သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ ကိုဗစ္ဓါတ္ခဲြအတည္ျပဳမႈက်လာေပမယ့္ စိုးရိမ္ေနရဆဲ


{{Zawgyi/Unicode}}

အိႏၵိယႏိုင္ငံမွာ သီတင္း ၆ ပတ္အတြင္းအနည္းဆုံးအျဖစ္ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ပိုးကူးခံရသူ ၂ သိန္းေလ်ာ့ေလ်ာ့ထိ ေရာက္လာတဲ့အတြက္ ပိုးကူးစက္မႈေလ်ာ့က်လာၿပီဆိုတဲ့ေမ ွ်ာ္လင့္ခ်က္ေတြ ျမင့္တက္လာပါတယ္။

ဧၿပီလလယ္ေလာက္ကစၿပီး ပိုးကူးသူ ဒီကေန႔အနည္းဆုံးေရာက္လာတာျဖစ္ၿပီး ေမလ၇ ရက္ေန႔ကဆိုရင္ တရက္ထဲပိုးကူးသူ ၄ သိန္း ၁ ေသာင္းေက်ာ္ထိေရာက္ခဲ့ပါတယ္။ ပိုးကူးသူသစ္ တျဖည္းျဖည္း က်လာတယ္ဆိုေပမယ့္ ကိုဗစ္ကာကြယ္ေဆးေတြ ျပတ္လပ္ေနတဲ့အတြက္ အစိုးရပိုင္းက အေတာ့္ကို စိုးရိမ္ေနပါတယ္။

လူဦးေရ သန္းေပါင္း ၁၃၀၀ ေက်ာ္ရွိတဲ့အိႏၵိယလူဦးေရ ၃ % ေလာက္ပဲ ကာကြယ္ေဆးထိုးေပးရေသးတဲ့အတြက္ ကမၻာမွာ ပိုးကူးစက္မႈအမ်ားဆုံး ၁၀ ႏုိင္ငံထဲမွာေတာ့ အနည္းဆုံးပါ။ ဒါေၾကာင့္လည္း က်န္းမာေရးစနစ္အားနည္းတဲ့ အိႏၵိယမွာ ကပ္ေရာဂါတေက်ာ့ျပန္ကူးစက္လာႏုိင္ေျခရွိေနတယ္လို႔ ကၽြမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။

AstraZeneca ကိုဗစ္ ကာကြယ္ေဆးေတြကိုထုတ္လုပ္ေပးေနတဲ့ The Serum Institute of India နဲ႔ Covaxin ကာကြယ္ေဆးေတြ ထုတ္လုပ္ေနတဲ့ Bharat BioTech ကုမၸဏီတို႔ကလည္း ေဆးေတြအရွိန္ျမင့္ထုတ္လုပ္ေနေပမယ့္ အိႏၵိယကေဆးလိုေနတဲ့ ျပည္သူသန္းခ်ီအတြက္အမ်ားအျပားထုတ္ေပးဖို႔လိုေနေသးတယ္လုိ႔ေျပာပါတယ္။

အစိုးရက ေကာက္ယူထားတဲ့တရား၀င္ကိန္းဂဏန္းေတြမွာေတာ့ အိႏၵိယမွာ ပိုးကူးသူ ၂၇ သန္းနားမွာ တန္႔ေနပါတယ္။ ပိုးကူးစက္မႈျပန္႔ႏွံ႔ေနတဲ့ ေက်းလက္ေဒသေတြမွာ ပိုးစစ္ေဆးတဲ့ေနရာရွားပါးတဲ့အတြက္ စာရင္းထဲမ၀င္တာ ျဖစ္ႏုိင္တယ္ဆိုၿပီး အေတာ့္ကိုစိုးရိ္မ္ေနၾကပါတယ္။

ဒီကေန႔ေသဆုံးသူ ၃ေထာင့္ ၅ရာေက်ာ္ရွိတဲ့အတြက္ ေသဆုံးသူစုစုေပါင္းက ၃ သိန္း၇ ေထာင္ေက်ာ္ရွိေၾကာင္းအိႏၵိယ က်န္းမာေရး၀န္ႀကီးဌာနကေဖာ္ျပထားပါတယ္။

...........................................................

{{Unicode}}

အိန္ဒိယနိုင်ငံမှာ သီတင်း ၆ ပတ်အတွင်းအနည်းဆုံးအဖြစ် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးကူးခံရသူ ၂ သိန်းလျော့လျော့ထိ ရောက်လာတဲ့အတွက် ပိုးကူးစက်မှုလျော့ကျလာပြီဆိုတဲ့မေ ျှာ်လင့်ချက်တွေ မြင့်တက်လာပါတယ်။

ဧပြီလလယ်လောက်ကစပြီး ပိုးကူးသူ ဒီကနေ့အနည်းဆုံးရောက်လာတာဖြစ်ပြီး မေလ၇ ရက်နေ့ကဆိုရင် တရက်ထဲပိုးကူးသူ ၄ သိန်း ၁ သောင်းကျော်ထိရောက်ခဲ့ပါတယ်။ ပိုးကူးသူသစ် တဖြည်းဖြည်း ကျလာတယ်ဆိုပေမယ့် ကိုဗစ်ကာကွယ်ဆေးတွေ ပြတ်လပ်နေတဲ့အတွက် အစိုးရပိုင်းက အတော့်ကို စိုးရိမ်နေပါတယ်။

လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့အိန္ဒိယလူဦးရေ ၃ % လောက်ပဲ ကာကွယ်ဆေးထိုးပေးရသေးတဲ့အတွက် ကမ္ဘာမှာ ပိုးကူးစက်မှုအများဆုံး ၁၀ နိုင်ငံထဲမှာတော့ အနည်းဆုံးပါ။ ဒါကြောင့်လည်း ကျန်းမာရေးစနစ်အားနည်းတဲ့ အိန္ဒိယမှာ ကပ်ရောဂါတကျော့ပြန်ကူးစက်လာနိုင်ခြေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

AstraZeneca ကိုဗစ် ကာကွယ်ဆေးတွေကိုထုတ်လုပ်ပေးနေတဲ့ The Serum Institute of India နဲ့ Covaxin ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့ Bharat BioTech ကုမ္ပဏီတို့ကလည်း ဆေးတွေအရှိန်မြင့်ထုတ်လုပ်နေပေမယ့် အိန္ဒိယကဆေးလိုနေတဲ့ ပြည်သူသန်းချီအတွက်အများအပြားထုတ်ပေးဖို့လိုနေသေးတယ်လို့ပြောပါတယ်။

အစိုးရက ကောက်ယူထားတဲ့တရားဝင်ကိန်းဂဏန်းတွေမှာတော့ အိန္ဒိယမှာ ပိုးကူးသူ ၂၇ သန်းနားမှာ တန့်နေပါတယ်။ ပိုးကူးစက်မှုပြန့်နှံ့နေတဲ့ ကျေးလက်ဒေသတွေမှာ ပိုးစစ်ဆေးတဲ့နေရာရှားပါးတဲ့အတွက် စာရင်းထဲမဝင်တာ ဖြစ်နိုင်တယ်ဆိုပြီး အတော့်ကိုစိုးရိမ်နေကြပါတယ်။

ဒီကနေ့သေဆုံးသူ ၃ထောင့် ၅ရာကျော်ရှိတဲ့အတွက် သေဆုံးသူစုစုပေါင်းက ၃ သိန်း၇ ထောင်ကျော်ရှိကြောင်းအိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG