သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ကိုဗစ္ကူးစက္မႈ စိုးရိမ္ဖြယ္တိုးလာ


ရန္ကုန္ၿမိဳ႕ ဧရာဝတီ ကုိဗစ္စင္တာမွာ ကုိဗစ္ကာကြယ္ေဆးထိုးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ရက္အနည္းငယ္အတြင္း COVID-19 ေရာဂါ ကူးစက္သူ အေရအတြက္ သိသိသာသာ ထပ္တုိးလာေနတဲ့အတြက္ ျပည္သူေတြအပါအဝင္ က်န္းမာေရးဝန္ထမ္းေတြအၾကား စုိးရိမ္မႈေတြ ႀကီးထြားလာေနပါတယ္။

က်န္းမာေရးဌာနက ေမလ ၂၉ ရက္ေန႔မွာ ေနာက္ဆုံးထုတ္ျပန္တဲ့ စာရင္းေတြအရ ေမလ ၂၈ ရက္နဲ႔ ၂၉ ရက္အတြင္း ဓာတ္ခြဲနမူနာေပါင္း ၁,၀၃၄ ခုကုိ စမ္းသပ္ခဲ့တာမွာ COVID-19 အတည္ျပဳလူနာ ၄၀ ဦး ထပ္မံေတြ႔ရွိခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့သီတင္းပတ္ မတုိင္ခင္အထိ ကုိဗစ္ကူးစက္မႈႏႈန္း ခန္႔မွန္းေျခအားျဖင့္ ၃ ရာခုိင္ႏႈန္းေလာက္ ရွိေနခဲ့ရာက ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ၂ ဆတုိးၿပီး ၆ ရာခုိင္ႏႈန္းအထိ ရွိလာေနတာပါ။ လက္ရွိ ကူးစက္ေနတဲ့ COVID-19 အမ်ဳိးအစားဟာ အိႏၵိယကလာတဲ့ ကူးစက္ျမန္ ေရာဂါပုိးတမ်ဳိး ျဖစ္တယ္လုိ႔ က်န္းမာေရးဝန္ႀကီးဌာန သတင္းျပန္ၾကားေရးအဖြဲ႔ဝင္ ေဒါက္တာခင္ခင္ႀကီးက ဗီြအုိေအကုိ ေျပာထားပါတယ္။

ခ်င္းျပည္နယ္၊ တြန္းဇံခ႐ုိင္အတြင္းက က်ီခါးၿမိဳ႕မွာဆုိရင္လည္း COVID-19 ကူးစက္ခံထားရသူေတြ အသက္ဆက္ရွင္ႏုိင္ေရးအတြက္ ေအာက္ဆီဂ်င္ လုံေလာက္မႈမရွိတဲ့ ျပႆနာနဲ႔ ရင္ဆုိင္ေနရတဲ့ျဖစ္ရပ္က ျမန္မာႏုိင္ငံမွာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းလုိက္ၿပီးတဲ့ေနာက္ပုိင္း က်န္းမာေရးစနစ္ ယုိယြင္း ပ်က္စီးလာေနတာကုိ မီးေမာင္းထုိးျပရာေရာက္ေၾကာင္း ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

က်ီခါးေဆး႐ုံမွာေရာက္ေနတဲ့ COVID-19 လူနာေတြကုိ ေန႔ေရာညပါ ကုသေပးဖုိ႔အတြက္ နာ့စ္မတဦး၊ ဓာတ္ခြဲခန္းဝန္ထမ္းတဦးနဲ႔ ေဆးအေရာင္းဝန္ထမ္း တဦးတုိ႔သာ ရွိတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔အေနနဲ႔ လူနာေတြကုိ ကုသဖုိ႔အတြက္ ပါရာစီတေမာ အကုိက္အခဲေပ်ာက္ေဆးတမ်ဳိးသာ ရွိတာေၾကာင့္ မ်ားေသာအားျဖင့္ လူနာေတြကုိ အားေပးစကားေျပာတာေလာက္သာ လုပ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။

အခုေနာက္ပုိင္း ကူးစက္မႈေတြ အျဖစ္မ်ားလာေနတဲ့ အိႏိၵယနယ္စပ္ ခ်င္းျပည္နယ္က တြန္းဇံနဲ႔ စစ္ကိုင္းတိုင္းက တမူးၿမိဳ႕ေတြမွာ Stay at Home အိမ္ထဲမွာေနၾကဖို႔ အသြားအလာ ကန္႔သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှု စိုးရိမ်ဖွယ်တိုးလာ

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်သူ အရေအတွက် သိသိသာသာ ထပ်တိုးလာနေတဲ့အတွက် ပြည်သူတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

ကျန်းမာရေးဌာနက မေလ ၂၉ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ မေလ ၂၈ ရက်နဲ့ ၂၉ ရက်အတွင်း ဓာတ်ခွဲနမူနာပေါင်း ၁,၀၃၄ ခုကို စမ်းသပ်ခဲ့တာမှာ COVID-19 အတည်ပြုလူနာ ၄၀ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ် မတိုင်ခင်အထိ ကိုဗစ်ကူးစက်မှုနှုန်း ခန့်မှန်းခြေအားဖြင့် ၃ ရာခိုင်နှုန်းလောက် ရှိနေခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ၂ ဆတိုးပြီး ၆ ရာခိုင်နှုန်းအထိ ရှိလာနေတာပါ။ လက်ရှိ ကူးစက်နေတဲ့ COVID-19 အမျိုးအစားဟာ အိန္ဒိယကလာတဲ့ ကူးစက်မြန် ရောဂါပိုးတမျိုး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန သတင်းပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောထားပါတယ်။

ချင်းပြည်နယ်၊ တွန်းဇံခရိုင်အတွင်းက ကျီခါးမြို့မှာဆိုရင်လည်း COVID-19 ကူးစက်ခံထားရသူတွေ အသက်ဆက်ရှင်နိုင်ရေးအတွက် အောက်ဆီဂျင် လုံလောက်မှုမရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ဖြစ်ရပ်က မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ကျန်းမာရေးစနစ် ယိုယွင်း ပျက်စီးလာနေတာကို မီးမောင်းထိုးပြရာရောက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကျီခါးဆေးရုံမှာရောက်နေတဲ့ COVID-19 လူနာတွေကို နေ့ရောညပါ ကုသပေးဖို့အတွက် နာ့စ်မတဦး၊ ဓာတ်ခွဲခန်းဝန်ထမ်းတဦးနဲ့ ဆေးအရောင်းဝန်ထမ်း တဦးတို့သာ ရှိတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လူနာတွေကို ကုသဖို့အတွက် ပါရာစီတမော အကိုက်အခဲပျောက်ဆေးတမျိုးသာ ရှိတာကြောင့် များသောအားဖြင့် လူနာတွေကို အားပေးစကားပြောတာလောက်သာ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း ကူးစက်မှုတွေ အဖြစ်များလာနေတဲ့ အိန္ဒိယနယ်စပ် ချင်းပြည်နယ်က တွန်းဇံနဲ့ စစ်ကိုင်းတိုင်းက တမူးမြို့တွေမှာ Stay at Home အိမ်ထဲမှာနေကြဖို့ အသွားအလာ ကန့်သတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG