆိုးဆိုးဝါးဝါး မခံစားရႏိုင္ဘူးလို႔၊ က်န္းမာေရးပညာရွင္ေတြက သံုးသပ္ေျပာဆိုၾကပါတယ္။

လက္ရွိ အိႏၵိယရွိ ကိုဗစ္ထပ္ဆင့္မ်ိဳးကြဲသစ္က အေရွ.ေတာင္အာရွအပါအဝင္ တစ္ကမာၻလုံးကို ၿခိမ္းေျခာက္ေနခ်ိန္မွာ၊ ကာကြယ္ေဆး အရွိန္ေကာင္းလာေနတဲ့ အေမရိကန္မွာေတာ့၊ အိႏၵိယေလေၾကာင္းေတြ ပိတ္ပင္ထားေပမယ့္၊ ႏိုင္ငံအတြင္း ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္မူေတြ ေျဖေလွ်ာ့လာတာက၊ ကာကြယ္ေဆး အေထာက္အကူအေပၚ အဓိက မူတည္ေနပုံရပါတယ္။ ကိုဗစ္ကူးစက္လြယ္တဲ့ ေဆး႐ုံေဆးခန္းေတြနဲ႔ သက္ႀကီး႐ြယ္အို ေစာင့္ေရွာက္ေရးေဂဟာေတြကလြဲၿပီး၊ က်န္တဲ့ ျပင္ပလူနာဌာနေတြမွာပါ၊ အေမရိကန္ႏိုင္ငံတြင္း Mask ပါးစပ္နဲ႔ႏွာေခါင္းစည္း တပ္စရာမလိုေတာ့ေၾကာင္း၊ CDC ကူးစက္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးဌာနက ထုတ္ျပန္လိုက္ပါၿပီ။ အေမရိကန္မွာ ကိုဗစ္ကာကြယ္ေဆး ထိုးထားၿပီးသူ ေဆးဝန္ထမ္းတခ်ိဳ ႔မွာ၊ ကိုဗစ္ကူးစက္မူ အနည္းငယ္ရွိခဲ့ေပမယ့္၊ ကိုယ္ထဲဝင္လာတာ ေတြ႔ရတဲ့ ပိုးအေရအတြက္က နည္းလြန္းၿပီး၊ ျပင္းထန္တဲ့လကၡဏာ (ကိုယ္လက္အရမ္းကိုက္တာနဲ႔ အျပင္းအထန္ အဖ်ားတက္တာေတြ) မျပတာကို ေဆး႐ုံေတြမွာ စစ္ေဆးေတြ႔ရွိထားပါတယ္။ အေၾကာင္းက အေမရိကန္မွာသုံးတဲ့ ကာကြယ္ေဆးေတြက၊ အထူးသျဖင့္ အဆုပ္ကိုဖ်က္ဆီးတဲ့ ဗိုင္းရပ္စ္ရဲ႕ Spike Protein ကို ပစ္မွတ္ထားထုတ္ခဲ့တာေၾကာင့္၊ ျပင္းထန္တဲ့ အသက္႐ူလမ္းေၾကာင္းဆိုင္ရာအပါအဝင္ ေနာက္ဆက္တြဲေတြ မျဖစ္ေစတာေၾကာင့္လို႔ အမ်ားယူဆထားၾကပါတယ္။ အလာတူ ျမန္မာမွာ အရင္သုံးလာခဲ့တဲ့ အိႏၵိယထုတ္ AstraZeneca ကုမၸဏီထုတ္ ကာကြယ္ေဆးကလည္း အလားတူနီးပါးနည္းနဲ႔ ပစ္မွတ္ထား၊ ဗိုင္းရပ္စ္အကူသေဘာနဲ႔ ထုတ္တာေၾကာင့္၊ ေရာဂါဆိုးဆိုးဝါးဝါး မျဖစ္ေအာင္ အေထာက္အကူျပဳႏိုင္တယ္လို႔ ယူဆထားၾကပါတယ္။

အခု ျမန္မာျပည္မွာသုံးဖို႔ရွိတဲ့ တ႐ုတ္ကာကြယ္ေဆးကေတာ့ Spike Protein ကို ပစ္မွတ္ထားထုတ္တာ မဟုတ္ဘဲ၊ ဗိုင္းရပ္အေသကို သုံးထုတ္တာေၾကာင့္ အလားတူအေထာက္အကူျပဳဖို႔ မေသခ်ာႏိုင္ေသးခ်ိန္မွာ၊ အေထာက္အထားေတြကလည္း မထြက္လာေသးပါဘူး။ တ႐ုတ္အစိုးရ သဘာဝအရ၊ အေစာပိုင္း ကိုဗစ္ပိုး စတင္ျဖစ္ ျပန္႔ပြားကူးစက္ခ်ိန္တုန္းကလည္း လူအခ်င္းခ်င္း ကူးစက္ႏိုင္တာကို မထုတ္ေဖာ္ခဲ့တဲ့ ထင္သာျမင္သာရွိမူ အားနည္းခ်က္ေၾကာင့္၊ အခုလဲ အေထာက္အထား ေ တြ႔လွ်င္ေတာင္ ထုတ္ေျပာပါ့မလား ထည့္စဥ္းစားစရာ ျဖစ္ေနပါတယ္။ ဒါေပမဲ့လဲ အရင္တုန္းက ျမန္မာႏိုင္ငံမွာလည္း က်ယ္က်ယ္ျပန္႔ျပန္႔သံုးလာခဲ့တဲ့ အသည္းေရာင္အသားဝါ ကာကြယ္ေဆးမ်ိဳးက၊ အလားတူ ေရွးေဟာင္းနည္း ဗိုင္းရပ္အေသကိုသာ သုံးထုတ္ခဲ့ေပမယ့္ (၂) လုံး ထိုးၿပီးပါက၊ တသက္လုံး ကာကြယ္တဲ့အထိ ထိေရာက္ခဲ့တာလည္း ရွိေနတာမို႔၊ အလားတူ အေထာက္အကူ ျဖစ္လာမလား ေမွ်ာ္လင့္ေစာင့္ၾကည့္ႏိုင္ပါတယ္။ ဒါေၾကာင့္ အျခားကာကြယ္ေဆးေတြ မရႏိုင္ခ်ိန္မ်ိဳးအတြက္၊ တ႐ုတ္ကာကြယ္ေဆး မထိုးတာထက္၊ ထိုးတာက အခုလို ဆိုးဆိုးဝါးဝါး ကိုဗစ္ဒဏ္မခံစားရဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။

တစ္ခ်ိန္ထဲမွာ၊ ေနာက္အေရးႀကီးတာက၊ တ႐ုတ္ကာကြယ္ေဆးအပါအဝင္ ဘယ္ကာကြယ္ေဆးပဲ ထိုးထားထိုးထား၊ ကိုဗစ္ပိုးေတြကေန အျပည့္အဝ (၁၀၀)% မကာကြယ္ႏိုင္တာ ေသခ်ာတာမို႔၊ အရင္ က်င့္သုံးလာၿပီးသား ကိုဗစ္ ကာကြယ္နည္းေတြျဖစ္တဲ့၊ Mask ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္၊ လက္ေဆး (Hand Sanitizer / Gel သုံးတာအပါအဝင္)၊ ခပ္ခြာခြာေနတာေတြကို ဆက္လုပ္ေပးဖို႔ လိုပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ နယူးေယာက္ၿမိဳ ႔Wyckoff Heights ေဆး႐ုံမွ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္, ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းအတွက် စိုးရိမ်နေရချိန်မှာ၊ လက်ရှိကာကွယ်ဆးတွေ ထိုးထားခြင်းဖြင့်၊ ကိုဗစ်-19 ရောဂါပိုး ကိုယ်ထဲဝင်လာလျှင်တောင်မှ ဆိုးဆိုးဝါးဝါး မခံစားရနိုင်ဘူးလို့၊ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

လက်ရှိ အိန္ဒိယရှိ ကိုဗစ်ထပ်ဆင့်မျိုးကွဲသစ်က အရှေ.တောင်အာရှအပါအဝင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေချိန်မှာ၊ ကာကွယ်ဆေး အရှိန်ကောင်းလာနေတဲ့ အမေရိကန်မှာတော့၊ အိန္ဒိယလေကြောင်းတွေ ပိတ်ပင်ထားပေမယ့်၊ နိုင်ငံအတွင်း ကိုဗစ် ကာကွယ်ထိန်းချုပ်မူတွေ ဖြေလျှော့လာတာက၊ ကာကွယ်ဆေး အထောက်အကူအပေါ် အဓိက မူတည်နေပုံရပါတယ်။ ကိုဗစ်ကူးစက်လွယ်တဲ့ ဆေးရုံဆေးခန်းတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေကလွဲပြီး၊ ကျန်တဲ့ ပြင်ပလူနာဌာနတွေမှာပါ၊ အမေရိကန်နိုင်ငံတွင်း Mask ပါးစပ်နဲ့နှာခေါင်းစည်း တပ်စရာမလိုတော့ကြောင်း၊ CDC ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ထုတ်ပြန်လိုက်ပါပြီ။ အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးသူ ဆေးဝန်ထမ်းတချို့မှာ၊ ကိုဗစ်ကူးစက်မူ အနည်းငယ်ရှိခဲ့ပေမယ့်၊ ကိုယ်ထဲဝင်လာတာ တွေ့ရတဲ့ ပိုးအရေအတွက်က နည်းလွန်းပြီး၊ ပြင်းထန်တဲ့လက္ခဏာ (ကိုယ်လက်အရမ်းကိုက်တာနဲ့ အပြင်းအထန် အဖျားတက်တာတွေ) မပြတာကို ဆေးရုံတွေမှာ စစ်ဆေးတွေ့ရှိထားပါတယ်။ အကြောင်းက အမေရိကန်မှာသုံးတဲ့ ကာကွယ်ဆေးတွေက၊ အထူးသဖြင့် အဆုပ်ကိုဖျက်ဆီးတဲ့ ဗိုင်းရပ်စ်ရဲ့ Spike Protein ကို ပစ်မှတ်ထားထုတ်ခဲ့တာကြောင့်၊ ပြင်းထန်တဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာအပါအဝင် နောက်ဆက်တွဲတွေ မဖြစ်စေတာကြောင့်လို့ အများယူဆထားကြပါတယ်။ အလာတူ မြန်မာမှာ အရင်သုံးလာခဲ့တဲ့ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီထုတ် ကာကွယ်ဆေးကလည်း အလားတူနီးပါးနည်းနဲ့ ပစ်မှတ်ထား၊ ဗိုင်းရပ်စ်အကူသဘောနဲ့ ထုတ်တာကြောင့်၊ ရောဂါဆိုးဆိုးဝါးဝါး မဖြစ်အောင် အထောက်အကူပြုနိုင်တယ်လို့ ယူဆထားကြပါတယ်။

အခု မြန်မာပြည်မှာသုံးဖို့ရှိတဲ့ တရုတ်ကာကွယ်ဆေးကတော့ Spike Protein ကို ပစ်မှတ်ထားထုတ်တာ မဟုတ်ဘဲ၊ ဗိုင်းရပ်အသေကို သုံးထုတ်တာကြောင့် အလားတူအထောက်အကူပြုဖို့ မသေချာနိုင်သေးချိန်မှာ၊ အထောက်အထားတွေကလည်း မထွက်လာသေးပါဘူး။ တရုတ်အစိုးရ သဘာဝအရ၊ အစောပိုင်း ကိုဗစ်ပိုး စတင်ဖြစ် ပြန့်ပွားကူးစက်ချိန်တုန်းကလည်း လူအချင်းချင်း ကူးစက်နိုင်တာကို မထုတ်ဖော်ခဲ့တဲ့ ထင်သာမြင်သာရှိမူ အားနည်းချက်ကြောင့်၊ အခုလဲ အထောက်အထား ေ တွ့လျှင်တောင် ထုတ်ပြောပါ့မလား ထည့်စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါပေမဲ့လဲ အရင်တုန်းက မြန်မာနိုင်ငံမှာလည်း ကျယ်ကျယ်ပြန့်ပြန့်သုံးလာခဲ့တဲ့ အသည်းရောင်အသားဝါ ကာကွယ်ဆေးမျိုးက၊ အလားတူ ရှေးဟောင်းနည်း ဗိုင်းရပ်အသေကိုသာ သုံးထုတ်ခဲ့ပေမယ့် (၂) လုံး ထိုးပြီးပါက၊ တသက်လုံး ကာကွယ်တဲ့အထိ ထိရောက်ခဲ့တာလည်း ရှိနေတာမို့၊ အလားတူ အထောက်အကူ ဖြစ်လာမလား မျှော်လင့်စောင့်ကြည့်နိုင်ပါတယ်။ ဒါကြောင့် အခြားကာကွယ်ဆေးတွေ မရနိုင်ချိန်မျိုးအတွက်၊ တရုတ်ကာကွယ်ဆေး မထိုးတာထက်၊ ထိုးတာက အခုလို ဆိုးဆိုးဝါးဝါး ကိုဗစ်ဒဏ်မခံစားရဖို့ မျှော်လင့်နိုင်ပါတယ်။

တစ်ချိန်ထဲမှာ၊ နောက်အရေးကြီးတာက၊ တရုတ်ကာကွယ်ဆေးအပါအဝင် ဘယ်ကာကွယ်ဆေးပဲ ထိုးထားထိုးထား၊ ကိုဗစ်ပိုးတွေကနေ အပြည့်အဝ (၁၀၀)% မကာကွယ်နိုင်တာ သေချာတာမို့၊ အရင် ကျင့်သုံးလာပြီးသား ကိုဗစ် ကာကွယ်နည်းတွေဖြစ်တဲ့၊ Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်၊ လက်ဆေး (Hand Sanitizer / Gel သုံးတာအပါအဝင်)၊ ခပ်ခွာခွာနေတာတွေကို ဆက်လုပ်ပေးဖို့ လိုပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ နယူးယောက်မြို့Wyckoff Heights ဆေးရုံမှ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG