သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ အထည္ခ်ဳပ္စက္႐ုံမ်ား ကပ္ေဘးေၾကာင့္ လုပ္ငန္းထိခိုက္


အိႏၵိယႏုိင္ငံက အထည္ခ်ဳပ္လုပ္ငန္းခြင္တခု။ (ဇြန္ ၁၉၊ ၂၀၁၃)

(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဒဏ္ကို ဆိုးဆိုးရြားရြား ႀကဳံေနရတဲ့ အိႏၵိယမွာ အသြားအလာ ပိတ္ပင္ကန္႔သတ္ခ်က္ေတြေၾကာင့္ အိမ္နီးခ်င္းႏုိင္ငံေတြကို အထည္တင္ပို႔တဲ့ အထည္ခ်ဳပ္စက္႐ုံေတြ စာခ်ဳပ္ဖ်က္သိမ္းမႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ အိႏၵိယ စက္မႈလုပ္ငန္း ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

“အိႏၵိယက ကိုဗစ္ ဒုတိယလႈိင္းနဲ႔ ႀကဳံေနရပါတယ္။ က်ေနာ္တုိ႔ ဝယ္လက္ေတြက က်ေနာ္တုိ႔ဆီက စိတ္ခ်လက္ခ် မဝယ္ရဲၾကေတာ့ဘူး။ အခုအခ်ိန္က အမွာစာေတြ ပို႔ရမယ့္အခ်ိန္ပါ။ သူတို႔မွာတဲ့ အထည္ေတြ အခ်ိန္မီရပါ့မလား စိုးရိမ္ၿပီး သူတို႔က ဘဂၤလားေဒ့ရွ္နဲ႔ ဗီယက္နမ္ႏုိင္ငံေတြက စက္႐ုံေတြကို ေျပာင္းၿပီး ခ်ဳပ္ခိုင္းၾကတယ္။” လို႔ NOIDA APPAREL အထည္ခ်ဳပ္စက္႐ုံ ဥကၠ႒ LALIT THUKRAL က ေျပာပါတယ္။

ေဒလီ၊ မြမ္ဘုိင္း၊ ခ်န္ႏုိင္း၊ ကာလကတၱားနဲ႔ ႏိုင္ငံတဝန္း ၿမိဳ႕ေတြမွာရွိတဲ့ ေထာင္နဲ႔ခ်ီတဲ့ အထည္ခ်ဳပ္စက္႐ုံေတြလည္း ကပ္ေရာဂါေၾကာင့္ ထိခိုက္ဆုံး႐ႈံးမႈေတြ ရွိေနတာပါ။

တခ်ိဳ႕အထည္ခ်ဳပ္စက္႐ုံေတြမွာ လုပ္သားအင္အား နည္းပါးေနတာေၾကာင့္ ထုတ္လုပ္မႈ ၃၅ ရာခိုင္ႏႈန္းေလာက္ ေလွ်ာ့ခ်ထားရသလို ျပည္ပမွာယူမႈေတြကိုလည္း ဖ်က္သိမ္းထားရပါတယ္။ ဒါေၾကာင့္ အထည္ဝယ္ယူသူေတြက ဘဂၤလားေဒ့ရွ္နဲ႔ ဗီယက္နမ္ႏုိင္ငံေတြကို ေျပာင္းၿပီး မွာယူေနၾကတာလည္း ရွိပါတယ္။

အိႏၵိယ အထည္ခ်ဳပ္လုပ္ငန္းက အလုပ္သမား ၁၂ သန္းေက်ာ္နဲ႔ လည္ပတ္လုပ္ကိုင္ေနတဲ့ ဝင္ေငြ သန္းခ်ီရတဲ့ လုပ္ငန္းႀကီး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ကို႐ိုနာဗိုင္းရပ္စ္ စၿပီးျဖစ္ခဲ့တဲ့ အခ်ိန္တုန္းကလည္း အိႏၵိယ အထည္ခ်ဳပ္စက္႐ုံေတြကေန မွာယူေနတဲ့ တျခားႏိုင္ငံက အဝတ္အထည္ ကုမၸဏီေတြက စာခ်ဳပ္ဖ်က္သိမ္းခဲ့တာေတြ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အိန္ဒိယ အထည်ချုပ်စက်ရုံများ ကပ်ဘေးကြောင့် လုပ်ငန်းထိခိုက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံနေရတဲ့ အိန္ဒိယမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို အထည်တင်ပို့တဲ့ အထည်ချုပ်စက်ရုံတွေ စာချုပ်ဖျက်သိမ်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အိန္ဒိယ စက်မှုလုပ်ငန်း ကိုယ်စားလှယ်တွေက ပြောပါတယ်။

“အိန္ဒိယက ကိုဗစ် ဒုတိယလှိုင်းနဲ့ ကြုံနေရပါတယ်။ ကျနော်တို့ ဝယ်လက်တွေက ကျနော်တို့ဆီက စိတ်ချလက်ချ မဝယ်ရဲကြတော့ဘူး။ အခုအချိန်က အမှာစာတွေ ပို့ရမယ့်အချိန်ပါ။ သူတို့မှာတဲ့ အထည်တွေ အချိန်မီရပါ့မလား စိုးရိမ်ပြီး သူတို့က ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတွေက စက်ရုံတွေကို ပြောင်းပြီး ချုပ်ခိုင်းကြတယ်။” လို့ NOIDA APPAREL အထည်ချုပ်စက်ရုံ ဥက္ကဋ္ဌ LALIT THUKRAL က ပြောပါတယ်။

ဒေလီ၊ မွမ်ဘိုင်း၊ ချန်နိုင်း၊ ကာလကတ္တားနဲ့ နိုင်ငံတဝန်း မြို့တွေမှာရှိတဲ့ ထောင်နဲ့ချီတဲ့ အထည်ချုပ်စက်ရုံတွေလည်း ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာပါ။
တချို့အထည်ချုပ်စက်ရုံတွေမှာ လုပ်သားအင်အား နည်းပါးနေတာကြောင့် ထုတ်လုပ်မှု ၃၅ ရာခိုင်နှုန်းလောက် လျှော့ချထားရသလို ပြည်ပမှာယူမှုတွေကိုလည်း ဖျက်သိမ်းထားရပါတယ်။ ဒါကြောင့် အထည်ဝယ်ယူသူတွေက ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ပြောင်းပြီး မှာယူနေကြတာလည်း ရှိပါတယ်။

အိန္ဒိယ အထည်ချုပ်လုပ်ငန်းက အလုပ်သမား ၁၂ သန်းကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ ဝင်ငွေ သန်းချီရတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ကိုရိုနာဗိုင်းရပ်စ် စပြီးဖြစ်ခဲ့တဲ့ အချိန်တုန်းကလည်း အိန္ဒိယ အထည်ချုပ်စက်ရုံတွေကနေ မှာယူနေတဲ့ တခြားနိုင်ငံက အဝတ်အထည် ကုမ္ပဏီတွေက စာချုပ်ဖျက်သိမ်းခဲ့တာတွေ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG