သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ တတိယလႈိင္း ကာကြယ္ေရး


Health workers wearing personal protective equipment (PPE kit) attends to Covid-19 coronavirus positive patients inside a banquet hall temporarily converted into a covid care centre in New Delhi on April 28, 2021. (Photo by Prakash SINGH / AFP)
ကိုဗစ္ တတိယလႈိင္း ကာကြယ္ေရး
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

စစ္အာဏာသိမ္းအၿပီး က်န္းမာေရးလုပ္ငန္းေတြ ပုံမွန္မလည္ပတ္ႏိုင္ခ်ိန္မွာ၊ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ေခါင္းေထာင္ပ်ံႏွံ႔လာတဲ့ ကူးစက္ျမန္ ကိုဗစ္ပိုး မ်ိဳးကြဲသစ္ေတြ၊ ျမန္မာျပည္ထဲဝင္လာၿပီး တတိယလႈိင္း မတက္ရေအာင္ ကာကြယ္ဖို႔လိုေနၿပီလို႔၊ က်န္းမာေရးပညာရွင္ေတြ က ဆိုပါတယ္။

အရင္ ပထမကမာၻစစ္တုန္းက စပိန္တုတ္ေကြးနဲ႔ မတူဘဲ၊ အခုကိုဗစ္-19 ကာကြယ္ေဆး တစ္ႏွစ္အတြင္း အျမန္ေပၚလာၿပီး၊ ပိုမ်ိဳးကြဲသစ္ေတြအတြက္လည္း ထိေရာက္ေနခ်ိန္မို႔၊ ကာကြယ္ေဆးက အဓိက အေရးပါလာၿပီး၊ ဒီနည္းနဲ႔ ကူးစက္မူမ်ားခဲ့တဲ့ အေမရိကန္နဲ႔ ၿဗိတိန္မွာပါ စထိန္းလာႏိုင္ပါၿပီ။ အိႏၵိယမွာေတာ့ ကာကြယ္ေဆး ကမာၻမွာအမ်ားဆုံး ထုတ္ေပးေနေပမဲ့၊ ကာကြယ္ေဆးထိုးမူ အားနည္းခဲ့ၿပီး ကိုဗစ္ ကူးစက္မူေပါက္ကြဲထြက္ ေနရပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့၊ ကုသေရးလုပ္ငန္းပုံမွန္ မျဖစ္ေသးခ်ိန္မွာ၊ ဒီကာကြယ္ေဆးထိုး လုပ္ငန္းေတြကို လက္ေတြ႕အလုပ္ျဖစ္ေအာင္ အဓိကေဖာ္ေဆာင္ျခင္းျဖင့္၊ ကိုဗစ္လႈိင္းသစ္ကို ကာကြယ္ႏိုင္ဖို႔ အခြင့္အလမ္း ရွိေနပါတယ္။

ဒါေပမဲ့ လက္ရွိ စစ္ေကာင္စီရဲ႕ ကိုဗစ္ကာကြယ္ေဆးလုပ္ငန္းေတြအေပၚ အမ်ားသူငွာ ယုံၾကည္မူက်ဆင္းေနခ်ိန္မွာ၊ အရင္မွာထားတဲ့ အိႏၵိယက ကာကြယ္ေဆးအျပင္၊ တ႐ုတ္နဲ႔ ႐ုရွားတို႔က ကာကြယ္ေဆးေတြပါ အသုံးျပဳမယ္ ေျပာတာေၾကာင့္လည္း၊ ရႈပ္ေထြးမူေတြ ျဖစ္လာခဲ့ရပါတယ္။ ေနာက္ျပႆနာက ယခင္ ပထမတႀကိမ္ထိုးအၿပီး၊ စစ္အာဏာသိမ္းမူေနာက္ပိုင္း ဂယက္အျဖစ္၊ အမ်ားစု အခ်ိန္မီ ဒုတိယအႀကိမ္ မထိုးႏိုင္ခဲ့တာမို႔၊့ ဘယ္လို ျပန္ထိုးသင့္တာအတြက္လည္း မေရမရာ ျဖစ္ေနပါတယ္။ တစ္ခ်ိန္ထဲမွာ အာဏာသိမ္းတာကို ဆန႔္က်င္ကာကြယ္ၿပီး၊ စစ္ေကာင္စီ စီစဥ္ေပးတဲ့ ကာကြယ္ေဆးထိုးဖို႔ အမ်ားျငင္းဆန္ေနတာအျပင္၊ စစ္ေကာင္စီ တိုးခ်ဲ႕တည္ေဆာက္ထားတဲ့ ေဆး႐ုံအေပၚလည္း အယုံအၾကည္ က်ဆင္းေနပါတယ္။

ဒီလက္ေတြ႕ အခက္အခဲ အေျခအေနေတြကို ေက်ာ္လႊားႏိုင္ဖို႔ နည္းတစ္ခုကေတာ့၊ ျမန္မာျပည္ထဲမွာ ကုလသမဂၢရဲ႕ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔လို ႏိုင္ငံတကာအဖြဲ႔ေတြက ႀကီးၾကပ္ၿပီး၊ ယုံၾကည္မူ ျပန္တည္ေဆာက္ကာ၊ လက္ေတြ႕ လူအမ်ားကို ကာကြယ္ေဆးထိုးေပးႏိုင္ဖို႔ အေရးေပၚ စီစဥ္တာပါ။ ေနာက္တစ္ခုကေတာ့၊ ကိုဗစ္အျဖစ္မ်ားေနတဲ့ အိမ္နီးခ်င္းေတြနဲ႔ နယ္စပ္ေဒသေတြမွာ၊ ေ႐ြးေကာက္ပြဲကိုယ္စားျပဳ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ (NUG) က ဦးေဆာင္ၿပီး၊ အရင္ဝယ္ယူထားတဲ့ ကာကြယ္ေဆးေတြ လႊဲယူတာနဲ႔ ေနာက္ထပ္အကူအညီေတြ ေတာင္းခံကာ၊ လြတ္ေျမာက္နယ္ေျမေတြအတြင္း ဒီကာကြယ္ေဆးထိုးေပးတာပါ။ အထူးသျဖင့္ ကိုဗစ္အျဖစ္မ်ားေနတဲ့ အိႏၵိယနယ္စပ္နဲ႔ ထိုင္းနယ္စပ္ေတြမွာ၊ အဓိက အျမန္ဆုံး စတင္ထိုးေပးသင့္ပါတယ္။

စစ္အာဏာသိမ္းအၿပီး ကိုဗစ္ပိုးစစ္ေဆးမူေတြလည္း ေလ်ာ့က်လာကာ၊ ပိုးေတြ႔သူအေရအတြက္ နည္းလာေနတာေၾကာင့္လည္း၊ အျခားႏိုင္ငံေတြမွာ အျဖစ္မ်ားလာေပမယ့္၊ ျမန္မာႏိုင္ငံထဲ လက္ေတြ႔ျဖစ္ႏိုင္ေျခအေပၚ စိုးရိမ္သူ နည္းလာေနပါတယ္။ အခုလိုအခ်ိန္မွာ၊ ကိုဗစ္ျဖစ္လာလွ်င္ သိႏိုင္ဖို႔၊ အရင္ ကိုဗစ္လကၡဏာေတြျဖစ္တဲ့ အသက္႐ူၾကပ္တာ၊ ေမာတာ၊ ေခ်ာင္းဆိုးတာ၊ ေနာက္ အနံ႔အရသာပ်ာက္တာေတြအျပင္၊ ေနာက္ပိုင္းမွာ ေျပာင္းလဲလာတဲ့ ကိုယ္လက္မအီမသာျဖစ္တာ၊ ဗိုက္နာတာ၊ မ်က္ေမွးေယာင္တာ၊ မ်က္စိနာတာ၊ ေျခေထာက္နဲ႔လက္ေတြမွာ အနီျပင္ေတြထြက္တာနဲ႔ ေယာင္ကိုင္းတာ စတာေတြကိုပါ၊ သတိျပဳေစာင့္ၾကည့္သင့္ပါတယ္။

တခ်ိန္ထဲမွာ ျမန္မာႏိုင္ငံမွာက စစ္ေကာင္စီနဲ႔ အမ်ားသူငွာအၾကား စစ္ပြဲသေဘာ ျဖစ္လာေနတာေၾကာင့္၊ ကာကြယ္ေဆးမထိုးႏိုင္ခ်ိန္မွာ ကူးစက္ျမန္ပိုးမ်ိဳးကြဲသစ္ဝင္လာၿပိး၊ အမ်ားအျပားကို ကူးစက္ကာ၊ မ်ိဳးဗီဇထပ္ဆင့္ေျပာင္းလဲ၊ ေပါက္ကြဲထြက္လာမွာကိုလည္း အထူး စိုးရိမ္ေနရပါတယ္။ လက္ရွိမွာေတာ့၊ ဆႏၵျပပြဲေတြအတြင္းမွာပါ၊ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္တာေတြ ေတြ႕ေနရေသးေပမယ့္၊ လူခ်င္းခပ္ခြာခြာေနတာနဲ႔ ပိုးသတ္ေဆးရည္ (Hand Gel/ Sanitizer) သုံးတာ သိပ္မေတြ႕ရေတာ့တာမို႔၊ အတတ္ႏိုင္ဆုံး ျပန္ဂ႐ုစိုက္ေပးသင့္ပါတယ္။ အေရးတႀကီးကေတာ့၊ စစ္အာဏာရွင္စနစ္ကို ကာကြယ္ေနခ်ိန္မွာ၊ ကိုဗစ္ေၾကာင့္ အိႏၵိယမွာလို အတုံးအ႐ုံးမျဖစ္ေအာင္ ကာကြယ္ႏိုင္ဖို႔လည္း၊ မိမိကိုယ္တိုင္ကအစ ကာကြယ္ေဆး ျပန္ထိုးဖို႔ စၿပီးစဥ္းစားသင့္ပါၿပီ။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ေဆးပညာေပးေဆာင္းပါးေတြ ေရးသား၊ ေဟာေျပာေနတဲ့ အေထြေထြေရာဂါကု ဆရာဝန္ႀကီး ေဒါက္တာျမင့္ဦးကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

စစ်အာဏာသိမ်းအပြီး ကျန်းမာရေးလုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်ချိန်မှာ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ခေါင်းထောင်ပျံနှံ့လာတဲ့ ကူးစက်မြန် ကိုဗစ်ပိုး မျိုးကွဲသစ်တွေ၊ မြန်မာပြည်ထဲဝင်လာပြီး တတိယလှိုင်း မတက်ရအောင် ကာကွယ်ဖို့လိုနေပြီလို့၊ ကျန်းမာရေးပညာရှင်တွေ က ဆိုပါတယ်။

အရင် ပထမကမ္ဘာစစ်တုန်းက စပိန်တုတ်ကွေးနဲ့ မတူဘဲ၊ အခုကိုဗစ်-19 ကာကွယ်ဆေး တစ်နှစ်အတွင်း အမြန်ပေါ်လာပြီး၊ ပိုမျိုးကွဲသစ်တွေအတွက်လည်း ထိရောက်နေချိန်မို့၊ ကာကွယ်ဆေးက အဓိက အရေးပါလာပြီး၊ ဒီနည်းနဲ့ ကူးစက်မူများခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန်မှာပါ စထိန်းလာနိုင်ပါပြီ။ အိန္ဒိယမှာတော့ ကာကွယ်ဆေး ကမ္ဘာမှာအများဆုံး ထုတ်ပေးနေပေမဲ့၊ ကာကွယ်ဆေးထိုးမူ အားနည်းခဲ့ပြီး ကိုဗစ် ကူးစက်မူပေါက်ကွဲထွက် နေရပါတယ်။ မြန်မာနိုင်ငံမှာတော့၊ ကုသရေးလုပ်ငန်းပုံမှန် မဖြစ်သေးချိန်မှာ၊ ဒီကာကွယ်ဆေးထိုး လုပ်ငန်းတွေကို လက်တွေ့အလုပ်ဖြစ်အောင် အဓိကဖော်ဆောင်ခြင်းဖြင့်၊ ကိုဗစ်လှိုင်းသစ်ကို ကာကွယ်နိုင်ဖို့ အခွင့်အလမ်း ရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိ စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ဆေးလုပ်ငန်းတွေအပေါ် အများသူငှာ ယုံကြည်မူကျဆင်းနေချိန်မှာ၊ အရင်မှာထားတဲ့ အိန္ဒိယက ကာကွယ်ဆေးအပြင်၊ တရုတ်နဲ့ ရုရှားတို့က ကာကွယ်ဆေးတွေပါ အသုံးပြုမယ် ပြောတာကြောင့်လည်း၊ ရှုပ်ထွေးမူတွေ ဖြစ်လာခဲ့ရပါတယ်။ နောက်ပြဿနာက ယခင် ပထမတကြိမ်ထိုးအပြီး၊ စစ်အာဏာသိမ်းမူနောက်ပိုင်း ဂယက်အဖြစ်၊ အများစု အချိန်မီ ဒုတိယအကြိမ် မထိုးနိုင်ခဲ့တာမို့၊့ ဘယ်လို ပြန်ထိုးသင့်တာအတွက်လည်း မရေမရာ ဖြစ်နေပါတယ်။ တစ်ချိန်ထဲမှာ အာဏာသိမ်းတာကို ဆန့်ကျင်ကာကွယ်ပြီး၊ စစ်ကောင်စီ စီစဉ်ပေးတဲ့ ကာကွယ်ဆေးထိုးဖို့ အများငြင်းဆန်နေတာအပြင်၊ စစ်ကောင်စီ တိုးချဲ့တည်ဆောက်ထားတဲ့ ဆေးရုံအပေါ်လည်း အယုံအကြည် ကျဆင်းနေပါတယ်။

ဒီလက်တွေ့ အခက်အခဲ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ နည်းတစ်ခုကတော့၊ မြန်မာပြည်ထဲမှာ ကုလသမဂ္ဂရဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့လို နိုင်ငံတကာအဖွဲ့တွေက ကြီးကြပ်ပြီး၊ ယုံကြည်မူ ပြန်တည်ဆောက်ကာ၊ လက်တွေ့ လူအများကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ အရေးပေါ် စီစဉ်တာပါ။ နောက်တစ်ခုကတော့၊ ကိုဗစ်အဖြစ်များနေတဲ့ အိမ်နီးချင်းတွေနဲ့ နယ်စပ်ဒေသတွေမှာ၊ ရွေးကောက်ပွဲကိုယ်စားပြု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဦးဆောင်ပြီး၊ အရင်ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ လွှဲယူတာနဲ့ နောက်ထပ်အကူအညီတွေ တောင်းခံကာ၊ လွတ်မြောက်နယ်မြေတွေအတွင်း ဒီကာကွယ်ဆေးထိုးပေးတာပါ။ အထူးသဖြင့် ကိုဗစ်အဖြစ်များနေတဲ့ အိန္ဒိယနယ်စပ်နဲ့ ထိုင်းနယ်စပ်တွေမှာ၊ အဓိက အမြန်ဆုံး စတင်ထိုးပေးသင့်ပါတယ်။

စစ်အာဏာသိမ်းအပြီး ကိုဗစ်ပိုးစစ်ဆေးမူတွေလည်း လျော့ကျလာကာ၊ ပိုးတွေ့သူအရေအတွက် နည်းလာနေတာကြောင့်လည်း၊ အခြားနိုင်ငံတွေမှာ အဖြစ်များလာပေမယ့်၊ မြန်မာနိုင်ငံထဲ လက်တွေ့ဖြစ်နိုင်ခြေအပေါ် စိုးရိမ်သူ နည်းလာနေပါတယ်။ အခုလိုအချိန်မှာ၊ ကိုဗစ်ဖြစ်လာလျှင် သိနိုင်ဖို့၊ အရင် ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ အသက်ရူကြပ်တာ၊ မောတာ၊ ချောင်းဆိုးတာ၊ နောက် အနံ့အရသာပျာက်တာတွေအပြင်၊ နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ ကိုယ်လက်မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊ မျက်မှေးယောင်တာ၊ မျက်စိနာတာ၊ ခြေထောက်နဲ့လက်တွေမှာ အနီပြင်တွေထွက်တာနဲ့ ယောင်ကိုင်းတာ စတာတွေကိုပါ၊ သတိပြုစောင့်ကြည့်သင့်ပါတယ်။

တချိန်ထဲမှာ မြန်မာနိုင်ငံမှာက စစ်ကောင်စီနဲ့ အများသူငှာအကြား စစ်ပွဲသဘော ဖြစ်လာနေတာကြောင့်၊ ကာကွယ်ဆေးမထိုးနိုင်ချိန်မှာ ကူးစက်မြန်ပိုးမျိုးကွဲသစ်ဝင်လာပြိး၊ အများအပြားကို ကူးစက်ကာ၊ မျိုးဗီဇထပ်ဆင့်ပြောင်းလဲ၊ ပေါက်ကွဲထွက်လာမှာကိုလည်း အထူး စိုးရိမ်နေရပါတယ်။ လက်ရှိမှာတော့၊ ဆန္ဒပြပွဲတွေအတွင်းမှာပါ၊ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာတွေ တွေ့နေရသေးပေမယ့်၊ လူချင်းခပ်ခွာခွာနေတာနဲ့ ပိုးသတ်ဆေးရည် (Hand Gel/ Sanitizer) သုံးတာ သိပ်မတွေ့ရတော့တာမို့၊ အတတ်နိုင်ဆုံး ပြန်ဂရုစိုက်ပေးသင့်ပါတယ်။ အရေးတကြီးကတော့၊ စစ်အာဏာရှင်စနစ်ကို ကာကွယ်နေချိန်မှာ၊ ကိုဗစ်ကြောင့် အိန္ဒိယမှာလို အတုံးအရုံးမဖြစ်အောင် ကာကွယ်နိုင်ဖို့လည်း၊ မိမိကိုယ်တိုင်ကအစ ကာကွယ်ဆေး ပြန်ထိုးဖို့ စပြီးစဉ်းစားသင့်ပါပြီ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးပညာပေးဆောင်းပါးတွေ ရေးသား၊ ဟောပြောနေတဲ့ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG