သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵိယျပည္တြင္းအတြက္ ကိုဗစ္ကာကြယ္ေဆး သန္း ၁၂၀ ရရွိမည္


အိႏၵိယႏုိင္ငံ Gauhati မွာ ေဒသခံတဦးကို ကုိဗစ္ကာကြယ္ေဆးထိုးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဧၿပီ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ဇြန္လအတြင္း အိႏၵိယမွာ ျပည္တြင္းအတြက္ COVID-19 ကာကြယ္ေဆး သန္း ၁၂၀ နီးပါး ရမယ္လို႔ အစိုးရက ဒီကေန႔ တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ေမလအတြင္းက ႏုိင္ငံတြင္း အသုံးျပဳဖို႔ ကာကြယ္ေဆး ၇၉ သန္းေက်ာ္ေက်ာ္ပဲ ထုတ္လုပ္ေပးႏုိင္ခဲ့တာပါ။

လူဦးေရ သန္း ၁,၃၀၀ ေက်ာ္ရွိတဲ့ အိႏၵိယမွာ အခုထိ ကာကြယ္ေဆး ၂ ႀကိမ္ အျပည့္အဝ ထိုးၿပီးသူ ၂၁၂ သန္း ရွိပါတယ္။

ဒီကေန႔ ေရာဂါကူးစက္သူက ၁၆၀,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၃,၄၀၀ ေက်ာ္ရွိပါတယ္။ ဒါဟာ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးဗီဇကြဲအသစ္ စတင္ကူးစက္ခဲ့တဲ့ ရက္ေပါင္း ၄၀ ေက်ာ္အတြင္း ကူးစက္မႈႏႈန္း အနည္းဆုံးကို က်ဆင္းလာတာပါ။

ျပည္နယ္အေတာ္မ်ားမ်ားမွာလည္း ကာကြယ္ေဆး ျပတ္လတ္ေနတာေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ အသက္ ၄၅ ႏွစ္အထက္ေတြကို ဦးစားေပး ကာကြယ္ေဆး ထိုးႏွံေပးေနတာပါ။ လာမယ့္ ၾသဂုတ္နဲ႔ ဒီဇင္ဘာလအတြင္း ကာကြယ္ေဆး ၂ ဘီလီယံေလာက္ ရႏိုင္ေခ်ရွိတယ္လို႔ အစိုးရ ထိပ္တန္းအႀကံေပးတဦးက ဒီလအေစာပိုင္းက ေျပာပါတယ္။

ျပည္တြင္း Serum Institute ေဆးကုမၸဏီက AstraZeneca ကာကြယ္ေဆးနဲ႔ Bharat Biotech က Covaxin ကာကြယ္ေဆးေတြ ထုတ္လုပ္ေနသလို ႐ုရွားႏိုင္ငံထုတ္ Sputnik V ကာကြယ္ေဆးကိုလည္း မၾကာခင္ကပဲ ႏိုင္ငံတြင္း စၿပီး အသုံးျပဳ ထိုးႏွံေပးေနပါတယ္။

အခုထိ အိႏၵိယမွာ COVID-19 ကူးစက္သူ ၂၇.၉ သန္းေက်ာ္နဲ႔ ေသဆုံးသူ စုစုေပါင္း ၃၂၆,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အိန္ဒိိယပြည်တွင်းအတွက် ကိုဗစ်ကာကွယ်ဆေး သန်း ၁၂၀ ရရှိမည်

ဇွန်လအတွင်း အိန္ဒိယမှာ ပြည်တွင်းအတွက် COVID-19 ကာကွယ်ဆေး သန်း ၁၂၀ နီးပါး ရမယ်လို့ အစိုးရက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မေလအတွင်းက နိုင်ငံတွင်း အသုံးပြုဖို့ ကာကွယ်ဆေး ၇၉ သန်းကျော်ကျော်ပဲ ထုတ်လုပ်ပေးနိုင်ခဲ့တာပါ။

လူဦးရေ သန်း ၁,၃၀၀ ကျော်ရှိတဲ့ အိန္ဒိယမှာ အခုထိ ကာကွယ်ဆေး ၂ ကြိမ် အပြည့်အဝ ထိုးပြီးသူ ၂၁၂ သန်း ရှိပါတယ်။

ဒီကနေ့ ရောဂါကူးစက်သူက ၁၆၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃,၄၀၀ ကျော်ရှိပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ် စတင်ကူးစက်ခဲ့တဲ့ ရက်ပေါင်း ၄၀ ကျော်အတွင်း ကူးစက်မှုနှုန်း အနည်းဆုံးကို ကျဆင်းလာတာပါ။

ပြည်နယ်အတော်များများမှာလည်း ကာကွယ်ဆေး ပြတ်လတ်နေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၄၅ နှစ်အထက်တွေကို ဦးစားပေး ကာကွယ်ဆေး ထိုးနှံပေးနေတာပါ။ လာမယ့် သြဂုတ်နဲ့ ဒီဇင်ဘာလအတွင်း ကာကွယ်ဆေး ၂ ဘီလီယံလောက် ရနိုင်ချေရှိတယ်လို့ အစိုးရ ထိပ်တန်းအကြံပေးတဦးက ဒီလအစောပိုင်းက ပြောပါတယ်။

ပြည်တွင်း Serum Institute ဆေးကုမ္ပဏီက AstraZeneca ကာကွယ်ဆေးနဲ့ Bharat Biotech က Covaxin ကာကွယ်ဆေးတွေ ထုတ်လုပ်နေသလို ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကိုလည်း မကြာခင်ကပဲ နိုင်ငံတွင်း စပြီး အသုံးပြု ထိုးနှံပေးနေပါတယ်။

အခုထိ အိန္ဒိယမှာ COVID-19 ကူးစက်သူ ၂၇.၉ သန်းကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၃၂၆,၀၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG