(Zawgyi/Unicode)
ထိုင္းနိုင္ငံ ၊ စမုတ္ပရာကမ္ျပည္နယ္မွာရွိတဲ့ ေရခဲစက္ရံုက ျမန္မာလုပ္သား ၈၀ နီးပါး ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနတာ စစ္ေဆးေတ႔ြ႐ွိခဲ့တဲ့အတြက္ စမုတ္ပရာကမ္အပါအဝင္ ျပည္နယ္ ၃ ခုဆီ ေရခဲ့ ျဖန္႔ျဖဴးမႈ ရပ္ဆိုင္းလိုက္ပါတယ္။ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြၾကား ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ တိုးတာေနတဲ့အေၾကာင္း ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။
ထိုင္းနိုင္ငံ၊စမုတ္ပရာကန္ျပည္နယ္၊ ဘန္ဖီၿမိဳ ့နယ္မွာ႐ွိတဲ့ ေရခဲစက္႐ံုတခုမွာ အလုပ္လုပ္ေနၾကတဲ့ ေရခဲစက္ရံု အလုပ္သမား ၁၅၆ ဦးကို ကိုဗစ္ေရာဂါ ႐ွိ မ႐ွိ ေဆးစစ္ခဲ့တာမွာ ၈၆ ဦးမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနတာ ေတြ႔႐ွိခဲ့ပါတယ္။ အဲဒီထဲက ၇၆ ေယာက္က ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားေတြ ျဖစ္ၾကတယ္ လို႔ ျပည္နယ္က်န္းမာေရးအဖဲြ႕ ထုတ္ျပန္ခဲ့ပါတယ္။ ပိုးေတြ ့လူနာအမ်ားစုဟာ သိသာတဲ့ ေရာဂါလကၡဏာ မျပဘူးလို႔ ေျပာပါတယ္။ ခုလို ေရခဲစက္႐ံုက အလုပ္သမားေတြ ကိုဗစ္ေရာဂါျဖစ္ေနတာေၾကာင့္ အဲဒီျပည္နယ္ အပါအ၀င္ ျပည္နယ္ ၃ ခုကို ေရခဲ ျဖန္႔ျဖဴးမႈ တာဝန္႐ွိသူေတြက ရပ္ဆိုင္းလိုက္ပါတယ္။
ဒါနဲ႔ပတ္သက္လို႔ စမုတ္ပရာကမ္ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး အဖြဲ ့ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ Mr. Patynont Jindava ထုိင္းဘာသာနဲ႔ အခုလိုေျပာပါတယ္။
“ေရခဲစက္ရံု အလုပ္သမား ၉၀ ရာခုိင္ႏႈန္းေက်ာ္ ပိုးေတြ ့ေနတာမို ့အလုပ္သမားေတြ ထိေတြ ့ေနတဲ ့ ေရခဲေတြမွာ ေရာဂါပိုးေတြ တြယ္ကပ္လာနိုင္တဲ့ အေျခအေနရွိလို႔ပါ။ ကိုဗစ္-၁၉ ေရာဂါပိုးေတြဟာ အေအးခန္းအတြင္းမွာ ေရခဲ ထုတ္ေတြ မ်က္ႏွာျပင္မွာ ရက္အတန္ၾကာ ရွင္သန္ေနနိုင္တာေၾကာင့္ လူထုၾကား ျပန္ ့ပြားမလာရေအာင္ ခုလို ေရခဲ ျဖန္ ့ေ၀ေနတာေတြကို ရပ္ခဲ့တာပါ” လို ့ေျပာဆိုသြားတာပါ။
ေရခဲျဖန္႔ျဖဴးမႈ ရပ္ဆိုင္းထားတဲ့ ျပည္နယ္ေတြကေတာ့ စမုတ္ပရယကန္၊ ခ်ခ်ိဳေဆာင္း နဲ ့ ခၽြန္ဘူရီ ျပည္နယ္ ေတြျဖစ္ပါတယ္။ ပူျပင္းတဲ့ ထုိင္းႏိုင္ငံမွာ ေရခဲဟာ မ႐ွိ မျဖစ္ စားကုန္တခုျဖစ္ပါတယ္။
ကိုဗစ္တတိယလႈိင္းျဖစ္ေနတဲ့ ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္တဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ပိုမ်ားလာေနၿပီး အခုေနာက္ဆံုး ေရခဲစက္႐ံုမွာ အလုပ္လုပ္သူေတြပါကူးေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ ဥကၠဌ ဦးေအာင္ေက်ာ္ကလည္း အခုလို ေျပာျပပါတယ္။
“ေရခဲ စက္ရံု ၂ခုကို ေလာေလာဆယ္ယာယီ ပိတ္လိုက္တယ္။ ေရခဲစက္ရံုမွာ ျမန္မာလုပ္သား ၈၀ နီးပါးမွာ ကိုဗစ္ေတြ ့ရွိတယ္ေပါ့။ ခပ္စိတ္စိတ္ၾကားလာတယ္ေပါ့ ၊ အေစာပုိင္းမွာေတာ့ ဒါကလည္း ေရာဂါဆုိတဲ့ သေဘာကလည္း အတူတကြ ပူးတဲြေနထုိင္တယ္ဆုိရင္အကုန္ ကူးလာမွာပဲ ထုိင္းေတြခ်ည္းပဲ မျဖစ္ဘူး၊ က်ေနာ္တို႔ ျမန္မာေတြကို မေတြ ့ဘူးဆုိတာက မစစ္ေဆးလို႕ မေတြ ့တာပါ အခုေနာက္ပိုင္း စက္ရံုတရံုမွာ ထုိင္းတေယာက္ေတြ႔တာနဲ႕ တျခားႏုိင္ငံျခားသားလုပ္သားေတြကို ထပ္စစ္ရင္းနဲ႕ ေရာဂါေ၀ဒနာရွင္ေတြက ထပ္ထပ္ တိုးလာတာေပါ့”
ထိုင္းႏိုင္ငံမွာ ေန႔စဥ္ အတည္ျပဳလူနာ ၂ ေထာင္ေက်ာ္ ႐ွိေနၿပီး ဇြန္လ ၇ ရက္အထိ အတည္ျပဳလူနာ ၁သိန္း ၈ ေသာင္းနီးပါး ရွိေနပါတယ္။ ထိုင္းႏိုင္ငံအတြက္ အဓိက ဝင္ေငြ႐ွာေပးေနတဲ့ ခရီးသြားလုပ္ငန္းကို ျပန္လည္ ဖြင့္ႏိုင္ဖို႔ ထိုင္းအစိုးရက ႀကိဳးစားေနၿပီး ႏိုင္ငံတကာ ကမာၻလွည့္ ဧည့္သည္ေတြ အသြားမ်ားတဲ့ ထိုင္းႏိုင္ငံေတာင္ပိုင္း ဖူးခက္ျပည္နယ္နဲ႔ ခ်င္း႐ိုင္ျပည္နယ္ေတြက ျမန္မာအပါအဝင္ ႏိုင္ငံျခားသား ေ႐ႊ႕ေျပာင္း လုပ္သားေတြကို ဇြန္လ ၃ ရက္ေန႔က စၿပီး ကိုဗစ္ ကာကြယ္ေဆးထိုးေပးေနပါတယ္။
..........
ထိုင်းရေခဲစက်ရုံက မြန်မာလုပ်သား ၈၀ ခန့် ကိုဗစ် ကူးစက်
(Unicode)
ထိုင်းနိုင်ငံ ၊ စမုတ်ပရာကမ်ပြည်နယ်မှာရှိတဲ့ ရေခဲစက်ရုံက မြန်မာလုပ်သား ၈၀ နီးပါး ကိုဗစ်ကပ်ရောဂါ ကူးစက်နေတာ စစ်ဆေးတေ့ွရှိခဲ့တဲ့အတွက် စမုတ်ပရာကမ်အပါအဝင် ပြည်နယ် ၃ ခုဆီ ရေခဲ့ ဖြန့်ဖြူးမှု ရပ်ဆိုင်းလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တိုးတာနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။
ထိုင်းနိုင်ငံ၊စမုတ်ပရာကန်ပြည်နယ်၊ ဘန်ဖီမြို့နယ်မှာရှိတဲ့ ရေခဲစက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ ရေခဲစက်ရုံ အလုပ်သမား ၁၅၆ ဦးကို ကိုဗစ်ရောဂါ ရှိ မရှိ ဆေးစစ်ခဲ့တာမှာ ၈၆ ဦးမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက ၇၆ ယောက်က မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြတယ် လို့ ပြည်နယ်ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ပိုးတွေ့လူနာအများစုဟာ သိသာတဲ့ ရောဂါလက္ခဏာ မပြဘူးလို့ ပြောပါတယ်။ ခုလို ရေခဲစက်ရုံက အလုပ်သမားတွေ ကိုဗစ်ရောဂါဖြစ်နေတာကြောင့် အဲဒီပြည်နယ် အပါအဝင် ပြည်နယ် ၃ ခုကို ရေခဲ ဖြန့်ဖြူးမှု တာဝန်ရှိသူတွေက ရပ်ဆိုင်းလိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စမုတ်ပရာကမ် ကပ်ရောဂါ ထိန်းချုပ်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာMr. Patynont Jindava ထိုင်းဘာသာနဲ့ အခုလိုပြောပါတယ်။
“ရေခဲစက်ရုံ အလုပ်သမား ၉၀ ရာခိုင်နှုန်းကျော် ပိုးတွေ့နေတာမို့အလုပ်သမားတွေ ထိတွေ့နေတဲ့ ရေခဲတွေမှာ ရောဂါပိုးတွေ တွယ်ကပ်လာနိုင်တဲ့ အခြေအနေရှိလို့ပါ။ ကိုဗစ်-၁၉ ရောဂါပိုးတွေဟာ အအေးခန်းအတွင်းမှာ ရေခဲ ထုတ်တွေ မျက်နှာပြင်မှာ ရက်အတန်ကြာ ရှင်သန်နေနိုင်တာကြောင့် လူထုကြား ပြန့်ပွားမလာရအောင် ခုလို ရေခဲ ဖြန့်ဝေနေတာတွေကို ရပ်ခဲ့တာပါ” လို့ပြောဆိုသွားတာပါ။
ရေခဲဖြန့်ဖြူးမှု ရပ်ဆိုင်းထားတဲ့ ပြည်နယ်တွေကတော့ စမုတ်ပရယကန်၊ ချချိုဆောင်း နဲ့ ချွန်ဘူရီ ပြည်နယ် တွေဖြစ်ပါတယ်။ ပူပြင်းတဲ့ ထိုင်းနိုင်ငံမှာ ရေခဲဟာ မရှိ မဖြစ် စားကုန်တခုဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်းဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပိုများလာနေပြီး အခုနောက်ဆုံး ရေခဲစက်ရုံမှာ အလုပ်လုပ်သူတွေပါကူးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဌ ဦးအောင်ကျော်ကလည်း အခုလို ပြောပြပါတယ်။
“ရေခဲ စက်ရုံ ၂ခုကို လောလောဆယ်ယာယီ ပိတ်လိုက်တယ်။ ရေခဲစက်ရုံမှာ မြန်မာလုပ်သား ၈၀ နီးပါးမှာ ကိုဗစ်တွေ့ရှိတယ်ပေါ့။ ခပ်စိတ်စိတ်ကြားလာတယ်ပေါ့ ၊ အစောပိုင်းမှာတော့ ဒါကလည်း ရောဂါဆိုတဲ့ သဘောကလည်း အတူတကွ ပူးတွဲနေထိုင်တယ်ဆိုရင်အကုန် ကူးလာမှာပဲ ထိုင်းတွေချည်းပဲ မဖြစ်ဘူး၊ ကျနော်တို့ မြန်မာတွေကို မတွေ့ဘူးဆိုတာက မစစ်ဆေးလို့ မတွေ့တာပါ အခုနောက်ပိုင်း စက်ရုံတရုံမှာ ထိုင်းတယောက်တွေ့တာနဲ့ တခြားနိုင်ငံခြားသားလုပ်သားတွေကို ထပ်စစ်ရင်းနဲ့ ရောဂါဝေဒနာရှင်တွေက ထပ်ထပ် တိုးလာတာပေါ့”
ထိုင်းနိုင်ငံမှာ နေ့စဉ် အတည်ပြုလူနာ ၂ ထောင်ကျော် ရှိနေပြီး ဇွန်လ ၇ ရက်အထိ အတည်ပြုလူနာ ၁သိန်း ၈ သောင်းနီးပါး ရှိနေပါတယ်။ ထိုင်းနိုင်ငံအတွက် အဓိက ဝင်ငွေရှာပေးနေတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် ဖွင့်နိုင်ဖို့ ထိုင်းအစိုးရက ကြိုးစားနေပြီး နိုင်ငံတကာ ကမ္ဘာလှည့် ဧည့်သည်တွေ အသွားများတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ပြည်နယ်နဲ့ ချင်းရိုင်ပြည်နယ်တွေက မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားတွေကို ဇွန်လ ၃ ရက်နေ့က စပြီး ကိုဗစ် ကာကွယ်ဆေးထိုးပေးနေပါတယ်။