သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တတိယလႈိင္း မျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္မူ


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕မွာ ဘူတာ႐ုံတခုမွာ COVID-19 စစ္ေဆးေပးေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံထဲကို ကူးစက္မူပိုျမန္၊ ပိုျပင္းထန္တဲ့ အိႏၵိယက ကိုဗစ္-19 ပိုးမ်ိဳးကြဲသစ္ ဝင္လာၿပီး၊ တတိယလႈိင္း ႐ိုက္ခတ္လာမွာကို က်န္းမာေရးတာဝန္ရွိသူေတြ စိုးရိမ္ေနပါတယ္။

အိႏိၵယနယ္စပ္ ျမန္မာဘက္ျခမ္းက၊ စစ္ကိုင္းတိုင္း ကေလးၿမိဳ႔နဲ႔ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ ႔ေတြမွာ၊ ကိုဗစ္ ပိုးကူးစက္ေနမူက အစုလိုက္အၿပဳံလိုက္ (Cluster) အလွ်င္အျမန္ ျဖစ္ေနၿပီး၊ ေအာက္ဆီဂ်င္စက္နဲ႔ အသက္႐ွဳရသူနဲ႔ ေသဆုံးသူ တိုးကာ ျပင္းထန္လာေနတာေၾကာင့္၊ အခုလို စၿပီးစိုးရိမ္လာရတာပါ။

အခုလိုအေျခအေနမ်ိဳးက၊ အိႏၵိယက ဗီဇေျပာင္း ပိုးမ်ိဳးကြဲသစ္ေၾကာင့္ ျဖစ္ရဖို႔ မ်ားေနေပမယ့္၊ မ်ိဳး႐ိုးဗီစ ဆင့္ကဲျဖစ္စဥ္ (Genetic Sequencing) နည္းနဲ႔ စစ္ေဆးၿပီးမွာသာလွ်င္၊ အတိအက် ေျပာႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အခုေလာေလာဆယ္မွာေတာ့၊ ဒီမ်ိဳးကြဲသစ္ဝင္လာတာ ျဖစ္ႏိုင္တယ္လို႔ ယူဆၿပီး၊ ေစာင့္ၾကည့္စစ္ေဆးထိန္းခ်ဳပ္မူေတြ စလုပ္ေနပါၿပီ။

ဒီအတြက္ က်န္းမာေရး တာဝန္ရွိသူေတြအေနနဲ႔၊ အခုစျဖစ္တဲ့နယ္စပ္ၿမိဳ ႔ေတြမွာ စထိန္းခ်ဳပ္ႏိုင္ေအာင္နဲ႔ အျခားေဒသေတြကိုလည္း မပ်ံ႔ႏံွ႔သြားႏိုင္ေအာင္ ႀကိဳးပမ္းျပင္ဆင္ေနၾကပါတယ္။ လိုအပ္တဲ့ ေအာက္ဆီဂ်င္အိုး (Oxygen Concentrator) ေတြ၊ စစ္ေဆးေရးကရိယာ (Test Kit) ေတြ၊ အေထာက္အကူျပဳပစၥည္းေတြျဖစ္တဲ့ တစ္ကိုယ္ရည္ အကာအကြယ္ဝတ္စုံ (PPE) ေတြနဲ႔ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) ေတြစတာနဲ႔၊ က်န္းမာေရး ကြၽမ္းက်င္သူလုပ္သား အင္အားေတြပါ ျဖည့္ဆည္းပို႔ေပးထားပါတယ္။ ဒါ့အျပင္၊ ကိုဗစ္ပိုးကူးစက္သူေတြကို ေစာေစာသိႏိုင္ေအာင္ ေရာဂါပိုးေတြ႕ရွိၿပီးသူေတြနဲ႔ ထိေတြ႕ခဲ့သူေတြကို ေနာက္ေၾကာင္းခံလိုက္တာေတြ (Contact Tracing)၊ ေဆးစစ္တာ (Test) လုပ္ေပးတာေတြ၊ သီးသန႔္ခြဲ (Quarantine) ထားရွိတာေတြနဲ႔ ေရာဂါရွိၿပီးသူေတြကို ကုသမူေပးတာေတြကို အတတ္ႏိုင္ဆုံး ႀကိဳးပမ္းလုပ္ေဆာင္ေပးေနပါတယ္။

ဒီေနရာမွာ ယခင္ ကိုဗစ္ဒုတိယလႈိင္း ရခိုင္ျပည္နယ္ကတဆင့္ ျမန္မာႏိုင္ငံတဝွမ္း ကူးစက္ခဲ့ရတဲ့ အေတြ႕အႀကဳံရထာၿပီးတာမို႔၊ အခုတစ္ေခါက္ အလားတူမျဖစ္ေရး ျဖစ္တဲ့ေနရာကေန မပ်ံ ႔ထြက္ေအာင္ ကာကြယ္ဖို႔ အားသာခ်က္ ျဖစ္လာႏိုင္ပါတယ္။ အရင္တစ္ေခါက္တုန္းက ရခိုင္ျပည္နယ္ကေန ျပန္လာတဲ့သူေတြကို ေနာက္ေၾကာင္းခံလိုက္တာ (Contact Tracing) မွာ၊ ေႏွာင့္ေႏွးမူရွိခဲ့ပါတယ္။ အေၾကာင္းက ျပန္လာတဲ့သူေတြအမည္နဲ႔ ေလေၾကာင္းလိုင္းေတြကို သတင္းစာ၊ ျမန္မာ့အသံ ေရဒီယိုေတြကေန ေၾကညာခဲ့ေပမဲ့၊ သတင္းေပးပို႔မူ အားနည္းခဲ့တာ ေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္ အခုတတိယလႈိင္း မျဖစ္ေစဖို႔ အဖက္ဖက္က ျပင္ဆင္ေနရာမွာ၊ အခုစျဖစ္ေနတဲ့ တမူးနဲ႔ တြန္းဇံမွာ၊ အိမ္မွာ အဓိကေနဖို႔နဲ႔ ေလေၾကာင္းအပါအဝင္ အသြားအလာေတြ ကန႔္သတ္လိုက္တာအျပင္၊ အျခားအျဖစ္မ်ား ထိုင္းနယ္စပ္ေဒသေတြျဖစ္တဲ့၊ တာခ်ီလိတ္၊ ထားဝယ္၊ ၿမိတ္၊ ေကာ့ေသာင္းစတဲ့ ၿမိဳ ႔ေတြကေနလည္း၊ ျပည္တြင္းေလေၾကာင္းခရီးစဥ္ေတြကိုပါ ယာယီရပ္ဆိုင္းထားလိုက္ပါၿပီ။

အခုလို ကိုဗစ္ပိုး ျပန္ၿပီးစတိုးလာမူကို ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္ရာမွာ၊ စိန္ေခၚမူေတြလည္း ႀကဳံရပါတယ္။ အဓိကကေတာ့၊ မ်ိဳး႐ိုးဗီဇဆင့္ကဲျဖစ္စဥ္ စစ္ေဆးမူအတြက္အပါအဝင္၊ အျခားလိုအပ္တဲ့ ေဆးပစၥည္းကရိယာေတြ ရရွိေရးပါ။ ဒါေပမဲ့လဲ အရင္ ကိုဗစ္ဒုတိယလႈိင္းမွာကထဲက၊ ဒီ ပစၥည္းေတြကို (၃) လစာ လုံေလာက္ႏိုင္ေရး ႀကိဳတင္သိုေလွာင္ထားခဲ့တာမို႔၊ အခုတစ္ေခါက္အတြက္ တစုံတရာျပင္ဆင္ၿပီးသလို ျဖစ္ေနတာကေတာ့၊ အားသာခ်က္ ျဖစ္ေစႏိုင္ပါတယ္။ ေနာက္စိန္ေခၚမူတစ္ခုကေတာ့၊ ကမာၻမွာအျဖစ္မ်ားေနေပမယ့္၊ ျမန္မာမွာ သိပ္မျဖစ္ေတာ့ဘူး၊ အမ်ားစုခံႏိုင္ရည္ (Herd Immunity) ရေနၿပီလို႔ မွားယြင္းယူဆကာ၊ အရင္ ကာကြယ္ေရး လိုက္နာလုပ္ေဆာင္ခဲ့မူေတြ အားနည္းလာေနတာပါ။ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) မတတ္တာ၊ လက္မေဆးတာနဲ႔ လူအုပ္စု မေရွာင္တာေတြ ျဖစ္လာေနပါတယ္။

တခ်ိန္ထဲမွာ၊ ကမာၻ႔ႏိုင္ငံေတြမွာ ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ကာကြယ္ေဆးထိုးမူကို အေလးေပးလုပ္ေဆာင္လာခ်ိန္မွာ၊ ျမန္မာႏိုင္ငံမွာလည္း ဆက္လက္ ႀကိဳးပမ္းလုပ္ေဆာင္ေနပါတယ္။ အားသာခ်က္ ျဖစ္ႏိုင္တာကေတာ့၊ အိႏိၵယထုတ္ AstraZeneca ကုမၸဏီ ကာကြယ္ေဆးစေပၚလာခ်ိန္၊ အရင္ ဇန္နဝါရီလဆန္းထဲက၊ လက္ခံရယူၿပီး ေစာေစာစထိုးႏိုင္ခဲ့တာနဲ႔၊ အခုအခ်ိန္ထိလည္း ထိုးေပးဖို႔မွန္းထားသူ (အသက္ ၁၈ ႏွစ္အထက္ ၃၆ သန္း) ရဲ႕ ၅% ဝန္းက်င္အျဖစ္ လူေပါင္း ၁.၇၅ သန္းကို၊ ကာကြယ္ေဆးအျပည့္ (၂) ႀကိမ္ထိုးေပးၿပီးတာပါ။ အျဖစ္မ်ားလြန္းေနတဲ့ အိႏၵိယမွာေတာင္၊ ကာကြယ္ေဆးထိုးႏွံၿပီးစီးမူက၊ ၃% ဝန္းက်င္မွာသာ ရွိေနပါေသးတာမို႔ ျမန္မာျပည္မွာ ထိုးေပးထားႏိုင္မူက ဒီႏႈိင္းယွဥ္ခ်က္အရ နည္းတယ္လို႔ မေျပာႏိုင္ပါဘူး။

လက္ရွိ စိုးရိမ္စရာ အားနည္းခ်က္ကေတာ့၊ ကိုဗစ္ကာကြယ္ေရး လုပ္ေဆာင္မူေတြ ေပါ့ေလ်ာ့လာတာပါ။ ကိုဗစ္ကူးစက္မူ ျမန္မာႏိုင္ငံထဲ နည္းလာၿပီ၊ မျဖစ္ေတာ့ဘူးလို႔ ယူဆကာ၊ အခုလိုျဖစ္လာတာမို႔၊ ပညာေပးလုပ္ငန္းေတြ ပိုတိုးလုပ္ဖို႔လိုေနၿပီး၊ လက္ရွိလည္း ဆက္လက္လုပ္ေဆာင္လွ်က္ရွိပါတယ္။ အထူးသျဖင့္ေတာ့ ျပည္သူေတြ ရင္ထဲအသည္းထဲေရာက္တဲ့အထိ ပညာေပးတာေတြ၊ ပိုအားျဖည့္ ဝိုင္းဝန္းလုပ္ေဆာင္ေပးၾကဖို႔ လိုအပ္ေနပါၿပီ။ လက္ရွိမွာ ကိုဗစ္ တတိယလႈိင္းအဆင့္ ျဖစ္မလာေသးပဲမယ့္ အစပ်ိဳးေနခ်ိန္မ်ိဳး စျဖစ္လာေနတာမို႔၊ ျပည္သူေတြ မေပါ့ဆဘဲ၊ ဝိုင္းဝန္းကာကြယ္မွသာ၊ ေရွ ႔ဆက္တတိယလႈိင္း ျဖစ္မလာေအာင္ ကာကြယ္ႏိုင္မွာပါ။

ဒီေနရာမွာ၊ က်န္းမာေရးဝန္ထမ္းေတြ ၆၀% ေက်ာ္ အလုပ္ျပန္ဝင္ေနခ်ိန္မွာ၊ အင္အားျပည့္ မေဆာင္႐ြက္ႏိုင္ေသးေပးမယ့္၊ ရွိတဲ့သူနဲ႔ အတတ္ႏိုင္ဆုံး ႀကိဳးပမ္းေနရခ်ိန္မွာ၊ ပိုထိေရာက္ႏိုင္မယ့္ လြယ္ကူတဲ့ ကာကြယ္နည္းေတြျဖစ္တဲ့၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္း (Mask) တပ္တာ၊ လက္ေဆးတာ (စကၠန႔္ ၂၀ ၾကာ ဆပ္ျပာနဲ႔ အျမဳပ္ထြက္ေအာင္)၊ လူအုပ္စုေရွာင္တာေတြ (လကၡဏာမျပဘဲ ကူးစက္ေစႏိုင္သူေတြ ရွိႏိုင္တာေၾကာင့္) ကို အခ်င္းခ်င္း အသိေပး၊ သတိေပးတာေတြ ျပန္လုပ္ေဆာင္ႏိုင္လွ်င္၊ ကိုဗစ္ တတိယလႈိင္း ျဖစ္လာႏိုင္တာကို အႏိုင္ယူႏိုင္မွာ ျဖစ္ပါတယ္။

ဒီကပ္ေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ေအာင္ ကိုဝင္းမင္း က က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲက ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီး, ကို ဆက္သြယ္ေမးထားပါတယ္။

==Unicode==

မြန်မာနိုင်ငံထဲကို ကူးစက်မူပိုမြန်၊ ပိုပြင်းထန်တဲ့ အိန္ဒိယက ကိုဗစ်-19 ပိုးမျိုးကွဲသစ် ဝင်လာပြီး၊ တတိယလှိုင်း ရိုက်ခတ်လာမှာကို ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်နေပါတယ်။

အိန္ဒိယနယ်စပ် မြန်မာဘက်ခြမ်းက၊ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တွန်းဇံမြို ့တွေမှာ၊ ကိုဗစ် ပိုးကူးစက်နေမူက အစုလိုက်အပြုံလိုက် (Cluster) အလျှင်အမြန် ဖြစ်နေပြီး၊ အောက်ဆီဂျင်စက်နဲ့ အသက်ရှုရသူနဲ့ သေဆုံးသူ တိုးကာ ပြင်းထန်လာနေတာကြောင့်၊ အခုလို စပြီးစိုးရိမ်လာရတာပါ။

အခုလိုအခြေအနေမျိုးက၊ အိန္ဒိယက ဗီဇပြောင်း ပိုးမျိုးကွဲသစ်ကြောင့် ဖြစ်ရဖို့ များနေပေမယ့်၊ မျိုးရိုးဗီစ ဆင့်ကဲဖြစ်စဉ် (Genetic Sequencing) နည်းနဲ့ စစ်ဆေးပြီးမှာသာလျှင်၊ အတိအကျ ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့၊ ဒီမျိုးကွဲသစ်ဝင်လာတာ ဖြစ်နိုင်တယ်လို့ ယူဆပြီး၊ စောင့်ကြည့်စစ်ဆေးထိန်းချုပ်မူတွေ စလုပ်နေပါပြီ။

ဒီအတွက် ကျန်းမာရေး တာဝန်ရှိသူတွေအနေနဲ့၊ အခုစဖြစ်တဲ့နယ်စပ်မြို့တွေမှာ စထိန်းချုပ်နိုင်အောင်နဲ့ အခြားဒေသတွေကိုလည်း မပျံ့နံှ့သွားနိုင်အောင် ကြိုးပမ်းပြင်ဆင်နေကြပါတယ်။ လိုအပ်တဲ့ အောက်ဆီဂျင်အိုး (Oxygen Concentrator) တွေ၊ စစ်ဆေးရေးကရိယာ (Test Kit) တွေ၊ အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ တစ်ကိုယ်ရည် အကာအကွယ်ဝတ်စုံ (PPE) တွေနဲ့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တွေစတာနဲ့၊ ကျန်းမာရေး ကျွမ်းကျင်သူလုပ်သား အင်အားတွေပါ ဖြည့်ဆည်းပို့ပေးထားပါတယ်။ ဒါ့အပြင်၊ ကိုဗစ်ပိုးကူးစက်သူတွေကို စောစောသိနိုင်အောင် ရောဂါပိုးတွေ့ရှိပြီးသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို နောက်ကြောင်းခံလိုက်တာတွေ (Contact Tracing)၊ ဆေးစစ်တာ (Test) လုပ်ပေးတာတွေ၊ သီးသန့်ခွဲ (Quarantine) ထားရှိတာတွေနဲ့ ရောဂါရှိပြီးသူတွေကို ကုသမူပေးတာတွေကို အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်ပေးနေပါတယ်။

ဒီနေရာမှာ ယခင် ကိုဗစ်ဒုတိယလှိုင်း ရခိုင်ပြည်နယ်ကတဆင့် မြန်မာနိုင်ငံတဝှမ်း ကူးစက်ခဲ့ရတဲ့ အတွေ့အကြုံရထာပြီးတာမို့၊ အခုတစ်ခေါက် အလားတူမဖြစ်ရေး ဖြစ်တဲ့နေရာကနေ မပျံ့ထွက်အောင် ကာကွယ်ဖို့ အားသာချက် ဖြစ်လာနိုင်ပါတယ်။ အရင်တစ်ခေါက်တုန်းက ရခိုင်ပြည်နယ်ကနေ ပြန်လာတဲ့သူတွေကို နောက်ကြောင်းခံလိုက်တာ (Contact Tracing) မှာ၊ နှောင့်နှေးမူရှိခဲ့ပါတယ်။ အကြောင်းက ပြန်လာတဲ့သူတွေအမည်နဲ့ လေကြောင်းလိုင်းတွေကို သတင်းစာ၊ မြန်မာ့အသံ ရေဒီယိုတွေကနေ ကြေညာခဲ့ပေမဲ့၊ သတင်းပေးပို့မူ အားနည်းခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုတတိယလှိုင်း မဖြစ်စေဖို့ အဖက်ဖက်က ပြင်ဆင်နေရာမှာ၊ အခုစဖြစ်နေတဲ့ တမူးနဲ့ တွန်းဇံမှာ၊ အိမ်မှာ အဓိကနေဖို့နဲ့ လေကြောင်းအပါအဝင် အသွားအလာတွေ ကန့်သတ်လိုက်တာအပြင်၊ အခြားအဖြစ်များ ထိုင်းနယ်စပ်ဒေသတွေဖြစ်တဲ့၊ တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းစတဲ့ မြို့တွေကနေလည်း၊ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုပါ ယာယီရပ်ဆိုင်းထားလိုက်ပါပြီ။

အခုလို ကိုဗစ်ပိုး ပြန်ပြီးစတိုးလာမူကို ထိန်းချုပ်ဖို့ လုပ်ဆောင်ရာမှာ၊ စိန်ခေါ်မူတွေလည်း ကြုံရပါတယ်။ အဓိကကတော့၊ မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ် စစ်ဆေးမူအတွက်အပါအဝင်၊ အခြားလိုအပ်တဲ့ ဆေးပစ္စည်းကရိယာတွေ ရရှိရေးပါ။ ဒါပေမဲ့လဲ အရင် ကိုဗစ်ဒုတိယလှိုင်းမှာကထဲက၊ ဒီ ပစ္စည်းတွေကို (၃) လစာ လုံလောက်နိုင်ရေး ကြိုတင်သိုလှောင်ထားခဲ့တာမို့၊ အခုတစ်ခေါက်အတွက် တစုံတရာပြင်ဆင်ပြီးသလို ဖြစ်နေတာကတော့၊ အားသာချက် ဖြစ်စေနိုင်ပါတယ်။ နောက်စိန်ခေါ်မူတစ်ခုကတော့၊ ကမ္ဘာမှာအဖြစ်များနေပေမယ့်၊ မြန်မာမှာ သိပ်မဖြစ်တော့ဘူး၊ အများစုခံနိုင်ရည် (Herd Immunity) ရနေပြီလို့ မှားယွင်းယူဆကာ၊ အရင် ကာကွယ်ရေး လိုက်နာလုပ်ဆောင်ခဲ့မူတွေ အားနည်းလာနေတာပါ။ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) မတတ်တာ၊ လက်မဆေးတာနဲ့ လူအုပ်စု မရှောင်တာတွေ ဖြစ်လာနေပါတယ်။

တချိန်ထဲမှာ၊ ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးမူကို အလေးပေးလုပ်ဆောင်လာချိန်မှာ၊ မြန်မာနိုင်ငံမှာလည်း ဆက်လက် ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ အားသာချက် ဖြစ်နိုင်တာကတော့၊ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီ ကာကွယ်ဆေးစပေါ်လာချိန်၊ အရင် ဇန်နဝါရီလဆန်းထဲက၊ လက်ခံရယူပြီး စောစောစထိုးနိုင်ခဲ့တာနဲ့၊ အခုအချိန်ထိလည်း ထိုးပေးဖို့မှန်းထားသူ (အသက် ၁၈ နှစ်အထက် ၃၆ သန်း) ရဲ့ ၅% ဝန်းကျင်အဖြစ် လူပေါင်း ၁.၇၅ သန်းကို၊ ကာကွယ်ဆေးအပြည့် (၂) ကြိမ်ထိုးပေးပြီးတာပါ။ အဖြစ်များလွန်းနေတဲ့ အိန္ဒိယမှာတောင်၊ ကာကွယ်ဆေးထိုးနှံပြီးစီးမူက၊ ၃% ဝန်းကျင်မှာသာ ရှိနေပါသေးတာမို့ မြန်မာပြည်မှာ ထိုးပေးထားနိုင်မူက ဒီနှိုင်းယှဉ်ချက်အရ နည်းတယ်လို့ မပြောနိုင်ပါဘူး။

လက်ရှိ စိုးရိမ်စရာ အားနည်းချက်ကတော့၊ ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်မူတွေ ပေါ့လျော့လာတာပါ။ ကိုဗစ်ကူးစက်မူ မြန်မာနိုင်ငံထဲ နည်းလာပြီ၊ မဖြစ်တော့ဘူးလို့ ယူဆကာ၊ အခုလိုဖြစ်လာတာမို့၊ ပညာပေးလုပ်ငန်းတွေ ပိုတိုးလုပ်ဖို့လိုနေပြီး၊ လက်ရှိလည်း ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။ အထူးသဖြင့်တော့ ပြည်သူတွေ ရင်ထဲအသည်းထဲရောက်တဲ့အထိ ပညာပေးတာတွေ၊ ပိုအားဖြည့် ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ လိုအပ်နေပါပြီ။ လက်ရှိမှာ ကိုဗစ် တတိယလှိုင်းအဆင့် ဖြစ်မလာသေးပဲမယ့် အစပျိုးနေချိန်မျိုး စဖြစ်လာနေတာမို့၊ ပြည်သူတွေ မပေါ့ဆဘဲ၊ ဝိုင်းဝန်းကာကွယ်မှသာ၊ ရှေ့ဆက်တတိယလှိုင်း ဖြစ်မလာအောင် ကာကွယ်နိုင်မှာပါ။

ဒီနေရာမှာ၊ ကျန်းမာရေးဝန်ထမ်းတွေ ၆၀% ကျော် အလုပ်ပြန်ဝင်နေချိန်မှာ၊ အင်အားပြည့် မဆောင်ရွက်နိုင်သေးပေးမယ့်၊ ရှိတဲ့သူနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းနေရချိန်မှာ၊ ပိုထိရောက်နိုင်မယ့် လွယ်ကူတဲ့ ကာကွယ်နည်းတွေဖြစ်တဲ့၊ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်တာ၊ လက်ဆေးတာ (စက္ကန့် ၂၀ ကြာ ဆပ်ပြာနဲ့ အမြုပ်ထွက်အောင်)၊ လူအုပ်စုရှောင်တာတွေ (လက္ခဏာမပြဘဲ ကူးစက်စေနိုင်သူတွေ ရှိနိုင်တာကြောင့်) ကို အချင်းချင်း အသိပေး၊ သတိပေးတာတွေ ပြန်လုပ်ဆောင်နိုင်လျှင်၊ ကိုဗစ် တတိယလှိုင်း ဖြစ်လာနိုင်တာကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီကပ်ရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်အောင် ကိုဝင်းမင်း က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး, ကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG