(Zawgyi/Unicode)
ျမန္မာႏိုင္ငံထဲ ကိုဗစ္အျဖစ္ဆံုးက အိႏိၵယနယ္စပ္က ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းတို႔ျဖစ္လာၿပီး၊ အရင္အမ်ားဆံုးျဖစ္ခဲ့တဲ့ ရန္ကုန္တိုင္းကို ေက်ာ္တက္သြားပါၿပီ။
ခ်င္းျပည္နယ္ထဲမွာ အဆိုးဆံုးျဖစ္ေနတဲ့ က်ီခါးျမိဳ.ပါဝင္တဲ့ တြန္းဇံၿမိဳ.နယ္မွာ၊ ကူးစက္မူေရာ ေသဆံုးမူပါ အရင္ကထက္ အမ်ားႀကီးဆိုးေနလာေနတယ္လို႔၊ ေဒသခံက်န္းမာေရးဝန္ထမ္းေတြက ဆိုပါတယ္။
ဘယ္လိုေၾကာင့္ ခုလို ျပင္းထန္လာၿပီး၊ ဘာေတြလုပ္သင့္ပါလဲ။ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန သတင္းနဲ႔ျပန္ၾကားေရးအဖြဲ႔ဝင္နဲ႔ ေဒသခံေတြကို ကိုဝင္းမင္းက ေမးထားပါတယ္။
အိႏိၵယနယ္စပ္ ခ်င္းနဲ ့စစ္ကိုင္းေဒသ ကိုဗစ္ျဖစ္နဳန္း ထိပ္ဆံုးတက္သြားပံုကို က်န္းမာေရး သတင္းျပန္ၾကားေရးအဖြဲ ့၀င္ ေဒါက္တာခင္ခင္ၾကီးက “ ဂ်ြန္လ ၂ ရက္ေန ့အထိေပါ့ေနာ္။ ပိုးေတြ ့လူနာေတြ ့တာ တိုင္းနဲ ့ျပည္နယ္ထဲမွာဆိုရင္ အမ်ားဆံုးဟာ ခ်င္းျပည္နယ္ထဲမွာျဖစ္ပါတယ္။ ခ်င္းျပည္နယ္ထဲမွာအခုဆိုရင္ ပိုးေတြ ့လူနာ ၁၉၁ ေယာက္ရွိပါတယ္။ ဒုတိယလိုက္တာကေတာ့ စစ္ကိုင္းျဖစ္ပါတယ္။ စစ္ကိုင္းမွာ ၁၅၄ ေယာက္ရွိပါတယ္။ ရန္ကုန္ကေတာ့ တတိယေနရာမွာ ၈၂ ေယာက္ရွိပါတယ္။”
ဒါ့အျပင္ ကိုဗစ္အျဖစ္ဆံုး ခ်င္းျပည္နဲ ့ထဲမွာပဲ က်ီခါးပါ၀င္တဲ့ တြန္းဇံျမိဳ ့မွာ အမ်ားဆံုးျဖစ္ေပၚပံုကိုလည္း ဗဟိုကူးစပ္ေရာဂါ တုိက္ဖ်က္ေရးဌာနခြဲ ညႊန္ၾကားေရးမႈးလည္းျဖစ္တဲ့ ေဒါက္တာခင္ခင္ၾကီးက “ အမ်ားဆံုး ျဖစ္တာ က်ီခါးျဖစ္ပါတယ္။ ၈၄ ေယာက္ရွိပါတယ္။ တြန္းဇံသည္ ဒုတိယအမ်ားဆံုးျဖစ္ပါတယ္။ ၈၃ ေယာက္ရွိပါတယ္။ ဖလမ္းသည္ ၁၇ ေယာက္ရွိပါတယ္။ တီးတိန္မွာဆို ၈ ေယာက္ရွိပါတယ္။ ဒါဟာ ခ်င္းျပည္နယ္အတြင္းမွာ Cluster ေပါ့ အုပ္စုလိုက္ျဖစ္ပြားမႈေတြ မ်ားေနတယ္။ ဒါ့ေၾကာင့္မို ့လို ့တြန္းဇံျမိဳ ့နယ္ကို stay at home အျဖစ္ သပ္မွတ္တာျဖစ္ပါတယ္။”
အခုလို ကိုဗစ္အျဖစ္အမ်ားဆံုး က်ီခါးျမိဳ့ကိုပါတြဲကိုင္ရတဲ့ တြန္းဇံျမိဳ ့ရဲ့ က်န္းမာေရးမႈး ေဒါက္တာ ထန္ခ်င္းခိုင္က ျပီးခဲ့တဲ့ အပတ္ကမွ စျပန္ျဖစ္ျပီး အေျခအေနဆိုးလာရပံုကို “ မေန ့ကအထိေပါ့ေနာ္။ က်ီခါးေဆးရံုမွာ ၅ ေယာက္ေသဆံုးသြားပါျပီ ကိုဗစ္နဲ ့။ ျပီးေတာ့ က်ေနာ္တို ့တြန္းဇံမွာေတာ့ မေန ့ကေပါ့ေနာ္ ေသဆံုးသြားတဲ့လူနာတေယာက္ရဲ့ အေလာင္းကို က်ေနာ္တို ့စစ္လိုက္ေတာ့ ကိုဗစ္ positive ေတြ ့သြားတယ္။ ေသဆံုးတာ အားလံုး ၆ ေယာက္ျဖစ္သြားျပီေပါ့ေနာ္။ အမ်ားစုကေတာ့ ေရာဂါအခံ မရွိၾကဘူးခင္ဗ်။ ပိုးကေတာ့ အရင္ကထက္ ပိုျပင္းတယ္။ အိႏိၵယမွာ Outbraek ျဖစ္တဲ့ပိုးမ်ိဳး၀င္တယ္။ တေယာက္ေတာ့ ေသတယ္။ ေရာဂါအခံရွိတဲ့လူကေတာ့ ၂ ေယာက္ရွိတယ္။ က်န္တဲ့ ဥစၥာေတြဆို ေရာဂါအခံေတာ့မရွိဘူး။ က်ေနာ္တို ့ေအာက္ဆီဂ်င္ဆိုလည္း အျပည့္ထားေပးတာပဲ။ ဒါေပမယ့္ အသက္ရွဴမ၀ပဲ ဆံုးသြားတာပဲ။ အစိုးရဘက္က support ေပးတာေရာ၊ အလွဴရွင္ေတြ support ေပးတာေတြနဲ ့ေအာက္ဆီဂ်င္က ျပတ္လပ္မႈေတာ့ မရွိခဲ့ပါဘူး။ အခု patient ၅ ေယာက္ဆိုရင္ေပါ့ေနာ္။ အသက္ရွဴစက္တို ့ventilator တို ့ဘာတို ့ေတာ့ မရွိဘူးေပါ့။ နယ္စပ္ေဒသေတြဆိုေတာ့။”
ဒီေသဆံုးမႈေတြထဲ ထူးျခားပံုကို က်ီခါးျမိဳ ့နယ္ထဲက ေစတနာ့၀န္ထမ္းအျဖစ္ ကိုဗစ္ကိုင္တြယ္ေပးေနသူ ဆရာ လွယ္ရွင္းထန္ ကလည္း “ က်ီခါးမွာက်ေတာ့ နယ္စပ္တိုက္နယ္ေဆးရံု ၊ အဲဒီမွာက်ေတာ့ ကိုဗစ္ေၾကာင့္ သံုးေလးရက္အတြင္းမွာဆံုးသြားတာ ၅ ေယာက္ရွိျပီ။ သူတို ့အမာခံေရာဂါ သိပ္မရွိဘူး။ ဒီကိုဗစ္ေၾကာင့္ပဲ။ တေယာက္ကေတာ့ နည္းနည္း နွလံုးအားနည္းတာရွိတယ္။ ကိုယ္၀န္ေဆာင္တဲ့သူက အသက္ ၃၈ ၀န္းက်င္ရွိတယ္။”
အဲဒီေတာ့ အခုလို ရုတ္တရက္ေသဆံုးမႈတိုးလာတာကို ေလ်ွာ့ခ်နိုင္ေအာင္ ဘာအဓိက မွာခ်င္ပါလည္းလို ့ေမးရာမွာ ေဒါက္တာ ထန္ရွင္းခိုင္က “ ကိုယ့္ကိုယ္ကိုယ္ နည္းနည္းေနမေကာင္းဘူး။ နည္းနည္းဖ်ားတယ္၊ လည္ေခ်ာင္းနာတယ္ဆိုလို ့ရွိရင္ေတာ့ ကိုဗစ္ပိုး ရွိမရွိ စစ္ေဆးတာ အေကာင္းဆံုးပါပဲ။ အျမန္ဆံုး။ ျဖစ္တာေနာက္လို ့ရွိရင္လည္း အခ်ိန္မမီတာတို ့ဘာတို ့ရွိတတ္တယ္။ အခု ပိုးအမ်ိဴးအစားေတြကေပါ့ေနာ္။ လူနာမ်ားလာတာနဲ ့အမွ်ေပါ့ေနာ္။ ၀န္ထမ္းေတြနဲ ့ေဆး၀ါး မမ်ွေတာ့တာေပါ့။ ကိုေပးနိုင္တဲ့ service အားနည္းသြားတာေပါ့။”
ကိုဗစ္ျဖစ္တာ ဒုတိယထိပ္ဆံုးကိုေရာက္လာတဲ့ စစ္ကိုင္းကအေျခအေနကိုလည္း ေဒါက္တာခင္ခင္ၾကီးက “စစ္ကိုင္းတိုင္းမွာဆိုလို ့ရွိရင္ တမူးမွာက အမ်ားဆံုးေပါ့ေနာ္။ တမူးမွာဆိုရင္ ၁၂၃ ေယာက္ရွိပါတယ္။ ကေလးမွာဆိုရင္ ဒုတိယ အမ်ားဆံုးေပါ့။ ၂၆ ေယာက္။ ဒါေၾကာင့္မို ့လို ့တမူးရယ္၊ ကေလးရယ္ ျမိဳ ့နယ္နွစ္ခုကို က်မတို ့စစ္ကိုင္းတိုင္းမွာ Stay At Home သပ္မွတ္ထားပါတယ္။ တေနရာနဲ ့တေနရာ ကူးစပ္ပ်ံ ့နွံ ့မႈကို အျမန္ဆံုးထိမ္းခ်ဳပ္နိုင္ဖို ့ရည္၇ြယ္တာျဖစ္ပါတယ္။”
ကေလးေဒသခံ ကိုေနမင္းဦးကေတာ့ ကိုဗစ္သိပ္ျဖစ္တာ သတိမျပဳမိဘူးလို ့ဆိုပါတယ္။ “ အကိုတို ့က ျဖစ္တယ္လို ့ေျပာတယ္ေနာ္။ က်ေနာ္တို ့ျမိဳ ့နယ္ျပည္သူမွာက ပံုမွန္အတိုင္းပဲ၊ ဘာမွ ျဖစ္တာမ်ိဴးလည္း မရွိဘူး။ တခ်ိဳ ့ေတာ့ အနံ ့ေပ်ာက္တာမ်ိဳးေတာ့ ရွိတယ္။ ျပီးခဲ့တဲ့ ကိုဗစ္ကာလက သူ ့ဖာသူ ပဲ ေနျပီး ဆင္ခ်င္သြားတာမ်ိဴးေတြလည္း ရွိတယ္ဗ်။ ဒါေပမယ့္ အဲဒါကလည္း အမ်ားၾကီးေတာ့ မရွိဘူးခင္ဗ်။ အခုဒီရက္ပိုင္းအတြင္းမွာ ဒီျမိဳ ့ေပၚမွာ ျပီးခဲ့တဲ့ေန ့ကဆိုရင္ ဘဏ္ေတြရွိမွာေပါ့။ ဗုံးကြဲတာမ်ိဴးေတြျဖစ္ထားေတာ့ ဒီသပိတ္စစ္ေၾကာင္းထြက္တာမ်ိဴးကို ထိန္းခ်ဳပ္ခ်င္လို ့အခုလို ေၾကညာခ်က္မ်ိဴးထုတ္တာလို ့ထင္တယ္။
တကယ္ေတာ့ ျမန္မာနိုင္ငံမွာ နိုင္ငံေရးမတည္ျငိမ္မႈေတြျဖစ္လာျပီး က်န္းမာေရး၀န္ထမ္းေတြ အားနည္းလာခ်ိန္မွာ အရင္ျပန္ျငိမ္ခဲ့တဲ့ ဒုတိယလွုိင္း၊ အခု အိႏိၵယမ်ိဴးကြဲသစ္ကတဆင့္ တတိယလွုိင္းအျဖစ္တက္လာမွာကို က်န္းမာေရး၀န္ထမ္းေတြက စိုးရိမ္ေနၾကပါတယ္ ခင္ဗ်ာ။
.................................................................
(Unicode)
ကိုဗစ်ကူးစက်မှု မြင့်မားလာတဲ့ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း မြို့နယ်တချို့
မြန်မာနိုင်ငံထဲ ကိုဗစ်အဖြစ်ဆုံးက အိန္ဒိယနယ်စပ်က ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ဖြစ်လာပြီး၊ အရင်အများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်းကို ကျော်တက်သွားပါပြီ။
ချင်းပြည်နယ်ထဲမှာ အဆိုးဆုံးဖြစ်နေတဲ့ ကျီခါးမြို.ပါဝင်တဲ့ တွန်းဇံမြို.နယ်မှာ၊ ကူးစက်မူရော သေဆုံးမူပါ အရင်ကထက် အများကြီးဆိုးနေလာနေတယ်လို့၊ ဒေသခံကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
ဘယ်လိုကြောင့် ခုလို ပြင်းထန်လာပြီး၊ ဘာတွေလုပ်သင့်ပါလဲ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင်နဲ့ ဒေသခံတွေကို ကိုဝင်းမင်းက မေးထားပါတယ်။
အိန္ဒိယနယ်စပ် ချင်းနဲ့စစ်ကိုင်းဒေသ ကိုဗစ်ဖြစ်နုန်း ထိပ်ဆုံးတက်သွားပုံကို ကျန်းမာရေး သတင်းပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက “ ဂျွန်လ ၂ ရက်နေ့အထိပေါ့နော်။ ပိုးတွေ့လူနာတွေ့တာ တိုင်းနဲ့ပြည်နယ်ထဲမှာဆိုရင် အများဆုံးဟာ ချင်းပြည်နယ်ထဲမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲမှာအခုဆိုရင် ပိုးတွေ့လူနာ ၁၉၁ ယောက်ရှိပါတယ်။ ဒုတိယလိုက်တာကတော့ စစ်ကိုင်းဖြစ်ပါတယ်။ စစ်ကိုင်းမှာ ၁၅၄ ယောက်ရှိပါတယ်။ ရန်ကုန်ကတော့ တတိယနေရာမှာ ၈၂ ယောက်ရှိပါတယ်။”
ဒါ့အပြင် ကိုဗစ်အဖြစ်ဆုံး ချင်းပြည်နဲ့ထဲမှာပဲ ကျီခါးပါဝင်တဲ့ တွန်းဇံမြို့မှာ အများဆုံးဖြစ်ပေါ်ပုံကိုလည်း ဗဟိုကူးစပ်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှုးလည်းဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးက “ အများဆုံး ဖြစ်တာ ကျီခါးဖြစ်ပါတယ်။ ၈၄ ယောက်ရှိပါတယ်။ တွန်းဇံသည် ဒုတိယအများဆုံးဖြစ်ပါတယ်။ ၈၃ ယောက်ရှိပါတယ်။ ဖလမ်းသည် ၁၇ ယောက်ရှိပါတယ်။ တီးတိန်မှာဆို ၈ ယောက်ရှိပါတယ်။ ဒါဟာ ချင်းပြည်နယ်အတွင်းမှာ Cluster ပေါ့ အုပ်စုလိုက်ဖြစ်ပွားမှုတွေ များနေတယ်။ ဒါ့ကြောင့်မို့လို့တွန်းဇံမြို့နယ်ကို stay at home အဖြစ် သပ်မှတ်တာဖြစ်ပါတယ်။”
အခုလို ကိုဗစ်အဖြစ်အများဆုံး ကျီခါးမြို့ကိုပါတွဲကိုင်ရတဲ့ တွန်းဇံမြို့ရဲ့ ကျန်းမာရေးမှုး ဒေါက်တာ ထန်ချင်းခိုင်က ပြီးခဲ့တဲ့ အပတ်ကမှ စပြန်ဖြစ်ပြီး အခြေအနေဆိုးလာရပုံကို “ မနေ့ကအထိပေါ့နော်။ ကျီခါးဆေးရုံမှာ ၅ ယောက်သေဆုံးသွားပါပြီ ကိုဗစ်နဲ့။ ပြီးတော့ ကျနော်တို့တွန်းဇံမှာတော့ မနေ့ကပေါ့နော် သေဆုံးသွားတဲ့လူနာတယောက်ရဲ့ အလောင်းကို ကျနော်တို့စစ်လိုက်တော့ ကိုဗစ် positive တွေ့သွားတယ်။ သေဆုံးတာ အားလုံး ၆ ယောက်ဖြစ်သွားပြီပေါ့နော်။ အများစုကတော့ ရောဂါအခံ မရှိကြဘူးခင်ဗျ။ ပိုးကတော့ အရင်ကထက် ပိုပြင်းတယ်။ အိန္ဒိယမှာ Outbraek ဖြစ်တဲ့ပိုးမျိုးဝင်တယ်။ တယောက်တော့ သေတယ်။ ရောဂါအခံရှိတဲ့လူကတော့ ၂ ယောက်ရှိတယ်။ ကျန်တဲ့ ဥစ္စာတွေဆို ရောဂါအခံတော့မရှိဘူး။ ကျနော်တို့အောက်ဆီဂျင်ဆိုလည်း အပြည့်ထားပေးတာပဲ။ ဒါပေမယ့် အသက်ရှူမဝပဲ ဆုံးသွားတာပဲ။ အစိုးရဘက်က support ပေးတာရော၊ အလှူရှင်တွေ support ပေးတာတွေနဲ့အောက်ဆီဂျင်က ပြတ်လပ်မှုတော့ မရှိခဲ့ပါဘူး။ အခု patient ၅ ယောက်ဆိုရင်ပေါ့နော်။ အသက်ရှူစက်တို့ventilator တို့ဘာတို့တော့ မရှိဘူးပေါ့။ နယ်စပ်ဒေသတွေဆိုတော့။”
ဒီသေဆုံးမှုတွေထဲ ထူးခြားပုံကို ကျီခါးမြို့နယ်ထဲက စေတနာ့ဝန်ထမ်းအဖြစ် ကိုဗစ်ကိုင်တွယ်ပေးနေသူ ဆရာ လှယ်ရှင်းထန် ကလည်း “ ကျီခါးမှာကျတော့ နယ်စပ်တိုက်နယ်ဆေးရုံ ၊ အဲဒီမှာကျတော့ ကိုဗစ်ကြောင့် သုံးလေးရက်အတွင်းမှာဆုံးသွားတာ ၅ ယောက်ရှိပြီ။ သူတို့အမာခံရောဂါ သိပ်မရှိဘူး။ ဒီကိုဗစ်ကြောင့်ပဲ။ တယောက်ကတော့ နည်းနည်း နှလုံးအားနည်းတာရှိတယ်။ ကိုယ်ဝန်ဆောင်တဲ့သူက အသက် ၃၈ ဝန်းကျင်ရှိတယ်။”
အဲဒီတော့ အခုလို ရုတ်တရက်သေဆုံးမှုတိုးလာတာကို လျှော့ချနိုင်အောင် ဘာအဓိက မှာချင်ပါလည်းလို့မေးရာမှာ ဒေါက်တာ ထန်ရှင်းခိုင်က “ ကိုယ့်ကိုယ်ကိုယ် နည်းနည်းနေမကောင်းဘူး။ နည်းနည်းဖျားတယ်၊ လည်ချောင်းနာတယ်ဆိုလို့ရှိရင်တော့ ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးတာ အကောင်းဆုံးပါပဲ။ အမြန်ဆုံး။ ဖြစ်တာနောက်လို့ရှိရင်လည်း အချိန်မမီတာတို့ဘာတို့ရှိတတ်တယ်။ အခု ပိုးအမျိူးအစားတွေကပေါ့နော်။ လူနာများလာတာနဲ့အမျှပေါ့နော်။ ဝန်ထမ်းတွေနဲ့ဆေးဝါး မမျှတော့တာပေါ့။ ကိုပေးနိုင်တဲ့ service အားနည်းသွားတာပေါ့။”
ကိုဗစ်ဖြစ်တာ ဒုတိယထိပ်ဆုံးကိုရောက်လာတဲ့ စစ်ကိုင်းကအခြေအနေကိုလည်း ဒေါက်တာခင်ခင်ကြီးက “စစ်ကိုင်းတိုင်းမှာဆိုလို့ရှိရင် တမူးမှာက အများဆုံးပေါ့နော်။ တမူးမှာဆိုရင် ၁၂၃ ယောက်ရှိပါတယ်။ ကလေးမှာဆိုရင် ဒုတိယ အများဆုံးပေါ့။ ၂၆ ယောက်။ ဒါကြောင့်မို့လို့တမူးရယ်၊ ကလေးရယ် မြို့နယ်နှစ်ခုကို ကျမတို့စစ်ကိုင်းတိုင်းမှာ Stay At Home သပ်မှတ်ထားပါတယ်။ တနေရာနဲ့တနေရာ ကူးစပ်ပျံ့နှံ့မှုကို အမြန်ဆုံးထိမ်းချုပ်နိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။”
ကလေးဒေသခံ ကိုနေမင်းဦးကတော့ ကိုဗစ်သိပ်ဖြစ်တာ သတိမပြုမိဘူးလို့ဆိုပါတယ်။ “ အကိုတို့က ဖြစ်တယ်လို့ပြောတယ်နော်။ ကျနော်တို့မြို့နယ်ပြည်သူမှာက ပုံမှန်အတိုင်းပဲ၊ ဘာမှ ဖြစ်တာမျိူးလည်း မရှိဘူး။ တချို့တော့ အနံ့ပျောက်တာမျိုးတော့ ရှိတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလက သူ့ဖာသူ ပဲ နေပြီး ဆင်ချင်သွားတာမျိူးတွေလည်း ရှိတယ်ဗျ။ ဒါပေမယ့် အဲဒါကလည်း အများကြီးတော့ မရှိဘူးခင်ဗျ။ အခုဒီရက်ပိုင်းအတွင်းမှာ ဒီမြို့ပေါ်မှာ ပြီးခဲ့တဲ့နေ့ကဆိုရင် ဘဏ်တွေရှိမှာပေါ့။ ဗုံးကွဲတာမျိူးတွေဖြစ်ထားတော့ ဒီသပိတ်စစ်ကြောင်းထွက်တာမျိူးကို ထိန်းချုပ်ချင်လို့အခုလို ကြေညာချက်မျိူးထုတ်တာလို့ထင်တယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာပြီး ကျန်းမာရေးဝန်ထမ်းတွေ အားနည်းလာချိန်မှာ အရင်ပြန်ငြိမ်ခဲ့တဲ့ ဒုတိယလှိုင်း၊ အခု အိန္ဒိယမျိူးကွဲသစ်ကတဆင့် တတိယလှိုင်းအဖြစ်တက်လာမှာကို ကျန်းမာရေးဝန်ထမ်းတွေက စိုးရိမ်နေကြပါတယ် ခင်ဗျာ။