သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ကိုဗစ္ ေနာက္ဆံုးအေျခအေန


အိႏၵိယႏုိင္ငံ Gauhati ၿမိဳ႕မွာ ကုိဗစ္လူနာတဦးကို ေဆး႐ုံတင္ဖုိ႔ ေခၚေဆာင္လာတဲ့ က်န္းမာေရးဝန္ထမ္းႏွစ္ဦး။ (ေမ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ တနဂၤေႏြေန႔က ၂၄ နာရီအတြင္း ေနာက္ထပ္ ကိုဗစ္ကူးစက္သူ ၁၁၀,၀၀၀ ေက်ာ္ပဲ ရွိတာေၾကာင့္္ ဒါဟာ လြန္ခဲ့တဲ့ ၂ လအတြက္ ျပန္ၾကည့္ရင္ ၂၄ နာရီအတြင္း ကူးစက္မႈ အနည္းဆံုးရက္လည္း ျဖစ္ပါတယ္။

အခုဆို အိႏၵိယႏိုင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၉ သန္းနီးပါး ရွိေနၿပီး ေသဆံုးရသူက ၃ သိန္းခြဲနီးပါး ရွိေနပါတယ္။

အိႏၵိယႏုိင္ငံမွာ ကူးစက္ျမန္ ဗီဇေျပာင္းပိုးသစ္ ေတြ႔ေနရသလို ကိုဗစ္ ဒုတိယလႈိင္းဒဏ္ကို ခံေနရတာျဖစ္ၿပီး ဒီေရာဂါကို ကာကြယ္ႏုိင္ဖို႔ အစိုးရက အျပင္းအထန္ ႀကိဳးစားေနရပါတယ္။

တနဂၤေႏြေန႔ကေတာ့ အုပ္စုလိုက္ ကာကြယ္ေဆး ထုိးေပးေနတဲ့ထဲက လူအမ်ားဆံုးအျဖစ္ အိႏၵိယေျမာက္ပိုင္း Hyderabad ၿမိဳ႕မွာ လူေပါင္း ၄၀,၀၀၀ ေလာက္အတြက္ ကာကြယ္ေဆး ထိုးေပးခဲ့ပါတယ္။ ဒါကို Hyderabad ရဲေတြနဲ႔ ပုဂၢလိကေဆး႐ုံတခု ပူးေပါင္းလုပ္ေဆာင္ခဲ့တာပါ။

“ကိုဗစ္ တတိယလႈိင္း လာမယ္ဆိုရင္ ကာကြယ္ေဆးထိုးထားမွပဲ စိတ္ခ်ရမွာပါ။ ဒါေၾကာင့္ ေဆးမ်ားမ်ား ထုိုးႏိုင္ေလေလ တတိယလႈိင္းနဲ႔ အကူးစက္ခံရသူ နည္းေလေလျဖစ္မယ္” လို႔ ကာကြယ္ေဆးထိုးေရး အကူအညီေပးေနသူက ေျပာသြားတာပါ။

ဒီေရာဂါရွင္ေတြနဲ႔ တိုက္႐ုိက္ ထိေတြ႔ဆက္ဆံရသူေတြမွာ ကာကြယ္ေဆး ထိုးထားတာေၾကာင့္ ေရာဂါကူးစက္မခံရတာကို လက္ေတြ႔ ေတြ႔ေနရတာေၾကာင့္ ကာကြယ္ေဆး ထုိးၾကဖုိ႔လည္း ေဆာ္ၾသခဲ့ပါတယ္။

အိႏၵိယႏုိင္ငံတဝန္းလံုးအတြက္ ကိုဗစ္ကာကြယ္ေဆးကို ဇန္နဝါရီလ ၁၆ ရက္မွာ စတင္ထုိးႏွံေပးခဲ့တာျဖစ္ၿပီး အခုအခ်ိန္အထိ ကာကြယ္ေဆး အလံုးေပါင္း ၂၃၁ သန္းေက်ာ္ ထိုးေပးခဲ့ၿပီး ျဖစ္ပါတယ္။ ႏိုင္ငံသားေတြ ဒီေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ႏိုင္ေအာင္ ဗဟိုအစိုးရက အရွိန္ျမႇင့္ ေဆာင္ရြက္ေနတာ ျဖစ္ေပမယ့္ အခုအခ်ိန္အထိ စစ္ေဆးခဲ့သူ သန္း ၃၅၀ ေက်ာ္ပဲ ရွိေနတာပါ။

ကိုဗစ္ဒုတိယလႈိင္းဒဏ္ ခံေနရတဲ့ အိႏၵိယမွာ ဒီႏွစ္ကုန္ပိုင္းေရာက္ရင္ တတိယလႈိင္းဒဏ္ ခံရႏိုင္ေခ် ရွိေနေၾကာင္းနဲ႔ အထူးသျဖင့္ ကေလးငယ္ေတြမွာ ျဖစ္ပြားႏုိင္တယ္လို႔ သိပၸံပညာရွင္ေတြက သတိေပးထားတာ ျဖစ္ပါတယ္။

အိႏၵိယ ကိုဗစ္ ေနာက္ဆံုးအေျခအေန
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အိန္ဒိယ ကိုဗစ် နောက်ဆုံးအခြေအနေ

အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့က ၂၄ နာရီအတွင်း နောက်ထပ် ကိုဗစ်ကူးစက်သူ ၁၁၀,၀၀၀ ကျော်ပဲ ရှိတာကြောင့်် ဒါဟာ လွန်ခဲ့တဲ့ ၂ လအတွက် ပြန်ကြည့်ရင် ၂၄ နာရီအတွင်း ကူးစက်မှု အနည်းဆုံးရက်လည်း ဖြစ်ပါတယ်။

အခုဆို အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၉ သန်းနီးပါး ရှိနေပြီး သေဆုံးရသူက ၃ သိန်းခွဲနီးပါး ရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာ ကူးစက်မြန် ဗီဇပြောင်းပိုးသစ် တွေ့နေရသလို ကိုဗစ် ဒုတိယလှိုင်းဒဏ်ကို ခံနေရတာဖြစ်ပြီး ဒီရောဂါကို ကာကွယ်နိုင်ဖို့ အစိုးရက အပြင်းအထန် ကြိုးစားနေရပါတယ်။

တနင်္ဂနွေနေ့ကတော့ အုပ်စုလိုက် ကာကွယ်ဆေး ထိုးပေးနေတဲ့ထဲက လူအများဆုံးအဖြစ် အိန္ဒိယမြောက်ပိုင်း Hyderabad မြို့မှာ လူပေါင်း ၄၀,၀၀၀ လောက်အတွက် ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။ ဒါကို Hyderabad ရဲတွေနဲ့ ပုဂ္ဂလိကဆေးရုံတခု ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

“ကိုဗစ် တတိယလှိုင်း လာမယ်ဆိုရင် ကာကွယ်ဆေးထိုးထားမှပဲ စိတ်ချရမှာပါ။ ဒါကြောင့် ဆေးများများ ထိုးနိုင်လေလေ တတိယလှိုင်းနဲ့ အကူးစက်ခံရသူ နည်းလေလေဖြစ်မယ်” လို့ ကာကွယ်ဆေးထိုးရေး အကူအညီပေးနေသူက ပြောသွားတာပါ။

ဒီရောဂါရှင်တွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရသူတွေမှာ ကာကွယ်ဆေး ထိုးထားတာကြောင့် ရောဂါကူးစက်မခံရတာကို လက်တွေ့ တွေ့နေရတာကြောင့် ကာကွယ်ဆေး ထိုးကြဖို့လည်း ဆော်သြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတဝန်းလုံးအတွက် ကိုဗစ်ကာကွယ်ဆေးကို ဇန်နဝါရီလ ၁၆ ရက်မှာ စတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး အခုအချိန်အထိ ကာကွယ်ဆေး အလုံးပေါင်း ၂၃၁ သန်းကျော် ထိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံသားတွေ ဒီရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နိုင်အောင် ဗဟိုအစိုးရက အရှိန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပေမယ့် အခုအချိန်အထိ စစ်ဆေးခဲ့သူ သန်း ၃၅၀ ကျော်ပဲ ရှိနေတာပါ။

ကိုဗစ်ဒုတိယလှိုင်းဒဏ် ခံနေရတဲ့ အိန္ဒိယမှာ ဒီနှစ်ကုန်ပိုင်းရောက်ရင် တတိယလှိုင်းဒဏ် ခံရနိုင်ချေ ရှိနေကြောင်းနဲ့ အထူးသဖြင့် ကလေးငယ်တွေမှာ ဖြစ်ပွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG