သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂဂၤါျမစ္ထဲ လူေသအေလာင္းေတြ မ်ားျပားလာမႈ ေဒသခံေတြ စိုးရိမ္


ဂဂၤါျမစ္။ (ေမ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံ ဂဂၤါျမစ္ကမ္းပါးမွာ ေန႔စဥ္ လူေသအေလာင္း ရာခ်ီ ေမ်ာလာေနတယ္လို႔ ျမစ္ကမ္းနေဘး Prayagraj ၿမဳိ႕ခံေတြက တနဂၤေႏြေန႔က ေျပာပါတယ္။ ဒါေၾကာင့္ ဒီျမစ္ထဲ အေလာင္းေတြ မစြန္႔ပစ္ၾကဖို႔ လိုက္လံ သတိေပးေနရတယ္လို႔ ဂဂၤါျမစ္ထဲ ကင္းလွည့္ေနတဲ့ လုံၿခဳံေရးအရာရွိ Anandveer Singh က ေျပာပါတယ္။

“လူေတြက အေလာင္းေတြကို ျမစ္ထဲ စြန္႔ပစ္ေနၾကတာပါ။ အေလာင္းေတြ ေမ်ာေနတာေၾကာင့္ ျမစ္ကမ္းနေဘး ေနသူေတြ ေၾကာက္ရြံ႕ ေဒါသထြက္ေနၾကပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ျမစ္ထဲမွာ ကင္းလွည့္ေနရၿပီး ေမ်ာလာတဲ့ ႐ုပ္အေလာင္းေတြကို ရွာေဖြေနၾကတာပါ” လို႔ ေျပာပါတယ္။

ကမၻာမွာ ကုိဗစ္ကူးစက္မႈ အဆိုးဆုံးျဖစ္ေနတဲ့ အိႏၵိယႏိုင္ငံမွာ ဟိႏၵဴဘာသာဝင္ေတြ ဘာသာေရးအရ အထြတ္အျမတ္ထားတဲ့ ဂဂၤါျမစ္ထဲ အခုလို ႐ုပ္အေလာင္းေတြ ေမ်ာလာတာက လူေတြကို တုန္လႈပ္ေစခဲ့ပါတယ္။

ကုိဗစ္ေၾကာင့္ ေသဆုံးမႈ ျမင့္တက္လာတာနဲ႔အမွ် ေနရာအေတာ္မ်ားမ်ားမွာ သၿဂႋဳဟ္ရမယ့္ ႐ုပ္အေလာင္းေတြ ေတာင္လိုပုံေနၿပီး မီးသၿဂႋဳဟ္စရိတ္ကလည္း ႀကီးျမင့္ေနတာပါ။

အိႏၵိယႏိုင္ငံ ေျမာက္ပုိင္း လူဦးေရ သန္း ၂၄၀ ေလာက္ရွိတဲ့ Uttar Pradesh ျပည္နယ္မွာ ကုိဗစ္ဒုတိယလႈိင္းေၾကာင့္ ေသဆုံးသူ အရမ္းမ်ားလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ဂင်္ဂါမြစ်ထဲ လူသေအလောင်းတွေ များပြားလာမှု ဒေသခံတွေ စိုးရိမ်

အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ကမ်းပါးမှာ နေ့စဉ် လူသေအလောင်း ရာချီ မျောလာနေတယ်လို့ မြစ်ကမ်းနဘေး Prayagraj မြို့ခံတွေက တနင်္ဂနွေနေ့က ပြောပါတယ်။ ဒါကြောင့် ဒီမြစ်ထဲ အလောင်းတွေ မစွန့်ပစ်ကြဖို့ လိုက်လံ သတိပေးနေရတယ်လို့ ဂင်္ဂါမြစ်ထဲ ကင်းလှည့်နေတဲ့ လုံခြုံရေးအရာရှိ Anandveer Singh က ပြောပါတယ်။

“လူတွေက အလောင်းတွေကို မြစ်ထဲ စွန့်ပစ်နေကြတာပါ။ အလောင်းတွေ မျောနေတာကြောင့် မြစ်ကမ်းနဘေး နေသူတွေ ကြောက်ရွံ့ ဒေါသထွက်နေကြပါတယ်။ ဒါကြောင့် ကျနော်တို့ မြစ်ထဲမှာ ကင်းလှည့်နေရပြီး မျောလာတဲ့ ရုပ်အလောင်းတွေကို ရှာဖွေနေကြတာပါ” လို့ ပြောပါတယ်။

ကမ္ဘာမှာ ကိုဗစ်ကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေ ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့ ဂင်္ဂါမြစ်ထဲ အခုလို ရုပ်အလောင်းတွေ မျောလာတာက လူတွေကို တုန်လှုပ်စေခဲ့ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးမှု မြင့်တက်လာတာနဲ့အမျှ နေရာအတော်များများမှာ သင်္ဂြိုဟ်ရမယ့် ရုပ်အလောင်းတွေ တောင်လိုပုံနေပြီး မီးသင်္ဂြိုဟ်စရိတ်ကလည်း ကြီးမြင့်နေတာပါ။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း လူဦးရေ သန်း ၂၄၀ လောက်ရှိတဲ့ Uttar Pradesh ပြည်နယ်မှာ ကိုဗစ်ဒုတိယလှိုင်းကြောင့် သေဆုံးသူ အရမ်းများလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG