စစ္အာဏာသိမ္းအၿပီး ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးေတြ အားနည္းလာခ်ိန္မွာ၊ အိမ္နီးခ်င္းႏိုင္ငံေတြမွာလည္း ကိုဗစ္-19 လိႈင္းသစ္ေတြ ရိုက္ခတ္လာတာမို႔၊ ျမန္မာအတြက္လည္း စိုးရိမ္ေနရၿပီလို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ ကိုဗစ္ဒုတိယလိႈင္း ရခိုင္ဘက္ကလာခဲ့အၿပီး၊ အခုအာဏာသိမ္းထားခ်ိန္မွာ၊ အိႏိၵယမွာလည္း ကိုဗစ္ဒုတိယလိႈင္း (ေန႔စဥ္ပိုးေတြ႔ႏႈန္း သိန္းဂဏန္းေတြနဲ႔ စုစုေပါင္း သန္း ၂၀ ေက်ာ္လာ၊ ေသဆံုးမူကလည္း ေန႔စဥ္ေထာင္ဂဏန္းေတြနဲ႔ စုစုေပါင္း သိန္းဂဏန္းေတြအျဖစ္) မထိန္းႏိုင္မသိမ္းႏိုင္ ျဖစ္လာေနတာမို႔၊ အိႏိၵယနယ္စပ္ဘက္ကေန၊ ျမန္မာကို ကိုဗစ္တတိယလိႈင္းအျဖစ္ ကူးဆက္လာႏိုင္တဲ့အတြက္၊ ကိုဗစ္ကုသေပးခဲ့တဲ့ ဆရာဝန္ေတြ စိုးရိမ္ေနၾကပါတယ္။ တခ်ိန္ထဲမွာပဲ၊ ေနာက္အိမ္နီးခ်င္းႏိုင္ငံ ထိုင္းဘက္မွာလည္း ကိုဗစ္ တတိယလိႈင္း ျပန္ျဖစ္လာခ်ိန္မွာ၊ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္း ေနာက္ဆက္တြဲအျဖစ္၊ နယ္စပ္ေဒသေတြကို တိမ္းေရွာင္လူပ္ရွားတာေတြ၊ စစ္ပြဲေတြနဲ႔ ေရြ ႔ေျပာင္းရမူေတြ တိုးလာတာေၾကာင့္လည္း၊ ကူးစက္မူေတြ ပိုမိုျမင့္တက္လာႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာေနၾကပါတယ္။
ျမန္မာႏိုင္ငံအေနနဲ႔ ကိုဗစ္-19 ပထမလိႈင္းမွာတုန္းက ရာဂဏန္းအဆင့္နဲ႔၊ ဒုတိယလိႈင္းမွာလည္း သိန္းဂဏန္းအဆင့္ ေရာက္လာခ်ိန္မွာ၊ အေရးေပၚေဆးရံု ကုတင္ေတြ တိုးခ်ဲ ႔စီမံခဲ့တာေၾကာင့္ တစံုတရာ ထိန္းလာႏိုင္ခဲ့ေပမယ့္၊ အခုေနာက္ဆံုး တတိယလိႈင္းမွာေတာ့ စိုးရိမ္လာရၿပီလို႔ ဆရာဝန္ေတြက ဆိုပါတယ္။ အေၾကာင္းက ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းမူ (Coup-21) အတြင္း၊ ဆႏၵျပလူစုလူေဝး ျဖစ္လာရတာအျပင္၊ ကိုဗစ္ပိုး စစ္ေဆးမူေတြလည္း ျပည့္ျပည့္ဝဝ မလုပ္ႏိုင္ေတာ့ (အရင္ေသာင္းဂဏန္းေတြ စစ္ခဲ့ရာကေန အခုေထာင္ဂဏန္းေတြသာ စစ္ႏိုင္) တာေၾကာင့္၊ တကယ့္ကူးစက္ေနမူကို ခန္႔မွန္းရခက္လာကာ၊ ေဆးရံုဝန္ထမ္းမ်ားစြာလည္း စစ္ေကာင္စီကို ဆန္႔က်င္အလုပ္မဆင္းၾကတာနဲ႔၊ တခ်ိဳ ႔လည္း အလုပ္မဆင္း လူပ္ရွားမူ CDM (Civil Disobedience Movement) အတြက္ ဝရမ္းထုတ္ခံထားရတာေၾကာင့္၊ လူနာေတြ တက္လာလွ်င္ေတာင္၊ ျပည့္ျပည့္ဝဝ ကုသေစာင့္ေရွာက္ ထိန္းသိမ္းေပးဖို႔ ခက္ခဲသြားႏိုင္လို႔ပါ။
ဒါ့အျပင္ ပထမ ကမာၻစစ္မွာတုန္းကလိုမ်ိဳးအထိ၊ အခုျမန္မာအာဏာသိမ္းစစ္ က်ယ္ျပန္႔လာခ်ိန္မွာ၊ စိုးရိမ္စရာ တိုးလာတယ္လို႔လည္း၊ က်န္းမာေရးပညာရွင္ေတြက ႏိႈင္းယွဥ္ျပပါတယ္။ ဒါကေတာ့၊ ပထမကမာၻစစ္တုန္းက ျဖစ္ခဲ့တဲ႔ စပိန္တုပ္ေကြး (Spanish Flu) က တစ္ကမာၻလံုးကို ကူးဆက္ခဲ့ရာမွာ (လူေတြ သန္းနဲ႔ခ်ီေသဆံုးခဲ့)၊ ျမန္မာျပည္အထိ ေရာက္ရိွခဲ့ၿပီး၊ ႏိုင္ငံျခားခရီးထြက္ခဲ့တဲ့ ႏိုင္ငံေရးေခါင္းေဆာင္ပိုင္း ေသဆံုးခဲ့ရမူအပါအဝင္၊ ကာကြယ္ေဆး အျမန္မေပၚခဲ့တာေၾကာင့္၊ သိန္းနဲ႔ခ်ီတဲ့အထိကို ေသဆံုးသြားခဲ့ရပါတယ္။ အခုေတာ့ ကိုဗစ္ကာကြယ္ေဆးေတြ အျမန္ေပၚလာေပမယ့္၊ အမ်ားျပည္သူေတြအေနနဲ႔ ပိုေၾကာက္စရာျဖစ္လာတဲ့ စစ္အုပ္ခ်ဳပ္ေရးေအာက္ ဖိႏွိပ္ခဲ့ (ပစ္ခတ္ေသဆံုးရသူ ရာဂဏန္းေတြရွိလာခ်ိန္မွာ၊ ကိုဗစ္ေၾကာင့္ေသဆံုးသူစာရင္းက ဆယ္ဂဏန္းေတြသာရွိေနခဲ့) တာေတြကို၊ ဦးစားေပးကာကြယ္ေနၾကတာအျပင္၊ ကာကြယ္ေဆးထိုးေပးေနတဲ့ စစ္ေကာင္စီအေပၚလည္း ယံုၾကည္မူက်ဆင္းကာ၊ ကိုဗစ္ကာကြယ္ေဆး အေလးမေပးႏိုင္တဲ့ အေနအထားမ်ိဳးကို ေရာက္လာေနတာမို႔၊ အလားတူ ပထမကမာၻစစ္တုန္းကလို ကူးစက္မူေတြ တဟုန္ထိုး ျမင့္မား၊ ေသေက်ကုန္မွာအထိ စိုးရိမ္ေနရပါၿပီ။
ဒီအေၾကာင္းပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ေဆးပညာေပးေဆာင္းပါးေတြ ေရးသား၊ ေဟာေျပာေနတဲ့၊ အေထြေထြေရာဂါကုဆရာဝန္ႀကီး ေဒါက္တာျမင့္ဦး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။
==Unicode==
စစ်အာဏာသိမ်းအပြီး ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးတွေ အားနည်းလာချိန်မှာ၊ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကိုဗစ်-19 လှိုင်းသစ်တွေ ရိုက်ခတ်လာတာမို့၊ မြန်မာအတွက်လည်း စိုးရိမ်နေရပြီလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ရခိုင်ဘက်ကလာခဲ့အပြီး၊ အခုအာဏာသိမ်းထားချိန်မှာ၊ အိန္ဒိယမှာလည်း ကိုဗစ်ဒုတိယလှိုင်း (နေ့စဉ်ပိုးတွေ့နှုန်း သိန်းဂဏန်းတွေနဲ့ စုစုပေါင်း သန်း ၂၀ ကျော်လာ၊ သေဆုံးမူကလည်း နေ့စဉ်ထောင်ဂဏန်းတွေနဲ့ စုစုပေါင်း သိန်းဂဏန်းတွေအဖြစ်) မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာနေတာမို့၊ အိန္ဒိယနယ်စပ်ဘက်ကနေ၊ မြန်မာကို ကိုဗစ်တတိယလှိုင်းအဖြစ် ကူးဆက်လာနိုင်တဲ့အတွက်၊ ကိုဗစ်ကုသပေးခဲ့တဲ့ ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။ တချိန်ထဲမှာပဲ၊ နောက်အိမ်နီးချင်းနိုင်ငံ ထိုင်းဘက်မှာလည်း ကိုဗစ် တတိယလှိုင်း ပြန်ဖြစ်လာချိန်မှာ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း နောက်ဆက်တွဲအဖြစ်၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်လူပ်ရှားတာတွေ၊ စစ်ပွဲတွေနဲ့ ရွေ့ပြောင်းရမူတွေ တိုးလာတာကြောင့်လည်း၊ ကူးစက်မူတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောနေကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-19 ပထမလှိုင်းမှာတုန်းက ရာဂဏန်းအဆင့်နဲ့၊ ဒုတိယလှိုင်းမှာလည်း သိန်းဂဏန်းအဆင့် ရောက်လာချိန်မှာ၊ အရေးပေါ်ဆေးရုံ ကုတင်တွေ တိုးချဲ့စီမံခဲ့တာကြောင့် တစုံတရာ ထိန်းလာနိုင်ခဲ့ပေမယ့်၊ အခုနောက်ဆုံး တတိယလှိုင်းမှာတော့ စိုးရိမ်လာရပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။ အကြောင်းက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမူ (Coup-21) အတွင်း၊ ဆန္ဒပြလူစုလူဝေး ဖြစ်လာရတာအပြင်၊ ကိုဗစ်ပိုး စစ်ဆေးမူတွေလည်း ပြည့်ပြည့်ဝဝ မလုပ်နိုင်တော့ (အရင်သောင်းဂဏန်းတွေ စစ်ခဲ့ရာကနေ အခုထောင်ဂဏန်းတွေသာ စစ်နိုင်) တာကြောင့်၊ တကယ့်ကူးစက်နေမူကို ခန့်မှန်းရခက်လာကာ၊ ဆေးရုံဝန်ထမ်းများစွာလည်း စစ်ကောင်စီကို ဆန့်ကျင်အလုပ်မဆင်းကြတာနဲ့၊ တချို့လည်း အလုပ်မဆင်း လူပ်ရှားမူ CDM (Civil Disobedience Movement) အတွက် ဝရမ်းထုတ်ခံထားရတာကြောင့်၊ လူနာတွေ တက်လာလျှင်တောင်၊ ပြည့်ပြည့်ဝဝ ကုသစောင့်ရှောက် ထိန်းသိမ်းပေးဖို့ ခက်ခဲသွားနိုင်လို့ပါ။
ဒါ့အပြင် ပထမ ကမ္ဘာစစ်မှာတုန်းကလိုမျိုးအထိ၊ အခုမြန်မာအာဏာသိမ်းစစ် ကျယ်ပြန့်လာချိန်မှာ၊ စိုးရိမ်စရာ တိုးလာတယ်လို့လည်း၊ ကျန်းမာရေးပညာရှင်တွေက နှိုင်းယှဉ်ပြပါတယ်။ ဒါကတော့၊ ပထမကမ္ဘာစစ်တုန်းက ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး (Spanish Flu) က တစ်ကမ္ဘာလုံးကို ကူးဆက်ခဲ့ရာမှာ (လူတွေ သန်းနဲ့ချီသေဆုံးခဲ့)၊ မြန်မာပြည်အထိ ရောက်ရှိခဲ့ပြီး၊ နိုင်ငံခြားခရီးထွက်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ပိုင်း သေဆုံးခဲ့ရမူအပါအဝင်၊ ကာကွယ်ဆေး အမြန်မပေါ်ခဲ့တာကြောင့်၊ သိန်းနဲ့ချီတဲ့အထိကို သေဆုံးသွားခဲ့ရပါတယ်။ အခုတော့ ကိုဗစ်ကာကွယ်ဆေးတွေ အမြန်ပေါ်လာပေမယ့်၊ အများပြည်သူတွေအနေနဲ့ ပိုကြောက်စရာဖြစ်လာတဲ့ စစ်အုပ်ချုပ်ရေးအောက် ဖိနှိပ်ခဲ့ (ပစ်ခတ်သေဆုံးရသူ ရာဂဏန်းတွေရှိလာချိန်မှာ၊ ကိုဗစ်ကြောင့်သေဆုံးသူစာရင်းက ဆယ်ဂဏန်းတွေသာရှိနေခဲ့) တာတွေကို၊ ဦးစားပေးကာကွယ်နေကြတာအပြင်၊ ကာကွယ်ဆေးထိုးပေးနေတဲ့ စစ်ကောင်စီအပေါ်လည်း ယုံကြည်မူကျဆင်းကာ၊ ကိုဗစ်ကာကွယ်ဆေး အလေးမပေးနိုင်တဲ့ အနေအထားမျိုးကို ရောက်လာနေတာမို့၊ အလားတူ ပထမကမ္ဘာစစ်တုန်းကလို ကူးစက်မူတွေ တဟုန်ထိုး မြင့်မား၊ သေကျေကုန်မှာအထိ စိုးရိမ်နေရပါပြီ။
ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးပညာပေးဆောင်းပါးတွေ ရေးသား၊ ဟောပြောနေတဲ့၊ အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။