သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံထဲသုံးမယ့္ တ႐ုတ္နဲ႔႐ုရွား ကိုဗစ္ကာကြယ္ေဆး


A health worker receives a vaccine for the Covid-19 coronavirus at a hospital in Naypyidaw on January 27, 2021. (Photo by Thet Aung / AFP)
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အရင္အဓိကသုံးလာတဲ့ အိႏၵိယက ကိုဗစ္-19 ကာကြယ္ေဆးထပ္ရဖို႔ မေရရာခ်ိန္မွာ၊ အျဖစ္မ်ားလြန္းေနတဲ့ အိႏၵိယကတဆင့္ ကိုဗစ္တတိယလႈိင္း တက္လာမွာ စိုးရိမ္ေနရၿပီး၊ တ႐ုတ္နဲ႔႐ုရွားက ကာကြယ္ေဆးေတြကို အဓိကထိုးဖို႔ ျပင္ဆင္မူေတြရွိေနပါတယ္။

တ႐ုတ္ကာကြယ္ေဆးက ထိေရာက္မူ တစုံတရာရွိၿပီး၊ အႏၲရာယ္ကင္း စိတ္ခ်ႏိုင္ေပမယ့္၊ ႐ုရွားကာကြယ္ေဆးကေတာ့၊ စမ္းသပ္ထိုးမူနဲ႔ ေလ့လာစရာ အခ်က္အလက္ ထုတ္ျပန္မူ မရွိတာေၾကာင့္၊ အစမ္းသပ္ခံ မျဖစ္သင့္ဘူးလို႔ က်န္းမာေရးပညာရွင္ေတြက အႀကံျပဳေနပါတယ္။ တ႐ုတ္ႏိုင္ငံ Sinovac ကုမၸဏီထုတ္ CoronaVac ကာကြယ္ေဆးကို၊ ဘရားေဇလ္၊ အင္ဒိုနီးရွားနဲ႔ တူရကီတို႔မွာ အဆင့္ (၃) အျဖစ္ စမ္းသပ္ထိုးခဲ့ၿပီး၊ အခုလို ထိေရာက္မူရွိတာနဲ႔ အႏၲရာယ္ကင္း စိတ္ခ်ရတာကို တရားဝင္ထုတ္ျပန္ထားပါတယ္။

အေမရိကန္နဲ႔ အိႏၵိယထုတ္ ကာကြယ္ေဆးေတြက၊ ေနာက္ဆုံးေပၚနည္းပညာေတြနဲ႔ ဗိုင္းရပ္စ္မ်ိဳး႐ိုးဗီဇ အစိတ္အပိုင္းကိုသုံးကာ၊ ဗိုင္းရပ္စ္ရဲ႕ Spike Protein ကေနတဆင့္၊ Antibody (ပဋိလုံပစၥည္း) ထြက္ေအာင္လုပ္ေပးခ်ိန္မွာ၊ တ႐ုတ္ကာကြယ္ေဆးကေတာ့ ေရွးေဟာင္းနည္းကိုသာသုံးၿပီး၊ ဗိုင္းရပ္စ္အေသကေန၊ Antibody ထြက္ေအာင္လုပ္တာပါ။ ထိေရာက္မူမွာေတာ့ ေယ်ဘူယ်အားျဖင့္၊ အေမရိကန္ထုတ္ Pfizer နဲ႔ Moderna ကာကြယ္ေဆးေတြက၊ ၉၀ % ေက်ာ္အထိရွိၿပီး၊ အႏၵိယထုတ္ AstraZeneca ကုမၸဏီ (ၿဗိတိန္အေျခစိုက္) ကာကြယ္ေဆးကေတာ့ ၇၀% ဝန္းက်င္ရွိကာ၊ တ႐ုတ္ကာကြယ္ေဆးက၊ ၅၀ % နဲ႔ ၇၀ % ဝန္းက်င္အၾကား ရွိေနတာကို ေတြ႔ရွိထားပါတယ္။ ပိုအေရးႀကီးတာက၊ အေမရိကန္ကာကြယ္ေဆးေတြအေနနဲ႔၊ လက္ရွိ ကိုဗစ္ပိုးမ်ိဳးကြဲအမ်ားစုကို ကာကြယ္ထားႏိုင္ခ်ိန္မွာ၊ ျမန္မာႏိုင္ငံမွာလည္း သုံးခဲ့တဲ့ အိႏၵိယထုတ္ AstraZeneca ကုမၸဏီ ကာကြယ္ေဆးကေတာ့၊ ေတာင္အာဖရိက မ်ိဳးကြဲအတြက္ မေသခ်ာဘဲ၊ တ႐ုတ္ကာကြယ္ေဆးကလည္း ေတာင္အာဖရိက မ်ိဳးကြဲအျပင္၊ ၿဗိတိန္နဲ႔ လက္ရွိအနီးကပ္ အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနတဲ့ အိႏၵိယထပ္ဆင့ ္မ်ိဳးကြဲအတြက္ပါ ပိုမေသခ်ာပါဘူး။

ေဘးထြက္ဆိုးက်ိဳးမွာေတာ့၊ ေယ်ဘူယ်အားျဖင့္၊ ထပ္ပြားႏိုင္တဲ့ ဗိုင္းရပ္စ္အစိတ္အပိုင္း သုံးထားတဲ့ အေမရိကန္နဲ႔ အိႏၵိယကာကြယ္ေဆးေတြမွာ အနည္းငယ္ေတြ႔ရေပမယ့္၊ ထပ္မပြားႏိုင္ေတာ့တဲ့ ဗိုင္းရပ္အေသျဖစ္တဲ့ တ႐ုတ္ကာကြယ္ေဆးမွာေတာ့ ေဘးထြက္ဆိုးက်ိဳး ပိုနည္းႏိုင္ပါတယ္။ တျခားသာမန္႐ိုးက် ကာကြယ္ေဆးေတြလိုပဲ၊ တ႐ုတ္ကာကြယ္ေဆးအေနနဲ႔၊ ထိုးတဲ့ေနရာမွာ နာတာ၊ မအီမသာျဖစ္တာ၊ ကိုယ္လက္ကိုက္တာ၊ ဖ်ားနာတာေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမဲ့ ႐ုရွားကာကြယ္ေဆးကေတာ့၊ စမ္းသပ္ထားတဲ့ အေထာက္အထား တရားဝင္မထုတ္ျပန္ေသးခ်ိန္မွာ၊ ျမန္မာႏိုင္ငံအတြက္ စမ္းသပ္ခံအဆင့္ မေရာက္သြားသင့္ပါဘူး။ အေၾကာင္းက အေမရိကန္မွာ အဆင့္ (၃) အျဖစ္၊ လူတခ်ိဳ ႔နဲ႔ စမ္းသပ္ထိုးခဲ့တဲ့ Johnson & Johnson ကိုဗစ္ကာကြယ္ေဆးမွာေတာင္၊ လူအမ်ားစထိုးခ်ိန္မွာ၊ လူအနည္းငယ္ (သန္းေပါင္းမ်ားစြာထဲ ၁၅ ေယာက္) ေသြးခဲၿပီး ေလျဖတ္ေစတဲ့ ဆိုးက်ိဳးကို၊ အဆင့္ (၄) ေစ်းကြက္ထဲ အသုံးျပဳၿပီးေနာက္ပိုင္း ေလ့လာမူစစ္တမ္းထဲ ေတြ႔ရွိခဲ့မို႔၊ ဘယ္သူတစ္ဦး တစ္ေယာက္မွ မလိုအပ္ဘဲ မထိခိုက္ေစဖို႔ပါ။

တ႐ုတ္ကာကြယ္ေဆးထိုးမဲ့သူေတြ ႀကိဳတင္ျပင္ဆင္ထားမူအတြက္ေတာ့၊ အဖ်ားတိုင္းၾကည့္ဖို႔နဲ႔ ကိုက္ခဲ ဖ်ားနာလာလွ်င္ေသာက္ဖို႔ အကိုက္အခဲနဲ႔ အပူက်ေဆး ပါရာစီတေမာ ေဆာင္ထားသင့္ပါတယ္။ ထူးဆန္းတဲ့ လကၡဏာေတြျပလာလွ်င္ ကြၽမ္းက်င္နားလည္သူေတြကို ဆက္သြယ္ဖို႔ ဖုန္းနံပါတ္ေတြ ႀကိဳျပင္ထားသင့္ပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံက အမ်ားျပည္သူအတြက္ လက္ရွိအေျခအေနမွာ အေကာင္းဆုံး ဆက္ကာကြယ္ႏိုင္တဲ့နည္းလမ္းကေတာ့၊ အရင္သိၿပီး လုပ္ေဆာင္လာၿပီး၊ ကာကြယ္နည္းေတြ (Mask ပါစပ္နဲ႔ႏွာေခါင္းစည္းတပ္တာ၊ လက္ေဆးတာနဲ႔ လူခ်င္းခပ္ခြာခြာေနတာေတြ) ပါပဲ။ ဒါေတြကို ကာကြယ္ေဆးထိုးၿပီးသူေတြလည္း၊ ဆက္လက္လုပ္ေဆာင္သင့္ပါတယ္။

ဒီအေၾကာင္းပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္း က နယူးေယာက္ၿမိဳ.ရွိ Wyckoff Heights ေဆး႐ုံက၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ အရင်အဓိကသုံးလာတဲ့ အိန္ဒိယက ကိုဗစ်-19 ကာကွယ်ဆေးထပ်ရဖို့ မရေရာချိန်မှာ၊ အဖြစ်များလွန်းနေတဲ့ အိန္ဒိယကတဆင့် ကိုဗစ်တတိယလှိုင်း တက်လာမှာ စိုးရိမ်နေရပြီး၊ တရုတ်နဲ့ရုရှားက ကာကွယ်ဆေးတွေကို အဓိကထိုးဖို့ ပြင်ဆင်မူတွေရှိနေပါတယ်။

တရုတ်ကာကွယ်ဆေးက ထိရောက်မူ တစုံတရာရှိပြီး၊ အန္တရာယ်ကင်း စိတ်ချနိုင်ပေမယ့်၊ ရုရှားကာကွယ်ဆေးကတော့၊ စမ်းသပ်ထိုးမူနဲ့ လေ့လာစရာ အချက်အလက် ထုတ်ပြန်မူ မရှိတာကြောင့်၊ အစမ်းသပ်ခံ မဖြစ်သင့်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။ တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို၊ ဘရားဇေလ်၊ အင်ဒိုနီးရှားနဲ့ တူရကီတို့မှာ အဆင့် (၃) အဖြစ် စမ်းသပ်ထိုးခဲ့ပြီး၊ အခုလို ထိရောက်မူရှိတာနဲ့ အန္တရာယ်ကင်း စိတ်ချရတာကို တရားဝင်ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ အိန္ဒိယထုတ် ကာကွယ်ဆေးတွေက၊ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဗိုင်းရပ်စ်မျိုးရိုးဗီဇ အစိတ်အပိုင်းကိုသုံးကာ၊ ဗိုင်းရပ်စ်ရဲ့ Spike Protein ကနေတဆင့်၊ Antibody (ပဋိလုံပစ္စည်း) ထွက်အောင်လုပ်ပေးချိန်မှာ၊ တရုတ်ကာကွယ်ဆေးကတော့ ရှေးဟောင်းနည်းကိုသာသုံးပြီး၊ ဗိုင်းရပ်စ်အသေကနေ၊ Antibody ထွက်အောင်လုပ်တာပါ။ ထိရောက်မူမှာတော့ ယျေဘူယျအားဖြင့်၊ အမေရိကန်ထုတ် Pfizer နဲ့ Moderna ကာကွယ်ဆေးတွေက၊ ၉၀ % ကျော်အထိရှိပြီး၊ အန္ဒိယထုတ် AstraZeneca ကုမ္ပဏီ (ဗြိတိန်အခြေစိုက်) ကာကွယ်ဆေးကတော့ ၇၀% ဝန်းကျင်ရှိကာ၊ တရုတ်ကာကွယ်ဆေးက၊ ၅၀ % နဲ့ ၇၀ % ဝန်းကျင်အကြား ရှိနေတာကို တွေ့ရှိထားပါတယ်။ ပိုအရေးကြီးတာက၊ အမေရိကန်ကာကွယ်ဆေးတွေအနေနဲ့၊ လက်ရှိ ကိုဗစ်ပိုးမျိုးကွဲအများစုကို ကာကွယ်ထားနိုင်ချိန်မှာ၊ မြန်မာနိုင်ငံမှာလည်း သုံးခဲ့တဲ့ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီ ကာကွယ်ဆေးကတော့၊ တောင်အာဖရိက မျိုးကွဲအတွက် မသေချာဘဲ၊ တရုတ်ကာကွယ်ဆေးကလည်း တောင်အာဖရိက မျိုးကွဲအပြင်၊ ဗြိတိန်နဲ့ လက်ရှိအနီးကပ် အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ အိန္ဒိယထပ်ဆင့ ်မျိုးကွဲအတွက်ပါ ပိုမသေချာပါဘူး။

ဘေးထွက်ဆိုးကျိုးမှာတော့၊ ယျေဘူယျအားဖြင့်၊ ထပ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်အစိတ်အပိုင်း သုံးထားတဲ့ အမေရိကန်နဲ့ အိန္ဒိယကာကွယ်ဆေးတွေမှာ အနည်းငယ်တွေ့ရပေမယ့်၊ ထပ်မပွားနိုင်တော့တဲ့ ဗိုင်းရပ်အသေဖြစ်တဲ့ တရုတ်ကာကွယ်ဆေးမှာတော့ ဘေးထွက်ဆိုးကျိုး ပိုနည်းနိုင်ပါတယ်။ တခြားသာမန်ရိုးကျ ကာကွယ်ဆေးတွေလိုပဲ၊ တရုတ်ကာကွယ်ဆေးအနေနဲ့၊ ထိုးတဲ့နေရာမှာ နာတာ၊ မအီမသာဖြစ်တာ၊ ကိုယ်လက်ကိုက်တာ၊ ဖျားနာတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရုရှားကာကွယ်ဆေးကတော့၊ စမ်းသပ်ထားတဲ့ အထောက်အထား တရားဝင်မထုတ်ပြန်သေးချိန်မှာ၊ မြန်မာနိုင်ငံအတွက် စမ်းသပ်ခံအဆင့် မရောက်သွားသင့်ပါဘူး။ အကြောင်းက အမေရိကန်မှာ အဆင့် (၃) အဖြစ်၊ လူတချို့နဲ့ စမ်းသပ်ထိုးခဲ့တဲ့ Johnson & Johnson ကိုဗစ်ကာကွယ်ဆေးမှာတောင်၊ လူအများစထိုးချိန်မှာ၊ လူအနည်းငယ် (သန်းပေါင်းများစွာထဲ ၁၅ ယောက်) သွေးခဲပြီး လေဖြတ်စေတဲ့ ဆိုးကျိုးကို၊ အဆင့် (၄) ဈေးကွက်ထဲ အသုံးပြုပြီးနောက်ပိုင်း လေ့လာမူစစ်တမ်းထဲ တွေ့ရှိခဲ့မို့၊ ဘယ်သူတစ်ဦး တစ်ယောက်မှ မလိုအပ်ဘဲ မထိခိုက်စေဖို့ပါ။

တရုတ်ကာကွယ်ဆေးထိုးမဲ့သူတွေ ကြိုတင်ပြင်ဆင်ထားမူအတွက်တော့၊ အဖျားတိုင်းကြည့်ဖို့နဲ့ ကိုက်ခဲ ဖျားနာလာလျှင်သောက်ဖို့ အကိုက်အခဲနဲ့ အပူကျဆေး ပါရာစီတမော ဆောင်ထားသင့်ပါတယ်။ ထူးဆန်းတဲ့ လက္ခဏာတွေပြလာလျှင် ကျွမ်းကျင်နားလည်သူတွေကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ ကြိုပြင်ထားသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အများပြည်သူအတွက် လက်ရှိအခြေအနေမှာ အကောင်းဆုံး ဆက်ကာကွယ်နိုင်တဲ့နည်းလမ်းကတော့၊ အရင်သိပြီး လုပ်ဆောင်လာပြီး၊ ကာကွယ်နည်းတွေ (Mask ပါစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာနဲ့ လူချင်းခပ်ခွာခွာနေတာတွေ) ပါပဲ။ ဒါတွေကို ကာကွယ်ဆေးထိုးပြီးသူတွေလည်း၊ ဆက်လက်လုပ်ဆောင်သင့်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို.ရှိ Wyckoff Heights ဆေးရုံက၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG