သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ လက်ခံထားရတဲ့ အာရှပစိဖိတ်ဒေသအတွက် ကိုဗစ်ကာကွယ်ဆေး ဦးစားပေးဖို့ ကုလ တောင်းဆို


ရိုဟင်ဂျာ ဒုက္ခသည်များကို အပူချိန်တိုင်းနေစဉ်
ရိုဟင်ဂျာ ဒုက္ခသည်များကို အပူချိန်တိုင်းနေစဉ်

(Zawgyi/Unicode)

ဒုက္ခသည် ဦးရေ အများစုကို လက်ခံထားရတဲ့ အာရှ ပစိဖိတ် ဒေသကို အလေးထားပြီး COVID-19 ကာကွယ်ဆေး ထောက်ပံ့ပေးရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ရုံးက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယ၊ နီပေါ အပါအဝင် အာရှ - ပစိဖိတ် ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ တိုးလာနေပြီး COVID-19 ကာကွယ်ဆေး ရတာ နည်းနေချိန်မှာဘဲ UNHCR က အခုလို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
အထူးသဖြင့် ဒုက္ခသည်တွေကြားမှာ COVID-19 ကူးစက်ပျံ့နှံ့မှု တိုးလာနိုင်တဲ့ အခြေအနေ ရှိနေကြောင်း UNHCR ပြောခွင့်ရ Andrej Mahecic က အင်္ဂါနေ့ ဂျီနီဗာမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတိပေး ပြောဆိုပါတယ်။

"ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းနီးပါး ရှိတဲ့ ဘင်္ဂလားဒေရှ့် ကောဇ့်ဘဇားမှာ ပြီးခဲ့တဲ့ နှစ်လတာ အတွင်း COVID-19 ကူးစက် ဖြစ်ပွားမှု သိသိသာသာ တိုးလာပါတယ်။ မေလ ၃၁ ရက်နေ့ အထိ ဒုက္ခသည်တွေကြား COVID-19 ဖြစ်ပွားသူ အတည်ပြုလူနာ ၁,၁၈၈ ဦးရှိပြီး ဒီထဲက ထက်ဝက်က မေလ တလတည်း အတွင်း တွေ့ရှိတာ ဖြစ်ပါတယ်" လို့ UNHCR ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာ အသုံးကို လက်မခံပေမယ့်လည်း ဒုက္ခသည်တွေကို ပြန်လက်ခံပါမယ်လို့ မြန်မာဘက်က ပြောပေမယ်လို့လည်း ၂၀၁၇ ခုနှစ် ကတည်းက ကောဇ့်ဘဇားမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းကို အခုအချိန်ထိ မပြန်နိုင်သေးပါဘူး။ လူပေါင်း သိန်းချီရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ဘယ်သူမှ COVID-19 ကာကွယ်ဆေးလည်း မထိုးရသေးပါဘူး။

အခု ဒုက္ခသည် စခန်းတွင်း တွေ့ရှိ အတည်ပြုထားတဲ့ COVID-19 ဖြစ်ပွားသူ အရေအတွက် ဆေးခန်းကို လာတဲ့သူတွေကို စစ်ဆေးတွေ့ရှိမှုသာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ နီပေါ၊ အီရန်၊ ပါကစ္စတန်၊ နောက် မြန်မာဘက်က ထွက်ပြေး ခိုလှုံသူတွေ အများအပြား ရှိနေရာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ ရှိနေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး ခိုလှုံခွင့်ရရေး ကြိုးပမ်းနေသူတွေ ကြားမှာလည်း COVID-19 ဖြစ်ပွားမှု တိုးလာတာက စိုးရိမ်စရာ ဖြစ်နေပါတယ်လို့လည်း UNHCR ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)





XS
SM
MD
LG